၅ ရာဇဝင် 15
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ထိုနောက် ဒါဝိဒ် မြို့ ၌ အိမ် တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ဌာန ကို ပြင် ၍ တဲ တော်ကိုလည်း တည်တော်မူပြီးမှ၊
1ダビデはダビデの町に自分のために家々を建てた。また、神の箱のために場所を整え、そのために天幕を張った。
2ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊
2そのとき、ダビデは言った。「レビ人以外はだれも神の箱を担いではならない。主が神の箱を担ぎ、とこしえに主に仕えるために彼らを選ばれたからである。」
3ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါ ဣသရေလ အမျိုးသားအပေါင်း တို့ကို ယေရုရှလင် မြို့၌ စုဝေး စေသောအခါ၊
3ダビデは、主の箱を彼が整えたその場所に運び上るために、全イスラエルをエルサレムに集めた。
4အာရုန် သား တို့နှင့် လေဝိ သားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
4ダビデはアロンの子らとレビ人を集めた。
5ကောဟတ် အမျိုး တွင် အကြီး ဖြစ်သော ဥရေလ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
5ケハテの子らのうちからは、長であるウリエルと、その兄弟たち百二十人。
6မေရာရိ အမျိုး တွင် အကြီး ဖြစ်သော အသာယ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
6メラリの子らのうちからは、長であるアサヤと、その兄弟たち二百二十人。
7ဂေရရှုံ အမျိုး တွင် အကြီး ဖြစ်သော ယောလ နှင့် သူ ၏ညီအစ်ကို တရာ သုံးဆယ်၊
7ゲルショムの子らのうちからは、長であるヨエルと、その兄弟たち百三十人。
8ဧလိဇဖန် အမျိုး တွင် အကြီး ဖြစ်သော ရှေမာယ နှင့် သူ ၏ညီအစ်ကို နှစ် ရာ
8エリツァファンの子らのうちからは、長であるシェマヤと、その兄弟たち二百人。
9ဟေဗြုန် အမျိုး တွင် အကြီး ဖြစ်သော ဧလျေလ နှင့် သူ ၏ညီအစ်ကို ရှစ် ဆယ်၊
9ヘブロンの子らのうちからは、長であるエリエルと、その兄弟たち八十人。
10ဩဇေလ အမျိုး တွင် အကြီး ဖြစ်သော အမိနဒပ် နှင့် သူ ၏ညီအစ်ကို တရာ တဆယ် နှစ် ယောက်တည်း။
10ウジエルの子らのうちからは、長であるアミナダブと、その兄弟たち百十二人。
11ဒါဝိဒ် သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ ၊ လေဝိ သား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ် တို့ကို ခေါ် ၍၊
11ダビデは祭司ツァドクとアビアタルを呼び、またレビ人であるウリエル、アサヤ、ヨエル、シェマヤ、エリエル、アミナダブを呼んで、
12သင် တို့သည် လေဝိ သားအဆွေအမျိုး သူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ငါပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါကိုယ် ကို၎င်း ၊ ညီအစ်ကို တို့ ကို၎င်း၊ သန့်ရှင်း စေကြလော့။
12彼らに言った。「あなたがたはレビ人の父祖の家の長である。あなたがたとその兄弟たちは自らを聖別し、イスラエルの神、主の箱を、私が整えた場所に運び上りなさい。
13အရင် ကမသန့်ရှင်း၊ တရား လမ်းသို့ မ လိုက် ဘဲ ငါ တို့ဘုရားသခင် ထာဝရဘုရား ကို ရှာသောကြောင့်ဒဏ်ခတ် တော်မူသည်ဟု သတိပေး၏။
13初めはあなたがたがそれを担がなかったので、私たちの神、主は怒りをもって私たちを打たれた。私たちが掟に従って主に尋ね求めなかったからである。」
14ထိုအခါ ယဇ်ပုရောဟိတ် တို့နှင့် လေဝိ သား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်း စေကြ၏။
14そこで祭司たちとレビ人たちは、イスラエルの神、主の箱を運び上るために自らを聖別した。
15ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။
15レビ人の子らは、主の言葉に従ってモーセが命じたとおりに、神の箱の棒を肩に載せて担いだ。
16လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊
16ダビデはレビ人の長たちに命じて、彼らの同族を歌い手として任命し、楽器、すなわち琴、竪琴、シンバルを高らかに鳴らして、喜びの声を上げさせた。
17ထိုလေဝိ သားတို့သည် ယောလ သား ဟေမန် ၊ သူ ၏ညီစု ထဲက ဗေရခိ သား အာသပ် ၊ မိမိ တို့ညီစု ၊ မေရာရိ အမျိုး ထဲက ကုရှာယ သား ဧသန် တို့ကို၎င်း၊
17そこでレビ人たちはヨエルの子ヘマンを任命した。またその兄弟たちのうちからはベレクヤの子アサフを、彼らの兄弟であるメラリの子らのうちからはクシャヤの子エタンを任命し、
18မိမိ တို့ညီ ဒုတိယ အရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့် ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို၎င်းခန့်ထားကြ၏။
18さらに彼らとともに、第二の組に属する同族の者たちであるゼカリヤ、ベン、ヤアジエル、シェミラモテ、エヒエル、ウニ、エリアブ、ベナヤ、マアセヤ、マティティヤ、エリフェレフ、ミクネヤ、および門衛であるオベド・エドムとエイエルを任命した。
19သီချင်း ဆရာဟေမန် ၊ အာသပ် ၊ ဧသန် တို့သည် ကြေးဝါ ခွက်ကွင်း ကို တီး ရကြ၏။
19歌い手ヘマン、アサフ、エタンは、青銅のシンバルを高らかに鳴らすために任命された。
20ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယ တို့သည် အာလမုတ် တယော ကို ထိုးရကြ၏။
20ゼカリヤ、アジエル、シェミラモテ、エヒエル、ウニ、エリアブ、マアセヤ、ベナヤは、アラモテの調べに合わせて琴を奏でるため、
21မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိ တို့သည် အသံစုံလင်စွာ ရှေမိနိတ် စောင်း ကို တီးရကြ၏။
21マティティヤ、エリフェレフ、ミクネヤ、オベド・エドム、エイエル、アザズヤは、八弦の竪琴に合わせて指揮をするために任命された。
22လေဝိ သားအကြီးအကဲ ဖြစ်သော ခေနနိ သည် သီချင်း အတတ်၌ လေ့ကျက် သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
22レビ人の長ケナニヤは歌の指揮を執った。彼が熟練者だったからである。
23ဗေရခိ နှင့် ဧလကာန သည် သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
23ベレクヤとエルカナは箱の門衛であった。
24ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
24祭司であるシェバヌヤ、ヨシャファテ、ネタンエル、アマサイ、ゼカリヤ、ベナヤ、エリエゼルは、神の箱の前でラッパを吹き鳴らした。またオベド・エドムとエヒヤは箱の門衛であった。
25ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။
25こうして、ダビデとイスラエルの長老たち、および千人隊の長たちは行って、主の契約の箱をオベド・エドムの家から喜びをもって運び上った。
26ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို ထမ်း သော လေဝိ သားတို့ကို ဘုရားသခင် မစ တော်မူ သည်ဖြစ်၍ ၊ သူတို့သည် နွား ခုနစ် ကောင်နှင့် သိုး ခုနစ် ကောင်တို့ကို ယဇ် ပူဇော်ကြ၏။
26神が主の契約の箱を担ぐレビ人たちを助けられたので、彼らは七頭の雄牛と七頭の雄羊をいけにえとしてささげた。
27ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
27ダビデ、箱を担ぐすべてのレビ人、歌い手、また歌い手を指揮するケナニヤは、上質の亜麻布の衣を着ていた。ダビデはまた亜麻布のエポデを身に着けていた。
28ထိုသို့ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြွေးကြော် လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်း တို့ကို တီးမှုတ် လျက်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
28こうして、全イスラエルは喜びの叫びと、角笛の音、ラッパ、シンバルを伴い、琴と竪琴を高らかに鳴らして、主の契約の箱を運び上った。
29ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
29主の契約の箱がダビデの町に入ったとき、サウルの娘ミカルは窓から見下ろし、ダビデ王が踊り、楽器を奏でているのを見て、心の中で彼をさげすんだ。
Tip: use the ← and → keys to turn chapters.