出エジプト記 32
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1民はモーセが山から下りて来るのが遅いのを見て、アロンのもとに集まり、言った。「さあ、私たちに先立って行く神々を造ってください。私たちをエジプトの地から導き上ったあのモーセが、どうなったのか分かりません。」
1မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
2アロンは彼らに言った。「あなたがたの妻や息子、娘たちの耳にある金の環を外し、私のところに持って来なさい。」
2အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
3民は皆、自分たちの耳にある金の環を外し、アロンのところに持って来た。
3လူ အပေါင်း တို့သည် မိမိ တို့နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ အာရုန် ထံသို့ ဆောင် ခဲ့ကြ၏။
4アロンは彼らから金を受け取り、彫刻具で型を作って、鋳造した子牛を造った。彼らは言った。「イスラエルよ、これがあなたをエジプトの地から導き上った神々だ。」
4အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
5アロンはこれを見て、その前に祭壇を築き、「明日は主への祭りである」と布告した。
5အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
6彼らは翌日早く起き、全焼のいけにえをささげ、和解のいけにえを持って来た。民は座って飲み食いし、立ち上がって遊んだ。
6နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
7主はモーセに言われた。「すぐに下りなさい。あなたがエジプトの地から導き上った民は堕落した。
7ထာဝရဘုရား က၊ သင်သည် ဆင်း သွား လော့။ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော သင် ၏ လူ တို့သည် ဖေါက်ပြန် ကြပြီ။
8彼らは、わたしが彼らに命じた道から早くも外れてしまった。彼らは自分たちのために鋳造した子牛を造り、それを拝み、それにいけにえをささげて、『イスラエルよ、これがあなたをエジプトの地から導き上った、あなたの神々である』と言っている。」
8ငါမှာ ထားသော လမ်း မှ အလျင်အမြန် လွှဲ သွား၍၊ နွားသငယ် ရုပ် ကို သွန်း ပြီးလျှင် ၊ အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပူဇော် ကိုးကွယ် ကြပြီဟူ၍၎င်း၊
9主はモーセに言われた。「わたしはこの民を見た。見よ、彼らはうなじの固い民である。
9ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
10今、わたしを放っておきなさい。わたしの怒りは彼らに向かって燃え上がり、彼らを滅ぼし尽くす。わたしはあなたを大いなる国民とする。」
10သို့ဖြစ်၍ ငါ့ ကို ရှိ စေတော့။ ငါသည် အမျက် ပြင်းစွာထွက်၍ သူ တို့ကို ဖျက်ဆီး မည်။ သင့် ကိုကား ကြီး သော အမျိုး ဖြစ် စေမည်ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
11モーセは自分の神、主に懇願した。「主よ、なぜあなたの怒りが、大いなる力と力強い手によってエジプトの地から導き出されたご自分の民に向かって燃え上がるのですか。
11မောရှေ ကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုး အားကြီး သော လက် နှင့် အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ကိုယ်တော် ၏ လူ တို့ကို ၊ အဘယ် ကြောင့်အမျက် ပြင်းစွာထွက်တော်မူသနည်း။
12なぜエジプト人に、『神は悪意をもって彼らを導き出し、山で殺し、地の面から滅ぼし尽くした』と言わせるのですか。激しい怒りをおさめ、ご自分の民に下そうとする災いを思い直してください。
12အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
13あなたのしもべであるアブラハム、イサク、イスラエルを思い出してください。あなたはご自身にかけて彼らに誓い、『わたしはあなたがたの子孫を空の星のように増やし、わたしが語ったこのすべての地をあなたがたの子孫に与え、彼らはそれを永遠に受け継ぐであろう』と言われました。」
13ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
14それで主は、ご自分の民に下すと言われた災いを思い直された。
14ထာဝရဘုရား သည် မိမိ လူ တို့အား အပြစ် ပေးမည်အကြံကို နောင်တရ တော်မူ၏။
15モーセは向き直り、あかしの板二枚を手に持って山から下りた。その板は両面に字が書かれていた。片面にも、もう片面にも書かれていた。
15မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် ယူလျက်၊ လှည့် ၍ တောင် ပေါ်က ဆင်း သွားလေ၏။ ထို ကျောက်ပြားနှစ် မျက်နှာ ၌ အက္ခရာတင် လျက် ရှိ၏။
16その板は神の作であり、その字は板に彫られた神の文字であった。
16ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်း တော်မူသောကျောက် ပြား၊ စာ သည်လည်း ဘုရား သခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
17ヨシュアは民の叫ぶ声を聞き、モーセに言った。「陣営から戦いの声が聞こえます。」
17လူ များ ကြွေးကြော် သံ ကို ယောရှု သည်ကြား လျှင် ၊ တပ် ၌ စစ်တိုက် သံ ကို ကြားပါသည်ဟု မောရှေ အား ဆို ၏။
18モーセは言った。「勝利を叫ぶ声でも、敗北を嘆く声でもない。私に聞こえるのは歌声だ。」
18မောရှေကလည်း၊ ငါ ကြား သော အသံသည် အောင် ၍ ကြွေးကြော် သံ မဟုတ် ၊ ရှုံး ၍ ငိုကြွေး သံ လည်း မဟုတ် ၊ သီချင်းဆို သံ ဖြစ်သတည်းဟု ပြန်ပြော ၏။
19彼は陣営に近づくとすぐに、子牛と踊りを見た。するとモーセの怒りは激しく燃え上がり、彼は手から板を投げつけ、山のふもとでそれを砕いた。
19တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
20彼は彼らが造った子牛を取り、火で焼き、細かく砕いて粉にし、水の上にまき散らし、イスラエルの子らに飲ませた。
20သူတို့လုပ် သော နွား သငယ်ကိုလည်း ယူ ၍ အရည်ကျို ၏။ ညက်ညက်ခြေ ပြီးမှ ရေ ပေါ် မှာ ဖြူး ၍ ဣသရေလ အမျိုးသား တို့ကို သောက် စေ၏။
21モーセはアロンに言った。「この民があなたに何をしたので、あなたは彼らに大きな罪をもたらしたのか。」
21အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
22アロンは言った。「我が主よ、怒らないでください。この民が悪に傾いていることは、あなたもご存じです。
22အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
23彼らは私に言いました。『私たちのために、私たちの先頭に立って行く神々を造ってください。私たちをエジプトの地から導き上ったあのモーセという人が、どうなってしまったのか分からないからです。』
23သူတို့ကလည်း ၊ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သောသူ ၊ ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု အကျွန်ုပ် အား ပြော ဆိုကြလျှင်၊
24そこで私は、『金を持っている者は外しなさい』と言いました。彼らが私に渡したので、火に投げ入れると、この子牛が出て来たのです。」
24အကျွန်ုပ်က၊ ရွှေ ရှိသောသူ သည် ချွတ် စေဟုဆို သည်နှင့် အညီ၊ သူတို့ပေးသော ရွှေ ကို အကျွန်ုပ်သည် မီး ထဲ၌ ထည့် လျှင် ၊ ဤ နွား သငယ်ထွက် လာပါသည်ဟု ပြန်ပြော ၏။
25モーセは、民が抑えを失っているのを見た。アロンが彼らを放縦にし、敵の物笑いにしてしまったのである。
25ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
26その時、モーセは陣営の入り口に立って言った。「主の側につく者は誰でも、私のところに来なさい!」 すると、レビのすべての子らが彼のもとに集まった。
26တပ် တံခါးဝ မှာ ရပ် လျက် ၊ ထာဝရဘုရား ဘက် ၌ အဘယ်သူ နေသနည်း။ ငါ့ ထံသို့ လာစေဟုဆို လျှင် ၊ လေဝိ အမျိုးသား အပေါင်း တို့သည် သူ့ ထံ ၌ စည်းဝေး ကြ၏။
27モーセは彼らに言った。「イスラエルの神、主はこう言われる。『各自、剣を腰に帯び、陣営の門から門へ行き巡り、兄弟、友、隣人を討て。』」
27မောရှေကလည်း၊ လူတိုင်း ထား လွယ် လျက် တပ် တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင်ထုတ်ချင်းခပ်သွား ၍ ၊ အသီးအသီး မိမိ ညီအစ်ကို ၊ မိမိ အပေါင်း အဘော်၊ မိမိ အိမ်နီးချင်း ကိုသတ် စေဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု၊
28レビの子らはモーセの言葉通りにした。その日、民のうち約三千人が倒れた。
28မောရှေ စီရင် သည်အတိုင်း ၊ လေဝိ အမျိုးသား တို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူ သုံး ထောင် လောက် သေ ကြ၏။
29モーセは言った。「今日、主に仕えるため自らを聖別しなさい。あなたがたは息子や兄弟にさえ立ち向かった。今日、主があなたがたに祝福を与えられるためである。」
29တဖန် မောရှေ က၊ ထာဝရဘုရား သည် ယနေ့ ကောင်းကြီး ပေး တော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ် ညီအစ်ကို ကို ထိခိုက်သောအားဖြင့်၊ သင်တို့ သည် ယနေ့ ကိုယ်ကို ချီးမြှောက် ကြ ပြီးဟု ဆို လေ၏။
30翌日、モーセは民に言った。「あなたがたは大きな罪を犯した。今、私は主のもとに上って行く。もしかすると、あなたがたの罪のために贖いをすることができるかもしれない。」
30နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
31モーセは主のもとに戻って言った。「ああ、この民は大きな罪を犯し、自分たちのために金の神々を造りました。
31ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
32しかし今、どうか彼らの罪を赦してください。もし赦されないなら、あなたが書かれた書から、どうか私を消し去ってください。」
32သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
33主はモーセに言われた。「わたしに対して罪を犯した者は誰でも、わたしの書物から消し去る。
33ထာဝရဘုရား က၊ အကြင်သူ သည် ငါ့ ကို ပြစ်မှား ၏၊ ထိုသူ ၏ နာမကို ငါ့ စာရင်း ၌ ငါချေ မည်။
34今、行って、わたしが告げた場所へ民を導きなさい。見よ、わたしの使いがあなたの前を行く。しかし、わたしが罰する日には、彼らの罪を罰する。」
34သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
35主は民を打たれた。彼らが、アロンの造った子牛を拝んだからである。
35အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။
Tip: use the ← and → keys to turn chapters.