ယေဇကျေလ 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။
1第七年五 月 初十 日 ,有 以色列 的幾個長老來求問耶和華,坐在我面前。
2ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
2耶和華的話臨到我說:
3အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အသက်ကြီး သူတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ငါ့ ထံ၌မေးလျှောက် ခြင်းငှါ လာ ကြသလော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
3「人子啊,你要告訴 以色列 的長老說,主耶和華如此說:你們來是求問我嗎?主耶和華說:我指着我的永生起誓,我必不被你們求問。
4အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊
4人子啊,你要審問審問他們嗎?你當使他們知道他們列祖那些可憎的事,
5အရှင် ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး ငါ ရွေးကောက် ၍၊ အဲဂုတ္တု ပြည် ၌ သူ တို့အား ထင်ရှား လျက်၊ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု၊ ယာကုပ် အမျိုးသား တို့ အား ကျိန်ဆို သည်ကာလ၊
5對他們說,主耶和華如此說:當日我揀選 以色列 ,向 雅各 家的後裔起誓,在 埃及 地將自己向他們顯現,說:我是耶和華-你們的上帝。
6သူ တို့ကို အဲဂုတ္တု ပြည် မှ ငါနှုတ် ပြီးလျှင်၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍၊ နို့ နှင့် ပျားရည် စီး သောပြည်၊ သူ တို့အဘို့ ငါကြည့်ရှု သော ပြည် သို့ ဆောင်သွားခြင်းငှါကျိန်ဆို သောအခါ၊
6那日我向他們起誓,必領他們出 埃及 地,到我為他們察看的流奶與蜜之地;那地在萬國中是有榮耀的。
7သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို စွန့်ပစ် ကြလော့။ အဲဂုတ္တု ရုပ်တု တို့နှင့် ကိုယ်ကိုကိုယ်မ ညစ်ညူး စေကြနှင့်။ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏ဟု ငါဆို သော်လည်း၊
7我對他們說,你們各人要拋棄眼所喜愛那可憎之物,不可因 埃及 的偶像玷污自己。我是耶和華-你們的上帝。
8သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။
8他們卻悖逆我,不肯聽從我,不拋棄他們眼所喜愛那可憎之物,不離棄 埃及 的偶像。 「我就說,我要將我的忿怒傾在他們身上,在 埃及 地向他們成就我怒中所定的。
9သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။
9我卻為我名的緣故沒有這樣行,免得我名在他們所住的列國人眼前被褻瀆;我領他們出 埃及 地,在這列國人的眼前將自己向他們顯現。
10အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ တော သို့ ရောက် သောအခါ ၊
10這樣,我就使他們出 埃及 地,領他們到曠野,
11ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။
11將我的律例賜給他們,將我的典章指示他們;人若遵行就必因此活着。
12ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။
12又將我的安息日賜給他們,好在我與他們中間為證據,使他們知道我-耶和華是叫他們成為聖的。
13သို့ရာတွင် ၊ ဣသရေလ အမျိုး သည် တော ၌ ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို အလွန် ရှုတ်ချ ကြ၏။ ထိုအခါ သူ တို့ဖျက်ဆီး ခြင်းငှါ ၊ တော ၌ သူ တို့ အပေါ်သို့ ငါ့ အမျက် အရှိန်ကို သွန်းလောင်း မည်ဟု အကြံ ရှိ၏။
13以色列 家卻在曠野悖逆我,不順從我的律例,厭棄我的典章(人若遵行就必因此活着),大大干犯我的安息日。 「我就說,要在曠野將我的忿怒傾在他們身上,滅絕他們。
14သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။
14我卻為我名的緣故,沒有這樣行,免得我的名在我領他們出 埃及 的列國人眼前被褻瀆。
15တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။
15並且我在曠野向他們起誓,必不領他們進入我所賜給他們流奶與蜜之地(那地在萬國中是有榮耀的);
16အကြောင်းမူကား ၊ သူတို့သည် ရုပ်တု များကို ငဲ့ကွက် သောကြောင့် ၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
16因為他們厭棄我的典章,不順從我的律例,干犯我的安息日,他們的心隨從自己的偶像。
17သို့သော်လည်း ၊ ငါသည်သူ တို့ကို နှမြော သောကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံး စေခြင်းငှါမ ပြု ။
17雖然如此,我眼仍顧惜他們,不毀滅他們,不在曠野將他們滅絕淨盡。
18သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။
18「我在曠野對他們的兒女說:不要遵行你們父親的律例,不要謹守他們的惡規,也不要因他們的偶像玷污自己。
19ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံ ကြလော့။
19我是耶和華-你們的上帝,你們要順從我的律例,謹守遵行我的典章,
20ငါ ၏ဥပုသ် နေ့တို့ကိုလည်း သန့်ရှင်း စေကြလော့။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည် ဟု၊ သင်တို့သည်သိ မည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါ နှင့် သင် တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေ ကြလော့ဟု ငါဆို ၏။
20且以我的安息日為聖。這日在我與你們中間為證據,使你們知道我是耶和華-你們的上帝。
21သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။
21只是 他們的 兒女悖逆我,不順從我的律例,也不謹守遵行我的典章(人若遵行就必因此活着),干犯我的安息日。 「我就說,要將我的忿怒傾在他們身上,在曠野向他們成就我怒中所定的。
22သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမ အသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည်နာမ တော်အတွက် ပြု ၍ သည်းခံ လျက်နေ၏။
22雖然如此,我卻為我名的緣故縮手沒有這樣行,免得我的名在我領他們出 埃及 的列國人眼前被褻瀆。
23တဖန် ငါ သည် သူ တို့ကို အတိုင်းတိုင်း အပြည်ပြည်အရပ်ရပ် တို့သို့ ကွဲပြား စေခြင်းငှါ တော ၌ ကျိန်ဆို ၏။
23並且我在曠野向他們起誓,必將他們分散在列國,四散在列邦;
24အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေး တို့ ကိုးကွယ်သော ရုပ်တု များကို ငဲ့ကွက်သောကြောင့်၊ ငါ ၏ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
24因為他們不遵行我的典章,竟厭棄我的律例,干犯我的安息日,眼目仰望他們父親的偶像。
25ထိုကြောင့် ၊ မကောင်း သောစီရင် ချက်၊ အသက် မ ရှင်ရသောထုံးဖွဲ့ ချက်တို့ကို ငါ ပေး ၏။
25我也任他們遵行不美的律例,謹守不能使人活着的惡規。
26ငါ သည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိ မည်အကြောင်း၊ သူ တို့ကိုဖျက်ဆီး ခြင်းငှါ ၊ သူတို့သည် သားဦး အပေါင်း တို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူ တို့ပူဇော်သက္ကာ များအားဖြင့် ငါညစ်ညူး စေ၏။
26因他們將一切頭生的經 火 ,我就任憑他們在這供獻的事上玷污自己,好叫他們淒涼,使他們知道我是耶和華。
27သို့ဖြစ်၍ ၊ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ကိုအထပ်ထပ်ပြစ်မှား ၍ ရှုတ်ချ ကြသည်တကား။
27「人子啊,你要告訴 以色列 家說,主耶和華如此說:你們的列祖在得罪我的事上褻瀆我;
28သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။
28因為我領他們到了我起誓應許賜給他們的地,他們看見各高山、各茂密樹,就在那裏獻祭,奉上惹我發怒的供物,也在那裏焚燒馨香的祭牲,並澆上奠祭。
29ငါကလည်း၊ သင် တို့သွား တတ်သော မြင့်ရာ အရပ် ကား၊ အဘယ်သို့ နည်းဟုမေး သော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာ အမည် ဖြင့် သမုတ် ကြ၏။
29我就對他們說:你們所上的那高處叫甚麼呢?(那高處的名字叫 巴麻 直到今日。)
30သို့ဖြစ်၍ ၊ သင်သည် အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင် တို့သည် ဘိုးဘေး တို့ ထုံးစံ အတိုင်း ညစ်ညူး လျက်၊ သူ တို့ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြု၍ မှားယွင်း လျက်၊
30所以你要對 以色列 家說,主耶和華如此說:你們仍照你們列祖所行的玷污自己嗎?仍照他們可憎的事行邪淫嗎?
31ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
31你們奉上供物使你們兒子經火的時候,仍將一切偶像玷污自己,直到今日嗎? 以色列 家啊,我豈被你們求問嗎?主耶和華說:我指着我的永生起誓,我必不被你們求問。
32ငါတို့သည် တပါးအမျိုးသား ကဲ့သို့ ၎င်း ၊ သစ်သား ဘုရား၊ ကျောက် ဘုရားကိုဝတ်ပြု သောပြည်သူ ပြည်သားများကဲ့သို့ ၎င်း ဖြစ် မည်ဟု၊ သင် တို့ကြံစည် သည်အတိုင်း အကြံ မ မြောက်ရ။
32「你們說:我們要像外邦人和列國的宗族一樣,去事奉木頭與石頭。你們所起的這心意萬不能成就。」
33အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း အကယ်စင်စစ် အားကြီး သော လက် ၊ ဆန့် သောလက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန် အားဖြင့် သင် တို့ကို ငါအုပ်စိုး မည်။
33主耶和華說:「我指着我的永生起誓,我總要作王,用大能的手和伸出來的膀臂,並傾出來的忿怒,治理你們。
34သင်တို့ကွဲပြား လျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့အားကြီး သောလက် ၊ ဆန့် သော လက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေး စေမည်။
34我必用大能的手和伸出來的膀臂,並傾出來的忿怒,將你們從萬民中領出來,從分散的列國內聚集你們。
35လူ အမျိုးမျိုးနှင့်ဆိုင်သောတော သို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ် တရား တွေ့မည်။
35我必帶你們到外邦人的曠野,在那裏當面刑罰你們。
36အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။
36我怎樣在 埃及 地的曠野刑罰你們的列祖,也必照樣刑罰你們。這是主耶和華說的。
37နှင်တံ အောက်မှာ ရှောက်သွား စေ၍ ၊ ပဋိညာဉ် အချည်အနှောင် ကိုခံ စေမည်။
37我必使你們從杖下經過,使你們被約拘束。
38ငါ့ ကို ပုန်ကန် ၍ ပြစ်မှား သောသူတို့ကို သင် တို့ထဲက နှုတ်ပယ် မည်။ သူ တို့သည် တည်း နေသောပြည် မှ ထွက်သွား ရသော်လည်း ၊ ဣသရေလ ပြည် သို့ မ ဝင် ကြရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြ လိမ့်မည်။
38我必從你們中間除淨叛逆和得罪我的人,將他們從所寄居的地方領出來,他們卻不得入 以色列 地。你們就知道我是耶和華。
39အိုဣသရေလ အမျိုးသား တို့၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သွား ကြလော့။ အသီးအသီး မိမိ တို့ ရုပ်တု များကို ဝတ်ပြု ကြလော့။ သို့ရာတွင် ၊ အကယ်စင်စစ် နောက်တဖန် ငါ့ စကားကို နား မ ထောင် သော်လည်း၊ ငါ ၏သန့်ရှင်း သောနာမ တော်ကို သင် တို့ပူဇော်သက္ကာ များနှင့် ရုပ်တု များအားဖြင့် မ ရှုတ်ချ ဘဲနေရကြလိမ့်မည်။
39「 以色列 家啊,至於你們,主耶和華如此說:從此以後若不聽從我,就任憑你們去事奉偶像,只是不可再因你們的供物和偶像褻瀆我的聖名。
40အကြောင်းမူကား ၊ ငါ ၏သန့်ရှင်း သောတောင် ၊ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ အား ဝတ်ပြု ရကြလိမ့်မည်။ ငါသည်လည်း လက်ခံ ၍၊ ထို အရပ် ၌ သင် တို့ပြုသောပူဇော်သက္ကာ များ၊ အဦး သီးသော အသီးတွင်ရွေး၍ဆက်ရသောအသီးအနှံ များနှင့်တကွ ၊ သင် တို့သန့်ရှင်း သောအရာရှိသမျှ တို့ကို ငါတောင်း မည်။
40「主耶和華說:在我的聖山,就是 以色列 高處的山,所有 以色列 的全家都要事奉我。我要在那裏悅納你們,向你們要供物和初熟的土產,並一切的聖物。
41သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။
41我從萬民中領你們出來,從分散的列國內聚集你們,那時我必悅納你們好像馨香之祭,要在外邦人眼前在你們身上顯為聖。
42သင် တို့၏ ဘိုးဘေး တို့အား ပေး ခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလ ပြည် သို့ သင် တို့ကို ဆောင် သွင်းသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
42我領你們進入 以色列 地,就是我起誓應許賜給你們列祖之地,那時你們就知道我是耶和華。
43သင်တို့ညစ်ညူး သော ကျင့်ကြံ ပြုမူရာအမှု ရှိသမျှ တို့ကို ထို ပြည်၌ အောက်မေ့ ၍ ၊ ပြု မိသမျှ သော ဒုစရိုက် တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
43你們在那裏要追念玷污自己的行動作為,又要因所做的一切惡事厭惡自己。
44အိုဣသရေလ အမျိုးသား တို့၊ သင် တို့၏ဒုစရိုက် များ၊ သင် တို့ဆိုးညစ် သောအကျင့် များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ် နာမ တော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ကြ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
44主耶和華說: 以色列 家啊,我為我名的緣故,不照着你們的惡行和你們的壞事待你們;你們就知道我是耶和華。」
45တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
45耶和華的話臨到我說:
46အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။
46「人子啊,你要面向南方,向南滴下預言攻擊南方田野的樹林。
47အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။
47對南方的樹林說,要聽耶和華的話。主耶和華如此說:我必使火在你中間着起,燒滅你中間的一切青樹和枯樹,猛烈的火焰必不熄滅。從南到北,人的臉面都被燒焦。
48ထိုမီးကို ငါ ထာဝရဘုရား ညှိ ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့သည် သိ ရကြလိမ့်မည်။ ထိုမီးသည် မ ငြိမ်း ရဟု မိန့် တော်မူ၏။
48凡有血氣的都必知道是我-耶和華使火着起,這火必不熄滅。」
49ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သူ တို့က၊ ဤသူ သည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မ ဟုတ်လောဟု၊ အကျွန်ုပ် ကို ရည်မှတ်၍ဆို တတ်ကြပါ သည်ဟု လျှောက် လေ၏။
49於是我說:「哎!主耶和華啊,人都指着我說:他豈不是說比喻的嗎?」
Tip: use the ← and → keys to turn chapters.