တမန်တော် 6
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။
1And in those days, the number of the disciples increasing, there arose a murmuring of the Greeks against the Hebrews, for that their widows were neglected in the daily ministration.
2ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။
2Then the twelve calling together the multitude of the disciples, said: It is not reason that we should leave the word of God, and serve tables.
3ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။
3Wherefore, brethren, look ye out among you seven men of good reputation, full of the Holy Ghost and wisdom, whom we may appoint over this business.
4ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။
4But we will give ourselves continually to prayer, and to the ministry of the word.
5ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊
5And the saying was liked by all the multitude. And they chose Stephen, a man full of faith, and of the Holy Ghost, and Philip, and Prochorus, and Nicanor, and Timon, and Parmenas, and Nicolas, a proselyte of Antioch.
6တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။
6These they set before the apostles; and they praying, imposed hands upon them.
7ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။
7And the word of the Lord increased; and the number of the disciples was multiplied in Jerusalem exceedingly: a great multitude also of the priests obeyed the faith.
8သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။
8And Stephen, full of grace and fortitude, did great wonders and signs among the people.
9ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
9Now there arose some of that which is called the synagogue of the Libertines, and of the Cyrenians, and of the Alexandrians, and of them that were of Cilicia and Asia, disputing with Stephen.
10သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။
10And they were not able to resist the wisdom and the spirit that spoke.
11ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊
11Then they suborned men to say, they had heard him speak words of blasphemy against Moses and against God.
12လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။
12And they stirred up the people, and the ancients, and the scribes; and running together, they took him, and brought him to the council.
13မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။
13And they set up false witnesses, who said: This man ceaseth not to speak words against the holy place and the law.
14ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
14For we have heard him say, that this Jesus of Nazareth shall destroy this place, and shall change the traditions which Moses delivered unto us.
15လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။
15And all that sat in the council, looking on him, saw his face as if it had been the face of an angel.
Tip: use the ← and → keys to turn chapters.