၂ ဓမ္မရာဇဝင် 23
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
1ואלה דברי דוד האחרנים נאם דוד בן ישי ונאם הגבר הקם על משיח אלהי יעקב ונעים זמרות ישראל׃
2ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
2רוח יהוה דבר בי ומלתו על לשוני׃
3ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
3אמר אלהי ישראל לי דבר צור ישראל מושל באדם צדיק מושל יראת אלהים׃
4မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
4וכאור בקר יזרח שמש בקר לא עבות מנגה ממטר דשא מארץ׃
5ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
5כי לא כן ביתי עם אל כי ברית עולם שם לי ערוכה בכל ושמרה כי כל ישעי וכל חפץ כי לא יצמיח׃
6အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
6ובליעל כקוץ מנד כלהם כי לא ביד יקחו׃
7ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
7ואיש יגע בהם ימלא ברזל ועץ חנית ובאש שרוף ישרפו בשבת׃
8ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
8אלה שמות הגברים אשר לדוד ישב בשבת תחכמני ראש השלשי הוא עדינו העצנו על שמנה מאות חלל בפעם אחד׃
9သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
9ואחרו אלעזר בן דדי בן אחחי בשלשה גברים עם דוד בחרפם בפלשתים נאספו שם למלחמה ויעלו איש ישראל׃
10ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
10הוא קם ויך בפלשתים עד כי יגעה ידו ותדבק ידו אל החרב ויעש יהוה תשועה גדולה ביום ההוא והעם ישבו אחריו אך לפשט׃
11သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
11ואחריו שמא בן אגא הררי ויאספו פלשתים לחיה ותהי שם חלקת השדה מלאה עדשים והעם נס מפני פלשתים׃
12ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
12ויתיצב בתוך החלקה ויצילה ויך את פלשתים ויעש יהוה תשועה גדולה׃
13ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
13וירדו שלשים מהשלשים ראש ויבאו אל קציר אל דוד אל מערת עדלם וחית פלשתים חנה בעמק רפאים׃
14ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
14ודוד אז במצודה ומצב פלשתים אז בית לחם׃
15ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
15ויתאוה דוד ויאמר מי ישקני מים מבאר בית לחם אשר בשער׃
16ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
16ויבקעו שלשת הגברים במחנה פלשתים וישאבו מים מבאר בית לחם אשר בשער וישאו ויבאו אל דוד ולא אבה לשתותם ויסך אתם ליהוה׃
17အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
17ויאמר חלילה לי יהוה מעשתי זאת הדם האנשים ההלכים בנפשותם ולא אבה לשתותם אלה עשו שלשת הגברים׃
18ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
18ואבישי אחי יואב בן צרויה הוא ראש השלשי והוא עורר את חניתו על שלש מאות חלל ולו שם בשלשה׃
19သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
19מן השלשה הכי נכבד ויהי להם לשר ועד השלשה לא בא׃
20အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
20ובניהו בן יהוידע בן איש חי רב פעלים מקבצאל הוא הכה את שני אראל מואב והוא ירד והכה את האריה בתוך הבאר ביום השלג׃
21ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
21והוא הכה את איש מצרי אשר מראה וביד המצרי חנית וירד אליו בשבט ויגזל את החנית מיד המצרי ויהרגהו בחניתו׃
22ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
22אלה עשה בניהו בן יהוידע ולו שם בשלשה הגברים׃
23ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
23מן השלשים נכבד ואל השלשה לא בא וישמהו דוד אל משמעתו׃
24ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
24עשה אל אחי יואב בשלשים אלחנן בן דדו בית לחם׃
25ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
25שמה החרדי אליקא החרדי׃
26ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
26חלץ הפלטי עירא בן עקש התקועי׃
27အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
27אביעזר הענתתי מבני החשתי׃
28အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
28צלמון האחחי מהרי הנטפתי׃
29နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
29חלב בן בענה הנטפתי אתי בן ריבי מגבעת בני בנימן׃
30ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
30בניהו פרעתני הדי מנחלי געש׃
31အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
31אבי עלבון הערבתי עזמות הברחמי׃
32ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
32אליחבא השעלבני בני ישן יהונתן׃
33ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
33שמה ההררי אחיאם בן שרר האררי׃
34မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
34אליפלט בן אחסבי בן המעכתי אליעם בן אחיתפל הגלני׃
35ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
35חצרו הכרמלי פערי הארבי׃
36ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
36יגאל בן נתן מצבה בני הגדי׃
37အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
37צלק העמני נחרי הבארתי נשאי כלי יואב בן צריה׃
38ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
38עירא היתרי גרב היתרי׃
39ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။
39אוריה החתי כל שלשים ושבעה׃
Tip: use the ← and → keys to turn chapters.