တရားဟောရာ

Old Testament

Chapter 32
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

တရားဟောရာ 32

Judson Burmese Bible (1840)
Modern Hebrew Bible
1အို ကောင်းကင် ၊ နားထောင် လော့၊ ငါပြော မည်။ အိုမြေကြီး ၊ ငါ မြွက်ဆို သောစကား ကို ကြား လော့။
1האזינו השמים ואדברה ותשמע הארץ אמרי פי׃
2ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
2יערף כמטר לקחי תזל כטל אמרתי כשעירם עלי דשא וכרביבים עלי עשב׃
3ငါသည် ထာဝရဘုရား ၏ နာမတော် ကို ဘော်ပြ သည်ဖြစ်၍ ၊ ငါ တို့ဘုရားသခင် ၏ ဘုန်း အာနုဘော်တော် ကို ချီးမွမ်း ကြလော့။
3כי שם יהוה אקרא הבו גדל לאלהינו׃
4ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
4הצור תמים פעלו כי כל דרכיו משפט אל אמונה ואין עול צדיק וישר הוא׃
5သူ တို့သည် ယိုယွင်း ကြပြီ။ ဘုရားသခင် ၏ သား မ ဟုတ်၊ အညစ် အကြေးကပ်ကြ၏။ သဘော ကောက်၍ ဖောက်ပြန် သောအမျိုး ဖြစ်ကြ၏။
5שחת לו לא בניו מומם דור עקש ופתלתל׃
6အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
6ה ליהוה תגמלו זאת עם נבל ולא חכם הלוא הוא אביך קנך הוא עשך ויכננך׃
7ရှေး ကာလ ကို အောက်မေ့ လော့။ လွန်လေ ပြီးသော နှစ် ပေါင်းများကို ဆင်ခြင် လော့။ သင့် အဘ ကို မေးမြန်း လျှင် သူသည် ဘော်ပြ လိမ့်မည်။ အသက်ကြီး သူတို့ ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
7זכר ימות עולם בינו שנות דור ודור שאל אביך ויגדך זקניך ויאמרו לך׃
8အမြင့်ဆုံး သော ဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုး တို့ကို ပိုင်းခြား ၍ အမွေ မြေ ကို ဝေပေးသောအခါ ၊ ဣသရေလ အမျိုးသား တို့ အရေအတွက် ကို ထောက်ရှု ၍၊ လူမျိုး တို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
8בהנחל עליון גוים בהפרידו בני אדם יצב גבלת עמים למספר בני ישראל׃
9ထာဝရဘုရား ၏ အဘို့ ကား ၊ လူမျိုး တော်တည်း။ ယာကုပ် အမျိုးသည် အမွေခံ တော်မူရာ ဖြစ်သတည်း။
9כי חלק יהוה עמו יעקב חבל נחלתו׃
10လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
10ימצאהו בארץ מדבר ובתהו ילל ישמן יסבבנהו יבוננהו יצרנהו כאישון עינו׃
11ရွှေလင်းတ သည် အသိုက် ကို မွှေ လျက်၊ သား ငယ်တို့အပေါ် မှာ လှုပ်ရှား လျက်၊ အတောင် တို့ကို ဖြန့် လျက်၊ သားငယ် တို့ကိုယူ ၍ မိမိ အတောင် တို့ဖြင့် ဆောင် သကဲ့သို့၊
11כנשר יעיר קנו על גוזליו ירחף יפרש כנפיו יקחהו ישאהו על אברתו׃
12ထာဝရဘုရား တပါး တည်းသာလျှင်၊ ယာကုပ် ကို ဆောင် သွားတော်မူ၏။ အခြား တပါးသောဘုရား မည်မျှမ ရှိ။
12יהוה בדד ינחנו ואין עמו אל נכר׃
13မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
13ירכבהו על במותי ארץ ויאכל תנובת שדי וינקהו דבש מסלע ושמן מחלמיש צור׃
14သိုးသငယ် ဆီဥ ၊ ဗာရှန် အမျိုး ၏သိုး ထီး၊ ဆိတ် ထီး ဆီဥ၊ ဂျုံ စပါး၊ ကျောက်ကပ် ဆီဥ နှင့်တကွ နွား နို့ဓမ်း နှင့် သိုး နို့ ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေး စစ်ကို သောက် ရ၏။
14חמאת בקר וחלב צאן עם חלב כרים ואילים בני בשן ועתודים עם חלב כליות חטה ודם ענב תשתה חמר׃
15သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။
15וישמן ישרון ויבעט שמנת עבית כשית ויטש אלוה עשהו וינבל צור ישעתו׃
16သူတို့သည် အခြား တပါးသောဘုရားအားဖြင့် ငြူစူ စေကြ၏။ ရွံရှာ ဘွယ်သော အမှုအရာအားဖြင့် အမျက် တော်ကို နှိုးဆော်ကြ၏။
16יקנאהו בזרים בתועבת יכעיסהו׃
17ဘုရား မ ဟုတ်သော နတ်ဆိုး ၊ မ သိ ဘူးသော ဘုရား ၊ ဘိုးဘေး တို့ မ ကြောက် ဘူးသော ဘုရားသစ် တို့ အား ယဇ် ပူဇော်ကြ၏။
17יזבחו לשדים לא אלה אלהים לא ידעום חדשים מקרב באו לא שערום אבתיכם׃
18သင် ဖြစ်ရာမူလ အမြစ်ကို သင်မ မှတ်မိ။ သင့် ကို ဖန်ဆင်း တော်မူသောဘုရားသခင် ကို သင်မေ့လျော့ ပြီ။
18צור ילדך תשי ותשכח אל מחללך׃
19ထိုအမှုကို ထာဝရဘုရား မြင် သောအခါ ၊ အမျက် တော်ထွက်၍ သား သမီး တော်တို့ကို စွန့်ပစ် တော်မူလျက်၊
19וירא יהוה וינאץ מכעס בניו ובנתיו׃
20ငါသည် ကိုယ် မျက်နှာ ကို သူ တို့မှ လွှဲ မည်။ သူ တို့ သည် အဘယ်သို့ ဆုံး မည်ကို ငါကြည့် မည်။ သဘော ခိုင်မာသောအမျိုး ၊ သစ္စာ မ ရှိသော သား သမီးဖြစ်ကြ၏။
20ויאמר אסתירה פני מהם אראה מה אחריתם כי דור תהפכת המה בנים לא אמן בם׃
21ဘုရား မ ဟုတ်သောအရာအားဖြင့် ငါ သည် ငြူစူ သောစိတ်ရှိစေခြင်းငှါပြုကြပြီ။ အချည်းနှီး သောအရာ အားဖြင့် ငါ့ အမျက် ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မ ရေရာ သော လူမျိုး အားဖြင့် သူ တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှါ၎င်း ငါပြုမည်။
21הם קנאוני בלא אל כעסוני בהבליהם ואני אקניאם בלא עם בגוי נבל אכעיסם׃
22ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။
22כי אש קדחה באפי ותיקד עד שאול תחתית ותאכל ארץ ויבלה ותלהט מוסדי הרים׃
23သူ တို့အပေါ် မှာ ဘေးဥပဒ် များကို ငါ ပို့မည်။ ငါ့ မြှား တို့ကို အကုန်အစင် ပစ်မည်။
23אספה עלימו רעות חצי אכלה בם׃
24သူတို့သည် မွတ်သိပ် ခြင်းအရှိန်ကို ခံ ရ၍ ၊ ပူလောင် ခြင်းဘေး၊ ပြင်းစွာ သောဖျက်ဆီး ခြင်းဘေး အားဖြင့် ဆုံးရှုံး ကြလိမ့်မည်။ သားရဲ တို့၏ သွား ကို၎င်း ၊ မြေ ၌ ကျင်လည်သော မြွေ အဆိပ် ကို ၎င်း၊ သူ တို့၌ ငါစေလွှတ် မည်။
24מזי רעב ולחמי רשף וקטב מרירי ושן בהמות אשלח בם עם חמת זחלי עפר׃
25အိမ်ပြင် ၌ ထား ဘေး၊ အိမ် အတွင်း၌ ကြောက်မက် ဘွယ်သောဘေးသည် လူပျို နှင့် အပျို ကို၎င်း၊ နို့စို့ သူငယ် နှင့် ဦးဆံ ဖြူသောသူ ကို၎င်း ဖျက်ဆီး လိမ့်မည်။
25מחוץ תשכל חרב ומחדרים אימה גם בחור גם בתולה יונק עם איש שיבה׃
26ရန်သူ ၏ မာန် မာနကို ငါမ ကြောက် လျှင်၎င်း၊
26אמרתי אפאיהם אשביתה מאנוש זכרם׃
27ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။
27לולי כעס אויב אגור פן ינכרו צרימו פן יאמרו ידינו רמה ולא יהוה פעל כל זאת׃
28အကြောင်း မူကား၊ သူ တို့သည် ပညာ သတိမ ရှိ၊ ဉာဏ် ကင်း သော လူမျိုး ဖြစ်ကြ၏။
28כי גוי אבד עצות המה ואין בהם תבונה׃
29ပညာ ကိုရ၍ ဤ အမှုကို နားလည် ကြပါစေ သော။ နောက်ဆုံး ကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင် ကြပါစေသောဟု မိန့်တော်မူ၏။
29לו חכמו ישכילו זאת יבינו לאחריתם׃
30သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။
30איכה ירדף אחד אלף ושנים יניסו רבבה אם לא כי צורם מכרם ויהוה הסגירם׃
31ငါ တို့၏ရန်သူ များ စီရင် ဆုံးဖြတ်သော်လည်း ၊ သူ တို့ကျောက် သည် ငါ တို့ကျောက် နှင့်မ တူ။
31כי לא כצורנו צורם ואיבינו פלילים׃
32သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။
32כי מגפן סדם גפנם ומשדמת עמרה ענבמו ענבי רוש אשכלת מררת למו׃
33သူ တို့ စပျစ်ရည် သည် နဂါး အဆိပ် ၊ ပြင်းထန် သော မြွေဆိုး အဆိပ် အတောက်ဖြစ်၏။
33חמת תנינם יינם וראש פתנים אכזר׃
34ဤ အမှုသည် ငါ့ ထံမှာ သိုထား လျက်၊ ငါ့ ဘဏ္ဍာ တိုက် ၌ တံဆိပ် ခပ်လျက် ရှိသည်မ ဟုတ်လော။
34הלא הוא כמס עמדי חתם באוצרתי׃
35အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
35לי נקם ושלם לעת תמוט רגלם כי קרוב יום אידם וחש עתדת למו׃
36ထာဝရဘုရား သည် မိမိ လူ တို့အဘို့ တရား စီရင်တော်မူမည်။ ကိုယ်တော် ၏ ကျွန် တို့သည် တန်ခိုး ကုန် ကြောင်း ၊ အချုပ် ခံရသောသူ၊ လွတ် သောသူတယောက် မျှ မရှိကြောင်းကို မြင် သောအခါ ၊ သူတို့အမှုကြောင့် နောင်တ ရ တော်မူလျက်၊
36כי ידין יהוה עמו ועל עבדיו יתנחם כי יראה כי אזלת יד ואפס עצור ועזוב׃
37သူ တို့ဘုရား ၊ သူတို့ခိုလှုံ သောကျောက် သည် အဘယ် မှာရှိသနည်း။
37ואמר אי אלהימו צור חסיו בו׃
38သူ တို့ပူဇော် သော ဆီဥ ကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည် ကို သောက် သောသူ တို့ သည် အဘယ်မှာရှိသနည်း။ သူ တို့သည် ထ ၍ သင် တို့ကို ကွယ်ကာ စောင့်မပါလေစေ။
38אשר חלב זבחימו יאכלו ישתו יין נסיכם יקומו ויעזרכם יהי עליכם סתרה׃
39ငါ သည် ကိုယ်တိုင် အားဖြင့်ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါ မှတပါး အခြားသောဘုရား မ ရှိကြောင်းကို၎င်းကြည့်ရှု ကြလော့။ ငါ သည် အသက်ကို သေ စေ၏။ အသက် ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါဒဏ်ခတ်၏။ အနာ ကိုလည်း ပျောက် စေ၏။ ငါ့ လက် မှ အဘယ်သူ မျှမကယ် မနှုတ်နိုင်။
39ראו עתה כי אני אני הוא ואין אלהים עמדי אני אמית ואחיה מחצתי ואני ארפא ואין מידי מציל׃
40ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
40כי אשא אל שמים ידי ואמרתי חי אנכי לעלם׃
41ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
41אם שנותי ברק חרבי ותאחז במשפט ידי אשיב נקם לצרי ולמשנאי אשלם׃
42ငါ့ မြှား တို့ကို အသွေး နှင့် ယစ်မူး စေမည်။ ငါ့ ထား သည် အသား ကို စား လိမ့်မည်။ သတ် သောသူ၊ လက်ရ သောသူတို့၏ အသွေး ၊ ရန်သူ အကဲအမှူး တို့၏ ဦးခေါင်း ကို စားသောက်လိမ့်မည်။
42אשכיר חצי מדם וחרבי תאכל בשר מדם חלל ושביה מראש פרעות אויב׃
43တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
43הרנינו גוים עמו כי דם עבדיו יקום ונקם ישיב לצריו וכפר אדמתו עמו׃
44ဤ သီချင်း စကား ကို မောရှေ သည် လာ ၍ နုန် သား ယောရှု နှင့်အတူ လူ များတို့အား ဟောပြော မြွက်ဆို၏။
44ויבא משה וידבר את כל דברי השירה הזאת באזני העם הוא והושע בן נון׃
45ထိုသို့ မောရှေ သည် ဤ စကား အလုံးစုံ တို့ကို ဣသရေလ အမျိုးသားအပေါင်း တို့အား အကုန်အစင် ဟောပြောမြွက်ဆို ပြီးလျှင်၊
45ויכל משה לדבר את כל הדברים האלה אל כל ישראל׃
46သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
46ויאמר אלהם שימו לבבכם לכל הדברים אשר אנכי מעיד בכם היום אשר תצום את בניכם לשמר לעשות את כל דברי התורה הזאת׃
47ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ ဤ အမှု ကို စောင့်ရှောက်လျှင်၊ ကိုယ် အသက်တာ ရှည် ကြလိမ့်မည်ဟု ပြောဆို၏။
47כי לא דבר רק הוא מכם כי הוא חייכם ובדבר הזה תאריכו ימים על האדמה אשר אתם עברים את הירדן שמה לרשתה׃
48ထိုနေ့ ခြင်း တွင် ထာဝရဘုရား က၊ ယေရိခေါ မြို့ တဘက် ၊ မောဘ ပြည် အာဗရိမ် တောင်ရိုး ၊ နေဗော တောင် ထိပ် ပေါ် သို့တက် ၍၊
48וידבר יהוה אל משה בעצם היום הזה לאמר׃
49ဣသရေလ အမျိုးသား တို့အား ငါ အပိုင် ပေး သော ခါနာန် ပြည် ကို ကြည့်ရှု လော့။
49עלה אל הר העברים הזה הר נבו אשר בארץ מואב אשר על פני ירחו וראה את ארץ כנען אשר אני נתן לבני ישראל לאחזה׃
50သင့် အစ်ကို အာရုန် သည် ဟောရ တောင် ပေါ် မှာ သေ ၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်သကဲ့သို့ ၊ သင် သည်လည်း တက် သွားသော ဤတောင် ပေါ် မှာ သေ ၍ ၊ သင် ၏လူမျိုး စည်းဝေး ရာသို့ ရောက်လော့။
50ומת בהר אשר אתה עלה שמה והאסף אל עמיך כאשר מת אהרן אחיך בהר ההר ויאסף אל עמיו׃
51အကြောင်း မူကား၊ သင်တို့သည် ဇိန တော ၊ ကာဒေရှ ရွာ၊ မေရိဘ စမ်းရေ အနား၌ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ငါ့ ကို မ ရိုမသေပြု၍ ပြစ်မှား ကြပြီ။
51על אשר מעלתם בי בתוך בני ישראל במי מריבת קדש מדבר צן על אשר לא קדשתם אותי בתוך בני ישראל׃
52ထို့ကြောင့် ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ပြည် ကို သင်သည် ကိုယ်မျက်စိနှင့် မြင် ရသော်လည်း ၊ ထို ပြည်သို့ မ ဝင်စား ရဟု မောရှေ အား မိန့် တော်မူ၏။
52כי מנגד תראה את הארץ ושמה לא תבוא אל הארץ אשר אני נתן לבני ישראל׃

Tip: use the ← and → keys to turn chapters.