但以理書
Chapter 4

但以理書

Chinese Union Version, p…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Chinese Union Version, punctuated (Traditional)
Judson Burmese Bible (1840)
1尼布甲尼撒 王曉諭住在全地各方、各國、各族的人說:「願你們大享平安!
1ငါ နေဗုခဒ်နေဇာ မင်းကြီး ကြားမှာလိုက်သည်။ မြေကြီး တပြင်လုံး ၌ အရပ်ရပ်နေ ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာတို့၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
2我樂意將至高的上帝向我所行的神蹟奇事宣揚出來。
2မြင့်မြတ် တော်မူသောဘုရား သခင်သည် ငါ ၌ ပြု တော်မူသော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ခြင်းငှါ ငါ အလို ရှိ၏။
3他的神蹟何其大! 他的奇事何其盛! 他的國是永遠的; 他的權柄存到萬代!
3နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
4「我- 尼布甲尼撒 安居在宮中,平順在殿內。
4ငါ နေဗုခဒ်နေဇာ သည် နန်းတော် ၌ ငြိမ်ဝပ် စွာ နေ၍ စည်းစိမ် ကြီးစဉ်အခါ၊
5我做了一夢,使我懼怕。我在床上的思念,並腦中的異象,使我驚惶。
5ကြောက်မက်ဘွယ်သော အိပ်မက် ကို မြင် ၍ ၊ သာလွန် ပေါ် မှာ အိပ်လျက် စိတ်ထဲ၌အာရုံပြုသောရူပါရုံ အားဖြင့်တုန်လှုပ် ခြင်းသို့ ငါ ရောက်လေ၏။
6所以我降旨召 巴比倫 的一切哲士到我面前,叫他們把夢的講解告訴我。
6ထိုကြောင့်၊ အိပ်မက် အနက် ကို ငါ့ အားဘော်ပြ စေခြင်းငှါ၊ ဗာဗုလုန် ပညာရှိ အပေါင်း တို့ကို အထံ တော်သို့ သွင်း စေဟု ငါအမိန့် တော်ရှိသည်အတိုင်း၊
7於是那些術士、用法術的、 迦勒底 人、觀兆的都進來,我將那夢告訴了他們,他們卻不能把夢的講解告訴我。
7မာဂု ပညာရှိ၊ ဗေဒင် တတ်၊ ခါလဒဲ ဆရာ၊ အနာဂတ္တိ ဆရာတို့သည် ဝင် ကြလျှင်၊ ငါ မြင်မက်သော အိပ်မက် ကို သူ တို့အား ပြပြော သော်လည်း၊ သူတို့သည် အနက် ကို မ ဘော် မပြနိုင်ကြ။
8末後那照我神的名,稱為 伯提沙撒 的 但以理 來到我面前,他裏頭有聖神的靈,我將夢告訴他 說 :
8နောက်မှငါ ကိုးကွယ်သောဘုရား ၏ နာမ အားဖြင့်ဗေလတရှာဇာ ဟုခေါ်သမုတ်၍၊ သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ ထံသို့ ဝင်လာလျှင်၊
9『術士的領袖 伯提沙撒 啊,因我知道你裏頭有聖神的靈,甚麼奧祕的事都不能使你為難。現在要把我夢中所見的異象和夢的講解告訴我。』
9အချင်းမာဂု ဆရာချုပ် ဗေလတရှာဇာ ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲ သောအရာရှိသမျှ တို့ကို ဖွင့်ပြနိုင်သည်ကို၎င်းငါ သိ ၏။ သို့ဖြစ်၍၊ ငါမြင်မက် သော အိပ်မက် ၏ အနက် ကိုဘော်ပြ လော့။
10「我在床上腦中的異象是這樣:我看見地當中有一棵樹,極其高大。
10ငါအိပ်ပျော်စဉ်တွင်မြင်မက်သည်ကား၊ ငါကြည့်ရှု ၍ မြေကြီး အလယ် ၌ အရပ်မြင့် လှသော သစ်ပင် တပင်ရှိ၏။
11那樹漸長,而且堅固,高得頂天,從地極都能看見,
11ထိုအပင် သည် ကြီးပွား ၍ ခိုင်မာ ခြင်းသို့ ရောက်၏။ မိုဃ်း ကောင်းကင်သို့ ထိ ၍ မြေကြီး စွန်း တိုင်အောင် ထင်ရှား၏။
12葉子華美,果子甚多,可作眾生的食物;田野的走獸臥在蔭下,天空的飛鳥宿在枝上;凡有血氣的都從這樹得食。
12အရွက် လည်းလှ ၏။ သတ္တဝါ အပေါင်း တို့စား၍ ဝလောက်သော အသီး နှင့်ပြည့်စုံ၏။ မြေ တိရစ္ဆာန် တို့သည် ထိုသစ်ပင်အရိပ် ၌ ခိုကြ၏။ အခက် အလက်တို့၌ ကောင်းကင် ငှက် တို့သည် နားနေ ကြ၏။
13「我在床上腦中的異象,見有一位守望的聖者從天而降。
13အိပ်ပျော်၍ မြင်မက် စဉ်၊ တဖန်ငါကြည့်ရှု ပြန် လျှင်၊ သစ်ပင်စောင့် တည်းဟူသောသန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍၊
14大聲呼叫說:『伐倒這樹!砍下枝子!搖掉葉子!拋散果子!使走獸離開樹下,飛鳥躲開樹枝。
14သစ်ပင် ကိုလှဲ လော့။ အခက် တို့ကို ခုတ် လော့။ အသီး အရွက် တို့ကို လှုပ် ချွေလော့။ တိရစ္ဆာန် တို့သည် သစ်ပင်အောက် က ထွက်၍၊ ငှက် တို့သည်လည်း အကိုင်း အခက်ထဲက သွား ကြစေ။
15樹墩卻要留在地內,用鐵圈和銅圈箍住,在田野的青草中讓天露滴濕,使他與地上的獸一同吃草,
15သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကိုခြွင်း ထား၍၊ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံးမိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန် တို့နှင့်အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။
16使他的心改變,不如人心,給他一個獸心,使他經過七期。
16လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့်ပြည့်စုံစေလော့။
17這是守望者所發的命,聖者所出的令,好叫世人知道至高者在人的國中掌權,要將國賜與誰就賜與誰, 或 立極卑微的人執掌國權。』
17အကြောင်းမူကား၊ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံ ကို အုပ်စိုး တော်မူသည်ကို၎င်း၊ ပေးလို သောသူတို့ အားပေး တော်မူသည်ကို၎င်း၊ ယုတ်မာသောသူတို့ ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်းသတ္တဝါတို့ သိနားလည်ရသောအခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကိုပေး ကြပြီဟု ဟစ်ကြော်လေ၏။
18「這是我- 尼布甲尼撒 王所做的夢。 伯提沙撒 啊,你要說明這 夢的 講解;因為我國中的一切哲士都不能將 夢 的講解告訴我,惟獨你能,因你裏頭有聖神的靈。」
18ထိုသို့ ငါ နေဗုခဒ်နေဇာ မင်းကြီး သည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ ၊ ငါမြင်သော အိပ်မက်အနက် ကိုဘော်ပြ လော့။ ငါ့ နိုင်ငံ တွင် ပညာရှိ အပေါင်း တို့သည် အနက် ကို ငါ့ အား မ ဘော် မပြနိုင် သော်လည်း ၊ သင် သည် သန့်ရှင်း သော ဘုရား သခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင် သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက် ကို ဒံယေလအား ပြန်ပြော၏။
19於是稱為 伯提沙撒 的 但以理 驚訝片時,心意驚惶。王說:「 伯提沙撒 啊,不要因夢和夢的講解驚惶。」 伯提沙撒 回答說:「我主啊,願這夢歸與恨惡你的人,講解歸與你的敵人。
19ထိုအခါ ဗေလတရှာဇာ အမည် ရှိသော ဒံယေလ သည် တ နာရီ လောက် မိန်းမော တွေဝေ၍ စိတ် ပူပန်လျက် နေ၏။ ရှင် ဘုရင်က၊ အချင်းဗေလတရှာဇာ ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန် သောစိတ်မ ရှိပါနှင့်ဟု မိန့် တော်မူ၏။ ဗေလတရှာဇာ ကလည်း၊ အရှင် စော၊ ကိုယ်တော် ကို မုန်း သော ရန်သူ တို့အပေါ်၌ အိပ်မက်အနက် ရောက်ပါစေသော။
20你所見的樹漸長,而且堅固,高得頂天,從地極都能看見;
20မြင်မက် တော်မူစဉ်တွင် ကြီးပွား ၍ ခိုင်မာ ထသော၊ မိုဃ်း ကောင်းကင် သို့ ထိ ၍ မြေကြီး တပြင်လုံး ၌ ထင်ရှားထသော၊
21葉子華美,果子甚多,可作眾生的食物;田野的走獸住在其下;天空的飛鳥宿在枝上。
21အရွက် လှ လျက်၊ သတ္တဝါ အပေါင်းတို့ စား၍ ဝလောက်သော အသီး နှင့် ပြည့်စုံထသော၊ မြေ တိရစ္ဆာန် တို့သည် အောက် ၌နေကြသဖြင့်၊ အခက် အလက်တို့၌ ကောင်းကင် ငှက် များ မှီခို နားနေရာဖြစ်သော သစ်ပင် သည်၊
22「王啊,這漸長又堅固的樹就是你。你的威勢漸長及天,你的權柄管到地極。
22အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။
23王既看見一位守望的聖者從天而降,說:『將這樹砍伐毀壞,樹墩卻要留在地內,用鐵圈和銅圈箍住;在田野的青草中,讓天露滴濕,使他與地上的獸一同吃草,直到經過七期。』
23သစ်ပင်စောင့် ၊ သန့်ရှင်း သူတယောက်သည် ကောင်းကင် မှ ဆင်းလာ ၍ ၊ သစ်ပင် ကို ခုတ်လှဲ ဖျက်ဆီး လော့။ သို့သော်လည်း ၊ မြေ ၌ စွဲသော အမြစ် နှင့်တကွသစ်ငုတ် ကို ခြွင်း ထား၍ သံ ကြိုး ၊ ကြေးဝါ ကြိုးနှင့် ချည်နှောင်သကဲ့သို့နု သောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ် နှစ်ပတ်လုံးမိုဃ်း စွတ်ခြင်းကိုခံ ၍ ၊ မြေ တိရစ္ဆာန် တို့နှင့် ဆက်ဆံစေဟုဆိုသည်မှာ၊
24「王啊,講解就是這樣:臨到我主我王的事是出於至高者的命。
24အမြင့်ဆုံး သော ဘုရားသခင်စီရင် တော်မူ၍၊ အရှင် မင်းကြီး အပေါ် ၌ ရောက် ရသော မြင်မက်တော်မူချက်၏ အနက် ဟူမူကား ၊
25你必被趕出離開世人,與野地的獸同居,吃草如牛,被天露滴濕,且要經過七期。等你知道至高者在人的國中掌權,要將國賜與誰就賜與誰。
25ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၍ ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။
26守望者既吩咐存留樹墩,等你知道諸天掌權,以後你的國必定歸你。
26သစ်မြစ် ၊ သစ်ငုတ် ကိုခြွင်း ထားစေခြင်းငှါ စီရင် ကြသည်အရာမှာ၊ ကောင်းကင် ဘုံသည် အုပ်စိုး ကြောင်း ကို ကိုယ်တော်သိ ပြီးသော နောက်၊ နိုင်ငံ တော်သည် လက်တော်မှ မရွေ့ဘဲ တည် လိမ့်မည်။
27王啊,求你悅納我的諫言,以施行公義斷絕罪過,以憐憫窮人除掉罪孽,或者你的平安可以延長。」
27သို့ဖြစ်၍ ၊ အရှင် မင်းကြီး၊ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။ တရား သော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနား ခြင်းအားဖြင့် ဒုစရိုက် အပြစ်တို့ကို ပယ် ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာ ရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
28這事都臨到 尼布甲尼撒 王。
28ထိုအမှုအရာအလုံးစုံ တို့သည် နေဗုခဒ်နေဇာ မင်းကြီး အပေါ် သို့ ရောက် သည်အကြောင်းကား၊
29過了十二個月,他遊行在 巴比倫 王宮裏。
29တဆယ် နှစ် လ လွန် ပြီးသော်၊ ဗာဗုလုန် နန်းတော် ပေါ် မှာ စင်္ကြံ သွားလျက်၊
30他說:「這大 巴比倫 不是我用大能大力建為京都,要顯我威嚴的榮耀嗎?」
30ဤ မြို့ကား၊ ငါ့နိုင်ငံတည်ရာ၊ ငါ့ ရွှေဘုန်း တော်ကို ချီးမြှောက် ရာဘို့ ၊ ငါ့ တန်ခိုး အာနုဘော်အားဖြင့် ငါ တည် လုပ်သော ဗာဗုလုန် မြို့ကြီး မ ဟုတ်လောဟု မြွက်ဆို ၏။
31這話在王口中尚未說完,有聲音從天降下, 說 :「 尼布甲尼撒 王啊,有話對你說,你的國位離開你了。
31ထိုစကား ကို မြွက်ဆိုစဉ် ပင်၊ ကောင်းကင် မှ သက်ရောက် သော အသံ ဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး ၊ နားထောင်လော့။ နိုင်ငံ တော်သည် သင့် လက်မှ ရွေ့ သွားပြီ။
32你必被趕出離開世人,與野地的獸同居,吃草如牛,且要經過七期。等你知道至高者在人的國中掌權,要將國賜與誰就賜與誰。」
32သင့် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့ နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရား သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့အား ပေး တော်မူသည်ကို မင်းကြီးမသိ မ မှတ်မှီကာလ ၊ ခုနစ် နှစ် ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား လျက်နေရမည်ဟု အသံ ဖြစ်လေ၏။
33當時這話就應驗在 尼布甲尼撒 的身上,他被趕出離開世人,吃草如牛,身被天露滴濕,頭髮長長,好像鷹 毛 ;指甲長長,如同鳥 爪 。
33ထိုစကားနှင့်အညီနေဗုခဒ်နေဇာ ၌ ချက်ခြင်းဖြစ်၍၊ လူစု ထဲက နှင်ထုတ် ကြလျှင်၊ သူသည်နွား ကဲ့သို့ မြက် ကိုစား ၍ မိုဃ်း စွတ်ခြင်းကိုခံ သဖြင့်၊ ကိုယ်အမွေး သည် ရွှေလင်းတ အတောင်ကဲ့သို့ ၎င်း ၊ လက်သည်း ခြေသည်းတို့သည် ငှက် ခြေသည်းကဲ့သို့ ၎င်း ဖြစ်၏။
34日子滿足,我- 尼布甲尼撒 舉目望天,我的聰明復歸於我,我便稱頌至高者,讚美尊敬活到永遠的 上帝 。 他的權柄是永有的; 他的國存到萬代。
34ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
35世上所有的居民都算為虛無; 在天上的萬軍和世上的居民中, 他都憑自己的意旨行事。 無人能攔住他手, 或問他說,你做甚麼呢?
35မြေကြီး သားအပေါင်း တို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေ တို့၌ ၎င်း ၊ မြေကြီး သားတို့၌၎င်း အလို တော်ရှိသည်အတိုင်း စီရင် ပြုပြင်တော်မူ၏။ လက် တော်ကို အဘယ်သူ မျှမ ဆီးတား နိုင်။ အဘယ်သို့ ပြု သနည်းဟု ကိုယ်တော် ကို ဆို နိုင်သောသူ မရှိ ။
36那時,我的聰明復歸於我,為我國的榮耀、威嚴,和光耀也都復歸於我;並且我的謀士和大臣也來朝見我。我又得堅立在國位上,至大的權柄加增於我。
36ထိုအခါ ငါ့စိတ်ပကတိဖြစ်ပြန်၍၊ ငါ့ နိုင်ငံ ၏ အသရေ ဘို့ ယမန်ကဲ့သို့တင့်တယ်ခြင်း အရောင် အဆင်း နှင့် ပြည့်စုံ၍၊ တိုင်ပင် သော မှူးတော်မတ်တော်တို့သည် ညီလာခံဝင်ကြလျှင်၊ ငါ ၏အာဏာတည်မြဲတည်၏။ ငါ့ဘုန်း အာနုဘော်လည်း ယခင် ထက် တိုးပွါး၏။
37現在我- 尼布甲尼撒 讚美、尊崇、恭敬天上的王;因為他所做的全都誠實,他所行的也都公平。那行動驕傲的,他能降為卑。
37ယခု တွင် ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်း ထောပနာပြု၏။ စီရင် ဖန်ဆင်း တော်မူသမျှ သော အရာတို့သည် သစ္စာ နှင့် ပြည့်စုံ၍ တရား နှင့် ညီလျော်ကြ၏။ မာန ထောင်လွှား သောသူတို့ ကို နှိမ်ချ ခြင်းငှါ တတ်နိုင် တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။

Tip: use the ← and → keys to turn chapters.