Ii Paralipomenon 31
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Cumque hæc fuissent rite celebrata, egressus est omnis Israël qui inventus fuerat in urbibus Juda, et fregerunt simulacra, succideruntque lucos, demoliti sunt excelsa, et altaria destruxerunt, non solum de universo Juda et Benjamin, sed et de Ephraim quoque et Manasse, donec penitus everterent: reversique sunt omnes filii Israël in possessiones et civitates suas.
1ထို အမှုလက်စသတ် သောအခါ ၊ စည်းဝေးသော ဣသရေလ လူအပေါင်း တို့သည်၊ ယုဒ မြို့ များသို့ ထွက်သွား ၍ ယုဒ ပြည်၊ ဗင်္ယာမိန် ပြည်၊ ဧဖရိမ် ပြည်၊ မနာရှေ ပြည် အရပ်ရပ် ၌ ရှိသောရုပ်တု ဆင်းတု၊ အာရှရ ပင်၊ မြင့် သော အရပ်၊ ယဇ် ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီး မှီ တိုင်အောင်ချိုးဖဲ့ ၊ ခုတ်လှဲ ဖြိုချကြ၏။ ထိုနောက်မှ ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ အသီးအသီး ပိုင် ထိုက်သောနေရာ မြို့ ရွာတို့သို့ ပြန် သွားကြ၏။
2Ezechias autem constituit turmas sacerdotales et Leviticas per divisiones suas, unumquemque in officio proprio, tam sacerdotum videlicet quam Levitarum, ad holocausta et pacifica, ut ministrarent et confiterentur, canerentque in portis castrorum Domini.
2ယဇ်ပုရောဟိတ် လေဝိ သားတို့သည်၊ အသီးအသီး စောင့်ရသောအမှု ကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ၏ကျိန်းဝပ် တော်မူသောဌာနတော်တံခါး အတွင်း ၌၊ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ်ကိုပူဇော်ခြင်း၊ အမှု တော်မျိုးကိုစောင့်ခြင်း၊ ကျေးဇူး တော်ကို ဝန်ခံခြင်း၊ ထောမနာ သီချင်း ဆိုခြင်းအမှုကို ပြုစေခြင်းငှါ ၊ ဟေဇကိ ခန့်ထား တော်မူ၏။
3Pars autem regis erat, ut de propria ejus substantia offerretur holocaustum, mane semper et vespere: sabbatis quoque, et calendis, et solemnitatibus ceteris, sicut scriptum est in lege Moysi.
3ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေးထား သည် အတိုင်း ၊ နေ့ရက်အစဉ် နံနက် အချိန်၊ ညဦး ချိန်၊ ဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။
4Præcepit etiam populo habitantium Jerusalem ut darent partes sacerdotibus et Levitis, ut possent vacare legi Domini.
4ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထာဝရဘုရား ၏ တရား ကိုကြိုးစား ၍ သွန်သင်စေခြင်းငှါ ၊ ယေရုရှလင် မြို့၌နေသောသူတို့ သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်းမိန့် တော်မူ၏။
5Quod cum percrebruisset in auribus multitudinis, plurimas obtulere primitias filii Israël frumenti, vini, et olei: mellis quoque, et omnium quæ gignit humus, decimas obtulerunt.
5ထိုအမိန့် တော်ကို ဣသရေလ အမျိုးသား တို့ သည် အနှံ့အပြားကြားသိကြသောအခါ၊ အဦး သီးသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ ပျားရည် အစရှိ သော မြေ အသီးအနှံ ကို၎င်း ၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့ တဘို့ကို၎င်း၊ များစွာ ဆောင် ခဲ့ကြ၏။
6Sed et filii Israël et Juda qui habitabant in urbibus Juda, obtulerunt decimas boum et ovium, decimasque sanctorum quæ voverant Domino Deo suo: atque universa portantes, fecerunt acervos plurimos.
6ယုဒ မြို့ တို့၌ နေ သောဣသရေလ အမျိုးသား နှင့် ယုဒ အမျိုးသားတို့သည်လည်း ၊ သိုး နွား ဆယ်ဘို့ တဘို့ကို၎င်း ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား အား ပူဇော် ၍ သန့်ရှင်း သော ဥစ္စာဆယ်ဘို့ တဘို့ကို၎င်း ဆောင် ခဲ့၍ အသီးအသီး ပုံထားကြ၏။
7Mense tertio cœperunt acervorum jacere fundamenta, et mense septimo compleverunt eos.
7တတိယ လ တွင် ပုံ ထားစ ပြု၍ ၊ သတ္တမ လ တွင် လက်စသတ် ကြ၏။
8Cumque ingressi fuissent Ezechias et principes ejus, viderunt acervos, et benedixerunt Domino ac populo Israël.
8ပုံ ထားသောဥစ္စာကို၊ ဟေဇကိ နှင့် မှူးမတ် တို့ သည် လာ ၍ မြင် သောအခါ ၊ ထာဝရဘုရား နှင့် ဘုရားသခင် ၏ လူ ဣသရေလ အမျိုးကို ကောင်းကြီး ပေးကြ၏။
9Interrogavitque Ezechias sacerdotes et Levitas, cur ita jacerent acervi.
9ထိုပုံ ထားသော ဥစ္စာအကြောင်း ကို ဟေဇကိ သည် ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့၌ မေးမြန်း လျှင်၊
10Respondit illi Azarias sacerdos primus de stirpe Sadoc, dicens: Ex quo cœperunt offerri primitiæ in domo Domini, comedimus, et saturati sumus, et remanserunt plurima, eo quod benedixerit Dominus populo suo: reliquarum autem copia est ista, quam cernis.
10ဇာဒုတ် အမျိုး ၊ ယဇ်ပုရောဟိတ် အကြီး အာဇရိ က၊ ပူဇော် သက္ကာတို့ကို၊ ဗိမာန် တော်သို့ ဆောင် ခဲ့စ ပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်း တတ်ပါ၏။ ထာဝရဘုရား သည် မိမိ လူ တို့ကို ကောင်းကြီး ပေးတော်မူသောကြောင့် ၊ ပုံထား သောဤ ဥစ္စာ များသည် ကျန်ကြွင်း လျက်ရှိပါသည်ဟု လျှောက်ကြ၏။
11Præcepit igitur Ezechias ut præpararent horrea in domo Domini. Quod cum fecissent,
11ထိုအခါ ဗိမာန် တော်၌ ဘဏ္ဍာ တိုက်တို့ကို ပြင်ဆင် စေမည်အကြောင်း ၊ ဟေဇကိ မိန့် တော်မူသည် အတိုင်း ပြင်ဆင် ၍၊
12intulerunt tam primitias quam decimas, et quæcumque voverant, fideliter. Fuit autem præfectus eorum Chonenias Levita, et Semei frater ejus secundus,
12လှူ သောဥစ္စာ၊ ဆယ်ဘို့ တဘို့ဥစ္စာ၊ ပူဇော် သော ဥစ္စာများကို တရား နှင့်အညီ သွင်း ထားကြ၏။ လေဝိ သားကောနနိ သည်တိုက်အုပ် ၊ သူ ၏ညီ ရှိမိ သည် တိုက်စာရေးဖြစ်၏။
13post quem Jahiel, et Azarias, et Nahath, et Asaël, et Jerimoth, Jozabad quoque, et Eliel, et Jesmachias, et Mahath, et Banaias, præpositi sub manibus Choneniæ et Semei fratris ejus, ex imperio Ezechiæ regis et Azariæ pontificis domus Dei, ad quos omnia pertinebant.
13ယေဟေလ ၊ အာဇဇိ ၊ နာဟတ် ၊ အာသဟေလ ၊ ယေရိမုတ် ၊ ယောဇဗတ် ၊ ဧလျေလ ၊ ဣသမခိ ၊ မာဟတ် ၊ ဗေနာယ တို့သည်လည်း ဟေဇကိ မင်းကြီး နှင့် ဗိမာန် တော် အုပ် အာဇရိ စီရင်သည်အတိုင်း၊ ကောနနိ နှင့် သူ ၏ညီ ရှိမိ တို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။
14Core vero filius Jemna Levites, et janitor orientalis portæ, præpositus erat iis quæ sponte offerebantur Domino, primitiisque et consecratis in Sancta sanctorum.
14အရှေ့ တံခါးမှူး ၊ လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။
15Et sub cura ejus Eden, et Benjamin, Jesue, et Semeias, Amarias quoque, et Sechenias in civitatibus sacerdotum, ut fideliter distribuerent fratribus suis partes, minoribus atque majoribus:
15ကောရ လက် ထောက်၊ ဧဒင် ၊ ဗင်္ယာမိန် ၊ ယောရှု ၊ ရှေမာယ ၊ အာမရိ ၊ ရှေကနိ တို့သည်လည်း ယဇ်ပုရောဟိတ် နေရာမြို့ တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့ သော ညီအစ်ကို အကြီး အငယ် တို့အား ပေးဝေ ရကြ၏။
16exceptis maribus ab annis tribus et supra, cunctis qui ingrediebantur templum Domini, et quidquid per singulos dies conducebat in ministerio, atque observationibus juxta divisiones suas,
16သင်းဖွဲ့ သည်အတိုင်း ၊ ဗိမာန် တော်သို့ ဝင် ၍ အမှု တော် ကိုစောင့် သောသူ၊ စာရင်း ဝင်သည်အတိုင်း ၊ အသက် သုံး နှစ်လွန် သော ယောက်ျား အပေါင်း တို့အား ၎င်း၊
17sacerdotibus per familias, et Levitis a vigesimo anno et supra, per ordines et turmas suas,
17အဆွေအမျိုး အလိုက် စာရင်း ဝင်၍ ၊ အသက် နှစ်ဆယ် လွန် သဖြင့် ၊ သင်းဖွဲ့ သည်အတိုင်း ၊ အမှုတော်စောင့် သော ယဇ်ပုရောဟိတ် လေဝိ သားတို့ အား၎င်း၊
18universæque multitudini tam uxoribus quam liberis eorum utriusque sexus, fideliter cibi de his quæ sanctificata fuerant, præbebantur.
18သစ္စာ စောင့်၍ ကိုယ်ကိုသန့်ရှင်း စေသော ထိုသူ တို့၏သား မယား သူငယ် မှစ၍ ၊ ပရိသတ် အနှံ့အပြား စာရင်း ဝင်သမျှ သောသူ တို့ အား ၎င်း ၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။
19Sed et filiorum Aaron per agros, et suburbana urbium singularum, dispositi erant viri, qui partes distribuerent universo sexui masculino de sacerdotibus et Levitis.
19ထိုအတူ ၊ အထက်ဆိုခဲ့ပြီးသောသူတို့ သည် ယဇ်ပုရောဟိတ် ၊ လေဝိသားနေစရာဘို့ ခွဲထားသော မြို့နယ်တို့၌ နေသောအာရုန် သား ယဇ်ပုရောဟိတ် ယောက်ျား ၊ စာရင်း ဝင်သော လေဝိ သားအပေါင်း တို့အား လည်း ပေး ဝေရကြ၏။
20Fecit ergo Ezechias universa quæ diximus in omni Juda: operatusque est bonum et rectum, et verum coram Domino Deo suo,
20ထိုသို့ ဟေဇကိ သည် ယုဒ ပြည်တရှောက်လုံး တွင် စီရင် ၍ ၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ် သောအမှု၊ သမ္မာ တရား အမှုတို့ကို ပြု တော်မူ၏။
21in universa cultura ministerii domus Domini, juxta legem et cæremonias, volens requirere Deum suum in toto corde suo: fecitque, et prosperatus est.
21မိမိ ဘုရားသခင် ကို ဆည်းကပ် လျက် ၊ ဗိမာန် တော်၊ တရား တော်၊ ပညတ် တော်တို့အဘို့ အမှု စောင့်စ ပြု လေရာရာ၌ စိတ်နှလုံး အကြွင်းမဲ့ ပြု ၍ အကြံ ထမြောက်တတ်၏။
Tip: use the ← and → keys to turn chapters.