יְחֶזְקֵאל 12
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי דבר יהוה אלי לאמר׃
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2בן אדם בתוך בית המרי אתה ישב אשר עינים להם לראות ולא ראו אזנים להם לשמע ולא שמעו כי בית מרי הם׃
2အချင်းလူသား ၊ သင် သည်ပုန်ကန် တတ်သော အမျိုး ထဲမှာ နေ ၏။ သူ တို့သည် မြင် ရသောမျက်စိ ရှိသော်လည်း မ မြင် တတ်။ ကြား ရသောနား ရှိသော်လည်း မ ကြား တတ်။ ပုန်ကန် တတ်သော အမျိုး ဖြစ်ကြ၏။
3ואתה בן אדם עשה לך כלי גולה וגלה יומם לעיניהם וגלית ממקומך אל מקום אחר לעיניהם אולי יראו כי בית מרי המה׃
3သို့ဖြစ်၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာ ပရိကံများကို ပြင်ဆင် ၍ ၊ နေ့ အချိန်၌ သူ တို့မျက်မှောက် တွင် ပြောင်း သွားလော့။ သူ တို့မျက်မှောက် တွင် အခြား တပါးသို့ နေရာ ပြောင်း လော့။ ပုန်ကန် တတ်သော အမျိုး ဖြစ်သော်လည်း ၊ သတိရ ကောင်းရကြ လိမ့်မည်။
4והוצאת כליך ככלי גולה יומם לעיניהם ואתה תצא בערב לעיניהם כמוצאי גולה׃
4နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။
5לעיניהם חתר לך בקיר והוצאת בו׃
5သူ တို့မျက်မှောက် ၌ အုတ်ရိုး ကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ် သွားလော့။
6לעיניהם על כתף תשא בעלטה תוציא פניך תכסה ולא תראה את הארץ כי מופת נתתיך לבית ישראל׃
6ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာထမ်း ၍ ထုတ် ရမည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရမည်။ အကြောင်း မူကား၊ သင့် ကို ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထား ပြီဟု မိန့်တော်မူသည်အတိုင်း၊
7ואעש כן כאשר צויתי כלי הוצאתי ככלי גולה יומם ובערב חתרתי לי בקיר ביד בעלטה הוצאתי על כתף נשאתי לעיניהם׃
7ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ ထုတ် ၍ ၊ ည အချိန်၌ အုတ်ရိုး ကို ကိုယ်လက် နှင့် တူးဖော် ပြီးမှ၊ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာ ထမ်း သွား၏။
8ויהי דבר יהוה אלי בבקר לאמר׃
8နံနက် အချိန်၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
9בן אדם הלא אמרו אליך בית ישראל בית המרי מה אתה עשה׃
9အချင်းလူသား ၊ ပုန်ကန် တတ်သော ဣသရေလ အမျိုး က၊ သင် သည်အဘယ် သို့ပြု သနည်းဟု သင့် အား မေး သည်ရှိသော်၊
10אמר אליהם כה אמר אדני יהוה הנשיא המשא הזה בירושלם וכל בית ישראל אשר המה בתוכם׃
10အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင် မြို့ကို အစိုးရ သော မင်း မှစ၍၊ ထိုမြို့၌ရှိသောဣသရေလ အမျိုးသား အပေါင်း တို့နှင့် ဆိုင်ပေ၏။
11אמר אני מופתכם כאשר עשיתי כן יעשה להם בגולה בשבי ילכו׃
11ငါ သည်သင် တို့၏ နိမိတ် လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြု ရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
12והנשיא אשר בתוכם אל כתף ישא בעלטה ויצא בקיר יחתרו להוציא בו פניו יכסה יען אשר לא יראה לעין הוא את הארץ׃
12သင်တို့၏ မင်း သည်လည်း ၊ မိမိ ပခုံး ၌ ထမ်း ၍ ညဦးယံ အချိန်၌ ထုတ် သွားရလိမ့်မည်။ ထုတ် သွားစရာဘို့ အုတ်ရိုး ကို တူးဖော် ရလိမ့်မည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရလိမ့်မည်။
13ופרשתי את רשתי עליו ונתפש במצודתי והבאתי אתו בבלה ארץ כשדים ואותה לא יראה ושם ימות׃
13ထိုမင်း ကိုလည်း ငါ ၏ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိ စေသည်။ ခါလဒဲ ပြည် ဗာဗုလုန် မြို့သို့ ဆောင်သွား မည်။ ထို မြို့၌ သေ ရသော်လည်း မြို့ ကို မ မြင် ရ။
14וכל אשר סביבתיו עזרה וכל אגפיו אזרה לכל רוח וחרב אריק אחריהם׃
14သူ့ ကိုမစ ခြင်းငှါဝိုင်း သောသူ တို့နှင့် တပ်သား အပေါင်း တို့ကို အရပ်ရပ် သို့ ဖြန့်ကြဲ မည်။ သူ တို့နောက် ၌ လည်း ထား ကို လွှတ် လိုက်မည်။
15וידעו כי אני יהוה בהפיצי אותם בגוים וזריתי אותם בארצות׃
15လူ အမျိုးမျိုးတို့တွင် ကွဲပြား စေ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
16והותרתי מהם אנשי מספר מחרב מרעב ומדבר למען יספרו את כל תועבותיהם בגוים אשר באו שם וידעו כי אני יהוה׃
16သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
17ויהי דבר יהוה אלי לאמר׃
17တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
18בן אדם לחמך ברעש תאכל ומימיך ברגזה ובדאגה תשתה׃
18အချင်းလူသား ၊ တုန်လှုပ် လျက် အစာ ကို စား လော့။ တုန်လှုပ် လျက် ၊ သတိ ပြုလျက် ရေ ကိုသောက် လော့။
19ואמרת אל עם הארץ כה אמר אדני יהוה ליושבי ירושלם אל אדמת ישראל לחמם בדאגה יאכלו ומימיהם בשממון ישתו למען תשם ארצה ממלאה מחמס כל הישבים בה׃
19အရှင် ထာဝရဘုရား သည် ဣသရေလ ပြည် ၊ ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စား ရကြမည်။ မိန်းမော တွေဝေလျက် ရေ ကို သောက် ရကြမည်။ ထိုသို့ သောအားဖြင့်၊ ပြည်သူ ပြည်သားအပေါင်း တို့ပြုသောအဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိ ပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
20והערים הנושבות תחרבנה והארץ שממה תהיה וידעתם כי אני יהוה׃
20လူနေ သောမြို့ တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံး ဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
21ויהי דבר יהוה אלי לאמר׃
21တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
22בן אדם מה המשל הזה לכם על אדמת ישראל לאמר יארכו הימים ואבד כל חזון׃
22အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။
23לכן אמר אליהם כה אמר אדני יהוה השבתי את המשל הזה ולא ימשלו אתו עוד בישראל כי אם דבר אליהם קרבו הימים ודבר כל חזון׃
23သို့ဖြစ်၍ ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထို စကားပုံ ကို ငါပျောက် စေမည်။ နောက် တဖန် ဣသရေလ အမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်း သော ဗျာဒိတ် ရူပါရုံလည်း ပြည့်စုံ ကြလိမ့်မည်ဟု ပြောလော့။
24כי לא יהיה עוד כל חזון שוא ומקסם חלק בתוך בית ישראל׃
24နောက် တဖန် ဣသရေလ အမျိုး ၌ အချည်းနှီး သောရူပါရုံ မ ရှိ ရ။ ချော့မော့ စွာ ပရောဖက် ပြုခြင်းလည်း မရှိရ။
25כי אני יהוה אדבר את אשר אדבר דבר ויעשה לא תמשך עוד כי בימיכם בית המרי אדבר דבר ועשיתיו נאם אדני יהוה׃
25ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါပြော လျှင် ၊ ပြော သည်အတိုင်း ပြည့်စုံ လိမ့်မည်။ ပြည့်စုံ ချိန်လည်း မ ရွေ့ရ။ အချင်းပုန်ကန် တတ်သောအမျိုး ၊ သင် တို့လက်ထက် ၌ ငါပြော မည်။ ပြော သည်အတိုင်းလည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
26ויהי דבר יהוה אלי לאמר׃
26တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
27בן אדם הנה בית ישראל אמרים החזון אשר הוא חזה לימים רבים ולעתים רחוקות הוא נבא׃
27အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။
28לכן אמר אליהם כה אמר אדני יהוה לא תמשך עוד כל דברי אשר אדבר דבר ויעשה נאם אדני יהוה׃
28သို့ဖြစ်၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ ၏စကား ပြည့်စုံချိန်မ ရွှေ့ရ။ ငါပြော သည်အတိုင်း လည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.