တရားဟောရာ

Old Testament

Chapter 20
Judson Burmese Bible (18…
vs Modern Hebrew Bible
Aa
Text size
Line width
Verse numbers

တရားဟောရာ 20

Judson Burmese Bible (1840)
Modern Hebrew Bible
1သင် သည် ရန်သူ တို့ကို စစ်တိုက် ခြင်းငှာ ချီ သွား သောအခါ ၊ ကိုယ် ထက် သာ၍ များသောမြင်း ၊ ရထား ၊ လူ တို့ကို မြင် သော်လည်း မ ကြောက် နှင့်။ သင့် ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောသင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ဘက် ၌ ရှိတော်မူ၏။
1כי תצא למלחמה על איביך וראית סוס ורכב עם רב ממך לא תירא מהם כי יהוה אלהיך עמך המעלך מארץ מצרים׃
2စစ်တိုက် ချိန်နီး သောအခါ ၊ ယဇ် ပုရောဟိတ်တို့ သည် ချဉ်း ၍၊
2והיה כקרבכם אל המלחמה ונגש הכהן ודבר אל העם׃
3အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့သည် စစ်တိုက် ခြင်းငှာ ရန်သူ တို့ကို ချဉ်း ကြပြီ။ သူ တို့ကြောင့် စိတ်ပျက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ တုန်လှုပ် ခြင်း၊ ထိတ်လန့် ခြင်း မ ရှိကြနှင့်။
3ואמר אלהם שמע ישראל אתם קרבים היום למלחמה על איביכם אל ירך לבבכם אל תיראו ואל תחפזו ואל תערצו מפניהם׃
4အကြောင်း မူကား၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ရန်သူ တို့ကို စစ်တိုက် ၍ သင် တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ သင် တို့နှင့်အတူ ကြွ တော်မူသည် ဟု လူ တို့အား ပြောဆို ရကြမည်။
4כי יהוה אלהיכם ההלך עמכם להלחם לכם עם איביכם להושיע אתכם׃
5ဗိုလ် တို့ကလည်း၊ အိမ် သစ် ကို ဆောက် ၍ ဘုရားသခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိ အိမ် သို့ ပြန် ၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
5ודברו השטרים אל העם לאמר מי האיש אשר בנה בית חדש ולא חנכו ילך וישב לביתו פן ימות במלחמה ואיש אחר יחנכנו׃
6စပျစ် ဥယျာဉ်ကို စိုက် ၍ စပျစ်သီး ကို မ စား ရသေး သော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွား ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထို စပျစ်သီးကို စား လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
6ומי האיש אשר נטע כרם ולא חללו ילך וישב לביתו פן ימות במלחמה ואיש אחר יחללנו׃
7မိန်းမ နှင့် လက်ထပ် ၍ မ သိမ်း ရသေးသော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသော သူ သည် ထို မိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
7ומי האיש אשר ארש אשה ולא לקחה ילך וישב לביתו פן ימות במלחמה ואיש אחר יקחנה׃
8တဖန် လည်း၊ ဗိုလ် တို့က ကြောက် တတ်သော သဘောရှိ၍ စိတ်ပျက် သောသူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် လျှင် ထိုသူ စိတ် ပျက်သကဲ့သို့ သူ ၏အဘော် တို့သည် စိတ်ပျက် ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူ များတို့အား ပြော ရကြမည်။
8ויספו השטרים לדבר אל העם ואמרו מי האיש הירא ורך הלבב ילך וישב לביתו ולא ימס את לבב אחיו כלבבו׃
9ဗိုလ် တို့သည် လူ များတို့အား ထိုသို့ပြော ပြီးမှ တပ်မှူး တို့သည် လူ များကို စစ်ချီစေရကြမည်။
9והיה ככלת השטרים לדבר אל העם ופקדו שרי צבאות בראש העם׃
10သင်သည် မြို့ တစုံတမြို့ကို တိုက် ခြင်းငှာ ချဉ်း သောအခါ ၊ စစ် ငြိမ်းမည်အကြောင်း ကို ဟစ်ကြော် ရမည်။
10כי תקרב אל עיר להלחם עליה וקראת אליה לשלום׃
11ထိုမြို့သည် စစ် ငြိမ်းရာစကားပြေကို ပြန်ပြော ၍ မြို့တံခါးကို ဖွင့် ထားလျှင် ၊ ထိုမြို့ ၌ ရှိ သောသူ အပေါင်း တို့ သည် သင့် အား အခွန် ပေး၍ သင့် အမှု ကို ထမ်းရကြမည်။
11והיה אם שלום תענך ופתחה לך והיה כל העם הנמצא בה יהיו לך למס ועבדוך׃
12သို့မဟုတ် စကားပြေ မ ပြောဘဲ သင့် ကို စစ်တိုက် လျှင် ၊ ထိုမြို့ ကို ဝိုင်း ထား၍၊
12ואם לא תשלים עמך ועשתה עמך מלחמה וצרת עליה׃
13သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် လက် ၌ အပ် တော်မူသောအခါ ၊ ယောက်ျား ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ရမည်။
13ונתנה יהוה אלהיך בידך והכית את כל זכורה לפי חרב׃
14မိန်းမ ၊ သူငယ် ၊ တိရစ္ဆာန် အစ ရှိသော မြို့ ၌ တွေ့ သော ဥစ္စာ ရှိသမျှ ကို ကိုယ် ဘို့ သိမ်း ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သင် ၏ရန်သူ လက် မှ ရသောဥစ္စာကို စား ရမည်။
14רק הנשים והטף והבהמה וכל אשר יהיה בעיר כל שללה תבז לך ואכלת את שלל איביך אשר נתן יהוה אלהיך לך׃
15ဤ လူမျိုး နေသောမြို့ မှတပါး သင် နှင့် ဝေး သော မြို့ ရှိသမျှ တို့အား ထိုသို့ ပြု ရမည်။
15כן תעשה לכל הערים הרחקת ממך מאד אשר לא מערי הגוים האלה הנה׃
16သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ၊ ဤ လူမျိုး နေရာမြို့ တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
16רק מערי העמים האלה אשר יהוה אלהיך נתן לך נחלה לא תחיה כל נשמה׃
17ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် မိမိ တို့ဘုရား များ၌ ပြု သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍၊
17כי החרם תחרימם החתי והאמרי הכנעני והפרזי החוי והיבוסי כאשר צוך יהוה אלהיך׃
18သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို မပြစ်မှား မည်အကြောင်း သင် ၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ထိုလူမျိုးအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
18למען אשר לא ילמדו אתכם לעשות ככל תועבתם אשר עשו לאלהיהם וחטאתם ליהוה אלהיכם׃
19သင်သည် မြို့ တစုံတမြို့ကို တိုက်ယူ ခြင်းငှာ ကြာမြင့် စွာ ဝိုင်း ထားလျှင် ၊ သစ်ပင် များကို မ ခုတ် မဖြတ် ရ။ မြေ ၌ ပေါက်သော အပင် တို့သည် လူ အသက် မွေးဘို့ရာဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်း ထားရာ အမှုကို ဆောင်၍ အပင်ကို မ လှဲ ရ။
19כי תצור אל עיר ימים רבים להלחם עליה לתפשה לא תשחית את עצה לנדח עליו גרזן כי ממנו תאכל ואתו לא תכרת כי האדם עץ השדה לבא מפניך במצור׃
20သို့ရာတွင် မ စား ရသော သစ်ပင် တို့ကို ခုတ်လှဲ ၍ ၊ သင် နှင့် စစ်တိုက် သော မြို့ ကို မ အောင် မှီတိုင်အောင်၊ စစ်တိုက် ရာ တန်ဆာ တို့ကို ဆောက်လုပ် ရသောအခွင့်ရှိ၏။
20רק עץ אשר תדע כי לא עץ מאכל הוא אתו תשחית וכרת ובנית מצור על העיר אשר הוא עשה עמך מלחמה עד רדתה׃

Tip: use the ← and → keys to turn chapters.