罗马书
Chapter 8
Chinese Union Version, p…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Chinese Union Version, punctuated (Simplified)
Judson Burmese Bible (1840)
1如今,那些在基督耶稣里的就不定罪了。
1ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။
2因为赐生命 圣 灵的律,在基督耶稣里释放了我,使我脱离罪和死的律了。
2ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
3律法既因肉体软弱,有所不能行的, 神就差遣自己的儿子,成为罪身的形状,作了赎罪祭,在肉体中定了罪案,
3ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။
4使律法的义成就在我们这不随从肉体、只随从 圣 灵的人身上。
4အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
5因为,随从肉体的人体贴肉体的事;随从 圣 灵的人体贴 圣 灵的事。
5ဇာတိ ပကတိရှိ သောသူ တို့သည် ဇာတိ ပကတိ နှင့် စပ်ဆိုင်သော အရာ တို့ကိုစွဲလမ်း သော စိတ်သဘော ရှိကြ၏။ ဝိညာဉ် ပကတိရှိသောသူ တို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
6体贴肉体的,就是死;体贴 圣 灵的,乃是生命、平安。
6ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။
7原来体贴肉体的,就是与 神为仇;因为不服 神的律法,也是不能服,
7အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်
8而且属肉体的人不能得 神的喜欢。
8ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည် သော သူ တို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မ တွေ့ နိုင် ကြ။
9如果 神的灵住在你们心里,你们就不属肉体,乃属 圣 灵了。人若没有基督的灵,就不是属基督的。
9သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။
10基督若在你们心里,身体就因罪而死,心灵却因义而活。
10ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။
11然而,叫耶稣从死里复活者的灵若住在你们心里,那叫基督耶稣从死里复活的,也必借着住在你们心里的 圣 灵,使你们必死的身体又活过来。
11ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။
12弟兄们,这样看来,我们并不是欠肉体的债去顺从肉体活着。
12သို့ဖြစ်၍ ညီအစ်ကို တို့၊ ငါတို့သည်ဇာတိ ပကတိအတိုင်း ကျင့် ရမည်အကြောင်း၊ ဇာတိ ပကတိ၏ ကျွန် ဖြစ် ကြသည်မ ဟုတ်။
13你们若顺从肉体活着,必要死;若靠着 圣 灵治死身体的恶行,必要活着。
13သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။
14因为凡被 神的灵引导的,都是 神的儿子。
14ဘုရားသခင် ၏ဝိညာဉ် တော် ဆုံးမ ပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။
15你们所受的,不是奴仆的心,仍旧害怕;所受的,乃是儿子的心,因此我们呼叫:「阿爸!父!」
15အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။
16圣灵与我们的心同证我们是 神的儿女;
16ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။
17既是儿女,便是后嗣,就是 神的后嗣,和基督同作后嗣。如果我们和他一同受苦,也必和他一同得荣耀。
17သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
18我想,现在的苦楚若比起将来要显于我们的荣耀就不足介意了。
18ငါ တို့အား ပေါ်ထွန်း လတံ့ သော ဘုန်း ကိုထောက် သော်၊ ယခု မျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမ ပြု ထိုက်ဟု ငါသဘော ရှိ၏။
19受造之物切望等候 神的众子显出来。
19ဤ လောက သည် ဘုရားသခင့် သား တို့၏ ပေါ်ထွန်း ခြင်းအရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။
20因为受造之物服在虚空之下,不是自己愿意,乃是因那叫他如此的。
20ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။
21但受造之物仍然指望脱离败坏的辖制,得享 神儿女自由的荣耀。
21ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
22我们知道,一切受造之物一同叹息,劳苦,直到如今。
22ဤ လောက တစ်နိုင်ငံလုံးသည် ယခု တိုင်အောင် တစ် ညီတစ်ညွတ်တည်းညည်းတွား၍ ဆင်းရဲ ခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိ ကြ၏။
23不但如此,就是我们这有 圣 灵初结果子的,也是自己心里叹息,等候得着儿子的名分,乃是我们的身体得赎。
23ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
24我们得救是在乎盼望;只是所见的盼望不是盼望,谁还盼望他所见的呢?
24ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။
25但我们若盼望那所不见的,就必忍耐等候。
25ငါတို့သည် မ တွေ့ မမြင်သောအရာ ကို မြော်လင့် လျှင် မူကား ၊ ထိုအရာကိုသည်းခံ သောစိတ်နှင့် ငံ့လင့် ၍ နေကြ၏။
26况且,我们的软弱有 圣 灵帮助;我们本不晓得当怎样祷告,只是 圣 灵亲自用说不出来的叹息替我们祷告。
26ထိုမှတပါး ၊ ငါ တို့မ တတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည် မစ တော်မူ၏။ ငါတို့သည်ဆုတောင်း သင့် သည်အတိုင်း အဘယ် ဆုကို တောင်းရမည်ဟုမ သိ ကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ် မမြွက်နိုင်သော ညည်းတွား ခြင်းအားဖြင့်ဝိညာဉ် တော်သည် စောင်မ တော်မူ၏။
27鉴察人心的,晓得 圣 灵的意思,因为 圣 灵照着 神的 旨意 替圣徒祈求。
27စိတ် နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ် တော်၏ စိတ် သဘောကိုသိ တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏အလိုတော်နှင့်အညီ စောင်မ တော်မူ၏။
28我们晓得万事都互相效力,叫爱 神的人得益处,就是按他旨意被召的人。
28ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။
29因为他预先所知道的人,就预先定下效法他儿子的模样,使他儿子在许多弟兄中作长子。
29ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။
30预先所定下的人又召他们来;所召来的人又称他们为义;所称为义的人又叫他们得荣耀。
30ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။
31既是这样,还有什么说的呢? 神若帮助我们,谁能敌挡我们呢?
31သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။
32神既不爱惜自己的儿子,为我们众人舍了,岂不也把万物和他一同白白地赐给我们吗?
32မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။
33谁能控告 神所拣选的人呢?有 神称他们为义了。
33ဘုရားသခင် ရွေးကောက် တော်မူသော သူတို့ကို အဘယ်သူ သည် အပြစ်တင် မည်နည်း။ ဖြောင့်မတ် ရာ ၌တည်စေသောသူ ကား ဘုရားသခင် ပေတည်း။
34谁能定他们的罪呢?有基督耶稣已经死了,而且从死里复活,现今在 神的右边,也替我们祈求。
34အပြစ် စီရင်သောသူ ကား အဘယ်သူ နည်း။ အသေခံ ၍ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ နေ လျက်၊ ငါ တို့ အဘို့ ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။
35谁能使我们与基督的爱隔绝呢?难道是患难吗?是困苦吗?是逼迫吗?是饥饿吗?是赤身露体吗?是危险吗?是刀剑吗?
35ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။
36如 经上 所记: 我们为你的缘故终日被杀; 人看我们如将宰的羊。
36အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
37然而,靠着爱我们的 主 ,在这一切的事上已经得胜有余了。
37မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။
38因为我深信无论是死,是生,是天使,是掌权的,是有能的,是现在的事,是将来的事,
38အကြောင်းမူကား ၊ သေ ခြင်းဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ ကောင်းကင်တမန် ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာ တန်ခိုးဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောင်လာ လတံ့သောအရာဖြစ်စေ ၊
39是高处的,是低处的,是别的受造之物,都不能叫我们与 神的爱隔绝;这爱是在我们的主基督耶稣里的。
3939အမြင့် ဖြစ်စေ၊ အနိမ့် ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတ အရာမျှသည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာ တော်နှင့် ငါ တို့ကို မ ကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။

Tip: use the ← and → keys to turn chapters.