但以理書 6
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1大流士 隨心所願,立一百二十個總督,治理通國。
1ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊
2又在他們以上立總長三人( 但以理 在其中),使總督在他們三人面前回覆事務,免得王受虧損。
2အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊
3因這 但以理 有美好的靈性,所以顯然超乎其餘的總長和總督,王又想立他治理通國。
3ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။
4那時,總長和總督尋找 但以理 誤國的把柄,為要參他;只是找不着他的錯誤過失,因他忠心辦事,毫無錯誤過失。
4ထိုအခါ ဝန်ကြီး နှင့် မြို့ဝန် တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့် ကို ရှာ၍၊ နိုင်ငံ တော်အမှုအရေးများကို စစ်ကြော ကြ၏။ ဒံယေလသည် သစ္စာ နှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့် ကို ရှာ ၍မ တွေ့ကြသည်ရှိသော်၊
5那些人便說:「我們要找參這 但以理 的把柄,除非在他上帝的律法中就尋不着。」
5ဘုရား သခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့် ကိုငါတို့ မ တွေ့ နိုင် ကြဟု တိုင်ပင်ပြောဆို ပြီးမှ၊
6於是,總長和總督紛紛聚集來見王,說:「願 大流士 王萬歲!
6အထံတော်သို့ လာရောက်စည်းဝေး ကြ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
7國中的總長、欽差、總督、謀士,和巡撫彼此商議,要立一條堅定的禁令,三十日內,不拘何人,若在王以外,或向神或向人求甚麼,就必扔在獅子坑中。
7ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။
8王啊,現在求你立這禁令,加蓋玉璽,使禁令決不更改;照 米底亞 和 波斯 人的例是不可更改的。」
8သို့ဖြစ်၍၊ အရှင် မင်းကြီး၊ အမိန့် ရှိတော်မူပါ။ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း အမိန့်တော်တည် စေခြင်းငှါ၊ တံဆိပ် ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
9於是 大流士 王立這禁令,加蓋玉璽。
9ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
10但以理 知道這 禁令 蓋了玉璽,就到自己家裏(他樓上的窗戶開向 耶路撒冷 ),一日三次,雙膝跪在他上帝面前,禱告感謝,與素常一樣。
10အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11那些人就紛紛聚集,見 但以理 在他上帝面前祈禱懇求。
11ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင် ကြလျှင်၊
12他們便進到王前,提王的禁令,說:「王啊,三十日內不拘何人,若在王以外,或向神或向人求甚麼,必被扔在獅子坑中。王不是在這禁令上蓋了玉璽嗎?」王回答說:「實有這事,照 米底亞 和 波斯 人的例是不可更改的。」
12အထံ တော်သို့ဝင် ၍ ၊ အရှင် မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြား သောလူ ကိုဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သောတွင်းထဲသို့ ချ ပစ်စေဟု အမိန့် တော်ကို တံဆိပ် ခတ်တော်မူလျက် ရှိပါသည်မ ဟုတ် လောဟု အမိန့် တော်အကြောင်း ကို မေးလျှောက်ကြ၏။ ရှင် ဘုရင်ကလည်း၊ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း မှန် ပေသည်ဟု မိန့် တော်မူ၏။
13他們對王說:「王啊,那被擄之 猶大 人中的 但以理 不理你,也不遵你蓋了玉璽的禁令,他竟一日三次祈禱。」
13မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ မ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။
14王聽見這話,就甚愁煩,一心要救 但以理 ,籌劃解救他,直到日落的時候。
14ထိုစကား ကို ကြား လျှင် ၊ ရှင် ဘုရင်သည် အလွန် နောင်တ ရ၍ ဒံယေလ ကို လွှတ် ခြင်းငှါ စိတ် အားကြီးသဖြင့်၊ လွှတ် ရသောအခွင့်ကို နေ ဝင် သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ၏။
15那些人就紛紛聚集來見王,說:「王啊,當知道 米底亞 人和 波斯 人有例,凡王所立的禁令和律例都不可更改。」
15တဖန်မှူးမတ်အရာရှိတို့သည် အထံ တော်သို့ စည်းဝေး ၍ ၊ အရှင် မင်းကြီး၊ တခါထုတ် ပြီးသော အမိန့် တော်မ ပျက် နိုင်ရာဟု မေဒိ ၊ ပေရသိ ဓမ္မသတ် ၌ ပါကြောင်းကို သတိ ထားတော်မူပါဟု လျှောက် ကြပြန် လျှင်၊
16王下令,人就把 但以理 帶來,扔在獅子坑中。王對 但以理 說:「你所常事奉的上帝,他必救你。」
16တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
17有人搬石頭放在坑口,王用自己的璽和大臣的印,封閉那坑,使懲辦 但以理 的事毫無更改。
17ကျောက် ပြားကိုလည်း ယူ ခဲ့၍ တွင်း ဝ ကို ပိတ် ပြီးလျှင်၊ ဒံယေလ အမှု၌ စီရင်ချက်ကို မ တိုး မလျော့စေခြင်းငှါ၊ ရှင် ဘုရင်တံဆိပ် နှင့် မှူးမတ် တို့တံဆိပ် ကို ခတ်တော်မူ၏။
18王回宮,終夜禁食,無人拿樂器到他面前,並且睡不着覺。
18ထိုနောက် ၊ ရှင် ဘုရင်သည် နန်းတော် သို့ ပြန် ၍ တညဉ့်လုံး စား တော်မခေါ်၊ အငြိမ့် တန်ဆာကို အထံ တော် သို့ မ သွင်း စေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
19次日黎明,王就起來,急忙往獅子坑那裏去。
19နံနက် စောစောထ ၍ ခြင်္သေ့ တွင်း သို့ အလျင်အမြန် သွား တော်မူ၏။
20臨近坑邊,哀聲呼叫 但以理 ,對 但以理 說:「永生上帝的僕人 但以理 啊,你所常事奉的上帝能救你脫離獅子嗎?」
20ရောက်လျှင်၊ ငိုကြွေး သော အသံ နှင့် ဒံယေလ ကို ခေါ်၍၊ အသက် ရှင်တော်မူသောဘုရား သခင်၏ ကျွန် ဒံယေလ ၊ သင် မ ပြတ် ကိုးကွယ် သော ဘုရား သခင်သည် သင့် ကို ခြင်္သေ့ ဘေးမှ ကယ်လွှတ် နိုင် သလောဟုမေး တော်မူ၏။
21但以理 對王說:「願王萬歲!
21ဒံယေလ က၊ အရှင် မင်းကြီး၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
22我的上帝差遣使者,封住獅子的口,叫獅子不傷我;因我在上帝面前無辜,我在王面前也沒有行過虧損的事。」
22အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
23王就甚喜樂,吩咐人將 但以理 從坑裏繫上來。於是 但以理 從坑裏被繫上來,身上毫無傷損,因為信靠他的上帝。
23ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
24王下令,人就把那些控告 但以理 的人,連他們的妻子兒女都帶來,扔在獅子坑中。他們還沒有到坑底,獅子就抓住他們,咬碎他們的骨頭。
24ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ မ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။
25那時, 大流士 王傳旨,曉諭住在全地各方、各國、各族的人說:「願你們大享平安!
25ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
26現在我降旨曉諭我所統轄的全國人民,要在 但以理 的上帝面前,戰兢恐懼。 因為他是永遠長存的活上帝, 他的國永不敗壞; 他的權柄永存無極!
26ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
27他護庇人,搭救人, 在天上地下施行神蹟奇事, 救了 但以理 脫離獅子的口。」
27မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
28如此,這 但以理 ,當 大流士 王 在位的時候和 波斯 王 塞魯士 在位的時候,大享亨通。
28ထိုသို့ဒံယေလ သည်ဒါရိ မင်းကြီးလက်ထက်၌ ၎င်း ၊ ပေရသိ အမျိုးကုရု မင်းကြီးလက်ထက်၌ ၎င်း ကောင်းစား လျက်နေ၏။
Tip: use the ← and → keys to turn chapters.