၅ ရာဇဝင် 18
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။
1ต่อมาดาวิดรบชนะชาวฟีลิสเตียและปราบพวกเขาได้ ทั้งยังยึดเมืองกัทกับเมืองบริวารจากชาวฟีลิสเตีย
2မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။
2เขารบชนะชาวโมอับด้วย ชาวโมอับจึงตกเป็นข้ารับใช้ของดาวิดและส่งเครื่องบรรณาการให้
3ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊
3ดาวิดรบชนะฮาดัดเอเซอร์กษัตริย์แห่งโศบาห์ทางด้านฮามัท ขณะฮาดัดเอเซอร์ไปสถาปนาอำนาจของตนริมแม่น้ำยูเฟรติส
4ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
4ดาวิดยึดรถรบจากเขาได้ 1,000 คัน ทหารม้า 7,000 คน และทหารราบ 20,000 คน ดาวิดสั่งตัดเอ็นขาม้าลากรถรบทั้งหมด เหลือไว้เพียงจำนวนที่ใช้กับรถรบ 100 คัน
5ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊
5เมื่อชาวซีเรียจากดามัสกัสมาช่วยฮาดัดเอเซอร์กษัตริย์แห่งโศบาห์ ดาวิดฆ่าชาวซีเรีย 22,000 คน
6ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
6จากนั้นดาวิดตั้งกองทหารประจำการในเขตดามัสกัสของซีเรีย ชาวซีเรียจึงตกเป็นข้ารับใช้และส่งเครื่องบรรณาการให้ดาวิด พระยาห์เวห์ประทานชัยชนะแก่ดาวิดทุกแห่งที่เขาไป
7ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။
7ดาวิดนำโล่ทองคำของข้าราชการฮาดัดเอเซอร์ไปยังเยรูซาเล็ม
8ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။
8เขายังนำทองสัมฤทธิ์จำนวนมากจากทิบหัทและคูน เมืองของฮาดัดเอเซอร์ ต่อมาโซโลมอนใช้ทองสัมฤทธิ์นี้ทำอ่างทองสัมฤทธิ์ขนาดใหญ่ เสา และเครื่องใช้ทองสัมฤทธิ์ต่าง ๆ
9ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊
9เมื่อโทอูกษัตริย์แห่งฮามัทได้ยินว่าดาวิดทำลายกองทัพทั้งหมดของฮาดัดเอเซอร์กษัตริย์แห่งโศบาห์
10မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။
10เขาส่งฮาโดรัมบุตรชายไปคำนับและกล่าวอวยพรแด่กษัตริย์ดาวิดที่รบชนะฮาดัดเอเซอร์ เพราะโทอูเคยทำสงครามกับฮาดัดเอเซอร์ ฮาโดรัมนำภาชนะทองคำ เงิน และทองสัมฤทธิ์นานาชนิดไปด้วย
11ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။
11กษัตริย์ดาวิดถวายสิ่งเหล่านี้แด่พระยาห์เวห์ พร้อมกับเงินและทองที่ยึดมาจากชนชาติต่าง ๆ ได้แก่ เอโดม โมอับ ชาวอัมโมน ชาวฟีลิสเตีย และอามาเลข
12ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။
12อาบีชัยบุตรชายเศรุยาห์ฆ่าชาวเอโดม 18,000 คนในหุบเขาเกลือ
13ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
13เขาตั้งกองทหารประจำการในเอโดม ชาวเอโดมทั้งหมดจึงตกเป็นข้ารับใช้ของดาวิด พระยาห์เวห์ประทานชัยชนะแก่ดาวิดทุกแห่งที่เขาไป
14ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။
14ดาวิดปกครองอิสราเอลทั้งหมด และปฏิบัติต่อประชาชนทุกคนด้วยความยุติธรรมและความเที่ยงธรรม
15ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
15โยอาบบุตรชายเศรุยาห์เป็นแม่ทัพ เยโฮชาฟัทบุตรชายอาหิลูดเป็นเจ้าหน้าที่บันทึกเหตุการณ์
16အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
16ศาโดกบุตรชายอาหิทูบ และอาบีเมเลคบุตรชายอาบียาธาร์ เป็นปุโรหิต ส่วนชาฟชาทำหน้าที่ผู้จดบันทึก
17ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။
17เบไนยาห์บุตรชายเยโฮยาดาดูแลชาวเคเรธีและชาวเปเลธี ส่วนบุตรชายของดาวิดเป็นขุนนางคนสำคัญที่รับใช้กษัตริย์
Tip: use the ← and → keys to turn chapters.