エレミヤ 34
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1バビロンの王ネブカドネザルが、その全軍、彼の支配下にある地のすべての王国、すべての民とともに、エルサレムとそのすべての町々を攻めていた時、主の言葉がエレミヤに臨んだ。
1ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေ အပေါင်း ၊ အစိုးရ တော်မူသမျှ သော တိုင်း နိုင်ငံသား၊ လူမျိုး အသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင် မြို့ကို၎င်း၊ ထို မြို့နှင့်ဆိုင်သမျှ သောမြို့ရွာ တို့ကို၎င်းတိုက် သောအခါ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
2「イスラエルの神、主はこう言われる。『行って、ユダの王ゼデキヤに語り、こう告げよ。主はこう言われる。「見よ、わたしはこの町をバビロンの王の手に渡す。彼はこれを火で焼く。
2ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ဇေဒကိ ကို သွား ၍ ပြော ရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် မီးရှို့ လိမ့်မည်။
3あなたは彼の手から逃れられず、必ず捕らえられ、その手に渡される。あなたはバビロンの王と顔を合わせ、彼はあなたと直接語る。あなたはバビロンへ行く。」』
3သင် သည် ထိုမင်း လက် နှင့် မ လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ၍ ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။
4しかし、ユダの王ゼデキヤよ、主の言葉を聞け。主はあなたについてこう言われる。『あなたは剣で死ぬことはない。
4သို့ရာတွင်၊ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီး၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ မင်းကြီး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်သည် ထား ဖြင့် အသေ မ ခံရ။
5あなたは平安のうちに死ぬ。あなたより前にいた先代の王である父祖たちのために火をたいたように、人々はあなたのためにも火をたく。そして、「ああ、主君よ」と、あなたのために嘆く。わたしがこの言葉を語ったからだ』と、主は言われる。」
5ငြိမ်ဝပ် စွာ သေ ၍ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
6預言者エレミヤは、エルサレムでユダの王ゼデキヤにこれらすべての言葉を語った。
6ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ တို့သည် ယေရုရှလင် မြို့ကို ၎င်း၊
7その時、バビロンの王の軍隊は、エルサレムと、残っていたユダのすべての町々、すなわちラキシュとアゼカを攻めていた。ユダの町々のうち、城壁のある町として残っていたのは、この二つだけであった。
7ယုဒပြည်၌ ခိုင်ခံ့ ၍ ကျန်ကြွင်း သောမြို့ ၊ လာခိရှ မြို့၊ အဇေကာ မြို့တည်းဟူသောယုဒ ပြည် ၌ ကျန် ကြွင်း သော မြို့ တို့ကို၎င်းတိုက် သောအခါ ၊ ပရောဖက် ယေရမိ သည် ထို စကား အလုံးစုံ တို့ကို ယုဒ ရှင်ဘုရင် ဇေဒကိ အား ဆင့်ဆို လေ၏။
8ゼデキヤ王がエルサレムにいるすべての民と契約を結び、彼らに解放を宣言した後、主からエレミヤに言葉が臨んだ。
8ယေရုရှလင် မြို့သား အပေါင်း တို့သည် အသီးအသီး စေစားသော ယုဒ ညီအစ်ကို ချင်း၊
9それは、各自がヘブル人である男奴隷と女奴隷を自由にし、だれもユダヤ人である兄弟を奴隷として使ってはならないというものであった。
9အစေခံရသောဟေဗြဲ အမျိုးကျွန်ယောက်ျား မိန်းမ တို့ကို နောက်တဖန် မ စေစားဘဲလွှတ် စေခြင်းငှါ ၊ ဇေဒကိ မင်းကြီး သည် လွှတ်ခြင်း တရားကို စီရင် မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ရောက် လာ၏။
10この契約に加わったすべての高官とすべての民は、各自が男奴隷と女奴隷を自由にし、もはや彼らを奴隷として使わないという契約に従い、奴隷たちを自由にした。
10အကြောင်းမူကား၊ ဝန်ခံ သောမှူးမတ် ၊ ဆင်းရဲသား အပေါင်း တို့သည် အသီးအသီး စေစား သော ကျွန် ယောက်ျား မိန်းမ တို့ကို နောက် တဖန် မ စေစား ဘဲ လွှတ် ရမည်ဟု ကြားသောအခါ၊ နားထောင် ၍ လွှတ် လိုက်ကြ၏။
11しかし、その後、彼らは心を変え、自由にした男奴隷と女奴隷を連れ戻し、再び奴隷として働かせた。
11နောက် တဖန် ပြောင်းလဲ ၍ ယခင်လွှတ် ပြီးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြ ၏။
12そこで、主の言葉がエレミヤに臨んだ。
12ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် ၍၊
13「イスラエルの神、主はこう言われる。『わたしは、あなたがたの父祖をエジプトの地、奴隷の家から連れ出した日に、彼らと契約を結び、こう言った。
13ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘိုးဘေး များကို ကျွန်ခံ နေရာ အဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊
14「七年の終わりに、あなたがたはそれぞれ、あなたに身を売り、六年間仕えたヘブル人の兄弟を解放しなければならない。彼をあなたのもとから自由に去らせよ。」しかし、あなたがたの父祖はわたしに聞き従わず、耳を傾けなかった。
14သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲ အမျိုးသားတို့ကို ခုနစ် နှစ် စေ့ လျှင် လွှတ် ရမည် ။ ခြောက် နှစ် ပတ်လုံးသင် တို့၌ အစေကျွန်ခံ ပြီးမှ ၊ လွတ် သော အခွင့် ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင် တို့ဘိုးဘေး များတို့သည် ငါ့ စကားကို နား မ ထောင်၊ နား ကို ပိတ် လျက်နေကြ၏။
15あなたがたは今、立ち返って、各自が隣人に解放を宣言し、わたしの目に正しいことを行った。そして、わたしの名で呼ばれる家で、わたしの前に契約を結んだ。
15သင်တို့သည် ယခုမှာပြောင်းလဲ ၍၊ အသီးအသီး အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ စီရင်သဖြင့်၊ ငါ့ ရှေ့ ၌ တရား သော အမှုကို ပြု လျက်၊ ငါ့ နာမ ဖြင့် သမုတ် သော ဗိမာန် တော်၌ ငါ့ ရှေ့ မှာ ဝန်ခံခြင်း ပဋိညာဉ် ကိုပြု ကြသော်လည်း ၊
16しかし、あなたがたは再び心を変えて、わたしの名を汚した。各自が、自由に去らせた男奴隷と女奴隷を連れ戻し、再び自分たちの奴隷として働かせた。』」
16တဖန် ပြောင်းလဲ ၍ ငါ ၏နာမ ကို ရှုတ်ချ လျက် ၊ အသီးအသီး ရှင်းရှင်းလွှတ် ဘူးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြပြီတကား။
17それゆえ、主はこう言われる。「あなたがたはわたしに聞き従わず、各自が兄弟と隣人に解放を宣言しなかった。見よ、わたしはあなたがたに自由を宣言する」と、主は言われる。「剣と疫病と飢饉に渡される自由を。わたしはあなたがたを地のすべての王国の間をさまよう者とする。
17ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။
18わたしの契約に背き、わたしの前で結んだ契約の言葉を果たさなかった者たちを、わたしは引き渡す。彼らは子牛を二つに切り、その二つの部分の間を通った。
18နွားသငယ် ကို ထက်ခြမ်းခွဲ ၍ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊
19ユダの高官たち、エルサレムの高官たち、宦官たち、祭司たち、この地のすべての民が、その子牛の二つの部分の間を通った。
19ယုဒ မင်း ၊ ယေရုရှလင် မင်း ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် အစ ရှိသော၊ နွားသငယ် ထက် ခြမ်းအလယ် သို့ ရှောက်သွား သော ပြည်သူ ပြည်သားအပေါင်း တို့ကို၊
20わたしは彼らを敵の手と、彼らの命を狙う者たちの手に渡す。彼らの死体は空の鳥と地の動物の餌となる。
20သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောသူများလက် သို့ ၎င်း ငါအပ် မည်။ သူ တို့အသေ ကောင် များတို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ များ စားစရာ ဘို့ဖြစ်ကြလိမ့်မည်။
21わたしはユダの王ゼデキヤとその高官たちを、敵の手、彼らの命を狙う者たちの手、また、あなたがたのところから退いたバビロンの王の軍隊の手に渡す。
21ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။
22見よ、わたしは命じる」と、主は言われる。「彼らをこの町に戻らせる。彼らはこの町を攻め、占領し、火で焼く。わたしはユダの町々を荒れ果てさせ、住む者のない所とする。」
22ငါ သည် အမိန့် တော်ပေး၍ သူ တို့ကို ဤ မြို့ သို့ ပြန် လာစေမည်။ သူတို့သည် တိုက် ယူ ၍ မီးရှို့ ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒ မြို့ ရွာတို့ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.