ယေဇကျေလ 33
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
1พระดำรัสของพระยาห์เวห์มาถึงข้าพเจ้าว่า
2အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့ အား ဟောပြော ၍ ဆင့်ဆို ရမည်မှာ၊ ငါသည် တစုံတခုသောပြည် သို့ ထား ဘေးရောက် စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက် ကို ယူ ၍ ကင်းစောင့် ထား ပြီးမှ ၊
2“มนุษย์เอ๋ย จงพูดกับชนชาติเดียวกับเจ้าว่า ‘เมื่อเรานำดาบมาเหนือแผ่นดินหนึ่ง แล้วประชาชนในแผ่นดินเลือกชายคนหนึ่งจากพวกตนให้เป็นยามเฝ้า
3ထိုသူသည် ထား ဘေးရောက် သည်ကို မြင် လျက် တံပိုး မှုတ် ၍ သတိပေး သော်လည်း ၊
3ถ้าเขาเห็นดาบกำลังมาเหนือแผ่นดิน แล้วเป่าแตรเตือนประชาชน
4တစုံတယောက်သောသူသည် တံပိုး မှုတ်သံ ကို ကြား လျက်နှင့် အမှု မ ထား၊ ထား ဘေးရောက် ၍ သူ၏ အသက် ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရ မည်။
4คนใดได้ยินเสียงแตรแต่ไม่รับฟังคำเตือน เมื่อดาบมาเอาชีวิตเขา เลือดของเขาจะตกบนศีรษะของเขาเอง
5တံပိုး မှုတ်သံ ကိုကြား ၍ အမှု မ ထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရ မည်။ အမှု ထားသောသူမူကား၊ ကိုယ် အသက် ကို ကယ်တင် လိမ့်မည်။
5เขาได้ยินเสียงแตรแต่ไม่รับคำเตือน เลือดจึงตกบนตัวเขาเอง แต่ถ้าเขารับคำเตือน เขาย่อมรักษาชีวิตของตนไว้ได้
6သို့မဟုတ် ကင်းစောင့် ထားသောသူသည် ထား ဘေး ရောက် ကြောင်းကိုမြင် လျက် တံပိုး မ မှုတ် ၊ ပြည်သား တို့ အား သတိ မ ပေးသောကြောင့် ထား ဘေးရောက် ၍ တစုံတယောက်သောသူ အသက် ဆုံး လျှင်၊ ထိုသူသည် မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သူ ၏အသက် ကို ကင်းစောင့် သောသူ၌ ငါတောင်း မည်။
6แต่ถ้ายามเห็นดาบมาแล้วไม่เป่าแตร ประชาชนจึงไม่ได้รับคำเตือน และดาบมาฆ่าคนใดในหมู่พวกเขา คนนั้นถูกฆ่าเพราะความผิดของตน แต่เราจะถือว่ายามต้องรับผิดชอบต่อเลือดของเขา’
7ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။
7“ส่วนเจ้า มนุษย์เอ๋ย เราแต่งตั้งเจ้าเป็นยามเฝ้าชนอิสราเอล เพราะฉะนั้นเมื่อเจ้าได้ยินถ้อยคำจากปากเรา จงเตือนพวกเขาแทนเรา
8ငါ သည် လူဆိုး အား ၊ အိုလူဆိုး ၊ အကယ်စင်စစ်သင်သည် အသေ ခံရမည်ဟုဆို သောအခါ ဆိုး သောသူကို သူ ၏လမ်း မှ လွှဲစေခြင်းငှါသင်သည် သတိ မ ပေးလျှင် ၊ ထို လူဆိုး သည် မိမိ အပြစ် ကြောင့် အသက် ဆုံးလိမ့်မည်။ သို့ရာတွင် ၊ သူ ၏အသက် ကိုသင် ၌ ငါတောင်း မည်။
8เมื่อเราบอกคนชั่วว่า ‘คนชั่วเอ๋ย เจ้าจะต้องตายแน่’ แต่เจ้าไม่พูดเตือนให้เขาหันจากทางของตน คนชั่วนั้นจะตายเพราะความผิดของตน แต่เราจะถือว่าเจ้าต้องรับผิดชอบต่อเลือดของเขา
9သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။
9แต่ถ้าเจ้าเตือนคนชั่วให้หันจากทางของตน แล้วเขาไม่ยอมหัน เขาจะตายเพราะความผิดของตน ส่วนเจ้าได้ช่วยชีวิตของตนไว้แล้ว
10သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့အား ဟောပြော ရမည်မှာ၊ ငါ တို့သည် ကိုယ်ပြုမိသော ဒုစရိုက် အပြစ် ကိုခံရသဖြင့် အားလျော့ သည်ဖြစ်၍ ၊ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်းဟု သင်တို့ဆို ကြသော်၊
10“มนุษย์เอ๋ย จงบอกชนอิสราเอลว่า ‘พวกเจ้าพูดว่า “การล่วงละเมิดและบาปของเราหนักอยู่บนตัวเรา เรากำลังซูบโทรมเพราะมัน แล้วเราจะมีชีวิตอยู่ได้อย่างไร?”’
11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ ဆိုး သောသူသည် အသေခံ ခြင်းအမှုကို ငါနှစ်သက် သည်မ ဟုတ်။ ဆိုး သောသူသည် မိမိ ဆိုးသော လမ်း မှ လွှဲ ၍ အသက်ရှင် ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့လိုက် သောလမ်း ဆိုး မှ လွှဲ ကြလော့။ လွှဲ ကြလော့။ အဘယ်ကြောင့် အသေခံ လိုကြသနည်း။
11จงบอกพวกเขาว่า ‘พระผู้เป็นเจ้า พระยาห์เวห์ตรัสว่า “เรามีชีวิตอยู่แน่ฉันใด เราไม่พอใจในการตายของคนชั่ว แต่พอใจให้คนชั่วหันจากทางของตนแล้วมีชีวิต จงหันกลับ! จงหันจากทางชั่วของพวกเจ้า! ชนอิสราเอลเอ๋ย ทำไมพวกเจ้าจึงจะตาย?”’
12သို့ဖြစ်၍ ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့အား ဟောပြော ရမည်မှာ၊ ဖြောင့်မတ် သောသူသည် ဖေါက်ပြန် လျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုသည် သူ့ ကို ကယ်တင် ရမည်မ ဟုတ်။ ဆိုး သောသူသည် ဆိုး သောအမှုကိုရှောင် လျှင်၊ အရင်ဆိုး သောအမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်ရမည်မ ဟုတ်။ ဖြောင့်မတ် သောသူသည် ပြစ်မှား သောနေ့ ၌ အသက်ရှင် ရသောအခွင့် မ ရှိရ။
12“มนุษย์เอ๋ย จงบอกชนชาติเดียวกับเจ้าว่า ‘ความชอบธรรมของคนชอบธรรมจะช่วยเขาไม่ได้ในวันที่เขาไม่เชื่อฟัง ส่วนความชั่วของคนชั่วจะไม่ทำให้เขาล้มในวันที่เขาหันจากความชั่ว และคนชอบธรรมก็ไม่อาจอาศัยความชอบธรรมเดิมมีชีวิตอยู่ได้ในวันที่เขาทำบาป
13ဖြောင့်မတ် သောသူသည် စင်စစ်အသက်ရှင် ရ လိမ့်မည်ဟု ငါ ဆို သော်လည်း ၊ သူ သည် မိမိ ဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက် ကိုပြု မိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခု ကိုမျှ မအောက်မေ့ ရ။ ပြု မိသော ဒုစရိုက် ကြောင့် အသေ ခံရလိမ့်မည်။
13เมื่อเราบอกคนชอบธรรมว่าเขาจะมีชีวิตอยู่แน่ แต่เขาวางใจในความชอบธรรมของตนแล้วทำความผิด ความชอบธรรมทั้งหมดที่เคยทำจะไม่ถูกจดจำ เขาจะตายเพราะความผิดที่ทำ
14တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊
14อีกด้านหนึ่ง เมื่อเราบอกคนชั่วว่า “เจ้าจะต้องตายแน่” แต่เขาหันจากบาปและทำสิ่งที่ถูกต้องและยุติธรรม
15ပေါင် ထားသောဥစ္စာကို မ သိုထား၊ လုယူ သော ဥစ္စာကို ပြန် ပေးလျက်၊ အဓမ္မ အမှုကို မ ပြု ဘဲအသက်ရှင် ရာပညတ် တရားလမ်းသို့လိုက် လျှင်၊ အသေ မ ခံရဘဲ စင်စစ်အသက်ရှင် ရလိမ့်မည်။
15ถ้าคนชั่วคืนของประกัน คืนของที่ปล้นมา ดำเนินตามข้อกำหนดที่นำไปสู่ชีวิต และไม่ทำความผิด เขาจะมีชีวิตอยู่แน่ เขาจะไม่ตาย
16ပြု မိသော ဒုစရိုက် အပြစ်တစုံတခု ကိုမျှ သူ ၌ မတင် ။ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု သောကြောင့်စင်စစ်အသက်ရှင် ရလိမ့်မည်။
16บาปที่เขาเคยทำจะไม่ถูกนำมาจดจำเอาโทษ เขาทำสิ่งที่ถูกต้องและยุติธรรม เขาจะมีชีวิตอยู่แน่
17သို့သော်လည်း ၊ သင် ၏အမျိုးသား ချင်းတို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်ဖြစ်၍ ၊ သူ တို့စီရင်ချက် မ ဖြောင့် ပါတကား။
17“‘แต่ชนชาติเดียวกับเจ้ากลับพูดว่า “ทางของพระผู้เป็นเจ้าไม่ยุติธรรม” ทั้งที่ทางของพวกเขาเองต่างหากไม่ยุติธรรม
18ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်းကို စွန့် ၍ ဒုစရိုက် ကိုပြု မိလျှင် ၊ ထိုဒုစရိုက် အပြစ်ကြောင့် အသေ ခံရလိမ့်မည်။
18เมื่อคนชอบธรรมหันจากความชอบธรรมไปทำความผิด เขาจะตายเพราะความผิดนั้น
19ဆိုး သောသူမူကား၊ မိမိ ဒုစရိုက် ကိုရှောင် ၍ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု မိလျှင်၊ ထိုအမှု ကြောင့် အသက်ရှင် ရလိမ့်မည်။
19เมื่อคนชั่วหันจากความชั่วไปทำสิ่งที่ถูกต้องและยุติธรรม เขาจะมีชีวิตอยู่เพราะสิ่งนั้น
20သို့သော်လည်း ၊ သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့အသီးသီး ပြု ကြသည်အတိုင်း ငါစီရင် မည်ဟုမိန့်တော်မူ၏။
20แต่พวกเจ้ายังพูดว่า “ทางของพระผู้เป็นเจ้าไม่ยุติธรรม” ชนอิสราเอลเอ๋ย เราจะพิพากษาพวกเจ้าแต่ละคนตามทางของตน’”
21သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။
21ในปีที่สิบสองแห่งการเป็นเชลยของเรา เดือนที่สิบ วันที่ห้าของเดือน คนหนึ่งที่หนีรอดจากเยรูซาเล็มมาหาข้าพเจ้าและบอกว่า “เมืองแตกแล้ว!”
22ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
22เย็นก่อนที่ผู้หลบหนีจะมาถึง พระหัตถ์ของพระยาห์เวห์อยู่เหนือข้าพเจ้า และพระองค์ทรงเปิดปากข้าพเจ้าก่อนที่ชายคนนั้นจะมาถึงในตอนเช้า ปากของข้าพเจ้าจึงเปิด และข้าพเจ้าไม่เป็นใบ้อีก
23ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
23พระดำรัสของพระยาห์เวห์มาถึงข้าพเจ้าว่า
24အချင်းလူသား ၊ ပျက်စီး သော ဣသရေလ ပြည် ၌ နေ သေးသောသူတို့ က၊ အာဗြဟံ သည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည် ကို အမွေ ခံရ၏။ ငါ တို့မူကား အများ ဖြစ်ကြ၏။ ငါ တို့အမွေခံ စရာဘို့ ပေး တော်မူပြီဟု ဆို ကြသော်၊
24“มนุษย์เอ๋ย คนที่อาศัยอยู่ตามซากเมืองในแผ่นดินอิสราเอลพูดว่า ‘อับราฮัมมีเพียงคนเดียว ยังได้รับแผ่นดินเป็นกรรมสิทธิ์ แต่พวกเรามีตั้งมาก แผ่นดินนี้ย่อมถูกมอบให้เราเป็นมรดก’
25သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
25เพราะฉะนั้นจงบอกพวกเขาว่า ‘พระผู้เป็นเจ้า พระยาห์เวห์ตรัสดังนี้ พวกเจ้ากินเนื้อพร้อมเลือด เงยหน้าหวังพึ่งรูปเคารพ และหลั่งเลือด แล้วยังควรได้ครอบครองแผ่นดินหรือ?
26ထား ကို ခိုလှုံ လျက်၊ စက်ဆုပ် ဘွယ်သော အမှုကို ပြု လျက် ၊ အိမ်နီးချင်း မယား ကို ပြစ်မှား လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
26พวกเจ้าพึ่งดาบ ทำสิ่งน่ารังเกียจ และแต่ละคนทำให้ภรรยาของเพื่อนบ้านเป็นมลทิน แล้วยังควรได้ครอบครองแผ่นดินหรือ?’
27တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။
27“จงบอกพวกเขาว่า ‘พระผู้เป็นเจ้า พระยาห์เวห์ตรัสดังนี้ เรามีชีวิตอยู่แน่ฉันใด คนที่อยู่ตามซากเมืองจะล้มด้วยดาบ คนที่อยู่กลางทุ่งเราจะมอบให้สัตว์กิน และคนที่อยู่ในที่มั่นกับถ้ำจะตายด้วยโรคระบาด
28တပြည်လုံး ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေကုန် ၍၊ အဘယ်သူ မျှမရှောက် မသွားရအောင်၊ ဣသရေလ တောင် တို့သည် လူဆိတ်ညံ လျက် ရှိရကြလိမ့်မည်။
28เราจะทำให้แผ่นดินร้างเปล่าและน่าสะพรึง ความหยิ่งในกำลังของนางจะสิ้นสุด ภูเขาแห่งอิสราเอลจะร้างจนไม่มีใครผ่าน
29ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။
29แล้วพวกเขาจะรู้ว่าเราคือพระยาห์เวห์ เมื่อเราทำให้แผ่นดินร้างเปล่าและน่าสะพรึง เพราะสิ่งน่ารังเกียจทั้งหมดที่พวกเขาทำ’
30ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့က၊ ငါတို့သွား ကြကုန်အံ့။ ထာဝရဘုရား သည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူသည်ကို ကြား ကြကုန်အံ့ဟု၊ ထရံ နား ၊ အိမ် တံခါး နားမှာ သင့် ကိုရည်မှတ် ၍ တယောက် ကိုတယောက်ပြော တတ်ကြ၏။
30“ส่วนเจ้า มนุษย์เอ๋ย ชนชาติเดียวกับเจ้าพูดถึงเจ้าตามกำแพงและตามประตูบ้าน ต่างคนต่างบอกพี่น้องว่า ‘มาเถอะ ไปฟังกันว่าพระดำรัสอะไรออกมาจากพระยาห์เวห์’
31ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။
31พวกเขามาหาเจ้าเหมือนประชาชนทั่วไป มานั่งตรงหน้าเจ้าเหมือนเป็นประชาชนของเรา ฟังถ้อยคำของเจ้าแต่ไม่ทำตาม ปากแสดงความรักมากมาย แต่ใจไล่ตามผลประโยชน์
32သင် ၏စကား သည်၊ ကောင်းမွန် စွာတီး ၍ သာယာ သောအသံ နှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်း ကဲ့သို့ သူ တို့၌ ဖြစ်၍ ၊ သူတို့သည် ကြား ရ သော်လည်း နား မ ထောင်တတ်ကြ။
32สำหรับพวกเขา เจ้าเหมือนเพลงไพเราะจับใจของคนเสียงดีและเล่นดนตรีเก่ง พวกเขาฟังถ้อยคำของเจ้า แต่ไม่ทำตาม
33သို့ရာတွင် ၊ အမှုရောက် လိမ့်မည်။ အမှုရောက် သောအခါ သူ တို့တွင် ပရောဖက် ရှိ ဘူးသည်ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
33“เมื่อสิ่งนี้เกิดขึ้น ซึ่งกำลังจะเกิดอยู่แล้ว พวกเขาจะรู้ว่าเคยมีผู้พยากรณ์อยู่ท่ามกลางพวกเขา”
Tip: use the ← and → keys to turn chapters.