エレミヤ 16
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1主の言葉が私に臨んで言われた。
1တဖန် ငါ့ ဆီသို့ ရောက် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2「あなたはこの場所で妻をめとってはならない。息子や娘を持ってもならない。」
2သင် သည် ဤ အရပ် ၌ စုံဘက် ခြင်းကို မ ပြုရ။ သား သမီး ကို မ ဘွား မမြင်ရ။
3この場所で生まれる息子や娘、彼らを産む母親、この地で彼らをもうける父親について、主はこう言われる。
3ဤ အရပ် ၌ ဘွားမြင် သော သား သမီး များကို၎င်း၊ သူ တို့မိဘ များကို၎င်း၊ ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်ကား ၊
4「彼らは悲惨な死を遂げる。嘆かれることも、葬られることもない。地の表の糞のようになる。剣と飢饉によって滅ぼし尽くされ、その死体は空の鳥と地の動物の餌となる。」
4ထိုသူတို့သည် ဆိုး သော သေ ခြင်းဖြင့် သေ ရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း ၍ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ကြလိမ့်မည်။ သူတို့သည် ထား ဘေးနှင့် မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ်ကြလိမ့်မည်။
5主はこう言われる。「喪の家に入ってはならない。嘆きに行ってはならず、彼らのために悲しんではならない。わたしはこの民から、わたしの平和を取り去ったからだ」と、主は言われる。「慈しみとあわれみも取り去った。
5ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မသာ အိမ် သို့ မ ဝင် နှင့်။ သေသောသူတို့အတွက် ငိုကြွေး မြည်တမ်းခြင်းငှါ မ သွား နှင့်။ ငါ ၏ ငြိမ်သက် ခြင်းတည်းဟူသောမေတ္တာ ကရုဏာ ကို ဤ လူမျိုး မှ ငါပယ်ရှင်း ပြီဟု မိန့် တော်မူ ၏။
6この地では、大きい者も小さい者も死ぬ。彼らは葬られず、だれも彼らのために嘆かない。彼らのために身を傷つける者も、頭をそる者もいない。
6ပြည် သူပြည်သားအကြီး အငယ် တို့သည် သေ ရ ကြလိမ့်မည်။ သို့သော်လည်း၊ မ သင်္ဂြိုဟ် ရ။ သူ တို့အတွက် မြည်တမ်း ခြင်းကိုမ ပြုရ။ ကိုယ်ကို ကိုယ်ရှန ခြင်း၊ ဆံပင်ရိတ် ခြင်းကိုလည်း မ ပြုရ။
7死者を悼む者のためにパンを裂いて慰める者はいない。父や母を失った者に、慰めの杯を飲ませる者もいない。」
7သေ သောသူတို့အတွက် စိတ်မသာညဉ်းတွား သောသူတို့ ကို နှစ်သိမ့် စေခြင်းငှါ ၊ မသာပွဲ ကို မ လုပ်ရ။ မိဘ သေသော်လည်း၊ နှစ်သိမ့် စေသော ခွက် ဖလားကို မ ပေး ရ။
8「あなたは祝宴の家に入り、彼らとともに座って食べたり飲んだりしてはならない。」
8ထိုနည်းတူ ၊ စားသောက်ပွဲခံ ရာ အိမ် သို့မ ဝင် နှင့်။ သူ တို့နှင့် ပေါင်းဘော် ၍ မစား မသောက် နှင့်။
9イスラエルの神、万軍の主はこう言われる。「見よ、わたしはあなたの目の前で、あなたの生きている間に、この場所から喜びの声と楽しみの声、花婿の声と花嫁の声を絶えさせる。
9ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ အရပ်၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင်သတို့သမီး အသံ ကို သင် တို့လက်ထက် ၊ သင် တို့မျက်မှောက် တွင် ငါ စဲ စေမည်။
10あなたがこの民にこれらすべての言葉を告げると、彼らはあなたに、『なぜ、主はこの大きな災いをすべて私たちに告げられたのか』『私たちの咎は何か』『私たちの神、主に対して犯した罪は何か』と尋ねるだろう。
10သင်သည် ဤ စကား အလုံးစုံ တို့ကို ဤ လူမျိုး အား ကြားပြော ၍ သူတို့ကလည်း၊ ထာဝရဘုရား သည် ဤ မျှလောက် ကြီးစွာ သော ဘေးဒဏ် ကို ငါ တို့အား အဘယ် ကြောင့် စီရင် တော်မူသနည်း။ ငါ တို့ပြုသောဒုစရိုက် ကား၊ အဘယ်သို့ နည်း။ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ငါတို့ပြစ်မှား သော အပြစ် ကား၊ အဘယ်သို့ နည်းဟုမေး ကြသောအခါ ၊
11その時、あなたは彼らにこう言え。『あなたがたの父祖がわたしを捨てたからだ』と、主は言われる。『彼らはほかの神々に従って歩み、それらに仕え、それらを拝み、わたしを捨て、わたしの律法を守らなかった。
11သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ ကိုစွန့် ၍၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် လျက်၊ ဝတ်ပြု ကိုးကွယ် သဖြင့် ငါ့ ကိုစွန့်ပစ် ၍၊ ငါ့ တရား ကို မ စောင့် သောကြောင့်၎င်း ၊
12あなたがたは父祖たちよりもさらに悪いことを行った。見よ、あなたがたはそれぞれ、自分の悪い心のかたくなさに従って歩み、わたしに聞き従わない。
12ဘိုးဘေး ကျင့်သောအကျင့် ထက် ၊ သင်တို့သည် သာ၍ဆိုး သောအကျင့် ကို ကျင့်သဖြင့် ၊ ငါ့ စကားကို နား မ ထောင်၊ မိမိ တို့ဆိုး သောစိတ် နှလုံး၊ ခိုင်မာ သော သဘောသို့ လိုက် သောကြောင့်၎င်း ၊
13それゆえ、わたしはあなたがたをこの地から、あなたがたも父祖たちも知らなかった地へ投げ出す。そこであなたがたは昼も夜も、ほかの神々に仕える。わたしはあなたがたに恵みを示さない。』」
13သင် တို့နှင့် သင် တို့၏ ဘိုးဘေး မ သိ သောပြည် သို့ ဤ ပြည် ထဲက သင် တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌ သင် တို့သည် ငါ၏ကျေးဇူး ကိုမ ခံရ ။ အခြားတပါးသော ဘုရား တို့ကို နေ့ ညဉ့် မပြတ် ဝတ်ပြု ရကြမည်။
14「それゆえ、見よ、『イスラエルの子らをエジプトの地から連れ上った主は生きておられる』とは、もはや言われなくなる日々が来る」と、主は言われる。
14သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
15かえって、『イスラエルの子らを北の地から、また主が彼らを追いやったすべての国々から連れ上った主は生きておられる』と言われる。わたしは彼らを、父祖たちに与えた彼らの地へ再び連れ帰る。
15ဣသရေလ အမျိုးသား တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ နှုတ် ဆောင်သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူ တို့ ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ သူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်။
16「見よ、わたしは多くの漁師を呼び寄せる」と、主は言われる。「彼らは民を釣り上げる。その後、わたしは多くの狩人を呼び寄せる。彼らはあらゆる山、あらゆる丘、岩の裂け目から民を狩り出す。
16ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် တံငါ အများ တို့ကို စေလွှတ် ၍ ၊ ဤလူမျိုး ကိုမျှား စေမည်။ ထိုနောက် ၊ မုဆိုး အများ တို့ကို စေလွှတ် ၍ ၊ ခပ်သိမ်း သော တောင် ကြီး တောင် ငယ်၊ ချောက် ကြား တို့၌ ရှာ စေမည်။
17わたしの目は彼らのすべての道に注がれている。それらはわたしの顔から隠されず、彼らの咎もわたしの目から隠されない。
17သူ တို့သွားသမျှ သောလမ်း တို့ကို ငါ သည် ကြည့်ရှု လျက်နေ၏။ သူတို့သည် ငါ့ မျက်ကွယ် ၌ သွားကြသည် မ ဟုတ်။ သူ တို့၏ ဒုစရိုက် ကို ငါ့ ရှေ့ မှာ ဝှက် ၍ မ ထားနိုင်။
18まず、わたしは彼らの咎と罪に二倍の報いを返す。彼らが忌まわしいものの死骸でわたしの地を汚し、忌むべきものでわたしの相続地を満たしたからだ。」
18သူ တို့သည် ငါ့ ပြည် ကို ညစ်ညူး စေ၍၊ ငါ အမွေ ခံ သော မြေကို သူ တို့သည် စက်ဆုပ် ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူ တို့၌ နှစ် ဆ သော အပြစ်ဒဏ်ကို ငါပေး မည်။
19主よ、私の力、私のとりで、 苦難の日の私の逃れ場よ、 諸国民は地の果てからあなたのもとに来て、 こう言う。 「私たちの父祖が受け継いだものは、偽り、 空しいもの、何の益もないものだけでした。
19အကျွန်ုပ် အစွမ်း သတ္တိ၊ အကျွန်ုပ် ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူသောထာဝရဘုရား ၊ တပါးအမျိုးသား တို့က၊ အကယ်စင်စစ်အကျွန်ုပ် တို့ ဘိုးဘေး တို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာတို့ ကို အမွေခံ ကြပါပြီဟု၊ မြေကြီး စွန်း မှ ကိုယ်တော်ထံသို့လာ ၍ လျှောက် ကြပါလိမ့်မည်။
20人は自分のために神々を造るでしょうか。 それらは神ではない。」
20လူသည် ဘုရား မ ဟုတ်သော ဘုရား တို့ကို ကိုယ် အဘို့ လုပ် ရမည်လော။
21「それゆえ、見よ、わたしは彼らに知らせる。 今度こそ、わたしの手と力を彼らに知らせる。 彼らは、わたしの名が主であることを知る。」
21သို့ဖြစ်၍၊ ငါ သည်ယခုတခါ သူ တို့ကိုသတိ ပေး၍၊ ငါ့ လက် နှင့် ငါ့ တန်ခိုး ကို ဘော်ပြသောအားဖြင့်၊ ငါ့ နာမ သည်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ရကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.