出エジプト記 19
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1イスラエルの子らがエジプトの地を出てから三か月目、その同じ日に、彼らはシナイの荒野に着いた。
1ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ တတိယ လ တရက်နေ့ ၌ သိနာ တော သို့ ရောက် ကြ၏။
2彼らはレフィディムから旅立ち、シナイの荒野に来て、荒野に宿営した。イスラエルはそこで山の前に宿営した。
2ရေဖိဒိမ် အရပ်က ထွက်သွား ပြီးမှ သိနာ တော သို့ ရောက် ၍ ၊ ထိုတော ၌ တောင် ရှေ့ မှာ တပ်ချ ကြ၏။
3モーセは神のもとへ上って行った。主は山から彼を呼んで言われた。「ヤコブの家にこう言い、イスラエルの子らに告げなさい。
3မောရှေ သည် ဘုရား သခင့်ထံ တော်သို့ တက် သွားလျှင် ၊ ထာဝရဘုရား သည် တောင် ပေါ်က ခေါ် တော်မူ၍၊ သင်သည် ယာကုပ် အမျိုး ၊ ဣသရေလ သား တို့အား ပြန်ပြော ရသော အမိန့် တော်ဟူမူကား ၊
4『あなたがたは、わたしがエジプト人に行ったこと、また、わたしがあなたがたを鷲の翼に乗せて、わたしのもとに連れて来たことを見た。
4ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
5今、もしあなたがたがわたしの声によく聞き従い、わたしの契約を守るなら、あなたがたはすべての民の中でわたしの宝の民となる。全地はわたしのものである。
5ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
6あなたがたはわたしにとって、祭司の王国、聖なる国民となる。』これが、あなたがイスラエルの子らに語るべき言葉である。」
6သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
7モーセは来て、民の長老たちを呼び寄せ、主が彼に命じられたこれらすべての言葉を彼らの前に置いた。
7မောရှေ သည် ပြန်လာ ၍ လူ တို့တွင် အသက်ကြီး သူတို့ကို ခေါ် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသော စကား အလုံးစုံ တို့ကို ပြန်ပြောလေ ၏။
8民は皆一緒に答えて言った。「主が言われたことを、私たちはすべて行います。」モーセは民の言葉を主に持ち帰った。
8လူ အပေါင်း တို့ကလည်း ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို အကျွန်ုပ်တို့သည် ပြု ပါမည်ဟု တညီ တညွတ်တည်း ပြန် ပြောကြ၏။ မောရှေ သည်လည်း သူ တို့၏စကား ကို ထာဝရဘုရား အား ပြန်လျှောက် လေ၏။
9主はモーセに言われた。「見よ、わたしは濃い雲の中であなたのもとへ来る。わたしがあなたと語るのを民が聞き、いつまでもあなたを信じるためである。」モーセは民の言葉を主に告げた。
9ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
10主はモーセに言われた。「民のところに行き、今日と明日、彼らを聖別しなさい。彼らに衣服を洗わせ、
10ထာဝရဘုရား ကလည်း လူ တို့ရှိရာသို့ သွား ၍ ၊ ယနေ့ နှင့် နက်ဖြန် ၌ သူ တို့ကို သန့်ရှင်း စေလော့။ သူ တို့အဝတ် ကို လျှော် စေ၍၊
11三日目に備えさせなさい。三日目に、主はすべての民の目の前でシナイ山に下られる。
11သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ နေစေလော့။ အကြောင်း မူကား၊ သုံး ရက်မြောက်သောနေ့ ၌ ထာဝရဘုရား သည် လူ အပေါင်း တို့ရှေ့ ၊ သိနာ တောင် ပေါ် သို့ ဆင်းသက် တော်မူမည်။
12民のために山の周囲に境を設け、告げなさい。『山に上ったり、その境に触れたりしないよう気をつけよ。山に触れる者は必ず死刑に処せられる。
12လူတို့မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည် ၌ စီရင် ၍၊ သင်တို့သည် တောင် ပေါ်သို့ မတက် ၊ တောင် ခြေရင်း ကို မထိ ရအောင် သတိပြု ကြဟု ပြော လော့။ တောင် ကို ထိမိ သောသူ မည်သည်ကား၊ ဧကန်အမှန် အသေ ခံစေ။
13その者に手を触れてはならない。石で打つか、矢で射抜かなければならない。人でも動物でも、生かしておいてはならない。』角笛が長く鳴り響く時、彼らは山のふもとへ近づいてよい。」
13ထိုသူ ကို လက် နှင့်မ ထိ ရ။ အကယ်စင်စစ်ကျောက်ခဲနှင့်ပစ် ရမည်။ သို့မဟုတ် လှံနှင့်ထိုး ရမည်။ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ အသက် မ ရှင်ရ။ တံပိုး သည် ကြာကြာမြည် သောအခါ ၊ လူ များတို့သည် တောင် သို့ လာ ရ ကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
14モーセは山から民のところに下り、民を聖別した。彼らは衣服を洗った。
14မောရှေ သည် တောင် ပေါ်မှ လူ တို့ရှိရာသို့ ဆင်းသက် ၍ ၊ သူ တို့ကို သန့်ရှင်း စေ၏။ သူတို့သည် မိမိ အဝတ် များကို လျှော် ကြ၏။
15彼は民に言った。「三日目に備えなさい。女に近づいてはならない。」
15မောရှေကလည်း၊ သုံး ရက်မြောက်သောနေ့ ၌ အသင့် ရှိ စေကြလော့။ မယား ကို မ ချဉ်း ကြနှင့်ဟု လူ တို့အား ဆို လေ၏။
16三日目の朝になると、雷と稲妻があり、濃い雲が山の上にあった。そして非常に大きな角笛の音がして、陣営にいたすべての民は震えた。
16သုံး ရက်မြောက်သောနေ့ ၊ နံနက် အချိန်၌ တောင် ပေါ် မှာ မိုဃ်းချုန်း ခြင်း၊ လျပ်ပြက် ခြင်းနှင့်တကွ မိုဃ်းတိမ် တိုက် လွှမ်းမိုး ၍ ကြီး သောအသံနှင့် တံပိုး မြည် သဖြင့် ၊ တပ် ၌ ရှိသော လူ အပေါင်း တို့သည် တုန်လှုပ် ကြ၏။
17モーセは神に会うために、民を陣営から導き出し、彼らは山のふもとに立った。
17မောရှေ သည်လည်း ဘုရား သခင်နှင့် တွေ့ စေခြင်းငှာ ၊ လူ များတို့ကို တပ် ထဲက ဆောင် ခဲ့သဖြင့် ၊ သူတို့သည် တောင် ခြေ ရင်းအောက်၌ ရပ် နေကြ၏။
18シナイ山は全体が煙に包まれた。主が火の中でその上に下られたのである。煙はかまどの煙のように立ち上り、山全体が激しく震えた。
18ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
19角笛の音がますます大きくなった時、モーセは語り、神は声を出して彼に答えられた。
19တံပိုး မြည် သံသည် ကြာကြာမြည် လျက် ၊ အသံတိုး ၍ ကြီး သောအခါ၊ မောရှေ သည် ခေါ် ၍ ၊ ဘုရား သခင်သည် စကား သံနှင့် ထူး တော်မူ၏။
20主はシナイ山の上、その山の頂に下られた。主はモーセを山の頂に呼ばれ、モーセは上って行った。
20ထာဝရဘုရား သည်လည်း သိနာ တောင် ထိပ် ပေါ် သို့ ဆင်းသက် ၍ ၊ မောရှေ ကို တောင် ထိပ် ပေါ် သို့ ခေါ် တော်မူလျှင် ၊ မောရှေ သည် တက် လေ၏။
21主はモーセに言われた。「下って行き、民が境を破って主を見ようとし、多くの者が滅びることのないよう警告しなさい。
21ထာဝရဘုရား ကလည်း ၊ လူ တို့သည် ကြည့်ရှု ခြင်းငှာ ထာဝရဘုရား ထံ သို့ကျော် ဝင်၍ ၊ အများ တို့သည် သေ ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့်ဆင်း ၍ သတိပေး လော့။
22主に近づく祭司たちも自らを聖別しなさい。主が彼らを打つことのないためである。」
22ထာဝရဘုရား ထံသို့ ချဉ်းကပ် သော ယဇ် ပုရောဟိတ်တို့သည်လည်း ၊ ကိုယ်ကိုကိုယ်သန့်ရှင်း စေရမည်။ သို့မဟုတ် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူမည်ဟု မောရှေ အား မိန့် တော်မူ၏။
23モーセは主に言った。「民はシナイ山に上ることはできません。あなたが私たちに『山の周囲に境界を設け、それを聖別しなさい』と言って警告されたからです。」
23မောရှေ ကလည်း ၊ လူ တို့သည် သိနာ တောင် သို့ မ တက် နိုင် ကြပါ။ အကြောင်း မူကား၊ မကျော်ရသောအဆီး အကာတို့ကို တောင် ပတ်လည်၌ စီရင်၍ ၊ သန့်ရှင်း စေလော့ဟု မှာ ထားတော်မူပြီဟု ထာဝရဘုရား အား ပြန်လျှောက် လေ၏။
24主は彼に言われた。「下りなさい。そしてアロンを連れて上りなさい。しかし、祭司たちや民が境を破って主のもとへ上り、主が彼らを打つことのないようにしなさい。」
24ထာဝရဘုရား ကလည်း ၊ ဆင်း သွားလော့။ သင် နှင့် အာရုန် သာလျှင် တက် ရမည်။ ယဇ် ပုရောဟိတ်များ၊ လူ များတို့သည် ထာဝရဘုရား ထံ သို့တက် ခြင်းငှာ မ ကျော် မဝင်စေနှင့်။ သို့မဟုတ်သူ တို့ကို ဒဏ်ခတ် တော်မူမည် ဟု မိန့် တော်မူ၏။
25そこでモーセは民のところに下り、彼らに語った。
25မောရှေ သည်လည်း လူ များတို့ရှိရာသို့ ဆင်း ၍ ကြားပြော လေ၏။
Tip: use the ← and → keys to turn chapters.