使徒の働き
Chapter 2
Freedom Bible (フリーダム・バイブル)

Read in

Smith–Van Dyck Arabic Bible (فان دايك)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Old Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1五旬節の日が来たとき、彼らは皆、心を一つにして同じ場所に集まっていました。
1ပင်တေကုတ္တေ ပွဲနေ့ ရောက် သောအခါ ထိုသူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းစည်းဝေး ၍နေ ကြ၏
2すると突然、激しい風が吹きつけるような音が天から起こり、彼らが座っていた家全体に響き渡りました。
2ထိုအခါ လေ ပြင်း မုန်တိုင်းကဲ့သို့သော အသံ သည်တခဏခြင်း တွင် ကောင်းကင် မှ လာ၍၊ ထိုသူ တို့ နေ ထိုင်သောအိမ် ကိုဖြည့် လေ၏။
3また、炎のような舌が現れて分かれ、一人一人の上にとどまりました。
3ထိုခဏခြင်းတွင်ကွဲပြား သော လျှာ တို့သည်မီး လျှာကဲ့သို့ ထင်ရှား ၍ ၊ ထိုသူ အသီးသီး တို့အပေါ် ၌တည်နေကြ၏။
4皆が聖霊に満たされ、聖霊が語らせるままに、ほかの言語で話し始めました。
4ထိုသူအပေါင်း တို့သည်လည်း သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့် ၍၊ ဝိညာဉ် တော်သည်ဟောပြော သော အခွင့်ကို ပေး တော်မူသည်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြော ကြ၏။
5さて、エルサレムには、天下のあらゆる国から来た敬虔なユダヤ人たちが住んでいました。
5ထို ကာလအခါ၊ ကောင်းကင် အောက် တွင်ရှိ လေသမျှသောလူမျိုး ထဲက ဘုရားကိုရိုသေ သော ယုဒ လူတို့ သည် ယေရုရှလင် မြို့၌ တည်း နေကြသတည်း။
6この音が聞こえると大勢の人が集まって来ましたが、だれもが自分の言語で弟子たちが話すのを聞いたので、戸惑いました。
6ထို အသံ ကိုကြားရသောအခါ၊ လူများ တို့သည်စုဝေး လာကြလျှင်၊ အသီးသီး အခြားခြားသော မိမိ တို့ ဘာသာ စကားဖြင့် တမန်တော် တို့ဟောပြော သည်ကိုကြား ရ၍ မှိုင်တွေ လျက်ရှိနေကြ၏။
7人々は皆、驚き、不思議に思って互いに言いました。「見よ、話しているこの人たちは皆、ガリラヤ人ではないか。
7ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမော တွေဝေလျက်ရှိ၍၊ ယခု ဟောပြော သောသူအပေါင်း တို့သည် ဂါလိလဲ လူဖြစ် ကြသည် မ ဟုတ်လော။
8それなのに、私たち一人一人が、生まれ故郷の言語で聞いているのはどうしてだろう。
8သို့ဟုတ်လျှင်ငါ တို့သည် အသီးသီး မွေးဘွား ရာဌာန၏ ဘာသာ စကားများကို ကြား ရသည်ကား အဘယ်သို့ နည်း။
9私たちの中には、パルティア人、メディア人、エラム人がおり、メソポタミア、ユダヤ、カパドキア、ポントス、アジア、
9ပါသိ ပြည်မှစ၍ မေဒိ ပြည်၊ ဧလံ ပြည်၊ မေသောပေါဘာမိ ပြည်၊ ယုဒ ပြည်၊ ကပ္ပဒေါကိ ပြည်၊ ပုန္တု ပြည်၊ အာရှိ ပြည်၊
10フリギア、パンフィリア、エジプト、キレネに近いリビア地方から来た者もいる。また、ローマからの滞在者であるユダヤ人と改宗者、
10ဖြူဂိ ပြည်၊ ပမ်ဖုလိ ပြည်၊ အဲဂုတ္တု ပြည်၌နေသောသူ၊ ကုရေနေ မြို့နှင့်စပ်သော လိဗု ကျေးလက် ၌ နေသော သူ၊ ရောမ မြို့မှလာသောဧည့်သည် များ၊ ယုဒ လူဖြစ်စေ ၊ ဘာသာဝင် ဖြစ်စေ၊
11クレタ人やアラビア人もいる。それなのに、あの人たちが神の偉大なみわざを私たちの言語で語るのを聞いているのだ。」
11ကရေတေ ပြည်သား၊ အာရပ် ပြည်သား၊ အသီးအသီးဖြစ်ကြသောငါတို့အားဤသူ များသည် ဘုရားသခင် ၏ အံ့ဘွယ် သောအမှုတို့ကို ငါ တို့အမျိုးဘာသာ စကားဖြင့် ဟောပြော ကြသည်ကိုကြား ရပါသည်တကားဟု အချင်းချင်းပြောဆို ကြ၏။
12人々は皆、驚いて途方に暮れ、「これはいったいどういうことだろう」と互いに言いました。
12ထိုလူအပေါင်း တို့သည် မိန်းမော တွေးတော သောစိတ်ရှိသည်နှင့် ၊ ဤအမှုအရာသည်အဘယ်သို့ သော အမှုအရာဖြစ် သနည်းဟု တစ် ယောက်ကိုတစ်ယောက်ပြောဆို ကြ၏။
13しかし、ほかの者たちはあざけって、「あの者たちは新しいぶどう酒に酔っているのだ」と言いました。
13လူအချို့ တို့က၊ ဤသူတို့ သည်ချိုသောစပျစ်ရည် နှင့် ပြည့်ဝ သည်ဟု ကဲ့ရဲ့ ပြောဆို ကြ၏။
14そこでペテロは十一人と共に立ち上がり、声を張り上げて人々に語りかけました。「ユダヤの人たち、またエルサレムに住むすべての方々、このことを知り、私の言葉に耳を傾けてください。
14ထိုအခါတကျိပ် တပါးသော တမန်တော်တို့နှင့်တကွ ပေတရု သည်ထ လျက် ၊ ထိုသူ တို့ကို ကျယ်သော အသံ နှင့်ဟောပြော သည်ကား၊ ယေရုရှလင် မြို့သား တို့နှင့် ယုဒ လူ အပေါင်း တို့၊ သင် တို့သည် ဤ အရာကို သိမှတ် ၍ ငါ့ စကား ကိုစေ့စေ့နာခံ ကြလော့။
15今はまだ午前九時ですから、 この人たちは、あなたがたが思っているように酔っているのではありません。
15ယခုအချိန်ကားနံနက် တချက်တီး အချိန် သာရှိသည် ဖြစ်၍ ၊ သင် တို့ထင် သည်အတိုင်း ဤသူ တို့သည် ယစ်မူး ကြသည်မ ဟုတ်။
16これは預言者ヨエルを通して語られたことです。
16ဤ အရာကားပရောဖက် ယောလ ဟော ဘူးသောအရာ ဖြစ် သတည်း။
17『終わりの日々に、こうなると神は言われる。 私はすべての人に私の霊を注ぐ。 あなたがたの息子や娘は預言し、 若者は幻を見、 老人は夢を見る。
17ဟောဘူးအချက်ကား၊ နောင် ကာလ ၌ လူမျိုး တကာ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကိုငါသွန်းလောင်း မည်။ သင် တို့၏သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက် ငယ်သောသူ တို့သည် ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။ အသက်ကြီး သောသူ တို့သည်လည်း နိမိတ်အိပ်မက် တို့ကိုမြင်မက် ရ ကြလိမ့်မည်။
18その日々には、私のしもべにも、はしためにも、 私の霊を注ぐ。すると彼らは預言する。
18ထိုကာလ ၌ လည်း ငါ ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမ တို့အပေါ်သို့ ငါ ၏ဝိညာဉ် တော်ကို ငါ သွန်းလောင်း ၍၊ သူတို့သည် ပရောဖက် ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
19私は上では空に不思議なことを、 下では地にしるしを示す。 血と火と、立ち上る煙である。
19အထက် မိုးကောင်းကင် ၌ အံ့ဘွယ် သောအရာတို့ကို၎င်း ၊ အောက် အရပ်မြေကြီး ပေါ်၌ သွေး ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောပုပ္ပ နိမိတ်တို့ကို၎င်း ငါပြ မည်။
20主の大いなる輝かしい日が来る前に、 太陽は闇に、 月は血に変わる。
20ထာဝရ ဘုရား၏ ထူးမြတ် သောနေ့ ကြီး မတိုင်မှီ ၊ နေ သည်မှောင်မိုက် အတိဖြစ်လိမ့်မည်။ လ သည်လည်း သွေး ဖြစ်လိမ့်မည်။
21そのとき、主の名を呼び求める者は、だれでも救われる。』
21ထိုအခါထာဝရ ဘုရားကို ပဌနာ ပြုသောသူ ရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရား ဗျာဒိတ် တော်ရှိ၏။
22イスラエルの人たち、この言葉を聞いてください。ナザレのイエスは、神によってあなたがたに示された方です。神がこの方を通してあなたがたの間で行われた力あるわざ、不思議、しるしが、その証しです。これはあなたがた自身が知っているとおりです。
22ဣသရေလ လူ တို့၊ ငါ့စကား ကိုနားထောင် ကြလော့။ သင်တို့သိ ကြသည့်အတိုင်း နာဇရက် မြို့သားယေရှု သည် ထူးဆန်းသောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု ရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသောသက်သေ ကို ရသောသူ ဖြစ်၍၊
23このイエスが、神の定められた計画と予知によって引き渡されたとき、あなたがたは律法を持たない者たちの手を借りて十字架につけ、殺しました。
23ဘုရားသခင် ပြဌာန်း တော်မူသော အလို တော်အားဖြင့်၎င်း ၊ အနာဂတံသဉာဏ် တော်အားဖြင့် ၎င်း၊ အပ်နှံ ခြင်းကိုခံသော ထို ယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရား သော သူတို့လက် ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက် ၍ ကွပ်မျက် ကြပြီ။
24しかし神は、イエスを死の苦しみから解き放って復活させられました。イエスが死に捕らわれたままでいることはあり得なかったからです。
24ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။
25ダビデはこの方についてこう言っています。 『私はいつも目の前に主を見ていた。 主が私の右におられるので、私は揺るがない。
25ထိုသူ ကိုအကြောင်းပြုလျက် ဒါဝိဒ် မင်းက၊ ငါ သည်ထာဝရဘုရား ကို အစဉ်မပြတ် မျက်မှောက် ပြု၏။ အကြောင်းမူကား ငါ့ လက်ျာ ဘက်၌ တည်ရှိ တော်မူသည်ဖြစ်၍ငါသည်လှုပ်ရှား ခြင်းမ ရှိရ။
26それゆえ、私の心は喜び、舌は歓声を上げた。 さらに、私の肉体も希望のうちに住む。
26ထိုကြောင့် ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊ ငါ့ ဝိညာဉ် သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထိုမှတပါး ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။
27あなたは私の魂をハデスに置き去りにせず、 あなたの聖なる方が朽ちるのをお許しにならないからだ。
27အကြောင်းမူကား ၊ ကိုယ်တော်သည်အကျွန်ုပ် ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏သန့်ရှင်း သောသူ အားလည်း ပုပ်စပ် ခြင်းကိုရှိ စေတော်မ မူဘဲလျက်၊ အသက် ရှင်ခြင်းလမ်း ကို ပြညွှန် တော်မူလိမ့်မည်။
28あなたは私に命の道を知らせてくださった。 あなたの御前で、私を喜びに満たしてくださる。』
28မျက်နှာ တော်ကို ဖူးမြင်ရသောအားဖြင့်ဝမ်းမြောက် သောစိတ်နှင့် အကျွန်ုပ် ကိုပြည့်စုံ စေတော်မူလိမ့်မည်ဟုဒါဝိဒ်ဆို သတည်း။
29兄弟たち。族長ダビデについては、はっきり申し上げることができます。彼は死んで葬られ、その墓は今日まで私たちのもとにあります。
29ညီအစ်ကို တို့၊ အမျိုး၏အဘ ဖြစ်သော ဒါဝိဒ် ၏အကြောင်း ကို ငါသည် သင် တို့အား အတည့်အလင်း ပြော ပါရစေ ။ ထို ဒါဝိဒ်သည် သေ ၍ သင်္ဂြိုဟ် သောတွင်း သည် ယခု တိုင်အောင် ငါ တို့၌ ရှိ ၏။
30ダビデは預言者であり、神が彼に、肉による彼の子孫からキリストを起こして王座に着かせると誓われたことを知っていました。
30ထို သူသည် မိမိ အမျိုးအနွယ်ထဲက လူဇာတိ အားဖြင့် ခရစ်တော် ကို ဘုရားသခင် ထမြောက်စေ၍ မိမိ ပလ္လင် ပေါ်မှာ တင် တော်မူမည်အကြောင်း ဓိဋ္ဌာန် ကျိန်ဆို တော်မူသည်ကို ပရောဖက် ဥာဏ်အားဖြင့်သိ ၍၊
31それで彼は先を見通し、キリストの復活について、キリストの魂はハデスに置き去りにされず、 その肉体は朽ちなかった、と語ったのです。
31ခရစ်တော် ၏ထမြောက် ခြင်းအကြောင်း ကိုရည်မှတ် လျက်၊ ထိုခရစ်တော်၏စိတ်ဝိညာဉ်ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ အသား သည်လည်း ပုပ်စပ် ခြင်းသို့မ ရောက် ဟု အနာဂတံသဥာဏ်နှင့် ဟော လေ၏။
32神はこのイエスを復活させられました。私たちは皆、その証人です。
32ထို ယေရှု ကို ဘုရားသခင် ထမြောက် စေတော်မူသည်ကို ငါ တို့ရှိသမျှ သည် သက်သေခံ ဖြစ် ကြ၏။
33それでイエスは神の右に上げられ、約束の聖霊を父から受けて、今あなたがたが見聞きしているものを注いでくださったのです。
33ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။
34ダビデは天に上ったのではありません。それでも彼自身がこう言っています。 『主は私の主に言われた。「私の右に座っていなさい。
34ဒါဝိဒ် သည် ကောင်းကင် သို့ မ တက် သေး၊
35私があなたの敵を、あなたの足台とするまで。」』
35သို့ရာတွင် ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ ခြေ တင်ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု ငါ့ သခင် အားမိန့် တော်မူသည်ဟု ဒါဝိဒ် စကားရှိ၏။
36ですから、イスラエルの全家よ、はっきり知ってください。あなたがたが十字架につけたこのイエスを、神は主ともキリストともされたのです。」
36ထို့ကြောင့် သင် တို့သည်လက်ဝါးကပ်တိုင် မှာ ကွပ်မျက်သောယေရှု ကိုဘုရားသခင် သည် ခရစ်တော် ၌ ၎င်း ၊ အစိုးရသောအရှင် အရာ၌၎င်း ခန့်ထား တော်မူသည်အကြောင်း ကို ဣသရေလ အမျိုးသား အပေါင်း တို့ အတပ် အမှန် သိမှတ် ကြလော့ဟု ပေတရုဟောလေ၏။
37人々はこれを聞くと心を刺され、ペテロとほかの使徒たちに言いました。「兄弟たち、私たちはどうすればよいのですか。」
37ထိုသူတို့သည်ကြား ရလျှင် စိတ် နှလုံးပူပန် ခြင်းရှိ၍၊ ညီအစ်ကို တို့၊ အဘယ်သို့ ပြု ရပါမည်နည်းဟု ပေတရု မှစ၍ အခြား သောတမန်တော် တို့အား မေးမြန်း ကြ၏။
38ペテロは彼らに言いました。「悔い改めなさい。そして罪が赦されるために、一人一人、イエス・キリストの名によってバプテスマを受けなさい。そうすれば、聖霊という賜物を受けます。
38ပေတရု ကလည်း ၊ သင် တို့၏အပြစ် ကိုလွတ် စေခြင်းငှာ နောင်တရ ၍ တစ်ယောက်မျှမကြွင်း၊ ယေရှု ခရစ် ၏ နာမ ၌ ဗတ္တိဇံ ကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်း သောဝိညာဉ် တော်တည်းဟူသောဆုကျေးဇူး တော်ကို ခံရ ကြလိမ့်မည်။
39この約束は、あなたがたと、その子どもたち、また遠くにいるすべての人、すなわち、私たちの神である主がご自分のもとに召されるすべての人に与えられているからです。」
39အကြောင်းမူကား ၊ ဂတိ တော်သည် သင် တို့နှင့်၎င်း ၊ သင် တို့၏သားသမီး တို့နှင့် ၎င်း၊ ဝေး သော သူ တို့တွင် ငါ တို့၏ဘုရားသခင် ထာဝရ ဘုရား ခေါ် တော်မူသမျှ သောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော ၏။
40ペテロはほかにも多くの言葉で証しし、「この曲がった世代から救われなさい」と勧めました。
40ထိုမှတစ်ပါးသဘော မဖြောင့်သော ဤ အမျိုး မှ ကယ်တင် ခြင်းသို့ ရောက်ကြလော့ဟူ၍အထူးထူး အပြားပြားသောစကား နှင့် သက်သေခံ ၍ တိုက်တွန်း သွေးဆောင် လေ၏။
41そこで、喜んで彼の言葉を受け入れた人々はバプテスマを受け、その日、およそ三千人が仲間に加えられました。
41ထိုစကား ကို အသင့်နှလုံး သွင်းမိသော သူ တို့သည် ဗတ္တိဇံ ကိုခံ၍ ၊ ထို နေ့ ၌ အရေအတွက်အားဖြင့်သုံးထောင် မျှလောက် သော သူ တို့သည်ဝင် ကြ၏။
42彼らは使徒たちの教えと交わり、パンを裂くことと祈りを、ひたすら続けました。
42ထိုသူများသည် တမန်တော် တို့၏ ဆုံးမ ဩဝါဒကိုခံခြင်း၊ အပေါင်း အသင်းဖွဲ့ခြင်း၊ မုန့် ကိုဖဲ့ ခြင်း၊ ပဌာနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက် ၍နေကြ၏။
43すべての人の心に恐れが生じ、使徒たちを通して多くの不思議としるしが行われました。
43လူ အပေါင်း တို့သည်ကြောက်လန့် ခြင်းရှိသည်ဖြစ် ၍ တမန်တော် တို့သည် များစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြု ကြ၏။
44信じた人たちは皆一緒にいて、すべての物を共有していました。
44ယုံကြည် သော သူ အပေါင်း တို့သည် တစုတဝေး တည်းနေ ကြသဖြင့်၊ မိမိတို့၌ရှိသမျှ ကိုဆက်ဆံ ၍ သုံးဆောင်ကြ၏။
45そして財産や持ち物を売り、それぞれの必要に応じて皆に分け与えました。
45မိမိတို့ဥစ္စာ ပစ္စည်း များကိုရောင်း ပြီးလျှင်၊ လူများ ဆင်းရဲ သည်အတိုင်း အသီးအသီး တို့အား ဝေငှ ခြင်းကို ပြု ကြ၏။
46彼らは毎日、心を一つにして神殿に集まり続け、家々でパンを裂き、喜びと真心をもって食事を共にし、
46ထိုသူတို့သည်လည်း ဗိမာန် တော်၌ နေ့တိုင်း အစဉ်တစ် ညီတစ်ညွတ်တည်းနေ ၍ ၊ ကိုယ်အိမ် ၌ မုန့် ကိုဖဲ့ လျက် ကြည်ဖြူ ရွှင်လန်း ဝမ်းမြောက်သောစိတ် နှင့် အစာ အာဟာရကိုသုံးဆောင် ကြ၏။
47神を賛美し、民全体から好意を持たれていました。主は救われる人々を毎日、集会に加えてくださいました。
47ဘုရားသခင် ကိုလည်း ချီးမွမ်း ၍ လူ အပေါင်း တို့ရှေ့ မှာ မျက်နှာ ပွင့်လန်းခြင်း အခွင့်ကိုရ ကြ၏။ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့ကိုလည်း နေ့စဉ်မပြတ်သခင် ဘုရားသည် သင်းဝင်စေတော်မူ၏။

Tip: use the ← and → keys to turn chapters.