I Regum
Chapter 17
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

I Regum 17

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Et dixit Elias Thesbites de habitatoribus Galaad ad Achab: Vivit Dominus Deus Israël, in cujus conspectu sto, si erit annis his ros et pluvia, nisi juxta oris mei verba.
1ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
2Et factum est verbum Domini ad eum, dicens:
2ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဧလိယ သို့ ရောက် လာသည်ကား၊
3Recede hinc, et vade contra orientem, et abscondere in torrente Carith, qui est contra Jordanem,
3သင်သည် ဤ အရပ်မှ ထွက်သွား လော့။ အရှေ့ သို့ ပြောင်း ၍ ယော်ဒန် မြစ်တဘက်၊ ခေရိတ် ချောင်း နား မှာ ပုန်းရှောင် ၍နေလော့။
4et ibi de torrente bibes: corvisque præcepi ut pascant te ibi.
4ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
5Abiit ergo, et fecit juxta verbum Domini: cumque abiisset, sedit in torrente Carith, qui est contra Jordanem.
5ဧလိယသည်သွား ၍ ယော်ဒန် မြစ်တစ်ဘက် ၊ ခေရိတ် ချောင်း နား မှာ နေ လေ၏။
6Corvi quoque deferebant ei panem et carnes mane, similiter panem et carnes vesperi, et bibebat de torrente.
6ကျီးအ တို့သည် နေ့တိုင်းနံနက် တခါ၊ ညဦး တခါ မုန့် နှင့် အမဲသား ကို ဆောင် ခဲ့ကြ၏။ ချောင်း ရေကိုလည်း သောက် ရ၏။
7Post dies autem siccatus est torrens: non enim pluerat super terram.
7နောက် တဖန် မိုဃ်း မ ရွာသောကြောင့် ချောင်း ရေခန်းခြောက် လေ၏။
8Factus est ergo sermo Domini ad eum, dicens:
8ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ရောက် လာသည်ကား၊
9Surge, et vade in Sarephta Sidoniorum, et manebis ibi: præcepi enim ibi mulieri viduæ ut pascat te.
9သင်ထ လော့။ ဇိဒုန် ပြည်၊ ဇရတ္တ မြို့သို့ သွား ၍ နေ လော့။ ထို မြို့၌ နေသောမုတ်ဆိုးမ တယောက်သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
10Surrexit, et abiit in Sarephta. Cumque venisset ad portam civitatis, apparuit ei mulier vidua colligens ligna, et vocavit eam, dixitque ei: Da mihi paululum aquæ in vase ut bibam.
10ဧလိယသည်ထ ၍ ဇရတ္တ မြို့သို့ သွား ၏။ မြို့ တံခါး သို့ ရောက် သောအခါ ၊ မုတ်ဆိုးမ သည် ထင်းခွေ လျက်ရှိ၏။ ဧလိယက၊ ငါသောက် စရာ ရေ အနည်းငယ် ကို ခွက် နှင့် ယူ ခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏။
11Cumque illa pergeret ut afferret, clamavit post tergum ejus, dicens: Affer mihi, obsecro, et buccellam panis in manu tua.
11မိန်းမသည်ရေကိုယူ ခြင်းငှါ သွား စဉ်တွင် ၊ တဖန် ဟစ် ၍ မုန့် တဖဲ့ ကိုလည်း သင့် လက် ၌ ယူ ခဲ့ပါလော့ဟု ဆို ပြန်လျှင်၊
12Quæ respondit: Vivit Dominus Deus tuus, quia non habeo panem, nisi quantum pugillus capere potest farinæ in hydria, et paululum olei in lecytho: en colligo duo ligna ut ingrediar et faciam illum mihi et filio meo, ut comedamus, et moriamur.
12မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ။ အိုး ထဲမှာ မုန့်ညက် တ လက်ဆုပ်၊ ဘူး ၌ ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် ၍ စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။
13Ad quam Elias ait: Noli timere, sed vade, et fac sicut dixisti: verumtamen mihi primum fac de ipsa farinula subcinericium panem parvulum, et affer ad me: tibi autem et filio tuo facies postea.
13ဧလိယ ကလည်း မ စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ၍ ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် ၏ သားငယ်အဘို့ လုပ် လော့။
14Hæc autem dicit Dominus Deus Israël: Hydria farinæ non deficiet, nec lecythus olei minuetur, usque ad diem in qua Dominus daturus est pluviam super faciem terræ.
14ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထာဝရဘုရား သည် မြေ ပေါ် မှာ မိုဃ်း ရွာစေတော်မ မူမှီတိုင်အောင်၊ အိုး ၌ရှိသောမုန့်ညက် မ ကုန်။ ဘူး ၌ရှိသောဆီ မ လျော့ ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏။
15Quæ abiit, et fecit juxta verbum Eliæ: et comedit ipse, et illa, et domus ejus: et ex illa die
15ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယ စကား အတိုင်း ပြု သဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ ၊ အိမ်သား တို့ သည် အင်တန်ကာလ ပတ်လုံး စား ရကြ၏။
16hydria farinæ non defecit, et lecythus olei non est imminutus, juxta verbum Domini quod locutus fuerat in manu Eliæ.
16ထာဝရဘုရား သည် ဧလိယ အားဖြင့် မိန့် တော်မူ သော စကား အတိုင်း ၊ အိုး ၌ရှိသောမုန့်ညက် မ ကုန် ၊ ဘူး ၌ရှိသောဆီ မ လျော့။
17Factum est autem post hæc, ægrotavit filius mulieris matrisfamilias, et erat languor fortissimus, ita ut non remaneret in eo halitus.
17ထို နောက်မှအိမ်ရှင်မ ၏သား သည် ပြင်းပြ စွာ သော အနာ ရောဂါစွဲသောကြောင့်အသက် ချုပ်၏။
18Dixit ergo ad Eliam: Quid mihi et tibi, vir Dei? ingressus es ad me, ut rememorarentur iniquitates meæ, et interficeres filium meum?
18မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
19Et ait ad eam Elias: Da mihi filium tuum. Tulitque eum de sinu ejus, et portavit in cœnaculum ubi ipse manebat, et posuit super lectulum suum.
19သင် ၏သား ကိုငါ့ အား ပေး လော့ဟုဆို လျက် ၊ မိန်းမ ရင်ခွင် ထဲက ယူ ၍ မိမိ နေ ရာအထက် အခန်းသို့ ဆောင် သွား သဖြင့် ၊ မိမိ အိပ်ရာ ပေါ် မှာထား ပြီးလျှင်၊
20Et clamavit ad Dominum, et dixit: Domine Deus meus, etiam ne viduam apud quam ego utcumque sustentor, afflixisti ut interficeres filium ejus?
20အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။
21Et expandit se, atque mensus est super puerum tribus vicibus, et clamavit ad Dominum, et ait: Domine Deus meus, revertatur, obsecro, anima pueri hujus in viscera ejus.
21တဖန် သူငယ် အပေါ် မှာ မိမိကိုယ်ကိုသုံး ကြိမ် လှန်လျက်၊ အကျွန်ုပ် ၏ဘုရားသခင် ထာဝရဘုရား ၊ ဤ သူငယ် ၏ဝိညာဉ် ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရား ကို ကြွေးကြော် ပြန်၏။
22Et exaudivit Dominus vocem Eliæ: et reversa est anima pueri intra eum, et revixit.
22ဧလိယ စကား ကို ထာဝရဘုရား ကြား တော်မူ၍ ၊ သူငယ် ၏ ဝိညာဉ် သည်ဝင် သဖြင့် ၊ သူသည် အသက် ရှင်ပြန်၏။
23Tulitque Elias puerum, et deposuit eum de cœnaculo in inferiorem domum, et tradidit matri suæ, et ait illi: En vivit filius tuus.
23ဧလိယ သည် သူငယ် ကိုအထက် အခန်းမှ အောက် သို့ယူ သွား၍ ကြည့် လော့။ သင် ၏သား အသက် ရှင်ပြီဟု ဆို လျက် အမိ ၌ အပ် လေ၏။
24Dixitque mulier ad Eliam: Nunc in isto cognovi quoniam vir Dei es tu, et verbum Domini in ore tuo verum est.
24မိန်းမ ကလည်း ၊ ဤ အမှုကိုထောက်၍ကိုယ်တော် သည် ဘုရားသခင် ၏ လူ ဖြစ်ကြောင်း ကို၎င်း ၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား ၏ စကား တော် ဟုတ်မှန် ကြောင်းကို၎င်း၊ ကျွန်မသိ ပါသည်ဟု ဧလိယ အား ဆို ၏။

Tip: use the ← and → keys to turn chapters.