ကမ္ဘာဦးကျမ်း

Old Testament

Chapter 5
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ကမ္ဘာဦးကျမ်း 5

1အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။

2လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။

3အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။

4ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။

5အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။

6ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော်၊ သားဧနုတ် ကို မြင် လေ၏။

7ဧနုတ် ဘွားမြင် သောနောက် ၊ ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ ၏။

8ရှေလ သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ် နှစ် နှစ် စေ့သော် သေ လေ၏။

9ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော်၊ သား ကာဣနန် ကို မြင် လေ၏။

10ကာဣနန် ဘွားမြင် သောနောက် ၊ ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။

11ဧနုတ် သည် အသက် နှစ် ပေါင်းကိုး ရာ ငါး နှစ် စေ့ သော်သေ လေ၏။

12ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော်၊ သားမဟာလေလ ကို မြင် လေ၏။

13မဟာလေလ ဘွား မြင်သောနောက် ၊ ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။

14ကာဣနန် သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ့် စေ့ သော် သေ လေ၏။

15မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် ၊ သားယာရက် ကို မြင် လေ၏။

16ယာရက် ဘွားမြင် သောနောက် မဟာလေလ သည် အနှစ် ရှစ် ရာ သုံး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။

17မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏၊

18ယာရက် သည် အသက် တ ရာခြောက် ဆယ်နှစ် နှစ် ရှိသော်သားဧနောက် ကိုမြင် လေ၏။

19ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ ၊ သား သမီး များကိုမြင် လေ၏။

20ယာရက် သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက်ဆယ် နှစ် နှစ် စေ့ သော် သေ လေ၏။

21ဧနောက် သည် အသက်ခြောက်ဆယ် ငါး နှစ် ရှိသော်သားမသုရှလ ကို မြင် လေ၏။

22မသုရှလ ဘွားမြင် သောနောက် ဧနောက် သည် အနှစ် သုံး ရာ ပတ်လုံးဘုရား သခင်နှင့်အတူ သွား လာ၍ သား သမီး များကို မြင် လေ၏။

23ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း၊

24ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။

25မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော်၊ သား လာမက် ကို မြင် လေ၏။

26လာမက် ဘွားမြင် သောနောက် ၊ မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။

27မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။

28လာမက် သည် အသက် တ ရာရှစ် ဆယ်နှစ် နှစ် ရှိသော်သား ကို မြင် ၍၊

29ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။

30နောဧ ဘွားမြင် သောနောက် ၊ လာမက် သည် အနှစ် ငါး ရာ ကိုး ဆယ်ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။

31လာမက် သည် အသက် နှစ် ပေါင်း ခုနှစ် ရာ ခုနစ် ဆယ် ခုနစ် နှစ် စေ့ သော်သေ လေ၏။

32နောဧ သည် အသက် ငါး ရာ ရှိ ၏။ နောဧ သား ကား၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။

Tip: use the ← and → keys to turn chapters.