申命記 2
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1「此後,我們轉回,從 紅海 的路往曠野去,是照耶和華所吩咐我的。我們在 西珥山 繞行了許多日子。
1တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် အတိုင်း ၊ ငါတို့သည် လှည့် ၍ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့ ခရီး သွားလျက် ၊ စိရ တောင် ကို ကြာမြင့် စွာ လှည့်လည် ကြ၏။
2耶和華對我說:
2ထာဝရဘုရား ကလည်း ၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤ တောင် ကို လှည့်လည် ကြပြီ။ တဖန် မြောက် မျက်နှာသို့သွား ကြဦးလော့။
3『你們繞行這山的日子夠了,要轉向北去。
3သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်ကိုလှည့်လည်ကြပြီ။ တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4你吩咐百姓說:你們弟兄 以掃 的子孫住在 西珥 ,你們要經過他們的境界。他們必懼怕你們,所以你們要分外謹慎。
4သင် သည် လူ များတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ညီအစ်ကို ဧသော အမျိုးသား တို့ နေ သောစိရ ပြည်အနား မှာ သင် တို့ရှောက်သွား သောအခါ ၊ သူတို့ သည် ကြောက် ကြလိမ့်မည်။ ထို့ကြောင့် သတိ ပြုကြ လော့။
5不可與他們爭戰;他們的地,連腳掌可踏之處,我都不給你們,因我已將 西珥山 賜給 以掃 為業。
5သူ တို့ကို အလျှင်းမ ပြု ကြနှင့်။ သူ တို့ပြည် ကို သင် တို့အား ငါမ ပေး။ ခြေ နင်း ရာခန့်ကိုမျှ မပေး။ စိရ တောင် ကို ဧသော အား ငါ အပိုင် ပေး ပြီ။
6你們要用錢向他們買糧吃,也要用錢向他們買水喝。
6သင်တို့သည် စား ဘို့ရာအစာ ကို၎င်း ၊ သောက် ဘို့ရာ ရေ ကို၎င်း သူ တို့ထံ ငွေ နှင့် ဝယ် ရကြမည်။
7因為耶和華-你的上帝在你手裏所辦的一切事上已賜福與你。你走這大曠野,他都知道了。這四十年,耶和華-你的上帝常與你同在,故此你一無所缺。』
7သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
8「於是,我們離了我們弟兄 以掃 子孫所住的 西珥 ,從 亞拉巴 的路,經過 以拉他 、 以旬‧迦別 ,轉向 摩押 曠野的路去。
8စိရ ပြည်မှာ နေ သောငါ တို့ညီအစ်ကို ဧသော အမျိုးသား တို့အနား ၌ ရှောက် လျက် ဧလပ် မြို့၊ ဧဇယုန်ဂါဗါ မြို့မှ သွားသော လွင်ပြင် လမ်းသို့ လိုက် ပြီးလျှင် ၊ တဖန် လှည့် ၍ မောဘ တော လမ်း ဖြင့် သွား ကြ၏။
9耶和華吩咐我說:『不可擾害 摩押 人,也不可與他們爭戰。他們的地,我不賜給你為業,因我已將 亞珥 賜給 羅得 的子孫為業。』(
9ထာဝရဘုရား ကလည်း ၊ မောဘ ပြည်သားတို့ကို မ နှောင့်ရှက် နှင့်။ စစ် မ တိုက်နှင့်။ သူ တို့ပြည် ကို သင့် အား ငါအပိုင် မ ပေး။ အာရ ပြည်ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
10先前,有 以米 人住在那裏,民數眾多,身體高大,像 亞衲 人一樣。
10ရှေး ကာလ၌ အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ၊ ဧမိမ် အမျိုးသားတို့သည် ထိုပြည် မှာ နေ ကြ၏။
11這 以米 人像 亞衲 人;也算為 利乏音 人; 摩押 人稱他們為 以米 人。
11ထိုသူ တို့သည် အာနက အမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘ ပြည်သားတို့သည် ထိုသူ တို့ကို ဧမိမ် ဟူ၍ခေါ် ကြ၏။
12先前, 何利 人也住在 西珥 ,但 以掃 的子孫將他們除滅,得了他們的地,接着居住,就如 以色列 在耶和華賜給他為業之地所行的一樣。)
12ရှေး ကာလ၌ ဟောရိ လူတို့သည်လည်း စိရ ပြည် မှာ နေ ကြ၏။ ထိုသူ တို့ကို ဧသော အမျိုးသား တို့သည် သုတ်သင် ပယ်ရှင်း၍ သူ တို့နေရာ ၌ နေ ကြ၏။ ထိုအတူ ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် ကို ဣသရေလ အမျိုးသားတို့သည် ပြု ရကြသတည်း။
13現在,起來過 撒烈溪 !於是我們過了 撒烈溪 。
13ယခု ထ ၍ ဇေရက် ချောင်း ကို ကူး ကြလော့ဟု မိန့်တော်မူသည်အတိုင်း ၊ သင်တို့သည် ဇေရက် ချောင်း ကို ကူး ကြ၏။
14自從離開 加低斯‧巴尼亞 ,到過了 撒烈溪 的時候,共有三十八年,等那世代的兵丁都從營中滅盡,正如耶和華向他們所起的誓。
14ကာဒေရှဗာနာ အရပ်သို့ အရင်ရောက်သော ကာလမှစ၍ဇေရက် ချောင်း ကို ကူး သောကာလ တိုင်အောင် နှစ် ပေါင်းသုံး ဆယ်ရှစ် နှစ် လွန် သတည်း။ ထာဝရဘုရား ကျိန်ဆို တော်မူသည်အတိုင်း ၊ အရင်စစ်သူရဲ မျိုး အပေါင်းတို့သည် လူ အလုံး အရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15耶和華的手也攻擊他們,將他們從營中除滅,直到滅盡。
15ထိုသူ တို့ မကွယ် မပျောက်မှီတိုင်အောင်၊ ထာဝရဘုရား သည် သူ တို့ကို အလုံး အရင်းထဲက ပယ်ရှား ခြင်းငှါ လက် တော်ကို ဆန့်တော်မူ၏။
16「兵丁從民中都滅盡死亡以後,
16စစ်သူရဲ အပေါင်း တို့သည် လူစု ထဲက သေ ကြေကွယ်ပျောက် ပြီးမှ၊
17耶和華吩咐我說:
no verse 17 in this text
18『你今天要從 摩押 的境界 亞珥 經過,
18ထာဝရဘုရား က၊ သင် သည် မောဘ ပြည် ၊ အာရ နယ်အလယ်၌ ယနေ့ ရှောက် သွားရမည်။
19走近 亞捫 人之地,不可擾害他們,也不可與他們爭戰。 亞捫 人的地,我不賜給你們為業,因我已將那地賜給 羅得 的子孫為業。』(
19အမ္မုန် အမျိုးသား တို့အနီးသို့ ရောက် သောအခါ သူ တို့ကိုမ နှောင့်ရှက် နှင့်၊ အလျှင်းမ ပြု နှင့်။ အမ္မုန် အမျိုးသား နေသောပြည် ကို သင့် အား ငါအပိုင် မ ပေး ၊ ထိုပြည် ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
20那地也算為 利乏音 人之地,先前 利乏音 人住在那裏, 亞捫 人稱他們為 散送冥 。
20ထိုပြည် ကိုလည်း ၊ အလွန် ကြီးမားသောသူတို့ ၏ နေရာဖြစ်သည်ဟု လူများထင်မှတ် ကြ၏။ ရှေး ကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူ တို့ကို အမ္မုန် ပြည်သားတို့သည် ဇံဇုမ္မိမ် ဟူ၍ခေါ် ကြ၏။
21那民眾多,身體高大,像 亞衲 人一樣,但耶和華從 亞捫 人面前除滅他們, 亞捫 人就得了他們的地,接着居住。
no verse 21 in this text
22正如耶和華從前為住 西珥 的 以掃 子孫將 何利 人從他們面前除滅、他們得了 何利 人的地、接着居住一樣,直到今日。
22ထိုလူမျိုးသည် အာနက အမျိုးသားကဲ့သို့ ကြီး မြင့် များပြား သောလူ ဖြစ်ကြ၏။ သို့သော်လည်း စိရ ပြည်၌ နေ သောဧသော အမျိုးသား ရှေ့ မှာ ဟောရိ လူတို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာ ၌ဧသောအမျိုးသားတို့သည် ယနေ့ တိုင်အောင် နေကြသကဲ့သို့ ၊ အမ္မုန် အမျိုးသားတို့ရှေ့ မှာ ဇံဇုမ္မိမ် လူတို့ကို သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာ၌ အမ္မုန်အမျိုးသားတို့သည်နေ ကြ၏။
23從 迦斐託 出來的 迦斐託 人將先前住在鄉村直到 迦薩 的 亞衛 人除滅,接着居住。)
23ထိုအတူ ၊ ဟာဇရိမ် မြို့မှစ၍ အဇ္ဇာ မြို့တိုင်အောင် နေ ဘူးသော အာဝိမ် လူတို့ကို၊ ကတ္တောရ မြို့မှ ထွက် သော ကတ္တောရိမ် လူတို့သည် ဖျက်ဆီး ၍ သူ တို့ နေရာ ၌ နေ ကြ၏။
24你們起來前往,過 亞嫩谷 ;我已將 亞摩利 人 希實本 王 西宏 和他的地交在你手中,你要與他爭戰,得他的地為業。
24သင်တို့သည် ထ ၍ ခရီး သွားသဖြင့် အာနုန် မြစ် ကို ကူး ကြလော့။ အာမောရိ အမျိုး၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် သူ ၏မြေ ကို သင် တို့လက် ၌ ငါအပ် သောကြောင့်၊ ထိုမြေ ကို သိမ်း စ ပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25從今日起,我要使天下萬民聽見你的名聲都驚恐懼怕,且因你發顫傷慟。」
25မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သောလူမျိုး တို့သည် ယနေ့ သင် တို့ကို ကြောက်ရွံ့ ထိတ်လန့်စ ရှိ မည်အကြောင်း ငါပြု မည်။ သင် တို့၏သိတင်း ကို ကြား ၍ တုန်လှုပ် ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်းသို့ ရောက်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
26「我從 基底莫 的曠野差遣使者去見 希實本 王 西宏 ,用和睦的話說:
26ငါသည်လည်း၊ ကေဒမုတ် တော မှ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
27『求你容我從你的地經過,只走大道,不偏左右。
27မင်းကြီး ၏ ပြည် အလယ် ၌ ကျွန်ုပ်ရှောက်သွား ပါရစေ။ မင်းလမ်း သို့ သာ လိုက် ပါမည်။ လက်ျာ ဘက်လက်ဝဲ ဘက်သို့မ လွှဲ ပါ။
28你可以賣糧給我吃,也可以賣水給我喝,只要容我步行過去,
28စိရ ပြည်၌ နေ သောဧသော အမျိုးသား ၊ အာရ ပြည်၌ နေ သောမောဘ အမျိုးသားတို့သည် ကျွန်ုပ် ၌ ပြု သကဲ့သို့ ကျွန်ုပ်စားဘို့ရာအစာ ကို၎င်း၊ သောက်ဘို့ရာရေ ကို၎င်း၊ မင်းကြီးသည်ငွေ နှင့်ရောင်း ပါလော့။ ကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ကျွန်ုပ်သည်ယော်ဒန် မြစ်ကို ကူး ၍မ ရောက်မှီတိုင်အောင် မင်းကြီးပြည်အလယ်၌ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု မိဿဟာယ စကား နှင့်ပြောဆို သော်လည်း၊
29就如住 西珥 的 以掃 子孫和住 亞珥 的 摩押 人待我一樣,等我過了 約旦河 ,好進入耶和華-我們上帝所賜給我們的地。』
no verse 29 in this text
30但 希實本 王 西宏 不容我們從他那裏經過;因為耶和華-你的上帝使他心中剛硬,性情頑梗,為要將他交在你手中,像今日一樣。
30ကျွန်ုပ် တို့ ရှောက်သွား ရသောအခွင့် ကို ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် မင်းသည် မ ပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ထိုမင်း ကို သင် တို့လက် ၌ အပ် ခြင်းငှါ ၊ ခက်ထန် သောစိတ် သဘော၊ ခိုင်မာ သောနှလုံးကို သူ ၌ ပေးသွင်းတော်မူ၏။
31耶和華對我說:『從此起首,我要將 西宏 和他的地交給你;你要得他的地為業。』
31ထာဝရဘုရား ကလည်း ၊ ရှိဟုန် မင်းနှင့် သူ ၏ မြေ ကို သင့် အား ငါပေး စ ပြု၏။ ထို မြေ ကို အမွေခံ အံ့သောငှါ ၊ သိမ်း စ ပြုလော့ဟု ငါ့ အား မိန့် တော်မူ၏။
32那時, 西宏 和他的眾民出來攻擊我們,在 雅雜 與我們交戰。
32ထိုအခါ ရှိဟုန် မင်းသည် သူ ၏လူ အပေါင်း တို့ နှင့်တကွ ယာဟတ် မြို့မှာ ငါ တို့ကိုတိုက် ခြင်းငှါ ထွက် လာ၏။
33耶和華-我們的上帝將他交給我們,我們就把他和他的兒子,並他的眾民,都擊殺了。
33ငါ တို့ဘုရား သခင်ထာဝရဘုရား သည်ထိုမင်း ကို ငါ တို့၌ အပ် တော်မူသဖြင့် သူ မှစ၍ သား များ၊ လူ များအပေါင်း တို့ကို ငါတို့သည် လုပ်ကြံ ကြ၏။
34我們奪了他的一切城邑,將有人煙的各城,連女人帶孩子,盡都毀滅,沒有留下一個。
34ထိုအခါ သူ ၏မြို့ ရှိသမျှ တို့ကို တိုက် ယူ၍၊ ယောက်ျား မိန်းမ သူငယ် တို့ကို တယောက်မျှ မ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြ၏။
35惟有牲畜和所奪的各城,並其中的財物,都取為自己的掠物。
35တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များကိုသာ ကိုယ် ဘို့ သိမ်းယူ ကြ၏။
36從 亞嫩谷 邊的 亞羅珥 和谷中的城,直到 基列 ,耶和華-我們的上帝都交給我們了,沒有一座城高得使我們不能攻取的。
36အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့မှစ၍ ဂိလဒ် မြို့တိုင်အောင် ၊ မြစ် နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါ တို့ဘုရား သခင် ထာဝရဘုရား သည် အလုံးစုံ တို့ကို ငါ တို့၌ အပ် တော်မူ၏။
37惟有 亞捫 人之地,凡靠近 雅博河 的地,並山地的城邑,與耶和華-我們上帝所禁止我們去的地方,都沒有挨近。」
37သို့ရာတွင် အမ္မုန် အမျိုးသား နေသောမြေ ၊ ယဗ္ဗုတ် မြစ် နှင့် ဆိုင်သော မြေ၊ တောင် ရိုးမြို့ အစရှိသော၊ ငါ တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသောအရာ တစုံတခုကိုမျှ မ ချဉ်း ရကြ။
Tip: use the ← and → keys to turn chapters.