エゼキエル書 16
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1再び、主の言葉が私に臨んだ。
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2「人の子よ、エルサレムに、その忌むべき行いを思い知らせよ。
2အချင်းလူသား ၊ ယေရုရှလင် မြို့သည် မိမိ ၌ စက်ဆုပ် ရွံရှာဘွယ်သောအမှုအရာတို့ကိုသိ မည်အကြောင်း ပြုလော့။
3こう言え。『主なる神はエルサレムにこう言われる。「あなたの出自と誕生はカナン人の地にある。あなたの父はアモリ人、あなたの母はヘテ人であった。
3ထာဝရဘုရား သည် ယေရုရှလင် မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆို ရမည်မှာ၊ သင် ၏မူလ ၊ သင် ၏မွေးဘွား ရာဌာနသည် ခါနာန် ပြည် ၌ ရှိ၏။ သင် ၏ အဘ သည် အာမောရိ လူ၊ သင် ၏အမိ သည် ဟိတ္တိ အမျိုး ဖြစ်၏။
4あなたの誕生について言えば、あなたが生まれた日、へその緒は切られず、清めるために水で洗われず、塩でこすられることも、布で包まれることもなかった。
4သင့် ကို ဘွား ခြင်းအကြောင်းအရာဟူမူကား ၊ ဘွား သောနေ့ ၌ ချက်ကြိုး ကိုမ ဖြတ် ၊ သန့်ရှင်း စေခြင်းငှါ ရေ မချိုး၊ ဆား နှင့်မလူး၊ အဝတ် နှင့် မပတ်ရစ်၊
5だれの目もあなたを惜しまず、あなたをあわれんで、これらのことを一つでもしてくれる者はいなかった。あなたは生まれた日に忌み嫌われ、野原に投げ捨てられた。
5ကရုဏာ စိတ်နှင့်ထိုသို့ ပြုစု ခြင်းငှါ သင့် ကိုမြင် ၍ အဘယ်သူမျှမ သနား ၊ ဘွား သောနေ့ ၌သင် သည် ကိုယ် ကိုရွံရှာ ရသည်တိုင်အောင် လယ်ပြင် ၌ ပစ် ထားခြင်းကို ခံရ၏။
6わたしがあなたのそばを通り、あなたが血の中でもがいているのを見たとき、血まみれのあなたに、『生きよ』と言った。そうだ、血まみれのあなたに、『生きよ』と言った。
6ငါသည် ရှောက်သွား ၍ အသွေး နှင့် လူး လျက်ရှိ သောသင့် ကို မြင် သောအခါ အသက်ရှင် လော့ဟု သင် သည် အသွေး ၌ ရှိစဉ် ငါဆို ၏။
7わたしはあなたを野に生える草のように増えさせた。あなたは育ち、大きくなり、見事な美しさに達した。乳房は形づくられ、髪も伸びた。しかし、あなたは裸で何も身に着けていなかった。
7မြက်ပင် ကဲ့သို့ ငါကြီးပွါး စေသဖြင့် ၊ သင်သည် အစဉ်အတိုင်းကြီး ၍ လှ သော အဆင်းနှင့်ပြည့်စုံ ၏။ ရင်သား ထ ၍ ကိုယ် ၌လည်းအမွေး ပေါက် ၏။ အရင်က အဝတ် မရှိ၊ အချည်းစည်း နေရ၏။
8わたしが再びあなたのそばを通り、あなたを見ると、見よ、あなたは愛の時を迎えていた。そこでわたしは衣の裾をあなたの上に広げ、あなたの裸を覆った。わたしはあなたに誓いを立て、あなたと契約を結んだ」と主なる神は言われる。「こうして、あなたはわたしのものとなった。
8တဖန် ငါသည်ရှောက်သွား ၍ သင့် ကိုမြင် သောအခါ ၊ သင် ၌ချစ်လိုဘွယ် သော အချိန် အရွယ်ရှိသောကြောင့် ၊ ငါသည်ကိုယ် အဝတ် စွန်းကို ဖြန့် ၍ ၊ သင် ၌ အချည်းစည်း ရှိခြင်းကို ဖုံးအုပ် ၏။ ကျိန်ဆို ခြင်းကိုလည်း ပြု၍ ၊ သင် နှင့် ပဋိညာဉ် ဖွဲ့သဖြင့် ၊ သင်သည် ငါ ၏ခင်ပွန်းဖြစ် လေ၏။
9それから、わたしはあなたを水で洗った。あなたの血をすっかり洗い流し、油を塗った。
9ထိုအခါ သင့် ကို ရေချိုး ၍ ၊ သင် ၌လူးသော အသွေး ရှိသမျှကို ငါဆေးကြော ၏။ ဆီ နှင့် လိမ်း ၏။
10刺繍を施した衣を着せ、革の履物を履かせた。上質の亜麻布をまとわせ、絹で覆った。
10ချယ်လှယ် သော အဝတ်ကိုဝတ် စေ၏။ တဟာရှ သားရေခြေနင်း ကို စီးစေ၏။ ဖဲ ၊ ပိတ်ချော နှင့် ခြုံ စေ၏။
11飾り物であなたを飾り、両手に腕輪をはめ、首に首飾りを掛けた。
11လက်ကောက် နှင့် လည်ဆွဲ အစ ရှိသော တန်ဆာ မျိုးကို ဆင် စေ၏။
12鼻に輪を付け、耳には耳飾りを付け、頭には美しい冠を載せた。
12နား တောင်း၊ နှာဆွဲ ၊ လှ သော ပေါင်း ကိုလည်း ဆင် စေ၏။
13こうして、あなたは金と銀で飾られた。あなたの衣服は上質の亜麻布と絹と刺繍を施した布であった。あなたは上等の小麦粉と蜜と油を食べた。あなたは非常に美しくなり、王族の身分にまで栄えた。
13ထိုသို့ သင် သည် ရွှေ ငွေ နှင့်တကွ ၊ ဖဲ ၊ ပိတ်ချော ၊ ချယ်လှယ် သော အဝတ်တန်ဆာတို့ကိုဆင် လျက်၊ မုန့်ညက် ၊ ပျားရည် ၊ ဆီ ကိုစား လျက် ၊ အလွန် တရာ လှ သောအဆင်းနှင့်ပြည့်စုံ၍ ၊ မိဖုရား အရာကိုခံရ ၏။
14あなたの美しさの評判は諸国に広まった。わたしがあなたにまとわせた威光によって、その美しさは完全なものとなった」と主なる神は言われる。
14ငါသည် ကိုယ် အသရေ ကို သင် ၌ အပ်ပေး သောကြောင့် ၊ သင် သည် လှ သောအဆင်းနှင့် စုံလင် ၍ ၊ အတိုင်းတိုင်း အပြည်ပြည်၌ ကျော်စော လေ၏။
15「しかし、あなたは自分の美しさに頼り、自分の名声のために娼婦のように振る舞った。通りかかる者すべてに淫行を注ぎ出し、その者のものとなった。
15သို့ရာတွင် ၊ သင် သည်ကိုယ်လှ သော အဆင်းကို ကိုးစား ၍ ၊ ဂုဏ် အသရေကျော်စောသောကြောင့် ၊ ပြည်တန်ဆာ လုပ်၍၊ ခရီးသွား သောသူအပေါင်း တို့နှင့် မ တရားသောမေထုန်ကို အနှံ့အပြား ပြုသဖြင့် ၊ ယောက်ျား တိုင်းအခွင့် ရ၏။
16あなたは自分の衣服の一部を取り、色とりどりに飾った高き所を造り、その上で淫行を行った。このようなことは起こるべきではなく、今後も起こってはならない。
16သင် ၏အဝတ် ကို လည်း ယူ ၍ ၊ မြင့် သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမ ဖြစ် စဖူး၊ နောက်၌လည်းမ ဖြစ် လတံ့သောအမှု၊ မ တရားသောမေထုန်ကို ထိုအရပ် ၌ ပြုလေပြီ။
17また、わたしがあなたに与えた、わたしの金と銀の美しい飾り物を取り、男の姿をした像を造り、それらと淫行を行った。
17ငါပေး သော ရွှေ ငွေ တန်ဆာ မြတ် တို့ကိုလည်း ယူ ၍ ၊ ယောက်ျား ရုပ်တု တို့ကို လုပ် ပြီးလျှင် ၊ သူ တို့နှင့် မှားယွင်း လေပြီတကား။
18刺繍を施した衣を取ってそれらの像を覆い、わたしの油と香をその前に供えた。
18ချယ်လှယ် သောအဝတ် ကိုလည်း ယူ ၍ ၊ ထို ရုပ်တုတို့ကို ခြုံ ပြီးလျှင် ၊ ငါ့ ဆီ နှင့် ငါ့ နံ့သာပေါင်း ကို သူ တို့ရှေ့ မှာ တင် ထားလေပြီ။
19わたしがあなたに与えたパン、すなわち、あなたを養うために与えた上等の小麦粉と油と蜜さえも、芳しい香りとしてそれらの前に供えた。実際、そのようになった」と主なる神は言われる。
19ငါပေး သော ဘောဇဉ် ၊ သင့် ကိုငါကျွေး သော မုန့်ညက် ၊ ဆီ ၊ ပျားရည် ကိုလည်း သူ တို့ရှေ့ မှာ မွှေးကြိုင် စရာဘို့ တင် ထားလေပြီတကား။
20「その上、あなたはわたしのために産んだ息子や娘を取り、それらの像に、食い尽くされるいけにえとしてささげた。あなたの淫行は小さなことだったのか。
20ထိုမှတပါး၊ သင်ဘွား သော ငါ ၏ သားသမီး တို့ကို ယူ ၍ ၊ ထို ရုပ်တုတို့အား ကျွေးမွေး ခြင်းငှါ ယဇ် ပူဇော်လေပြီ။
21あなたはわたしの子どもたちを殺し、火の中を通らせて彼らにささげた。
21သင် သည် မ တရားသောမေထုန် ကိုပြု၍ စိတ် မ ပြေသောကြောင့်ငါ ၏သားသမီး တို့ကိုသတ် ၍ ရုပ်တု တို့ အား မီးဖြင့်ပူဇော် ရမည်လော။
22あなたはすべての忌むべき行いと淫行の中で、自分の若かった日々を思い出さなかった。そのころ、あなたは裸で何も身に着けず、血の中でもがいていた。
22သင် ပြုသောစက်ဆုပ် ရွံ့ရှာဘွယ်အမှု၊ မ တရား သောမေထုန် အမှုအပေါင်း တို့ကိုပြုစဉ်တွင်၊ အရွယ် ငယ် သောအခါ အဝတ် မရှိ၊ အချည်းစည်း ရှိ ကြောင်း၊ ကိုယ် အသွေး ၌ လူးလဲ လျက်နေကြောင်းကို မ အောက်မေ့ ပါ တကား။
23あなたがこれらすべての悪を行った後で――災いだ。災いだ。あなたには災いがある」と主なる神は言われる。
23သင် သည် အမင်္ဂလာ ရှိ၏။ အမင်္ဂလာ ရှိ၏။ ဒုစရိုက် အပေါင်း ကို ပြု ပြီးမှ ၊
24「あなたは自分のために丸天井の建物を築き、すべての通りに高い場所を造った。
24ကိုယ် နေဘို့ ကုဋီ တိုက်ကိုတည် ၍ လမ်း ရှိ တိုင်းမြင့် သော အရပ်ကို လုပ် လေ၏။
25あらゆる道の分かれ目に高い場所を築き、自分の美しさを忌むべきものとした。通りかかる者すべてに足を開き、淫行を重ねた。
25သင် သည် မြင့် သောအရပ်ကို လမ်း ဦး တိုင်း လုပ် ၍ ၊ ကိုယ် လှ သော အဆင်းကိုရွံ့ရှာဘွယ် ဖြစ်သည် တိုင်အောင်ပြုလျက်၊ ခရီးသွား သောသူအပေါင်း တို့အား ပေါင် တို့ကို ခွါ ဖွင့်၍ ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေ၏။
26また、肉体のたくましい隣人であるエジプト人と淫行を行い、淫行を重ねて、わたしを怒らせた。
26ဆူဖြိုး သောသင် ၏အိမ်နီးချင်း အဲဂုတ္တု လူ တို့နှင့် မှားယွင်း ၍ ၊ ငါ့ အမျက် ကို နှိုးဆော်လျက် ၊ မ တရားသောမေထုန် အမှုတို့ကို များပြား စေ၏။
27それゆえ、見よ、わたしはあなたに向かって手を伸ばし、あなたの取り分を減らし、あなたを憎む者たち、すなわち、あなたの淫らな歩みを恥じているペリシテ人の娘たちの思いのままにさせた。
27ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် လျက်သင် ၏ ရိက္ခါကို ဖြတ် ၍ ၊ သင့် ကိုမုန်း သောသူ၊ သင့် ဆိုးညစ် သော အမှု များကြောင့် ရှက် တတ်သော ဖိလိတ္တိ အမျိုးသမီး တို့ လက်သို့အပ် ရ၏။
28あなたは満足することができず、アッシリア人とも淫行を行った。彼らと淫行を行っても、なお満足しなかった。
28သင် သည်ကိလေသာစိတ် မ ပြေသောကြောင့် ၊ အာရှုရိ လူ တို့နှင့် လည်း မှားယွင်း လေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ် မ ပြေနိုင်။
29さらに、商人の地カルデアにまで淫行を増し加えた。それでも満足しなかった。
29ထိုမှတပါး ၊ ခါနာန် ပြည် မှ သည် ခါလဒဲ ပြည် တိုင်အောင် ၊ မ တရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်း စိတ် မ ပြေနိုင်။
30あなたの心は、なんと弱いのか」と主なる神は言われる。「厚かましい娼婦のするこれらすべてのことを行うとは。
30အစိုးတရပြု၍ သီလ ပျက်သော မိန်းမ ပြု တတ် သမျှ သောဤ အမှုတို့ကို သင် သည်ပြု မိလျက် ၊ သင့် စိတ် နှလုံး သည် အလွန် မိုက် ပါသည်တကား။
31あらゆる道の分かれ目に丸天井の建物を築き、すべての通りに高い場所を造った。しかし、報酬をさげすむあなたは、普通の娼婦のようでさえなかった。
31သင် ၏ ကုဋီတိုက်ကို ခပ်သိမ်း သော လမ်း ၌ တည် ၍ ၊ လမ်း ရှိ တိုင်းမြင့် သော အရပ်ကိုလုပ် သဖြင့် ၊ အခ ကိုငြင်း သောကြောင့် ပြည်တန်ဆာ နှင့် မ တူ ။
32夫の代わりに見知らぬ男たちを受け入れる、姦淫の妻よ。
32ကိုယ်မ ဆိုင်သော ယောက်ျားကို ကိုယ် လင် ၏ ကိုယ်စား လက်ခံ ၍မျောက်မထား သော မိန်းမ နှင့်တူ၏။
33人々はすべての娼婦に贈り物をする。しかし、あなたは自分のすべての愛人に贈り物をし、彼らが四方からあなたのもとへ来て淫行を行うよう、彼らを買収した。
33ပြည်တန်ဆာ မိန်းမရှိသမျှ တို့သည် လက်ဆောင် ကိုခံယူ တတ်ကြ၏။ သင် မူကား ၊ သင် ၏ရည်းစား အပေါင်း တို့အား လက်ဆောင် ကိုပေး တတ်၏။ အရပ်ရပ် တို့က လာ ၍ မ တရားသောမေထုန် ကိုပြုစေခြင်းငှါ ၊ သူတပါး တို့ကို ငှါး တတ်၏။
34あなたの淫行は、ほかの女たちとは反対である。だれも淫行をするためにあなたを追い求めない。あなたは報酬を受けるのではなく、自分から報酬を与える。まさに、あなたはほかの女たちとは正反対である。」
34သို့ဖြစ်၍ ၊ သင် သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနား စွာ ပြု တတ်၏။ သင်ပြုသကဲ့သို့အဘယ်သူမျှမတရားသောမေထုန် ကို မပြုတတ်။ သင်သည် အခကို မခံ၊ သူတပါးတို့အားပေးသောကြောင့်အခြားသော မိန်းမတို့နှင့် ခြားနား ၏။
35それゆえ、娼婦よ、主の言葉を聞け。
35သို့ဖြစ်၍ ၊ အိုပြည်တန်ဆာ မိန်းမ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။
36主なる神はこう言われる。「あなたが愛人たちと淫行を行い、あなたの汚れが注ぎ出され、裸がさらされたため、また、すべての忌むべき偶像のため、さらに、それらに与えた子どもたちの血のため、
36အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ရည်းစား များ စက်ဆုပ် ရွံ့ရှာဘွယ်သော ရုပ်တု အပေါင်း တို့နှင့် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ သူ တို့အား ပေး သော သားသမီး တို့၏ အသွေး အားဖြင့်၎င်း သင်သည်ကိုယ် ရှက်ကြောက်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား စွာ ဘော်ပြသောကြောင့်၊
37見よ、わたしはあなたが喜んだすべての愛人、あなたが愛したすべての者、さらに、あなたが憎んだすべての者を集める。彼らを四方からあなたに敵対して集め、あなたの裸を彼らの前にさらす。彼らはあなたの裸をすべて見る。
37သင့် ကိုချစ် သောရည်းစားရှိသမျှ တို့နှင့် သင်ချစ် သောသူ ၊ မုန်း သောသူ အပေါင်း တို့ကိုငါ စုဝေး မည်။ သင့် တဘက် ပတ်လည် ၌ စုဝေး စေ၍ ၊ သင် ၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြ သဖြင့် ၊ ထို သူအပေါင်း တို့သည် သင် ၌ အဝတ် အချည်းစည်းရှိသမျှ ကို မြင် ရကြလိမ့်မည်။
38わたしは、姦淫を行い、血を流す女たちが裁かれるように、あなたを裁く。怒りとねたみによる血の報いをあなたにもたらす。
38မျောက်မထား သောမိန်းမနှင့် ၊ လူအသက်ကိုသတ် သော မိန်းမတို့ကို စီရင် သကဲ့သို့သင့် ကိုငါစီရင် ၍ ၊ ပြင်းစွာ သော ဒေါသအမျက် အသွေး ကို ငါတိုက် မည်။
39わたしはあなたを彼らの手に渡す。彼らはあなたの丸天井の建物を取り壊し、高い場所を打ち壊す。あなたの衣服をはぎ取り、美しい飾り物を奪い、あなたを裸のまま残す。
39သင့် ကို သူ တို့လက် သို့ ငါအပ် သဖြင့် ၊ သူတို့သည် သင် ၏ ကုဋီတိုက်ကို ဖျက် ၍ ၊ သင် ၏မြင့် သော အရပ်တို့ ကို ဖြိုချ ကြလိမ့်မည်။ သင့် အဝတ် တို့ကိုချွတ် ၍ လှ သော တန်ဆာ တို့ကို လုယူ ပြီးလျှင် ၊ သင့် ကို အဝတ် မပေး၊ အချည်းစည်း ရှိစေခြင်းငှါပစ် ထားကြလိမ့်မည်။
40彼らは一団をあなたに差し向け、あなたを石で打ち、剣で刺し貫く。
40လူ အလုံးအရင်းကို လည်း ခေါ် သဖြင့် ၊ သူတို့ သည် ခဲ နှင့် ပစ် ၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။
41彼らはあなたの家々を火で焼き、多くの女たちの目の前であなたに裁きを執行する。わたしはあなたに淫行をやめさせる。あなたはもはや報酬を与えることもない。
41သင့် အိမ် တို့ကိုလည်း မီးရှို့ ၍ များစွာ သော မိန်းမ တို့ရှေ့ မှာ သင့် ကို အပြစ်ဒဏ် ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။
42こうして、あなたに対するわたしの憤りを静め、わたしのねたみをあなたから去らせる。わたしは静まり、もはや怒らない。
42ထိုသို့ ငါ့ ဒေါသ စိတ်ကို ငါဖြေ မည်။ သင့် ကိုမယုံ။ အလွန် ပူပန်သောစိတ် ငြိမ်း ၍ ၊ ငါသည်အမျက် မ ထွက်ဘဲ ငြိမ်သက် စွာ နေမည်။
43あなたは自分の若かった日々を思い出さず、これらすべてのことによってわたしに向かって荒れ狂った。それゆえ、見よ、わたしもあなたの歩みをあなた自身の頭に報いる」と主なる神は言われる。「あなたは自分のすべての忌むべき行いに加えて、この淫らな行いを重ねることはない。
43သင် သည် အသက် ငယ်သော ကာလ ကို မ အောက်မေ့ ၊ အရာရာ ၌ ငါ့ စိတ်ကို နှောင့်ရှက် သောကြောင့် ၊ သင့် အပြစ် ကို သင့်ခေါင်း ပေါ် သို့ ငါသက်ရောက် စေမည်။ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုရှိသမျှ တို့အပေါ် မှာ ဆိုးညစ် သောအကြံကိုထပ် ၍ ထို အကြံအတိုင်း မ ပြုရ။
44見よ、ことわざを使う者は皆、あなたについて、『母のように、その娘も同じだ』ということわざを使う。
44စကားပုံ ကိုသုံးတတ်သော သူအပေါင်း တို့က၊ အမိ ကဲ့သို့ သမီး ဖြစ်၏ဟု သင့် ကိုရည်မှတ် ၍ စကားပုံ ကို ပြောကြလိမ့်မည်။
45あなたは、自分の夫と子どもたちを忌み嫌った母の娘であり、自分の夫と子どもたちを忌み嫌った姉妹たちの姉妹である。あなたの母はヘテ人、父はアモリ人であった。
45သင် သည်လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ သမီး ဖြစ်၏။ လင် နှင့် သားသမီး ကိုရွံရှာ သော မိန်းမ ၏ ညီမ လည်း ဖြစ်၏။ သင့် အမိ သည် ဟိတ္တိ အမျိုး၊ သင့် အဘ သည် အာမောရိ လူဖြစ်၏။
46あなたの姉はサマリアであり、その娘たちと共にあなたの左に住んでいる。あなたの妹はソドムであり、その娘たちと共にあなたの右に住んでいる。
46သင့် အစ်မ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ဝဲ ဘက် ၌နေ သောရှမာရိ မြို့ဖြစ်၏။ သင့် ထက် အသက် ငယ်သောသင် ၏ ညီမ သည် မိမိ သမီး တို့နှင့်တကွ သင့် လက်ျာ ဘက် ၌နေ သောသောဒုံ မြို့ ဖြစ်၏။
47あなたは彼女たちの道を歩み、その忌むべき行いを行うだけでは済まず、ほどなくして、あらゆる道で彼女たち以上に堕落した。
47သို့ရာတွင်၊ သင်သည် သူ တို့ထုံးစံ ကို မ လိုက် ၊ သူ တို့ပြုသောရွံရှာဘွယ် အမှုမျှသာပြု သည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင် သည် အရာရာ ၌ သူ တို့ထက် သာ၍ဆိုးညစ် ပေ၏။
48わたしは生きている」と主なる神は言われる。「あなたの姉妹ソドムとその娘たちも、あなたとあなたの娘たちが行ったほどのことは行わなかった。
48ငါ အသက်ရှင် သည်အတိုင်း၊ သင် သည် ကိုယ့် သမီး တို့နှင့်တကွ ပြု သကဲ့သို့ ၊ ညီမ သောဒုံ နှင့် သူ ၏သမီး တို့ သည် မ ပြု ကြ။
49見よ、あなたの姉妹ソドムの不義はこれであった。彼女とその娘たちには、高ぶりと十分な食べ物と安らかな繁栄があった。しかし、貧しい者や乏しい者を助けなかった。
49သင့် ညီမ သောဒုံ ၏ အပြစ် ဟူမူကား ၊ သူ နှင့် သူ့ သမီး တို့သည် မာန ကြီးခြင်း၊ ဝ စွာစားသောက်ခြင်း၊ ငြိမ်ဝပ် စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲ ငတ်မွတ် သောသူတို့ ကို မ ထောက်ပံ့ ဘဲ နေကြ၏။
50彼女たちは高慢になり、わたしの前で忌むべきことを行った。それゆえ、わたしはそれを見たとき、彼女たちを取り除いた。
50မာန ထောင်လွှား၍ ငါ့ ရှေ့ မှာ စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုပြု ကြ၏။ ထိုကြောင့် ၊ သင်မြင် သည် အတိုင်း သူ တို့ကို ငါပယ်ရှင်း ပြီ။
51サマリアは、あなたの罪の半分も犯さなかった。しかし、あなたは彼女たちよりも多くの忌むべき行いを重ね、自分が行ったすべての忌むべき行いによって、姉妹たちを義と認められる者にした。
51ရှမာရိ သည်လည်း ၊ သင် ပြုမိသော ဒုစရိုက် တဝက် ကိုမျှ မ ပြု မိ။ သင်မူကား၊ ညီအစ်မ တို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို သူ တို့ထက်မက များပြား စွာပြုလေပြီတကား။
52あなたは姉妹たちに有利な判決を下したのだから、自分の恥を負え。あなたが彼女たちよりも忌むべき罪を犯したため、彼女たちはあなたよりも義である。あなたも辱められ、自分の恥を負え。あなたは姉妹たちを義と認められる者にした。
52သင် သည်ညီအစ်မ တို့ကို အပြစ်တင်၍ စီရင် လျက်ပင်၊ သူ တို့ ပြုသည်ထက် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲ ခြင်းကိုခံ လော့။ သူတို့သည် သင့် ထက် သာ၍အပြစ်နည်း ကြ၏။ သင် မူကား ၊ ညီအစ်မ တို့၏အပြစ် ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့်စိတ်ပျက် ၍ အရှက်ကွဲ ခြင်းကို ခံ လော့။
53わたしは彼女たちの捕囚を回復させる。ソドムとその娘たちの捕囚、サマリアとその娘たちの捕囚、そして彼女たちと共にいる、あなたの捕囚の民も回復させる。
53သိမ်းသွား ခြင်းကိုခံရသောသောဒုံ နှင့် သူ ၏ သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များကို တဖန်ငါဆောင်ခဲ့သောအခါ ၊ သိမ်းသွား ခြင်းကို ခံရသောသင် ၏လူ တို့ကို သူ တို့နှင့်အတူ ငါဆောင် ခဲ့မည်။
54それは、あなたが自分の恥を負い、自分の行ったすべてのことを恥じるためである。あなたが彼女たちを慰める者となったからである。
54သို့ဖြစ်၍ ၊ သင် သည် သူ တို့ကိုနှစ်သိမ့် စေ၍ ၊ ပြု လေသမျှ တို့ကြောင့် စိတ်ပျက် လျက် အရှက်ကွဲ ခြင်းကိုခံရ လိမ့်မည်။
55あなたの姉妹ソドムとその娘たちは以前の状態に戻り、サマリアとその娘たちも以前の状態に戻る。あなたとあなたの娘たちも以前の状態に戻る。
55သင် ၏ညီအစ်မ သောဒုံ နှင့် သူ ၏သမီး များ၊ ရှမာရိ နှင့် သူ ၏သမီး များတို့သည် အရင် နေရာသို့ ပြန် ရောက်သောအခါ ၊ သင် သည်လည်း သင် ၏ သမီး တို့ နှင့်တကွ အရင် နေရာသို့ ပြန် ရောက်ရလိမ့်မည်။
56あなたが高ぶっていた日々には、あなたの姉妹ソドムの名があなたの口に上ることさえなかった。
56ရှုရိ သမီး များနှင့် သူ တို့ပတ်လည် ၌ နေသောသူအပေါင်း တို့သည် သင့် ကိုကဲ့ရဲ့ ၍၊ သင့်ပတ်လည် ၌ နေသောဖိလိတ္တိ သမီး များတို့သည် မထီမဲ့မြင် ပြုကြသဖြင့် ၊
57それは、あなたの悪があらわにされる前、シリアの娘たちとその周囲のすべての者からそしられ、四方からあなたを侮るペリシテ人の娘たちからそしられた時のことである。
57သင် ပြုသောဒုစရိုက် အပြစ်မ ထင်ရှား မှီ သင် သည်မာန ထောင်လွှားစဉ် ကာလတွင်၊ သင့် ညီမ သောဒုံ ၏နာမ ကို အလျှင်း နှုတ် မ မြွက်။
58あなたは自分の淫らな行いと忌むべき行いの報いを負っている」と主は言われる。
58ယခုမူကား၊ သင် သည် ကိုယ် ဆိုးညစ် သောအမှု နှင့် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကိုခံရ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
59主なる神はこう言われる。「誓いを軽蔑して契約を破ったあなたに、わたしもあなたが行ったとおりに行う。
59အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ဝန်ခံခြင်းပဋိညာဉ် ကို ဖျက် လိုသောငှါ ၊ သစ္စာ ဂတိကို မ ရိုမသေပြုသည်နှင့်အညီ သင် ၌ငါပြု မည်။
60しかし、わたしはあなたの若い日々にあなたと結んだ契約を思い起こし、あなたと永遠の契約を立てる。
60သို့သော်လည်း ၊ ငါ သည်သင့် အသက် ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ် ကို အောက်မေ့ ၍ ၊ တဖန် ထာဝရ ပဋိညာဉ် ကို သင် နှင့် ဖွဲ့ ဦးမည်။
61あなたが年上の姉と年下の妹を受け入れるとき、あなたは自分の歩みを思い出して恥じる。わたしは彼女たちを娘としてあなたに与えるが、それはあなたとの契約に基づくのではない。
61သင် သည် ဝန်ခံခြင်းပဋိညာဉ် ကို မ စောင့်ရ သော်လည်း ၊ ပဋိညာဉ်အားဖြင့်သင် ၏ညီအစ်မ တို့ကို သင် ၏သမီး ဖြစ်ဘို့ ရာငါပေး ၍ ၊ သင် သည် ထိုသူတို့ကို လက်ခံ သောအခါ ၊ သင် ပြု မိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက် ရလိမ့်မည်။
62わたしはあなたと契約を立てる。そのとき、あなたは、わたしが主であることを知る。
62ထိုအခါ ငါ ၏ ပဋိညာဉ် ကိုသင် နှင့် ငါ ဖွဲ့ မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်။
63わたしがあなたの行ったすべてのことを赦すとき、あなたはそれを思い出して辱められ、自分の恥のために、もはや決して口を開くことができなくなる」と主なる神は言われる。』」
63သင်ပြု ဘူးသမျှ သော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေ သောအခါ သင်သည် အောက်မေ့ ၍ ရှက်ကြောက် ခြင်းနှင့် မျက်နှာ ပျက်ခြင်းကြောင့် ၊ နှုတ် ကို မ ဖွင့် ဘဲနေ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
Tip: use the ← and → keys to turn chapters.