エレミヤ 36
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1ユダの王ヨシヤの子エホヤキムの治世第四年に、主からエレミヤにこの言葉が臨んで言われた。
1ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
2「一巻の巻物を取り、わたしがあなたに語ったすべての言葉をそこに書き記せ。ヨシヤの時代にわたしがあなたに語り始めた日から今日まで、イスラエル、ユダ、すべての国々に対して語った言葉を。
2သင် သည် စာလိပ် ကိုယူ ပြီးလျှင် ၊ ယောရှိ မင်း လက်ထက် ၌ သင့် အား ငါပြော သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အစ ရှိသောခပ်သိမ်း သော တိုင်း ပြည်တို့ကို ငါခြိမ်း သမျှ သော စကား အတိုင်း ရေး ထားလော့။
3ユダの家が、わたしが彼らに行おうと考えているすべての災いを聞き、それぞれ悪い道から立ち返るかもしれない。そうすれば、わたしは彼らの咎と罪を赦す。」
3ယုဒ အမျိုး တို့၌ ပြုမည်ဟု ငါ ကြံစည် သမျှ သော ဘေးဥပဒ် တို့ကို သူတို့သည် ကြားသောအခါ၊ သူ တို့ ဒုစရိုက် အပြစ် ကို ငါလွှတ် မည်အကြောင်း၊ အသီး အသီး လိုက်ဘူး သော အဓမ္မ လမ်း တို့ကို ရှောင်ကောင်း ရှောင် ကြ လိမ့်မည်ဟု မိန့် တော်မူ၏။
4そこでエレミヤはネリヤの子バルクを呼んだ。バルクは、主がエレミヤに語られたすべての言葉を、エレミヤの口から聞いて巻物に書き記した。
4ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ၌ ရေး ထားလေ၏။
5エレミヤはバルクに命じて言った。「私は行動を制限されていて、主の家に入ることができない。
5ယေရမိ ကလည်း ၊ ငါ သည် အချုပ်ခံ လျက် နေရ သောကြောင့်၊ ဗိမာန် တော်သို့ မ သွား နိုင် ။
6それゆえ、あなたが行って、断食の日に、私の口から聞いて書いた巻物から主の言葉を、主の家で民の耳に読んで聞かせなさい。町々から来るユダのすべての人々の耳にも、それを読んで聞かせなさい。
6သင် သွား လော့။ ငါ ပြန်ပြော သည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေး ထားသော ထာဝရဘုရား ၏ စကား တော်တို့ကို၊ အစာရှောင် သောနေ့ တွင် ၊ ဗိမာန် တော်၌ရှိသောသူ တို့ အားဘတ် လော့။ အမြို့မြို့ အရွာရွာ က လာ သော ယုဒ လူတို့အားလည်း ဘတ် လော့။
7もしかすると、彼らは主の前に願いを申し上げ、それぞれ悪い道から立ち返るかもしれない。主がこの民に対して告げられた怒りと憤りは大きいからだ。」
7သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။
8ネリヤの子バルクは、預言者エレミヤが命じたすべてのことに従い、主の家で巻物から主の言葉を読んだ。
8ထိုသို့ ပရောဖက် ယေရမိ မှာ ထားသမျှ အတိုင်း ၊ နေရိ သား ဗာရုတ် သည်ပြု ၍၊ ထာဝရဘုရား ၏ စကား တော်ပါသောစာ ကိုဗိမာန် တော်၌ ဘတ် လေ၏။
9ユダの王ヨシヤの子エホヤキムの治世第五年、第九の月に、エルサレムのすべての民と、ユダの町々からエルサレムに来たすべての民は、主の前に断食を布告した。
9ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံငါး နှစ် ၊ နဝမ လ တွင် ယေရုရှလင် မြို့သား အပေါင်း တို့နှင့် ၊ ယုဒ မြို့ ရွာမှ ယေရုရှလင် မြို့သို့ ရောက် လာသောသူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင် ရာအချိန်ကို ကြော်ငြာ ကြ၏။
10その時、バルクは主の家で、書記シャファンの子ゲマルヤの部屋から、巻物に記されたエレミヤの言葉をすべての民の耳に読んで聞かせた。その部屋は上の庭にあり、主の家の新しい門の入口にあった。
10ထိုအခါ ဗာရုတ် သည် ဗိမာန် တော်တံခါး သစ် နား မှာ၊ အထက် တန်တိုင်းအတွင်း၊ စာရေး တော်ရှာဖန် သား ဂေမရိ ၏အခန်း ၌၊ ယေရမိ စီရင်သောစာ ကို လူ အပေါင်း တို့ ရှေ့ မှာ ဘတ် လေ၏။
11シャファンの孫で、ゲマルヤの子であるミカヤは、巻物から主のすべての言葉を聞くと、
11ထိုစာ ၌ ပါသမျှ သော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန် သား ဖြစ်သော ဂေမရိ ၏သား မိက္ခါယ သည်ကြား လျှင် ၊
12王の家にある書記の部屋へ下って行った。見よ、そこにはすべての高官たち、すなわち書記エリシャマ、シェマヤの子デラヤ、アクボルの子エルナタン、シャファンの子ゲマルヤ、ハナンヤの子ゼデキヤ、そのほかのすべての高官たちが座っていた。
12နန်းတော် အတွင်း၊ စာရေး တော်အခန်း သို့ သွား ၍ ၊ စာရေး တော် ဧလိရှမာ ၊ ရှေမာယ သား ဒေလာယ ၊ အာခဗော် သား ဧလနာသန် ၊ ရှာဖန် သား ဂေမရိ ၊ ဟာနနိ သား ဇေဒကိ အစရှိ သော မှူး တော်မတ်တော် အပေါင်း တို့သည် ထိုင် လျက်ရှိကြ၏။
13ミカヤは、バルクが民の耳に巻物を読んで聞かせた時に自分が聞いたすべての言葉を、彼らに告げた。
13ထိုအခါဗာရုတ် သည် လူ များတို့အား ဘတ် သော စာ ထဲက မိက္ခါယ ကြား သမျှ သော စကားတို့ကို ပြန်ပြော လေ၏။
14そこで、すべての高官たちは、クシのひ孫で、シェレムヤの孫、ネタヌヤの子であるエフディをバルクのもとへ遣わして言わせた。「あなたが民の耳に読んで聞かせた巻物を手に取り、来なさい。」 そこで、ネリヤの子バルクは巻物を手に取って、彼らのもとへ来た。
14ထိုမင်း အပေါင်း တို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိ တို့မှ ဆင်းသက် သော ယေဟုဒိ ကို ဗာရုတ် ထံသို့ စေလွှတ် လျက်၊ သင်သည် လူ များတို့အား ဘတ် သော စာလိပ် ကို သင့် လက် နှင့်ကိုင် ၍ လာ ခဲ့ဟုခေါ် ကြ၏။ နေရိ သား ဗာရုတ် သည်လည်း၊ စာလိပ် ကိုကိုင် ၍ လာ ၏။
15彼らはバルクに言った。「さあ、座って、私たちにそれを読んで聞かせなさい。」 そこでバルクは、彼らに読んで聞かせた。
15သူ တို့ကလည်း ထိုင် လော့။ ငါ တို့အား ဘတ် လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ် သည် သူ တို့ရှေ့ မှာ ဘတ် လေ ၏။
16彼らはそのすべての言葉を聞くと、恐れに打たれて互いに顔を見合わせ、バルクに言った。「私たちはこれらすべての言葉を、必ず王に告げなければならない。」
16ထိုစကား အလုံးစုံ တို့ကို မင်း များတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့ သောစိတ် ရှိ၍ ၊ ငါတို့သည် ဤ စကား အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ် ကို ဆို ကြ၏။
17彼らはバルクに尋ねた。「さあ、私たちに教えてほしい。あなたはどのようにして、彼の口からこれらすべての言葉を書いたのか。」
17တဖန် သင်သည် ဤ စကား အလုံးစုံ တို့ကို သူ့ နှုတ် မြွက် သည် အတိုင်း အဘယ်သို့ ရေး ထားသနည်းဟု မေးမြန်း လျှင်၊
18バルクは彼らに答えた。「彼がその口で、これらすべての言葉を私に語り、私はそれを墨で巻物に書きました。」
18ဗာရုတ် က၊ သူသည်ဤ စကား အလုံးစုံ တို့ကို နှုတ် မြွက် ၍ ၊ အကျွန်ုပ် သည် မှင် နှင့် ရေး ထားပါ၏ဟု ပြန်ပြော သော် ၊
19すると高官たちはバルクに言った。「あなたとエレミヤは行って身を隠しなさい。あなたがたがどこにいるか、だれにも知られてはならない。」
19မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် ၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍ ၊
20彼らは巻物を書記エリシャマの部屋に保管してから、王のいる中庭へ入って行き、王の耳にすべての言葉を告げた。
20စာလိပ် ကိုစာရေး တော်ဧလိရှမာ ၏ အခန်း ၌ ထား ပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင် ထံသို့ဝင်၍၊ ထိုအမှု ကို အကုန် အစင်လျှောက် ကြ၍။
21そこで王はエフディを遣わして巻物を取りに行かせた。彼は書記エリシャマの部屋からそれを取り出し、王と、王のそばに立っていたすべての高官たちの耳に読んで聞かせた。
21ရှင် ဘုရင်သည် ထိုစာလိပ် ကိုယူ ချေဟု၊ ယေဟုဒိ ကိုစေလွှတ် သဖြင့် ၊ ယေဟုဒိ သည် စာရေး တော်ဧလိရှမာ ၏ အခန်း ထဲက ယူ ၍ ၊ ရှင်ဘုရင် အစရှိသော အထံ တော်၌ ရပ် နေသောမှူးမတ် အပေါင်းတို့ရှေ့ မှာ ဘတ် လေ၏။
22第九の月で、王は冬の家に座っており、その前では火鉢の火が燃えていた。
22ထို အခါနဝမ လ ဖြစ်၍၊ ရှင် ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်း အခန်းတွင်ထိုင် ၍ ၊ ရှေ့ တော်၌ မီးမယ်ဖျူး ပေါ်မှာ မီး ခဲပုံရှိ၏။
23エフディが三、四欄を読み終えるたびに、王は書記の小刀でそれを切り取り、火鉢の火の中に投げ入れた。ついには、巻物全体が火鉢の火で焼き尽くされた。
23ယေဟုဒိ သည် သုံး လေး ခဏ်း လောက် ဘတ် မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ထား နှင့် လှီး ၍ မီးမယ်ဖျူး ပေါ် မှာရှိသော မီး ထဲသို့ စာလိပ်ကို ချ ပစ်လျှင်၊ အကုန် အစင် ကျွမ်း လောင်လေ၏။
24王も、これらすべての言葉を聞いた家来たちも恐れず、衣を引き裂かなかった。
24ရှင်ဘုရင် မှစ၍ ၊ ထို စကား အလုံးစုံ တို့ကို ကြား သော ရှင် ဘုရင်၏ ကျွန် တယောက်မျှမ ကြောက် ၊ မိမိ အဝတ် ကိုလည်း မ ဆုတ် ကြ။
25エルナタン、デラヤ、ゲマルヤは、巻物を焼かないよう王に願ったが、王は彼らの言うことを聞かなかった。
25ရှင် ဘုရင်သည် စာလိပ် ကိုမီး မရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိ တို့သည် တောင်းပန် သော်လည်း ၊ ရှင်ဘုရင်သည် သူ တို့စကားကို နား မ ထောင်။
26王は、王の子エラフメエル、アズリエルの子セラヤ、アブデルの子シェレムヤに、書記バルクと預言者エレミヤを捕らえるよう命じた。しかし、主は彼らを隠された。
26တဖန်ရှင် ဘုရင်သည် စာရေး ဗာရုတ် နှင့် ပရောဖက် ယေရမိ ကို ဘမ်းဆီး စေခြင်းငှါ ၊ သား တော်ယေရမေလ ၊ အာဇရေလ သား စရာယ ၊ အာဗဒေလ သား ရှေလမိ တို့ကို စေလွှတ် လေ၏။ သို့ရာတွင် ၊ ထာဝရဘုရား သည် ထိုသူ နှစ်ယောက်တို့ကို ဝှက် ထားတော်မူ၏။
27王が巻物と、バルクがエレミヤの口から聞いて書いた言葉を焼いた後、主の言葉がエレミヤに臨んで言われた。
27ယေရမိ နှုတ် မြွက်သည်အတိုင်း ဗာရုတ် ရေး ထားသော ထိုစာလိပ် ကို ရှင်ဘုရင် မီးရှို့ သောနောက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည် ကား၊
28「もう一度、別の巻物を取り、ユダの王エホヤキムが焼いた最初の巻物に記されていた、以前のすべての言葉を書き記せ。
28သင် သည်အခြား သော စာလိပ် ကိုယူ ၍၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော အရင် စာလိပ် ၌ ပါ သမျှ သော စကား ရင်း အတိုင်း ရေး ထားလော့။
29ユダの王エホヤキムについては、こう言え。『主はこう言われる。あなたはこの巻物を焼き、「なぜ、この中に『バビロンの王は必ず来て、この地を滅ぼし、そこから人も動物も絶えさせる』と書いたのか」と言った。
29သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
30それゆえ、主はユダの王エホヤキムについてこう言われる。彼にはダビデの王座に座る者がいなくなる。その死体は、昼は暑さに、夜は霜にさらされる。
30ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ် ၏ရာဇ ပလ္လင်ပေါ် မှာ မ ထိုင် ရ။ သူ ၏အသေ ကောင်ကို နေ့ အချိန်၌ နေပူ ထဲသို့ ၎င်း ၊ ညဉ့် အချိန်၌ နှင်းခဲ ထဲသို့ ၎င်း ပစ် လိုက်ကြလိမ့်မည်။
31わたしは彼とその子孫と家来たちを、その咎のために罰する。わたしは彼らとエルサレムの住民とユダの人々に、わたしが彼らに対して告げたすべての災いをもたらす。彼らが聞こうとしなかったからだ。』」
31သူ မှစ၍ သူ ၏သား မြေးတို့ကို ၎င်း၊ သူ ၏ ကျွန် တို့ကို၎င်း၊ အပြစ် နှင့်အလျောက်ငါစီရင် မည်။ သူ တို့နှင့် ယေရှုရှလင် မြို့သူ ယုဒ ပြည်သား တို့သည် နား မ ထောင်၊ သူ တို့အပေါ် သို့ ငါခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ရောက် စေမည်ဟုမိန့်တော်မူ၏။
32そこでエレミヤは別の巻物を取り、ネリヤの子である書記バルクに渡した。バルクは、ユダの王エホヤキムが火で焼いた巻物のすべての言葉を、エレミヤの口から聞いてそこに書き記した。さらに、それと同じような言葉が多く加えられた。
32ထိုအခါ ယေရမိ သည်အခြား သော စာလိပ် ကို ယူ ၍ ၊ နေရိ သား စာရေး ဗာရုတ် အား ပေး သဖြင့် ၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော စာ ၌ ပါသမျှ သော စကား တို့ကို ယေရမိ သည်နှုတ် မြွက်၍၊ ဗာရုတ်သည်ရေး ထား ၏။ အလား တူသော စကား အများ ကိုလည်းထပ်၍သွင်း ရ၏။
Tip: use the ← and → keys to turn chapters.