၂ ဓမ္မရာဇဝင်

Old Testament

Chapter 19

၂ ဓမ္မရာဇဝင်

Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

၂ ဓမ္မရာဇဝင် 19

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။
1人々はヨアブに、「王はアブサロムのために泣き悲しんでいる」と告げた。
2ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊
2その日の勝利は、すべての民にとって喪に変わった。その日、「王は自分の息子のために悲しんでおられる」と人々が聞いたからである。
3စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။
3戦いに敗れ、恥じながら逃げる者のように、民はその日、ひそかに町へ入った。
4ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။
4王は自分の顔を覆い、王は大声で叫んだ。「わが息子アブサロムよ、アブサロム、わが息子、わが息子よ!」
5ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။
5ヨアブは家に入って王のところに来て、言った。「あなたは今日、あなたのすべての家来たちの面目をつぶされました。彼らは今日、あなたの命と、あなたの息子や娘の命、あなたの妻たちの命、そしてあなたのそばめたちの命を救ったのです。
6ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။
6それなのに、あなたは自分を憎む者を愛し、自分を愛する者を憎んでおられます。将たちも家来たちも、あなたには何の価値もないと、今日あなたは示されました。もしアブサロムが生きていて、今日われわれがみな死んでいたなら、あなたはそれを大いに喜ばれたであろうと、今日わたしにはわかります。
7ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊
7ですから今、起きて外に出、家来たちに語りかけて励ましてください。主にかけて誓います。もしあなたが外に出ないなら、今夜は一人もあなたとともにとどまる者はいません。それは、あなたの若いころから今日まであなたに降りかかったすべての悪よりも、あなたにとって悪いこととなります。」
8ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။
8そこで王は立ち上がり、門に座った。人々はすべての民に、「王が門に座っておられる」と告げた。 すべての民は王の前に来た。さて、イスラエルはそれぞれ自分の天幕に逃げ帰っていた。
9ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။
9イスラエルのすべての部族の至る所で、すべての民が言い争った。「王はわれわれを敵の手から救い出し、ペリシテ人の手からわれわれを救い出してくださったが、今、アブサロムのゆえにこの地から逃げ去ってしまわれた。
10ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
10われわれがわれわれの上に油を注いだアブサロムは、戦いで死んだ。それなら今、なぜ王を連れ戻すことについて、あなたがたはひと言も語らないのか。」
11ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။
11ダビデ王は祭司ツァドクとアビアタルに人を遣わして言った。「ユダの長老たちに語って言いなさい。『なぜ、あなたがたは王をその家に連れ戻すのが一番最後になっているのか。全イスラエルから、王をその家に帰らせようとの声が届いているのに。
12သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊
12あなたがたはわたしの兄弟であり、わたしの骨、わたしの肉である。それなのに、なぜ王を連れ戻すのが一番最後になっているのか。』
13အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။
13またアマサに言いなさい。『あなたはわたしの骨、わたしの肉ではないか。もしあなたがヨアブに代わり、これから常にわたしの軍の長とならないなら、神がわたしを幾重にも罰せられるように。』」
14ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။
14こうしてダビデはユダのすべての男たちの心を一つにしたので、彼らは人を王に遣わして、「あなたと、あなたのすべてのしもべたちとともにお帰りください」と言った。
15ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။
15こうして王は帰途につき、ヨルダン川に着いた。ユダは王を迎えに行き、王にヨルダン川を渡らせるためにギルガルに来ていた。
16ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။
16バフリム出身のベニヤミン人でゲラの息子シメイは急ぎ、ユダの男たちとともにダビデ王を迎えるために下って来た。
17သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။
17彼とともに一千人のベニヤミンの男たちがおり、サウルの家のしもべツィバも、その十五人の息子と二十人のしもべとともに彼と一緒にいた。彼らは王の前を通り、ヨルダン川を渡った。
18ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊
18王の家族を渡らせ、王が良いと思うことを行うために、渡し舟が渡った。ゲラの息子シメイは、王がヨルダン川を渡ったとき、王の前にひれ伏した。
19ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။
19彼は王に言った。「わが君が、わたしに咎を負わせられませんように。わが君、王がエルサレムから出て行かれた日に、あなたのしもべがよこしまに行ったことを、どうか思い出されませんように。王がそれを心に留められませんように。
20ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။
20あなたのしもべは自分が罪を犯したことを知っているからです。それゆえ、わたしは今日、わが君、王を迎えに下るために、ヨセフの全家の中で一番に来ました。」
21ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊
21しかしツェルヤの息子アビシャイは答えた。「主に油を注がれた者を呪ったのだから、この事でシメイは殺されるべきではないか。」
22ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊
22ダビデは言った。「ツェルヤの息子たちよ、わたしがあなたがたと何のかかわりがあるだろうか。あなたがたは今日、わたしの敵となるのか。今日、イスラエルにおいてだれか殺される者があってよいだろうか。今日わたしは、自分がイスラエルの上の王であることを知っているではないか。」
23ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။
23王はシメイに、「あなたは死なない」と言った。王は彼に誓った。
24ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။
24サウルの息子メフィボシェテは王を迎えるために下って来た。王が去った日から無事に帰る日まで、彼は足も洗わず、ひげも整えず、服も洗っていなかった。
25ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊
25彼が王を迎えるためにエルサレムに来たとき、王は彼に言った。「メフィボシェテよ、なぜわたしと一緒に行かなかったのか。」
26အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။
26彼は答えた。「わが君、王よ、わたしのしもべがわたしを欺いたのです。あなたのしもべは足が不自由なので、『ろばに鞍を置かせ、それに乗って王とともに行こう』と申しましたが、しもべのツィバがわたしを欺ったのです。
27အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။
27彼はわが君、王にあなたのしもべを中傷しました。しかし、わが君、王は神の使いのようであられます。ですから、あなたが良いと思われることを行ってください。
28ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
28わたしの父の家は皆、わが君、王の前では死んだ者にすぎなかったのに、あなたはご自分の食卓で食べる者たちの中にあなたのしもべを置かれたからです。ですから、わたしに、これ以上王へ訴えるどんな権利があるでしょうか。」
29ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။
29王は彼に言った。「なぜあなたは自分のことをこれ以上話すのか。わたしは、あなたとツィバで土地を分けよと言っている。」
30မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။
30メフィボシェテは王に言った。「はい、彼にすべてを取らせてください。わが君、王が平安のうちにご自分の家に帰って来られたからです。」
31ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။
31ギレアデ人バルジライはロゲリムから下って来た。彼は王にヨルダン川を渡らせるために、王とともにヨルダン川を渡った。
32ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။
32さて、バルジライは非常に年老いた男で、八十歳であった。王がマハナイムにとどまっていた間、彼は王に食物を提供した。彼は非常に裕福な人であったからである。
33ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊
33王はバルジライに言った。「わたしと一緒に渡って来なさい。エルサレムで、わたしのもとであなたを養おう。」
34ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။
34バルジライは王に言った。「わたしの生涯の日々はあとどれほどでしょうか。王とともにエルサレムに上って行くことが、どうしてできるでしょうか。
35ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
35わたしは今日八十歳です。良いことと悪いことを見分けることができるでしょうか。あなたのしもべは、自分の食べるものや飲むものの味がわかるでしょうか。歌う男や歌う女の声がまだ聞こえるでしょうか。それなのに、なぜあなたのしもべが、これ以上わが君、王の重荷にならなければならないのでしょうか。
36ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။
36あなたのしもべは、ただ王とともにヨルダン川を渡ろうとしているだけです。王はなぜ、そのような報いでわたしに報いられるのでしょうか。
37ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။
37どうか、あなたのしもべを再び引き返させてください。わたしが自分の町で、父と母の墓のそばで死ねるように。しかし、ここにあなたのしもべキムハムがいます。彼をわが君、王とともに渡らせてください。そして、あなたに良いと思われることを彼に行ってください。」
38ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။
38王は答えた。「キムハムはわたしとともに渡って行く。わたしはあなたに良いと思われることを彼に行おう。あなたがわたしに求めることは何でも、あなたのためにそれを行おう。」
39လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။
39すべての民はヨルダン川を渡り、王も渡った。それから王はバルジライに口づけし、彼を祝福した。そして彼は自分の場所へ帰って行った。
40ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
40こうして王はギルガルへ渡り、キムハムも彼とともに渡った。ユダのすべての民、またイスラエルの民の半分も王を渡らせた。
41တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊
41そのとき、イスラエルのすべての男たちが王のところに来て、王に言った。「なぜわれわれの兄弟であるユダの男たちがあなたを盗み去り、王とその家族、また王とともにいるダビデのすべての部下たちにヨルダン川を渡らせたのですか。」
42ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။
42ユダのすべての男たちはイスラエルの男たちに答えた。「王がわれわれの近親の者だからだ。それなのに、なぜあなたがたはこの事について怒るのか。われわれは少しでも王の費用で食べただろうか。あるいは、彼がわれわれに何か贈り物を与えただろうか。」
43ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။
43イスラエルの男たちはユダの男たちに答えた。「王については、われわれに十の分け前がある。ダビデに対する権利も、あなたがたよりわれわれの方が大きい。それなのに、なぜあなたがたはわれわれを軽んじたのか。われわれの王を連れ戻すことについて、われわれの助言が最初に求められるべきではなかったのか。」 ユダの男たちの言葉は、イスラエルの男たちの言葉よりも激しかった。

Tip: use the ← and → keys to turn chapters.