Exodus
Chapter 20
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Exodus 20

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Locutusque est Dominus cunctos sermones hos:
1ထိုအခါ ဘုရား သခင်မိန့်တော်မူသောစကား များဟူမူကား၊
2Ego sum Dominus Deus tuus, qui eduxi te de terra Ægypti, de domo servitutis.
2ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
3Non habebis deos alienos coram me.
3ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
4Non facies tibi sculptile, neque omnem similitudinem quæ est in cælo desuper, et quæ in terra deorsum, nec eorum quæ sunt in aquis sub terra.
4အထက် မိုဃ်း ကောင်းကင်၌ ၎င်း ၊ အောက် အရပ် မြေကြီး ပေါ်၌ ၎င်း၊ မြေကြီးအောက် ရေ ထဲ ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
5Non adorabis ea, neque coles: ego sum Dominus Deus tuus fortis, zelotes, visitans iniquitatem patrum in filios, in tertiam et quartam generationem eorum qui oderunt me:
5ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊
6et faciens misericordiam in millia his qui diligunt me, et custodiunt præcepta mea.
6ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။
7Non assumes nomen Domini Dei tui in vanum: nec enim habebit insontem Dominus eum qui assumpserit nomen Domini Dei sui frustra.
7သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မ မူ။
8Memento ut diem sabbati sanctifices.
8ဥပုသ် နေ့ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက် ကို အောက်မေ့ လော့။
9Sex diebus operaberis, et facies omnia opera tua.
9ခြောက် ရက် ပတ်လုံးအလုပ် မျိုးကို ကြိုးစား ၍ လုပ်ဆောင် လော့။
10Septimo autem die sabbatum Domini Dei tui est: non facies omne opus in eo, tu, et filius tuus et filia tua, servus tuus et ancilla tua, jumentum tuum, et advena qui est intra portas tuas.
10သတ္တမ နေ့ရက် သည် သင် ၏ဘုရား သခင်ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍ သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန် ၊ သင် ၏ တံခါး အတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။
11Sex enim diebus fecit Dominus cælum et terram, et mare, et omnia quæ in eis sunt, et requievit in die septimo: idcirco benedixit Dominus diei sabbati, et sanctificavit eum.
11အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှ တို့ကို ခြောက် ရက် တွင် ဖန်ဆင်း ၍ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမ နေ့ ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။
12Honora patrem tuum et matrem tuam, ut sis longævus super terram, quam Dominus Deus tuus dabit tibi.
12သင် ၏ဘုရား သခင်ထာဝရဘုရား ပေး သနားတော်မူသော ပြည် ၌ သင် ၏အသက် တာရှည် မည် အကြောင်း ၊ သင် ၏မိဘ ကို ရိုသေ စွာပြုလော့။
13Non occides.
13လူအသက် ကို မ သတ်နှင့်။
14Non mœchaberis.
14သူ့မယားကို မ ပြစ်မှား နှင့်။
15Non furtum facies.
15သူ့ဥစ္စာကို မ ခိုး နှင့်။
16Non loqueris contra proximum tuum falsum testimonium.
16ကိုယ် နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန် သောသက်သေ ကို မ ခံ နှင့်။
17Non concupisces domum proximi tui, nec desiderabis uxorem ejus, non servum, non ancillam, non bovem, non asinum, nec omnia quæ illius sunt.
17ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အိမ် ကို တပ်မက် လိုချင်သောစိတ်မရှိ စေနှင့်။ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ မယား ၊ သူ ၏ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခု ကိုမျှ တပ်မက် လိုချင်သောစိတ် မရှိ စေနှင့်ဟု မိန့်တော်မူ၏။
18Cunctus autem populus videbat voces et lampades, et sonitum buccinæ, montemque fumantem: et perterriti ac pavore concussi, steterunt procul,
18လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။
19dicentes Moysi: Loquere tu nobis, et audiemus: non loquatur nobis Dominus, ne forte moriamur.
19မောရှေ ကို လည်း ၊ အကျွန်ုပ် တို့အား ကိုယ်တော် မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ် တို့အား ဘုရား သခင်မိန့် တော်မ မူပါစေနှင့်။ အကျွန်ုပ်တို့သည် သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက် ဆိုကြ၏။
20Et ait Moyses ad populum: Nolite timere: ut enim probaret vos venit Deus, et ut terror illius esset in vobis, et non peccaretis.
20မောရှေ ကလည်း ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ကို စုံစမ်း ခြင်းငှာ ၎င်း၊ သင်တို့သည် ပြစ်မှား ခြင်းနှင့် လွတ် မည်အကြောင်း ကိုယ်တော် ကို ကြောက် စေ ခြင်းငှာ ၎င်း၊ ဘုရား သခင်ကြွ လာတော်မူပြီဟု လူ များတို့အား ပြောဆို ၏။
21Stetitque populus de longe. Moyses autem accessit ad caliginem in qua erat Deus.
21လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။
22Dixit præterea Dominus ad Moysen: Hæc dices filiis Israël: Vos vidistis quod de cælo locutus sim vobis.
22ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့အား ပြန်ပြော ရသော စကားဟူမူကား၊ ငါသည် ကောင်းကင် ဘုံမှ သင် တို့နှင့် နှုတ်ဆက် ကြောင်းကို သင် တို့သည် သိ မြင်ကြပြီ။
23Non facietis deos argenteos, nec deos aureos facietis vobis.
23ငါ့ ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေ ဘုရား ၊ ရွှေ ဘုရား ကို မ လုပ် ရ။
24Altare de terra facietis mihi, et offeretis super eo holocausta et pacifica vestra, oves vestras et boves in omni loco in quo memoria fuerit nominis mei: veniam ad te, et benedicam tibi.
24ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။
25Quod si altare lapideum feceris mihi, non ædificabis illud de sectis lapidibus: si enim levaveris cultrum super eo, polluetur.
25သင်သည် ကျောက် ယဇ် ပလ္လင်ကို ငါ့ အဘို့ တည် လျှင် ၊ ဆစ် သောကျောက်ကို မ တည် ရ။ သံတန်ဆာ ပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူး ခြင်းရှိ၏။
26Non ascendes per gradus ad altare meum, ne reveletur turpitudo tua.
26သင် ၌ ရှက်စရာ အကြောင်းမ ထင် မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင် ပေါ် သို့ လှေကား ဖြင့် မ တက် ရဟု မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.