使徒の働き 28
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1無事に逃れた後、人々は その島がマルタと呼ばれていることを知りました。
1ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်း ကား မေလိတေ ကျွန်းဖြစ် သည်ကို သိ ကြ၏။
2島の人々は、私たちに並々ならぬ親切を示してくれました。雨が降って寒かったので、火をたいて、私たち全員を迎えてくれたのです。
2မိုဃ်းရွာ ၍ ချမ်း သောကြောင့် လူရိုင်း တို့သည် မီး မွေးပြီးလျှင်၊ ငါ တို့အပေါင်း ကို လက်ခံ ၍ အထူးသဖြင့်ကျေးဇူး ပြုကြ၏။
3パウロが一束の枯れ枝を集めて火にくべると、熱のために一匹の毒蛇が出て来て、彼の手にかみつきました。
3ပေါလု သည် ထင်း ကိုစုသိမ်း ၍ မီး ပေါ်မှာ ထည့် စဉ်တွင်၊ မြွေဆိုး သည်မီး ငွေ့ထဲက ထွက် ၍ ပေါလု ၏ လက် ကို တွယ် လျက်နေ၏။
4島の人々は、その生き物がパウロの手からぶら下がっているのを見て、互いに言いました。「この男はきっと人殺しだ。海からは逃れたものの、正義の女神は彼を生かしておかなかった。」
4ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။
5しかしパウロは、その生き物を火の中に振り落とし、何の害も受けませんでした。
5ပေါလုသည်မြွေ ကိုမီး ထဲသို့ ခါချ ၍ အဘယ် ဘေး မျှမသင့် ။
6人々は、彼の体が腫れ上がるか、突然倒れて死ぬだろうと待っていました。しかし長い間見ていても何の異変も起こらなかったので、考えを変え、彼は神だと言いました。
6သူသည်တစ်ကိုယ်လုံးရောင် မည်၊ တခဏခြင်း တွင်လဲ ၍သေ မည်ဟု ထိုသူ တို့သည်ကြာမြင့် စွာ ငံ့လင့် သော်လည်း၊ သူ ၌မကောင်းသော အပြစ် တစ်စုံတစ်ခုကိုမျှ မ မြင် လျှင် သဘော ပြောင်းလဲ၍ ဤသူ ကားနတ် ဘုရား ဖြစ် သည်ဟု ဆို ကြ၏။
7さて、その場所の近くに、島の長官でプブリオという人の土地がありました。彼は私たちを迎え、三日間、心を込めてもてなしてくれました。
7ထို အရပ် နှင့်မ နီးမဝေးပုဗလိ အမည် ရှိသောကျွန်း သူကြီး ၏ နေရာ ရှိ ၏။ ထို သူကြီးသည် ငါ တို့ကိုလက်ခံ ၍၊ သုံး ရက် ပတ်လုံးကောင်းမွန်စွာ လုပ်ကျွေး ပြုစုလေ၏။
8そのとき、プブリオの父が熱病と赤痢を患い、床についていました。パウロは彼のところに入って祈り、手を置いて癒やしました。
8ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။
9このことがあってから、島で病気を患っていたほかの人々もやって来て、治してもらいました。
9ဤသို့ ပြု သောကြောင့်၊ ထိုကျွန်း ၌ အနာ ရောဂါစွဲ သောအခြား သူရှိသမျှတို့သည် လာ ၍ ချမ်းသာ ခြင်းကို ရကြ၏။
10人々は私たちに数々の敬意を示し、船出するときには必要な物を船に積んでくれました。
10ထိုသူ တို့သည် များစွာ သော လက်ဆောင် တို့ကို ပေး ၍ ၊ ငါ တို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာ များကို လည်း သင်္ဘောပေါ်သို့တင် ကြ၏။
11三か月後、私たちはその島で冬を越したアレクサンドリアの船で出航しました。その船の船首像は「双子の兄弟」でした。
11သုံး လ လွန် လျှင်၊ နတ်သား အမြွာတို့၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်း ကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိ သင်္ဘော ကိုငါတို့သည် စီး ပြန်၍၊
12シラクサに寄港し、そこに三日間滞在しました。
12သုရကုတ် မြို့သို့ ဆိုက် လျှင် သုံး ရက် နေ ကြ၏။
13そこから回り込んでレギオンに着きました。一日たつと南風が吹き始め、二日目にはポテオリに着きました。
13ထိုမြို့မှ လွှင့်ပြန်၍ ဝိုက် သွားသဖြင့်၊ ရေဂျုန် မြို့ သို့ ရောက် ၍ တစ် ရက် နေပြီးမှ တောင် လေလာ သောကြောင့်၊ နှစ် ရက်တွင်ပေါတယောလိ မြို့သို့ ရောက် ကြ၏။
14そこで兄弟たちに会い、 七日間滞在するよう頼まれました。こうして私たちはローマに着きました。
14ထိုမြို့၌ ညီအစ်ကို အချို့တို့ကိုတွေ့ ၍ ခုနစ် ရက် နေ ကြပါဟု သူ တို့သည်တောင်းပန် သည် အတိုင်းနေပြီးမှ၊ ရောမ မြို့သို့ ခရီးသွား ကြ၏။
15ローマの兄弟たちは私たちのことを聞き、アピオの市場と三軒宿まで迎えに来てくれました。パウロは彼らを見ると神に感謝し、勇気づけられました。
15ရောမမြို့သားညီအစ်ကို တို့သည် ငါ တို့လာကြောင်း ကို ကြားသိ လျှင်၊ ခရီးဦးကြိုပြု အံ့သောငှာ အချို့တို့ သည် အပ္ပိ ဈေး တိုင်အောင် ၎င်း ၊ အချို့တို့သည် သုံး စရပ် တိုင်အောင်၎င်းလာ ကြ၏။ ပေါလု သည် ထိုသူ တို့ကို မြင် လျှင်၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၍ စိတ်သက်သာ ခြင်းသို့ ရောက်လေ၏။
16私たちがローマに入ると、百人隊長は囚人たちを近衛隊長に引き渡しました。しかしパウロは、自分を見張る兵士一人と共に、別に暮らすことを許されました。
16ရောမ မြို့သို့ ရောက် ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလု သည်မိမိ ကိုစောင့် သောစစ်သူရဲ တစ်ယောက်နှင့်အတူ မိမိ အလိုအလျောက်နေ ရသော အခွင့် ကိုရ၏။
17三日後、パウロはユダヤ人の主だった人々を呼び集めました。彼らが集まると、パウロは言いました。「兄弟たち。私は、民にも父祖たちの慣習にも何一つ逆らうことをしていないのに、エルサレムで囚人としてローマ人の手に引き渡されました。
17သုံးရက် လွန် သောအခါ ၊ ပေါလု သည် ယုဒ လူ အကြီးအကဲ တို့ကို ခေါ် ၍စုဝေးစေပြီးလျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည်ယုဒလူမျိုး ကို မ ပြစ်မှား ၊ မိ စဉ်ဘဆက်ကျင့်သောထုံးတမ်း ကို မပယ်သောသူဖြစ် လျက်ပင်၊ ယေရုရှလင် မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်း ထား၍ ရောမ လူတို့ လက် သို့ အပ်လိုက် ကြ၏။
18ローマ人は私を取り調べた後、私に死刑の理由がないので釈放しようとしました。
18ရောမလူ တို့သည် အကျွန်ုပ် ကိုစစ်ကြော ပြီးမှ၊ သေ ထိုက်သော အပြစ် တစ်စုံတစ်ခု ကိုမျှ မတွေ့ သဖြင့် လွှတ် ခြင်းငှာအလိုရှိ ကြ၏။
19しかしユダヤ人たちが反対したため、私はカエサルに上訴せざるを得ませんでした。自分の国民を訴える理由があったわけではありません。
19ထိုအလိုကိုယုဒ လူတို့သည် ဆီးတား သောအခါ ၊ ကဲသာ ဘုရင်၏ အယူ တော်ခံပါမည်ဟုအကျွန်ုပ်ဆို ရ၏။ ထိုသို့ဆိုသော်အမျိုးသား ချင်းတို့ကို အပြစ်တင် စရာ တစ်စုံတစ်ခုရှိ သောကြောင့်ဆိုသည်မ ဟုတ်။ ထိုကြောင့် သင် တို့ကိုမြင် ၍ နှုတ်ဆက် ခြင်းငှာအကျွန်ုပ်ခေါ် ပါပြီ။
20そのようなわけで、あなたがたに会って話をしたいと願いました。私はイスラエルの望みのために、この鎖につながれているのです。」
20ဣသရေလ အမျိုး၏မြော်လင့် ရာအတွက် ကြောင့်၊ အကျွန်ုပ်သည် ဤ သံကြိုး နှင့်ချည်နှောင် ခြင်းကို ခံရပါ၏ဟု ပြောဆို လျှင်၊
21彼らはパウロに言いました。「私たちは、あなたについての手紙をユダヤから受け取っていません。また、兄弟たちのだれもここへ来て、あなたについて悪いことを報告したり、話したりしてはいません。
21ထိုသူတို့က၊ သင် ၏အကြောင်း ကို ကြားလိုက်သောစာ ကို ယုဒ ပြည်မှ အကျွန်ုပ် တို့မ ရ ကြ။ ထိုပြည်မှ လာ သော ညီအစ်ကို တို့တွင် အဘယ်သူ မျှ သင် ၌ အပြစ် ရှိကြောင်း ကို မ ကြား မပြောပါ။
22ただ、あなたがどのように考えているのか、直接聞きたいと思います。この一派については、至る所で反対されていると承知しています。」
22သို့သော်လည်းဤ ဘာသာ သည် အရပ်ရပ် တို့၌ ကဲ့ရဲ့ အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ် သည်ကို အကျွန်ုပ် တို့သိ ကြသည်ဖြစ်၍သင်၏အယူဝါဒ ကို သင် သည် ကိုယ်တိုင် ဖေါ်ပြသောစကား ကို အကျွန်ုပ်တို့သည် နားထောင်သင့် သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
23そこで彼らは日を決め、その日にはさらに大勢の人がパウロの宿に来ました。パウロは朝から晩まで、神の国について説明して証しし、モーセの律法と預言者たちの書から、イエスについて彼らを説得しようとしました。
23နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။
24語られたことを信じる人もいれば、信じない人もいました。
24အချို့ တို့သည် ပေါလု ၏စကားကို ယုံ ကြ၏။ အချို့ တို့သည် မ ယုံဘဲနေကြ၏။
25互いに意見が一致しなかったので、彼らは帰り始めました。そのときパウロは一言、こう述べました。「聖霊は預言者イザヤを通して、私たちの父祖に正しく語られました。
25ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊
26こう言っておられます。 『この民のところへ行って言いなさい。 あなたがたは聞くには聞くが、 決して理解しない。 見るには見るが、 決して悟らない。
26သင်တို့သည် ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲ မြင် ကြလိမ့်မည်ဟု ထို လူမျိုး ရှိရာသို့ သွား ၍ပြော လော့။
27この民の心は鈍くなり、 耳は聞こえにくくなり、 目は閉じてしまった。 そうでなければ、彼らは目で見、 耳で聞き、 心で理解し、 立ち返るだろう。 そうすれば、私は彼らを癒やすのに。』
27အကြောင်းမူကား ၊ သူတို့မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့် မပြောင်းလဲသူ တို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်သူတို့၏ စိတ် နှလုံးသည် မိုက် လျက်၊ နား သည်ထိုင်း လျက်၊ ကိုယ် မျက်စိ ကိုပိတ် လျက် ရှိကြ၏ဟုငါ တို့ဘိုးဘေး များအား လျောက်ပတ်စွာ မိန့် တော်မူ၏။
28ですから、神のこの救いが異邦人に送られたことを知ってください。彼らは耳を傾けます。」
28ထိုကြောင့် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါး အမျိုးသားတို့အား ပေး လိုက် သည်ဖြစ်၍ ၊ သူ တို့သည်နားထောင် မည်အရာကို သင် တို့ သိမှတ် ကြလော့ဟု၊
29パウロがこの言葉を語り終えると、ユダヤ人たちは互いに激しく論じ合いながら立ち去りました。
29ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
30パウロは自分で借りた家に丸二年間住み、訪ねて来るすべての人を迎え入れ、
30ထိုနောက်မှပေါလုသည် နှစ် နှစ်ပတ်လုံး မိမိ ငှား သော အိမ်၌ နေ သဖြင့်၊ မိမိ ထံသို့ လာ သော သူ အပေါင်း တို့ကို ဧည့်ခံ ၍ ၊
31少しも妨げられることなく、あらん限りの大胆さをもって神の国を宣べ伝え、主イエス・キリストについて教えました。
31အဘယ်သူမျှမ မြစ်တားဘဲ၊ ဘုရားသခင် ၏ နိုင်ငံ တော် အကြောင်းကိုအတည့်အလင်း ဟောပြော ၍၊ သခင် ယေရှု ခရစ် ၏ အကြောင်း များကို သွန်သင် ပြသလျက်နေ၏။
Tip: use the ← and → keys to turn chapters.