တရားဟောရာ 28
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ယနေ့ ငါ ဆင့်ဆို သမျှ သော ပညတ် တော်တို့ကို သင်သည် ကျင့် စောင့် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် လူမျိုး တကာ တို့ ထက် သင့် ကို ချီးမြှောက် တော်မူမည်။
1והיה אם שמוע תשמע בקול יהוה אלהיך לשמר לעשות את כל מצותיו אשר אנכי מצוך היום ונתנך יהוה אלהיך עליון על כל גויי הארץ׃
2သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား ။
2ובאו עליך כל הברכות האלה והשיגך כי תשמע בקול יהוה אלהיך׃
3သင် သည် မြို့ ၌ မင်္ဂလာ ရှိလိမ့်မည်၊ တော ၌ မင်္ဂလာ ရှိလိမ့်မည်။
3ברוך אתה בעיר וברוך אתה בשדה׃
4သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း ၊ တိရစ္ဆာန် ဘွားသော သားငယ်အားဖြင့်၎င်း ၊ သိုး နွား အစီးအပွား အားဖြင့်၎င်း မင်္ဂလာ ရှိလိမ့်မည်။
4ברוך פרי בטנך ופרי אדמתך ופרי בהמתך שגר אלפיך ועשתרות צאנך׃
5ခြင်တောင်း ၌၎င်း၊ မုန့် နယ်သော ခွက်၌၎င်း မင်္ဂလာ ရှိလိမ့်မည်။
5ברוך טנאך ומשארתך׃
6မိမိအိမ်ထဲသို့ ဝင် သောအခါ မင်္ဂလာ ရှိ လိမ့်မည်၊ ပြင်သို့ထွက် သောအခါ မင်္ဂလာ ရှိလိမ့်မည်။
6ברוך אתה בבאך וברוך אתה בצאתך׃
7သင့် တဘက် ၌ ထ သော ရန်သူ တို့ကို သင့် မျက်မှောက် ၌ ထာဝရဘုရား သည် ဒဏ် ခံစေတော်မူမည်။ သူတို့သည် တ လမ်းတည်းဖြင့် သင် ရှိရာသို့ လာ သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သင့် ရှေ့ မှ ပြေး ကြလိမ့်မည်။
7יתן יהוה את איביך הקמים עליך נגפים לפניך בדרך אחד יצאו אליך ובשבעה דרכים ינוסו לפניך׃
8သင် ၏ ဘဏ္ဍာ တိုက်၌ ၎င်း၊ သင် ပြု လေရာရာ ၌ ၎င်း ၊ ထာဝရဘုရား သည် သင့် အပေါ် မှာ မင်္ဂလာ ရောက် စေခြင်းငှာမိန့် တော်မူမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင့် ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
8יצו יהוה אתך את הברכה באסמיך ובכל משלח ידך וברכך בארץ אשר יהוה אלהיך נתן לך׃
9သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ပညတ် တော်တို့ကိုစောင့် ၍ လမ်း တော်သို့ လိုက် လျှင် ထာဝရဘုရား ကျိန်ဆို သည်အတိုင်း၊ သင့် ကို ကိုယ်တော် အဘို့ သန်ရှင်း သောအမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။
9יקימך יהוה לו לעם קדוש כאשר נשבע לך כי תשמר את מצות יהוה אלהיך והלכת בדרכיו׃
10သင် သည် ထာဝရဘုရား ၏ နာမတော် ဖြင့် ခေါ်ဝေါ် သမုတ်ခြင်းကိုခံရသည်ဟု လူမျိုး ခပ်သိမ်း တို့ သည် သိမြင် ၍ သင့် ကို ကြောက်ရွံ့ ကြလိမ့်မည်။
10וראו כל עמי הארץ כי שם יהוה נקרא עליך ויראו ממך׃
11ထာဝရဘုရား သည် သင့် အား ပေး ခြင်းငှာ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ၌ ဥစ္စာ ပစ္စည်း၊ သားသမီး ၊ တိရစ္ဆာန် အတိုးအပွား၊ မြေ အသီးအနှံ များကို ကြွယ်ဝ စေတော်မူမည်။
11והותרך יהוה לטובה בפרי בטנך ובפרי בהמתך ובפרי אדמתך על האדמה אשר נשבע יהוה לאבתיך לתת לך׃
12ထာဝရဘုရား သည် အချိန်တန် မှ သင် ၏ပြည် ၌ မိုဃ်း ရွာ စေခြင်းငှာ ၎င်း၊ သင် ပြု လေရာရာ ၌ ကောင်းကြီး ပေးခြင်းငှာ ၎င်း ၊ ဘဏ္ဍာ တော်တိုက် တည်းဟူသောမိုဃ်းကောင်းကင် ကို ဖွင့် တော်မူမည်။ သင်သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့် အား ချေးငှား ရသောအခွင့် မ ရှိရ။
12יפתח יהוה לך את אוצרו הטוב את השמים לתת מטר ארצך בעתו ולברך את כל מעשה ידך והלוית גוים רבים ואתה לא תלוה׃
13ထာဝရဘုရား သည် သင့်ကို အမြီး မ ဖြစ် စေဘဲ ခေါင်း ဖြစ် စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မ နေ ရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါ ဆင့်ဆို သော ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင် လျှင် ၎င်း၊
13ונתנך יהוה לראש ולא לזנב והיית רק למעלה ולא תהיה למטה כי תשמע אל מצות יהוה אלהיך אשר אנכי מצוך היום לשמר ולעשות׃
14ယနေ့ ငါ ဆင့်ဆို သော စကား တော်လမ်းမှ ထွက် ၍ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကိုခံရလိမ့်မည်။
14ולא תסור מכל הדברים אשר אנכי מצוה אתכם היום ימין ושמאול ללכת אחרי אלהים אחרים לעבדם׃
15ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
15והיה אם לא תשמע בקול יהוה אלהיך לשמר לעשות את כל מצותיו וחקתיו אשר אנכי מצוך היום ובאו עליך כל הקללות האלה והשיגוך׃
16သင် သည် မြို့ ၌ အမင်္ဂလာ ရှိလိမ့်မည်၊ တော ၌ အမင်္ဂလာ ရှိလိမ့်မည်။
16ארור אתה בעיר וארור אתה בשדה׃
17ခြင်တောင်း ၌၎င်း ၊ မုန့် နယ်သော ခွက်၌၎င်း အမင်္ဂလာ ရှိလိမ့်မည်။
17ארור טנאך ומשארתך׃
18သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း၊ သိုး နွား အစီးအပွား အားဖြင့်၎င်း အမင်္ဂလာ ရှိလိမ့်မည်။
18ארור פרי בטנך ופרי אדמתך שגר אלפיך ועשתרות צאנך׃
19မိမိ အိမ်ထဲသို့ ဝင် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ပြင်သို့ ထွက် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။
19ארור אתה בבאך וארור אתה בצאתך׃
20ထာဝရဘုရား ကို စွန့် ၍ ပြု မိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီး ဆုံးရှုံးခြင်းသို့ မ ရောက်မှီတိုင်အောင်၊ ပြု လေရာရာ ၌ ကျိန်ဆဲ ခြင်း၊ နှောင့်ရှက် ခြင်း၊ ကဲ့ရဲ့ ခြင်းတို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူမည်။
20ישלח יהוה בך את המארה את המהומה ואת המגערת בכל משלח ידך אשר תעשה עד השמדך ועד אבדך מהר מפני רע מעלליך אשר עזבתני׃
21သင် သွား ၍ ဝင်စား လတံ့သော ပြည် မှ သုတ်သင် ပယ်ရှင်းတော်မ မူမှီ တိုင်အောင်၊ ကာလနာ ကို သင် ၌ စွဲ စေတော်မူမည်။
21ידבק יהוה בך את הדבר עד כלתו אתך מעל האדמה אשר אתה בא שמה לרשתה׃
22ထာဝရဘုရား သည် သင့် ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာ ဖြင့် ၎င်း ၊ ထား ဘေး၊ လေထိ ၍ အပင်သေဘေး၊ အရည် ယို၍ အပင်သေဘေးဖြင့် ၎င်း ဒဏ်ခတ် တော်မူ၍ ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်ထိုဘေးတို့သည် လိုက် ကြလိမ့်မည်။
22יככה יהוה בשחפת ובקדחת ובדלקת ובחרחר ובחרב ובשדפון ובירקון ורדפוך עד אבדך׃
23သင့် ခေါင်း ပေါ် မှာ မိုဃ်းကောင်းကင် သည် ကြေးဝါ ကဲ့သို့၎င်း ၊ သင့် အောက် ၌ မြေ သည် သံ ကဲ့သို့၎င်း ဖြစ် လိမ့်မည်။
23והיו שמיך אשר על ראשך נחשת והארץ אשר תחתיך ברזל׃
24ထာဝရဘုရား သည် သင့် နေရာပြည် ၌ ရွာသော မိုဃ်း ရေကို မြေမှုန့် ၊ ဖုံ ဖြစ် စေတော်မူသဖြင့် ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် အပေါ် မှာ ကျ ရလိမ့်မည်။
24יתן יהוה את מטר ארצך אבק ועפר מן השמים ירד עליך עד השמדך׃
25သင် ၏ရန်သူ ရှေ့ မှာ ထာဝရဘုရား သည် သင့် ကို ဒဏ် ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူ တို့ ရှိရာသို့ သွား သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သူ တို့ရှေ့ မှ ပြေး၍ မြေ ပေါ်မှာရှိ သော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်း သွားရလိမ့်မည်။
25יתנך יהוה נגף לפני איביך בדרך אחד תצא אליו ובשבעה דרכים תנוס לפניו והיית לזעוה לכל ממלכות הארץ׃
26သင် ၏အသေ ကောင်သည် မိုဃ်း ကောင်းကင်ငှက် ၊ တော သားရဲ စားစရာ့ ဘို့ ဖြစ် ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူ မျှမမောင်း ရ။
26והיתה נבלתך למאכל לכל עוף השמים ולבהמת הארץ ואין מחריד׃
27ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု အနာစိမ်း ၊ မြင်းသရိုက် နာ၊ ဝဲနာ ၊ မ ပျောက် နိုင် သော ယားနာ ဖြင့် ဒဏ်ခတ် တော်မူမည်။
27יככה יהוה בשחין מצרים ובעפלים ובגרב ובחרס אשר לא תוכל להרפא׃
28ရူး သောအနာ၊ မျက်စိ ကန်းသောအနာ၊ မိန်းမော တွေဝေသောအနာဖြင့် ဒဏ်ခတ် တော်မူ၍၊
28יככה יהוה בשגעון ובעורון ובתמהון לבב׃
29မျက်စိ ကန်းသောသူသည် မှောင်မိုက် ၌ စမ်းသပ် ရသကဲ့သို့ ၊ သင်သည် မွန်းတည့် အချိန်၌ ပင် စမ်းသပ် ရ လိမ့်မည်။ သင် ပြု သောအမှု၌ မ အောင် ဘဲ ညှဉ်းဆဲ ခြင်း၊ လုယူ ခြင်းကိုသာ ခံ ရလိမ့်မည်။ အဘယ်သူ မျှမကယ်တင် ရ။
29והיית ממשש בצהרים כאשר ימשש העור באפלה ולא תצליח את דרכיך והיית אך עשוק וגזול כל הימים ואין מושיע׃
30မိန်းမ နှင့်လက်ထပ် ပြီးသော်လည်း အခြား သောသူသည် ပေါင်းဘော် ရလိမ့်မည်။ အိမ် ကို ဆောက် သော်လည်း ကိုယ်တိုင် မ နေ ရ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်သီး ကို မ ဆွတ် မယူရ။
30אשה תארש ואיש אחר ישגלנה בית תבנה ולא תשב בו כרם תטע ולא תחללנו׃
31သင့် နွား ကို သင့် မျက်မှောက် ၌ သတ် ၍သေ သော်လည်း သင့်ကိုယ်တိုင်မ စား ရ။ သင့် မြည်း ကို သင့် ရှေ့မှောက် ၌ အနိုင်အထက် ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မ ပေးရ။ သင့် သိုး တို့ကို သင့် ရန်သူ ၌ အပ် သောအခါ ကယ်နှုတ် သောသူမပေါ်မ ရှိရ။
31שורך טבוח לעיניך ולא תאכל ממנו חמרך גזול מלפניך ולא ישוב לך צאנך נתנות לאיביך ואין לך מושיע׃
32သင့် သားသမီး တို့သည် သူတပါး လက်သို့ ရောက် ၍ ၊ သင့် မျက်စိ သည် တနေ့လုံး မြော်ကြည့် လျက် အားကုန် လိမ့်မည်။ သင့် လက် သည်လည်း ခွန်အား မ ရှိရ။
32בניך ובנתיך נתנים לעם אחר ועיניך ראות וכלות אליהם כל היום ואין לאל ידך׃
33သင် မ သိ မကျွမ်းသော လူမျိုး သည် သင့် နေရာ ပြည် ၏ အသီးအနှံ ကို၎င်း၊ သင် လုပ်ဆောင် ၍ရသောဥစ္စာကို၎င်း စား လိမ့်မည်။ သင်သည် ညှဉ်းဆဲ နှိပ်စက် ခြင်းကိုသာ အစဉ် မပြတ်ခံ ရလိမ့်မည်။
33פרי אדמתך וכל יגיעך יאכל עם אשר לא ידעת והיית רק עשוק ורצוץ כל הימים׃
34ထိုသို့ ကိုယ်တိုင်တွေ့မြင် သော အမှုကြောင့် သင်သည် အရူး ဖြစ် ရလိမ့်မည်။
34והיית משגע ממראה עיניך אשר תראה׃
35ထာဝရဘုရား သည် သင့် ဒူး နှင့် ခြေထောက် မက၊ ခြေဘဝါး မှစ၍ ဦးခေါင်း ထိပ်တိုင်အောင် မ ပျောက် နိုင် သော အနာစိမ်း ဖြင့် ဒဏ်ခတ် တော်မူမည်။
35יככה יהוה בשחין רע על הברכים ועל השקים אשר לא תוכל להרפא מכף רגלך ועד קדקדך׃
36ထာဝရဘုရား သည်၊ သင် ချီးမြှောက် သော ရှင် ဘုရင် ကို သင် နှင့် သင့် ဘိုးဘေး တို့ မ သိ မကျွမ်းဘူးသော လူမျိုး ရှိရာသို့ ဆောင်သွား တော်မူသဖြင့် ၊ သင် သည် အခြား တပါးသော ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ဝတ်ပြု ရလိမ့်မည်။
36יולך יהוה אתך ואת מלכך אשר תקים עליך אל גוי אשר לא ידעת אתה ואבתיך ועבדת שם אלהים אחרים עץ ואבן׃
37ထာဝရဘုရား သည် သင့် ကို ဆောင်သွား တော်မူသော အပြည်ပြည် တို့၌ သင်သည် အံ့ဩ ရာ၊ ပုံခိုင်း ရာ၊ ကဲ့ရဲ့ ရာဖြစ် လိမ့်မည်။
37והיית לשמה למשל ולשנינה בכל העמים אשר ינהגך יהוה שמה׃
38သင်သည် များစွာ သော မျိုးစေ့ ကို လယ် သို့ယူသွား ၍ ကျိုင်းကောင် တို့သည် ကိုက်စား သောကြောင့် ၊ နည်း သောစပါးကို သိမ်း ရလိမ့်မည်။
38זרע רב תוציא השדה ומעט תאסף כי יחסלנו הארבה׃
39စပျစ် ဥယျာဉ်တို့ကို စိုက် ၍ ပြုစု သော်လည်း ၊ ပိုး များ ကိုက်စား သောကြောင့် ကိုယ်တိုင် စပျစ်သီး ကို မ ဆွတ်ရ၊ စပျစ်ရည် ကိုလည်း မ သောက် ရ။
39כרמים תטע ועבדת ויין לא תשתה ולא תאגר כי תאכלנו התלעת׃
40သင့် နေရာ အရပ်ရပ် ၌ သံလွင် ပင်ရှိ သော်လည်း ၊ အသီးမမှည့်မှီ ကြွေ သောကြောင့် သင်သည် သံလွင်ဆီ နှင့် ကိုယ်ကိုမ လိမ်း ရ။
40זיתים יהיו לך בכל גבולך ושמן לא תסוך כי ישל זיתך׃
41သား သမီးကို ဘွားမြင် သော်လည်း ၊ သူ တို့နှင့် မ ပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်း သွား ကြလိမ့်မည်။
41בנים ובנות תוליד ולא יהיו לך כי ילכו בשבי׃
42သင့် နေရာပြည် ၌ သစ်ပင် ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင် တို့သည် ကိုက်စား ကြလိမ့်မည်။
42כל עצך ופרי אדמתך יירש הצלצל׃
43သင် နှင့်အတူ နေသော တပါး အမျိုးသားသည် မြင့် လျက်၊ သင့် အပေါ် သို့ တက် လိမ့်မည်။ သင် မူကား ၊ အောက် သို့ဆင်း ၍ နေရလိမ့်မည်။
43הגר אשר בקרבך יעלה עליך מעלה מעלה ואתה תרד מטה מטה׃
44သူ သည် သင့် အား ချေးငှား သောအခွင့်ရှိ လိမ့်မည်။ သင် မူကား ၊ သူ့ အားချေးငှား သော အခွင့်မ ရှိရ။ သူ သည် ခေါင်း ဖြစ် ၍ ၊ သင် သည် အမြီး ဖြစ် လိမ့်မည်။
44הוא ילוך ואתה לא תלונו הוא יהיה לראש ואתה תהיה לזנב׃
45သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော စီရင် ထုံးဖွဲ့ချက်တရားကို စောင့်ရှောက် ခြင်းငှာ ၊ သင် သည် စကား တော်ကို နား မ ထောင်သောကြောင့် ၊ မ ပျက်စီး မှီတိုင်အောင်ဤ ကျိန်ခြင်းအမင်္ဂလာ ရှိသမျှ တို့ သည် သင့် အပေါ် မှာ သက်ရောက် လျက် ၊ သင့် ကိုလိုက် ၍ မှီ လျက် ရှိကြလိမ့်မည်။
45ובאו עליך כל הקללות האלה ורדפוך והשיגוך עד השמדך כי לא שמעת בקול יהוה אלהיך לשמר מצותיו וחקתיו אשר צוך׃
46သင့် အပေါ် ၌၎င်း ၊ သင့် အမျိုးအနွယ် အပေါ် ၌ ၎င်း ၊ အစဉ်မပြတ် နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှု ဖြစ် ကြလိမ့်မည်။
46והיו בך לאות ולמופת ובזרעך עד עולם׃
47သင်သည် ဥစ္စာ ကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို မ ဆောင်မရွက်သောကြောင့်၊
47תחת אשר לא עבדת את יהוה אלהיך בשמחה ובטוב לבב מרב כל׃
48ထာဝရဘုရား စေလွှတ် တော်မူသော ရန်သူ ၏ အမှုကို သင် သည် မွတ်သိပ် ခြင်း၊ ရေ ငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲ စွာ ဆောင်ရွက် ရလိမ့်မည်။ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် လည်ပင်း ၌ သံ ထမ်းဘိုး ကို တင် ထားတော်မူမည်။
48ועבדת את איביך אשר ישלחנו יהוה בך ברעב ובצמא ובעירם ובחסר כל ונתן על ברזל על צוארך עד השמידו אתך׃
49ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
49ישא יהוה עליך גוי מרחוק מקצה הארץ כאשר ידאה הנשר גוי אשר לא תשמע לשנו׃
50ဝေး သောအရပ်၊ မြေကြီး စွန်း မှ ထာဝရဘုရား သည်ခေါ် ၍ သင့်ကိုတိုက်စေတော်မူမည်။
50גוי עז פנים אשר לא ישא פנים לזקן ונער לא יחן׃
51သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
51ואכל פרי בהמתך ופרי אדמתך עד השמדך אשר לא ישאיר לך דגן תירוש ויצהר שגר אלפיך ועשתרת צאנך עד האבידו אתך׃
52သင့် နေရာပြည် အရပ်ရပ် တို့၌ သင် ကိုးစား သော မြို့ရိုး၊ မြင့် ၍ ခိုင်ခံ့ သော မြို့ရိုး တို့သည် မပြို မ ကျမှီ တိုင်အောင်၊ သင့် နေရာ မြို့ ရှိသမျှ တို့ကို ဝိုင်း ထားလိမ့်မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် အရပ်ရပ် တို့၌ ၊ မြို့ ရှိသမျှ တို့ကိုလည်း ဝိုင်း ထားလိမ့်မည်။
52והצר לך בכל שעריך עד רדת חמתיך הגבהות והבצרות אשר אתה בטח בהן בכל ארצך והצר לך בכל שעריך בכל ארצך אשר נתן יהוה אלהיך לך׃
53ထိုသို့ ဝိုင်း ထား၍ ရန်သူ သည် ကျဉ်းကျပ် စေ သောအခါ ၊ ကိုယ် ရင်သွေး တည်းဟူသောသင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သားသမီး တို့၏ အသား ကို သင်စား ရလိမ့်မည်။
53ואכלת פרי בטנך בשר בניך ובנתיך אשר נתן לך יהוה אלהיך במצור ובמצוק אשר יציק לך איבך׃
54သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
54האיש הרך בך והענג מאד תרע עינו באחיו ובאשת חיקו וביתר בניו אשר יותיר׃
55အလွန် နူးညံ့ သိမ်မွေ့ သော ယောက်ျား သည် စားစရာအလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိ သားသမီး ၏ အသား ကို စား ရသော်လည်း၊ မိမိ ညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသောမယား ၊ ကျန်ကြွင်း သေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
55מתת לאחד מהם מבשר בניו אשר יאכל מבלי השאיר לו כל במצור ובמצוק אשר יציק לך איבך בכל שעריך׃
56သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ၊ အလွန်နူးညံ့ သိမ်မွေ့ သဖြင့်မြေ ကို မနင်း ဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မ ရှိသောကြောင့်၊
56הרכה בך והענגה אשר לא נסתה כף רגלה הצג על הארץ מהתענג ומרך תרע עינה באיש חיקה ובבנה ובבתה׃
57မိမိ ရင်ခွင် ၌ရှိသောလင် ၊ မိမိ သား သမီး ၊ မိမိဝမ်း ထဲ က ထွက် သောအချင်း ၊ မိမိဘွားမြင် သော သူငယ် တို့ကိုမ နာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကိုတိတ်ဆိတ် စွာစား ရလိမ့်မည်။
57ובשליתה היוצת מבין רגליה ובבניה אשר תלד כי תאכלם בחסר כל בסתר במצור ובמצוק אשר יציק לך איבך בשעריך׃
58သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဘုန်းကြီး ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကြောက် စေခြင်းငှာ ၊ ဤ ကျမ်းစာ ၌ ရေး ထားသော ဤ တရား တော်စကား အလုံးစုံ တို့ကို သင်သည် မ ကျင့် မစောင့်ဘဲ နေလျှင်၊
58אם לא תשמר לעשות את כל דברי התורה הזאת הכתובים בספר הזה ליראה את השם הנכבד והנורא הזה את יהוה אלהיך׃
59ထာဝရဘုရား သည် သင် ခံရသောဘေး ၊ သင့် အမျိုးအနွှယ် ခံရသောဘေး တို့ကို အံ့ဩ ဘွယ်သော ဘေး ၊ အလွန် ကြီး၍ မြဲမြံ သောဘေး၊ အလွန် ပြင်း၍ မြဲမြံ သောရောဂါ ဝေဒနာ ဖြစ်စေတော်မူမည်။
59והפלא יהוה את מכתך ואת מכות זרעך מכות גדלות ונאמנות וחלים רעים ונאמנים׃
60ထို မှတပါး၊ သင်ကြောက် တတ်သော အဲဂုတ္တု ပြည်၏ အနာ ရောဂါရှိသမျှ တို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူသဖြင့် ၊ သင် ၌ ထို အနာရောဂါတို့သည် စွဲကပ် ကြလိမ့်မည်။
60והשיב בך את כל מדוה מצרים אשר יגרת מפניהם ודבקו בך׃
61ထိုမှတပါး၊ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ၍မ ထား သော အနာ ရောဂါဘေးဥပဒ် ရှိသမျှ တို့ကို သင် သည် မ ပျက်စီး မှီတိုင်အောင်၊ သင့် အပေါ် မှာ ထာဝရဘုရား သက်ရောက် စေတော်မူမည်။
61גם כל חלי וכל מכה אשר לא כתוב בספר התורה הזאת יעלם יהוה עליך עד השמדך׃
62သင်သည် အရေအတွက် အားဖြင့် မိုဃ်း ကောင်းကင် ကြယ် ကဲ့သို့ များသော်လည်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် နည်းနည်း ဖြစ် ရလိမ့်မည်။
62ונשארתם במתי מעט תחת אשר הייתם ככוכבי השמים לרב כי לא שמעת בקול יהוה אלהיך׃
63သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
63והיה כאשר שש יהוה עליכם להיטיב אתכם ולהרבות אתכם כן ישיש יהוה עליכם להאביד אתכם ולהשמיד אתכם ונסחתם מעל האדמה אשר אתה בא שמה לרשתה׃
64ထာဝရဘုရား သည်လည်း၊ မြေကြီး စွန်း တဘက် မှ သည် တဘက် တိုင်အောင် ၊ လူမျိုး အပေါင်း တို့တွင် သင့် ကို အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သင် နှင့် သင့် ဘိုးဘေး တို့ မ သိ ဘူးသော အခြား တပါးသောဘုရား ၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ဝတ်ပြု ရလိမ့်မည်။
64והפיצך יהוה בכל העמים מקצה הארץ ועד קצה הארץ ועבדת שם אלהים אחרים אשר לא ידעת אתה ואבתיך עץ ואבן׃
65ထို လူမျိုး တို့တွင် သင် သည် သက်သာ ခြင်းမ ရှိရာ၊ နေရာ မ ကျ ရာ။ နှလုံး တုန်လှုပ် ခြင်း၊ မျက်စိ မြော် ၍ အားကုန်ခြင်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ထာဝရဘုရား စီရင် တော်မူသဖြင့်၊
65ובגוים ההם לא תרגיע ולא יהיה מנוח לכף רגלך ונתן יהוה לך שם לב רגז וכליון עינים ודאבון נפש׃
66သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေ ရလိမ့်မည်။
66והיו חייך תלאים לך מנגד ופחדת לילה ויומם ולא תאמין בחייך׃
67သင် ၏စိတ် နှလုံးထဲမှာ ကြောက်ရွံ့ ရသောအကြောင်း ၊ သင့် မျက်စိ နှင့် မြင် ရသောအရာကြောင့် ၊ နံနက် အချိန်၌ သင်က၊ ညဉ့် ရောက် ပါစေဟူ၍၎င်း၊ ညဉ့် အချိန်၌ နံနက် ရောက် ပါစေဟူ၍၎င်း ဆုတောင်း ရလိမ့်မည်။
67בבקר תאמר מי יתן ערב ובערב תאמר מי יתן בקר מפחד לבבך אשר תפחד וממראה עיניך אשר תראה׃
68ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။
68והשיבך יהוה מצרים באניות בדרך אשר אמרתי לך לא תסיף עוד לראתה והתמכרתם שם לאיביך לעבדים ולשפחות ואין קנה׃
Tip: use the ← and → keys to turn chapters.