Hebrews
Chapter 2
Berean Standard Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Hebrews 2

Berean Standard Bible
Judson Burmese Bible (1840)
1We must pay closer attention, therefore, to what we have heard, so that we do not drift away.
1ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသော ဒေသနာတော်ကို မ မေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိ စွဲလမ်းခြင်းရှိရကြမည်
2For if the message spoken by angels was binding, and every transgression and disobedience received its just punishment,
2ကောင်းကင် တမန်များအားဖြင့် ထား တော်မူသော ဗျာဒိတ် တော်သည် တည် ၍ ပြစ်မှား လွန်ကျူး ခြင်း အမှု အမျိုးမျိုး တို့သည် ခံထိုက် သော အပြစ် ဒဏ်ကို ခံရ သည်မှန်လျှင် ၊
3how shall we escape if we neglect such a great salvation? This salvation was first announced by the Lord, was confirmed to us by those who heard Him,
3အစအဦး ၌ သခင် ဘုရားဟော တော်မူ၍ ဒေသနာစကားတော်ကို ကြား ရသောသူ တို့သည်၊ ယုံလောက်သော သက်သေအားဖြင့် ငါ တို့အား ဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက်ကြီးစွာ သော ကယ်တင် တော်မူခြင်းတရားကို ငါ တို့သည် နား မထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ် ကြလိမ့်မည်နည်း
4and was affirmed by God through signs, wonders, various miracles, and gifts of the Holy Spirit distributed according to His will.
4ထိုသက်သေခံသောသူတို့နှင့်အတူဘုရားသခင် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအားဖြင့် ၎င်း၊ ထူးဆန်းသောတန်ခိုး အထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်သည် မိမိ အလို တော်အတိုင်း ဝေငှ သော ဆုကျေးဇူးအားဖြင့်၎င်း သက်သေခံ တော်မူပြီ
5For it is not to angels that He has subjected the world to come, about which we are speaking.
5ငါတို့ပြောဆို သော နောင် ကပ်ကမ္ဘာ ကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန် တို့၌ အပ်ပေး တော်မူသည်မ ဟုတ်၊
6But somewhere it is testified in these words: “What is man that You are mindful of him, or the son of man that You care for him?
6ကျမ်းစာတစ် ချက်၌ တစ် ယောက်သောသူက၊ လူ သည် အဘယ်သို့ သောသူ ဖြစ် ၍ ကိုယ်တော်သည် အောက်မေ့ တော်မူရသနည်း။ လူ သား သည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း
7You made him a little lower than the angels; You crowned him with glory and honor
7သူ့ ကို ကောင်းကင် တမန်တို့အောက်၌ အနည်းငယ် နှိမ့် တော်မူပြီ။ သူ ၏ခေါင်းကို ဘုန်း အသရေ နှင့် ပတ်ရစ် တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊
8and placed everything under his feet.” When God subjected all things to him, He left nothing outside of his control. Yet at present we do not see everything subject to him.
8ခပ်သိမ်း သောအရာတို့ကို သူ ၏ခြေ အောက် ၌ ချထား တော်မူပြီဟု သက်သေခံ သတည်း။ ခပ်သိမ်း သော အရာတို့ကို ချထား တော်မူ၏ဟုဆိုသော်၊ မချမထား ဘဲ ကျန်ရစ် သောအရာတစ်စုံတစ်ခု မျှ မရှိရ။ ယခု မူကား ၊ ခပ်သိမ်း သောအရာတို့သည် ချထား လျက်ရှိသည်ကို ငါတို့ မ မြင် ရကြသေး
9But we see Jesus, who was made a little lower than the angels, now crowned with glory and honor because He suffered death, so that by the grace of God He might taste death for everyone.
9ယေရှု သည် ဘုရားသခင် ၏ ကျေးဇူး တော်အားဖြင့်လူအပေါင်း တို့အတွက် ကြောင့် အသေခံ ရသော အခွင့်ရှိစေခြင်းငှာ ၊ ကောင်းကင်တမန် တို့အောက် ၌ အနည်းငယ် နှိမ့် ပြီးမှ၊ အသေ ခံရသောကြောင့် ခေါင်းတော်၌ ဘုန်း အသရေ ပတ်ရစ် လျက်ရှိသည်ကို ငါတို့ မြင် ကြ၏
10In bringing many sons to glory, it was fitting for God, for whom and through whom all things exist, to make the author of their salvation perfect through suffering.
10အကြောင်းမူကား ၊ များစွာ သော သား တို့ကို ကယ်တင် ၍၊ ဘုန်း စည်းစိမ်စံစားရာသို့ ပို့ဆောင် သော အရှင် သည်၊ ဒုက္ခ ဝေဒနာအားဖြင့် စုံလင် ခြင်းသို့ ရောက် ရမည်အကြောင်း၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏
11For both the One who sanctifies and those who are sanctified are of the same family. So Jesus is not ashamed to call them brothers.
11သန့်ရှင်း စေတတ်သောသူနှင့် သန့်ရှင်း စေအပ်သောသူ များတို့သည် တစ်ပါးတည်းသော ပကတိရှိ ကြ၏။ ထိုကြောင့် ၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူ တို့ကို ညီအစ်ကို ဟူ၍ခေါ် ခြင်းငှာရှက်ကြောက် တော်မ မူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား
12He says: “I will proclaim Your name to My brothers; I will sing Your praises in the assembly.”
12သိတင်း တော်ကို အကျွန်ုပ် ညီအစ်ကို တို့အား အကျွန်ုပ်ကြားပြော ပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ သီချင်းဆိုပါမည်ဟု လာ သတည်း
13And again: “I will put My trust in Him.” And once again: “Here am I, and the children God has given Me.”
13တ ချက်ကား၊ ငါ သည်ဘုရားသခင် ကို ကိုးစား မည်ဟု လာသတည်း။ တဖန် ကား၊ ငါ မှစ၍ ငါ့ အား ဘုရားသခင် ပေး တော်မူသောသူငယ် တို့သည် ရှိ ကြ၏ဟု လာသတည်း
14Now since the children have flesh and blood, He too shared in their humanity, so that by His death He might destroy him who holds the power of death, that is, the devil,
14ထိုသူငယ် တို့သည် အသွေး အသား နှင့် ဆက်ဆံ ကြသောကြောင့် ၊ ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် ၊ သေ ခြင်းတရားကို အစိုးရ သော သူတည်းဟူသောမာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီးခြင်းငှာ ၎င်း
15and free those who all their lives were held in slavery by their fear of death.
15သေ ဘေးကိုကြောက် ၍ တစ်သက်လုံး ကျွန် ခံရ သော သူ တို့ကို ကယ်လွှတ် ခြင်းငှာ၎င်း ၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူ တော်မူ၏
16For surely it is not the angels He helps, but the descendants of Abraham.
16အကြောင်းမူကား ၊ ခရစ်တော်သည် ကောင်းကင်တမန် တို့ကို မစ တော်မူသည်မ ဟုတ်၊ အာဗြဟံ အမျိုး ကို မစ တော်မူ၏
17For this reason He had to be made like His brothers in every way, so that He might become a merciful and faithful high priest in service to God, in order to make atonement for the sins of the people.
17ထိုကြောင့် ၊ ခရစ်တော်သည် လူ တို့၏ အပြစ် ဖြေစရာအကြောင်း ကို စီရင်၍၊ ဘုရားသခင် နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာ နှင့်၎င်း ၊ သစ္စာ နှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ် အကြီးဖြစ် အံ့သောငှာ ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံး တူ ရသော အကြောင်း ရှိ၏
18Because He Himself suffered when He was tempted, He is able to help those who are being tempted.
18ထိုသို့စုံစမ်း နှောင့်ရှက်ခြင်းကို ကိုယ်တော် တိုင်ခံ၍ ဒုက္ခ ဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူ တို့ကို မစ ခြင်းငှာတတ်နိုင် တော်မူ၏။

Tip: use the ← and → keys to turn chapters.