יְחֶזְקֵאל

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 43
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

יְחֶזְקֵאל 43

Modern Hebrew Bible
Judson Burmese Bible (1840)
1ויולכני אל השער שער אשר פנה דרך הקדים׃
1ထိုနောက်မှ အရှေ့ ဘက်သို့ မျက်နှာပြု သော တံခါးဝ သို့ တဖန်ခေါ်သွား ၏။
2והנה כבוד אלהי ישראל בא מדרך הקדים וקולו כקול מים רבים והארץ האירה מכבדו׃
2ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော် သည် အရှေ့ မျက်နှာမှ လာ ၍ ၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ ဖြစ်၏။ ရောင်ခြည် တော်အားဖြင့် မြေ တပြင်လုံးလင်း ၏။
3וכמראה המראה אשר ראיתי כמראה אשר ראיתי בבאי לשחת את העיר ומראות כמראה אשר ראיתי אל נהר כבר ואפל אל פני׃
3ငါမြင် သော ရူပါရုံ သည် မြို့ တော်ကိုဖျက်ဆီး ခြင်းငှါ လာ သောအခါ ၊ ငါမြင် သော ရူပါရုံ နှင့် တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာ မြစ် နားမှာ ငါမြင် ဘူးသော အရာများကဲ့သို့ ဖြစ်၍ ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
4וכבוד יהוה בא אל הבית דרך שער אשר פניו דרך הקדים׃
4ထာဝရဘုရား ၏ ဘုန်း တော်သည် အရှေ့ ဘက် သို့ မျက်နှာ ပြုသော တံခါး လမ်း ဖြင့် အိမ် တော်ထဲသို့ ဝင် တော်မူ၏။
5ותשאני רוח ותביאני אל החצר הפנימי והנה מלא כבוד יהוה הבית׃
5ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ လျက် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် တအိမ်လုံး ကို ဖြည့် တော်မူ၏။
6ואשמע מדבר אלי מהבית ואיש היה עמד אצלי׃
6အရင်လူ သည် ငါ့ အနား မှာရပ် နေလျက်၊ အိမ် တော်ထဲက ငါ့ အား မိန့် တော်မူသောအသံကို ငါကြား သည်ကား၊
7ויאמר אלי בן אדם את מקום כסאי ואת מקום כפות רגלי אשר אשכן שם בתוך בני ישראל לעולם ולא יטמאו עוד בית ישראל שם קדשי המה ומלכיהם בזנותם ובפגרי מלכיהם במותם׃
7အချင်းလူသား ၊ ဤအရပ်သည် ငါ့ ပလ္လင် တည်ရာအရပ် ၊ ငါ့ ခြေဘဝါး နင်းမြဲအရပ် ၊ ဣသရေလ အမျိုးသား တို့တွင် အစဉ်အမြဲ ငါ့နေ ရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင် များနှင့် အမျိုးသား များတို့သည် မှားယွင်း ခြင်းအားဖြင့် ၎င်း ၊ ရှင်ဘုရင် ၏အသေကောင် အားဖြင့် ၎င်း ၊ မြင့် ရာအရပ် တို့၌ငါ ၏နာမ တော်မြတ် ကို နောက် တဖန် မ ရှုတ်ချ ရကြ။
8בתתם ספם את ספי ומזוזתם אצל מזוזתי והקיר ביני וביניהם וטמאו את שם קדשי בתועבותם אשר עשו ואכל אתם באפי׃
8သူ တို့တံခါးခုံ ကိုလည်း ငါ့ တံခါးခုံ အနား မှာ၎င်း ၊ သူ တို့တိုင် ကိုလည်း ငါ့ တိုင် အနား မှာ၎င်း တည် စိုက်လျက်၊ ငါ နှင့် သူ တို့စပ်ကြား မှာ နံရံ တခုတည်းသာရှိလျက်၊ သူတို့ ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ဖြင့် ၊ ငါ ၏နာမ တော်မြတ် ကို ရှုတ်ချ သောကြောင့် ၊ ငါသည်အမျက်ထွက် ၍ သူ တို့ကို ဖျက်ဆီး ပြီ။
9עתה ירחקו את זנותם ופגרי מלכיהם ממני ושכנתי בתוכם לעולם׃
9ယခု မူကား၊ သူ တို့မှားယွင်း ခြင်းအမှုများနှင့် ရှင်ဘုရင် ၏အသေကောင် များကို ငါ မှ ဝေး စွာ ပယ်ရှားကြစေ။ ငါသည်လည်း သူ တို့တွင် အစဉ်အမြဲ နေ မည်။
10אתה בן אדם הגד את בית ישראל את הבית ויכלמו מעונותיהם ומדדו את תכנית׃
10အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ဒုစရိုက် အပြစ်ကြောင့် ရှက်ကြောက် စေခြင်းငှါ အိမ် တော်ကိုပြ လော့။ အိမ်တော်ပုံ ကို သူတို့ တိုင်း ကြ စေလော့။
11ואם נכלמו מכל אשר עשו צורת הבית ותכונתו ומוצאיו ומובאיו וכל צורתו ואת כל חקתיו וכל צורתו וכל תורתו הודע אותם וכתב לעיניהם וישמרו את כל צורתו ואת כל חקתיו ועשו אותם׃
11သူတို့သည် ကိုယ်ပြု မိသောအမှုများကြောင့် အမှန်ရှက်ကြောက် လျှင် ၊ အိမ် ပုံသဏ္ဌာန် နှင့် ထွက် ရာ ဝင် ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံ များ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံ တို့ကိုပြ လော့။ သူတို့သည် ထုံးစံ များနှင့် စီရင် ထုံးဖွဲ့ချက်အလုံးစုံ တို့ကို ကျင့် စောင့် စေခြင်းငှါ သူ တို့ရှေ့မှာ ရေးထား လော့။
12זאת תורת הבית על ראש ההר כל גבלו סביב סביב קדש קדשים הנה זאת תורת הבית׃
12တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။
13ואלה מדות המזבח באמות אמה אמה וטפח וחיק האמה ואמה רחב וגבולה אל שפתה סביב זרת האחד וזה גב המזבח׃
13ယဇ်ပလ္လင် အတိုင်း အရှည်ကား၊ သံတောင် ဖြင့် တိုင်းလျှင်၊ ဘိနပ် အမြင့်တတောင် ၊ အကျယ် တတောင် ၊ ပတ်လည် အနားပတ် အကျယ်တထွာ ရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
14ומחיק הארץ עד העזרה התחתונה שתים אמות ורחב אמה אחת ומהעזרה הקטנה עד העזרה הגדולה ארבע אמות ורחב האמה׃
14အောက် အထစ် သည် မြေ နှင့်နှစ် တောင် ကွာ၍ အကျယ် တ တောင် ရှိရမည်။ ငယ် သောအထစ် နှင့် ကြီး သောအထစ် သည် လေး တောင် ကွာ၍ အကျယ် တတောင် ရှိရမည်။
15וההראל ארבע אמות ומהאראיל ולמעלה הקרנות ארבע׃
15ယဇ်ပလ္လင် အမြင့်သည်လည်း လေး တောင် ရှိရမည်။ ဦးချို လေး ချောင်းလည်း တက် ရမည်။
16והאראיל שתים עשרה ארך בשתים עשרה רחב רבוע אל ארבעת רבעיו׃
16ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။
17והעזרה ארבע עשרה ארך בארבע עשרה רחב אל ארבעת רבעיה והגבול סביב אותה חצי האמה והחיק לה אמה סביב ומעלתהו פנות קדים׃
17အောက်အထစ် သည်လည်း စတုရန်းဖြစ်၍အလျား တဆယ် လေး တောင်၊ အနံ လည်းတဆယ် လေး တောင်ရှိရမည်။ အနား ပတ်သည် လည်း အကျယ် တထွာ ရှိရမည်။ ဘိနပ် သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင် ထွက်၍၊ တက် ရာလမ်းသည် အရှေ့ သို့ မျက်နှာပြု ရမည်။
18ויאמר אלי בן אדם כה אמר אדני יהוה אלה חקות המזבח ביום העשותו להעלות עליו עולה ולזרק עליו דם׃
18တဖန် အချင်းလူသား ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် အတိုင်း၊ မီးရှို့ ရာယဇ်ကိုပူဇော် ၍ အသွေး ကိုဖြန်း ဘို့ရာ ၊ ယဇ်ပလ္လင် ကိုတည် သောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
19ונתתה אל הכהנים הלוים אשר הם מזרע צדוק הקרבים אלי נאם אדני יהוה לשרתני פר בן בקר לחטאת׃
19အမှုတော်ကိုဆောင် ၍ ငါ့ ထံသို့ ချဉ်းကပ် သော လေဝိ အမျိုး၊ ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျို သောနွားထီး တကောင်ကို အပ် ရမည်။
20ולקחת מדמו ונתתה על ארבע קרנתיו ואל ארבע פנות העזרה ואל הגבול סביב וחטאת אותו וכפרתהו׃
20နွားအသွေး အချို့ကိုယူ ၍ ယဇ်ပလ္လင်ဦးချို လေး ချောင်း၊ အထစ် လေး ထောင့် ၊ အနားပတ် ကိုလူး သော အားဖြင့်သန့်ရှင်း စင်ကြယ်စေရမည်။
21ולקחת את הפר החטאת ושרפו במפקד הבית מחוץ למקדש׃
21အပြစ် ဖြေရာ ယဇ်ဘို့နွား ကောင်ကို ယူ ၍ သန့်ရှင်း ရာဌာနပြင် ၊ ဗိမာန် တော်အတွင်းတွင် ခန့်ထား သော အရပ်၌ မီးရှို့ ရမည်။
22וביום השני תקריב שעיר עזים תמים לחטאת וחטאו את המזבח כאשר חטאו בפר׃
22ဒုတိယ နေ့ ၌ လည်း အပြစ် မရှိသော ဆိတ် သငယ် ကို ယူ၍၊ အပြစ် ဖြေရာ ယဇ်ဘို့ ပူဇော် ရမည်။ ယဇ်ပလ္လင် ကို နွား အသွေးနှင့်သန့်ရှင်း စေသကဲ့သို့ ဆိတ်အသွေးနှင့် သန့်ရှင်း စေရမည်။
23בכלותך מחטא תקריב פר בן בקר תמים ואיל מן הצאן תמים׃
23ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်း စေပြီး သည်နောက် ၊ အပြစ် မရှိ၊ ပျို သောနွားထီး နှင့် အပြစ် မရှိသော ဆိတ်ထီး ကိုထာဝရဘုရား ရှေ့တော်၌ပူဇော် ရမည်။
24והקרבתם לפני יהוה והשליכו הכהנים עליהם מלח והעלו אותם עלה ליהוה׃
24ယဇ်ပုရောဟိတ် တို့သည် ဆား ကိုတင် လျက်၊ ထိုယဇ်ကောင် တို့ကို ထာဝရဘုရား အဘို့ မီးရှို့၍ ပူဇော် ရကြမည်။
25שבעת ימים תעשה שעיר חטאת ליום ופר בן בקר ואיל מן הצאן תמימים יעשו׃
25ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင်၊ ဆိတ် တကောင်ကို အပြစ် ဖြေရာယဇ်ပြု၍ ပူဇော် ရမည်။ အပြစ် မရှိ၊ ပျို သောနွားထီး တကောင်နှင့် သိုးထီး တကောင်ကိုလည်း ပူဇော် ရမည်။
26שבעת ימים יכפרו את המזבח וטהרו אתו ומלאו ידו׃
26ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ကို သန့်ရှင်း စင်ကြယ် စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရကြမည်။
27ויכלו את הימים והיה ביום השמיני והלאה יעשו הכהנים על המזבח את עולותיכם ואת שלמיכם ורצאתי אתכם נאם אדני יהוה׃
27ခုနစ်ရက် စေ့ သောနောက် အဋ္ဌမ နေ့ ၌ ၎င်း ၊ ထို နေ့မှစ၍၎င်း ၊ ယဇ်ပုရောဟိတ် တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင် တို့မီးရှို့ ရာယဇ်များနှင့် မိဿဟာယ ယဇ်များ ကို ပူဇော် ရကြမည်။ ငါသည်လည်း ၊ သင် တို့ကိုလက်ခံ မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.