ΠΡΟΣ ΡΩΜΑΙΟΥΣ
Chapter 8

ΠΡΟΣ ΡΩΜΑΙΟΥΣ

Greek New Testament: Byz…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΡΩΜΑΙΟΥΣ 8

Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1ουδεν αρα νυν κατακριμα τοισ εν χριστω ιησου μη κατα σαρκα περιπατουσιν αλλα κατα πνευμα
1ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။
2ο γαρ νομοσ του πνευματοσ τησ ζωησ εν χριστω ιησου ηλευθερωσεν με απο του νομου τησ αμαρτιασ και του θανατου
2ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
3το γαρ αδυνατον του νομου εν ω ησθενει δια τησ σαρκοσ ο θεοσ τον εαυτου υιον πεμψασ εν ομοιωματι σαρκοσ αμαρτιασ και περι αμαρτιασ κατεκρινεν την αμαρτιαν εν τη σαρκι
3ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။
4ινα το δικαιωμα του νομου πληρωθη εν ημιν τοισ μη κατα σαρκα περιπατουσιν αλλα κατα πνευμα
4အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
5οι γαρ κατα σαρκα οντεσ τα τησ σαρκοσ φρονουσιν οι δε κατα πνευμα τα του πνευματοσ
5ဇာတိ ပကတိရှိ သောသူ တို့သည် ဇာတိ ပကတိ နှင့် စပ်ဆိုင်သော အရာ တို့ကိုစွဲလမ်း သော စိတ်သဘော ရှိကြ၏။ ဝိညာဉ် ပကတိရှိသောသူ တို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
6το γαρ φρονημα τησ σαρκοσ θανατοσ το δε φρονημα του πνευματοσ ζωη και ειρηνη
6ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။
7διοτι το φρονημα τησ σαρκοσ εχθρα εισ θεον τω γαρ νομω του θεου ουχ υποτασσεται ουδε γαρ δυναται
7အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်
8οι δε εν σαρκι οντεσ θεω αρεσαι ου δυνανται
8ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည် သော သူ တို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မ တွေ့ နိုင် ကြ။
9υμεισ δε ουκ εστε εν σαρκι αλλ εν πνευματι ειπερ πνευμα θεου οικει εν υμιν ει δε τισ πνευμα χριστου ουκ εχει ουτοσ ουκ εστιν αυτου
9သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။
10ει δε χριστοσ εν υμιν το μεν σωμα νεκρον δια αμαρτιαν το δε πνευμα ζωη δια δικαιοσυνην
10ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။
11ει δε το πνευμα του εγειραντοσ ιησουν εκ νεκρων οικει εν υμιν ο εγειρασ τον χριστον εκ νεκρων ζωοποιησει και τα θνητα σωματα υμων δια το ενοικουν αυτου πνευμα εν υμιν
11ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။
12αρα ουν αδελφοι οφειλεται εσμεν ου τη σαρκι του κατα σαρκα ζην
12သို့ဖြစ်၍ ညီအစ်ကို တို့၊ ငါတို့သည်ဇာတိ ပကတိအတိုင်း ကျင့် ရမည်အကြောင်း၊ ဇာတိ ပကတိ၏ ကျွန် ဖြစ် ကြသည်မ ဟုတ်။
13ει γαρ κατα σαρκα ζητε μελλετε αποθνησκειν ει δε πνευματι τασ πραξεισ του σωματοσ θανατουτε ζησεσθε
13သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။
14οσοι γαρ πνευματι θεου αγονται ουτοι εισιν υιοι θεου
14ဘုရားသခင် ၏ဝိညာဉ် တော် ဆုံးမ ပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။
15ου γαρ ελαβετε πνευμα δουλειασ παλιν εισ φοβον αλλ ελαβετε πνευμα υιοθεσιασ εν ω κραζομεν αββα ο πατηρ
15အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။
16αυτο το πνευμα συμμαρτυρει τω πνευματι ημων οτι εσμεν τεκνα θεου
16ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။
17ει δε τεκνα και κληρονομοι κληρονομοι μεν θεου συγκληρονομοι δε χριστου ειπερ συμπασχομεν ινα και συνδοξασθωμεν
17သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
18λογιζομαι γαρ οτι ουκ αξια τα παθηματα του νυν καιρου προσ την μελλουσαν δοξαν αποκαλυφθηναι εισ ημασ
18ငါ တို့အား ပေါ်ထွန်း လတံ့ သော ဘုန်း ကိုထောက် သော်၊ ယခု မျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမ ပြု ထိုက်ဟု ငါသဘော ရှိ၏။
19η γαρ αποκαραδοκια τησ κτισεωσ την αποκαλυψιν των υιων του θεου απεκδεχεται
19ဤ လောက သည် ဘုရားသခင့် သား တို့၏ ပေါ်ထွန်း ခြင်းအရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။
20τη γαρ ματαιοτητι η κτισισ υπεταγη ουχ εκουσα αλλα δια τον υποταξαντα επ ελπιδι
20ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။
21οτι και αυτη η κτισισ ελευθερωθησεται απο τησ δουλειασ τησ φθορασ εισ την ελευθεριαν τησ δοξησ των τεκνων του θεου
21ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
22οιδαμεν γαρ οτι πασα η κτισισ συστεναζει και συνωδινει αχρι του νυν
22ဤ လောက တစ်နိုင်ငံလုံးသည် ယခု တိုင်အောင် တစ် ညီတစ်ညွတ်တည်းညည်းတွား၍ ဆင်းရဲ ခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိ ကြ၏။
23ου μονον δε αλλα και αυτοι την απαρχην του πνευματοσ εχοντεσ και ημεισ αυτοι εν εαυτοισ στεναζομεν υιοθεσιαν απεκδεχομενοι την απολυτρωσιν του σωματοσ ημων
23ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
24τη γαρ ελπιδι εσωθημεν ελπισ δε βλεπομενη ουκ εστιν ελπισ ο γαρ βλεπει τισ τι και ελπιζει
24ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။
25ει δε ο ου βλεπομεν ελπιζομεν δι υπομονησ απεκδεχομεθα
25ငါတို့သည် မ တွေ့ မမြင်သောအရာ ကို မြော်လင့် လျှင် မူကား ၊ ထိုအရာကိုသည်းခံ သောစိတ်နှင့် ငံ့လင့် ၍ နေကြ၏။
26ωσαυτωσ δε και το πνευμα συναντιλαμβανεται ταισ ασθενειαισ ημων το γαρ τι προσευξομεθα καθο δει ουκ οιδαμεν αλλ αυτο το πνευμα υπερεντυγχανει υπερ ημων στεναγμοισ αλαλητοισ
26ထိုမှတပါး ၊ ငါ တို့မ တတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည် မစ တော်မူ၏။ ငါတို့သည်ဆုတောင်း သင့် သည်အတိုင်း အဘယ် ဆုကို တောင်းရမည်ဟုမ သိ ကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ် မမြွက်နိုင်သော ညည်းတွား ခြင်းအားဖြင့်ဝိညာဉ် တော်သည် စောင်မ တော်မူ၏။
27ο δε ερευνων τασ καρδιασ οιδεν τι το φρονημα του πνευματοσ οτι κατα θεον εντυγχανει υπερ αγιων
27စိတ် နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ် တော်၏ စိတ် သဘောကိုသိ တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏အလိုတော်နှင့်အညီ စောင်မ တော်မူ၏။
28οιδαμεν δε οτι τοισ αγαπωσιν τον θεον παντα 3956 A-APN συνεργει εισ αγαθον τοισ κατα προθεσιν κλητοισ ουσιν
28ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။
29οτι ουσ προεγνω και προωρισεν συμμορφουσ τησ εικονοσ του υιου αυτου εισ το ειναι αυτον πρωτοτοκον εν πολλοισ αδελφοισ
29ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။
30ουσ δε προωρισεν τουτουσ και εκαλεσεν και ουσ εκαλεσεν τουτουσ και εδικαιωσεν ουσ δε εδικαιωσεν τουτουσ και εδοξασεν
30ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။
31τι ουν ερουμεν προσ ταυτα ει ο θεοσ υπερ ημων τισ καθ ημων
31သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။
32οσ γε του ιδιου υιου ουκ εφεισατο αλλ υπερ ημων παντων παρεδωκεν αυτον πωσ ουχι και συν αυτω τα παντα ημιν χαρισεται
32မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။
33τισ εγκαλεσει κατα εκλεκτων θεου θεοσ ο δικαιων
33ဘုရားသခင် ရွေးကောက် တော်မူသော သူတို့ကို အဘယ်သူ သည် အပြစ်တင် မည်နည်း။ ဖြောင့်မတ် ရာ ၌တည်စေသောသူ ကား ဘုရားသခင် ပေတည်း။
34τισ ο κατακρινων χριστοσ ο αποθανων μαλλον δε και εγερθεισ οσ και εστιν εν δεξια του θεου οσ και εντυγχανει υπερ ημων
34အပြစ် စီရင်သောသူ ကား အဘယ်သူ နည်း။ အသေခံ ၍ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ နေ လျက်၊ ငါ တို့ အဘို့ ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။
35τισ ημασ χωρισει απο τησ αγαπησ του χριστου θλιψισ η στενοχωρια η διωγμοσ η λιμοσ η γυμνοτησ η κινδυνοσ η μαχαιρα
35ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။
36καθωσ γεγραπται οτι ενεκεν σου θανατουμεθα ολην την ημεραν ελογισθημεν ωσ προβατα σφαγησ
36အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
37αλλ εν τουτοισ πασιν υπερνικωμεν δια του αγαπησαντοσ ημασ
37မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။
38πεπεισμαι γαρ οτι ουτε θανατοσ ουτε ζωη ουτε αγγελοι ουτε αρχαι ουτε δυναμεισ ουτε ενεστωτα ουτε μελλοντα
38အကြောင်းမူကား ၊ သေ ခြင်းဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ ကောင်းကင်တမန် ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာ တန်ခိုးဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောင်လာ လတံ့သောအရာဖြစ်စေ ၊
39ουτε υψωμα ουτε βαθοσ ουτε τισ κτισισ ετερα δυνησεται ημασ χωρισαι απο τησ αγαπησ του θεου τησ εν χριστω ιησου τω κυριω ημων
3939အမြင့် ဖြစ်စေ၊ အနိမ့် ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတ အရာမျှသည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာ တော်နှင့် ငါ တို့ကို မ ကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။

Tip: use the ← and → keys to turn chapters.