2 Timothy
Chapter 2

2 Timothy

Berean Standard Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

2 Timothy 2

Berean Standard Bible
Judson Burmese Bible (1840)
1You therefore, my child, be strong in the grace that is in Christ Jesus.
1ငါ့ သား ၊ သင် သည် ယေရှု ခရစ် ၌ ရှိသော ကျေးဇူး တော်အားဖြင့် ခိုင်ခံ့ ခြင်းရှိလော့။
2And the things that you have heard me say among many witnesses, entrust these to faithful men who will be qualified to teach others as well.
2သက်သေခံ အများ ရှိသည်နှင့် ငါ့ ထံ၌ ကြား ရပြီးသော အရာ တို့ကို၊ သစ္စာ နှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင် ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူ တို့၌ အပ်ပေး လော့။
3Join me in suffering, like a good soldier of Christ Jesus.
3ထိုသို့အလိုငှာ သင်သည်၊ ယေရှု ခရစ် ထံ၌ကောင်း သောစစ်သူရဲ ကဲ့သို့ ၊ ဆင်းရဲ ဒုက္ခကိုသည်းခံလော့
4A soldier refrains from entangling himself in civilian affairs, in order to please the one who enlisted him.
4စစ်သူရဲ မည်သည်ကား၊ မိမိကိုစစ်သူရဲ အရာ၌ ခန့်ထားသောသူ ကို နှစ်သက် စေခြင်းငှာ ၊ လောကီမှု ရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
5Likewise, a competitor does not receive the crown unless he competes according to the rules.
5ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်း အတိုင်းမ တိုက် လျှင် ပန်း ဦးရစ်ကိုမ ရ။
6The hardworking farmer should be the first to partake of the crops.
6လယ် လုပ်သောသူသည်လည်းအရင် လုပ်ပြီးမှအသီးအနှံ ကိုခံရ မည်။
7Consider what I am saying, for the Lord will give you insight into all things.
7ငါ့စကား ကိုဆင်ခြင် လော့။ ထာဝရ ဘုရားသည် အရာရာ တို့၌ ဉာဏ် ကို သင့် အားပေး သနား တော်မူပါစေသော။
8Remember Jesus Christ, raised from the dead, descended from David, as proclaimed by my gospel,
8ဒါဝိဒ် အမျိုး ဖြစ်သော ယေရှု ခရစ် သည်၊ ငါ ဟောသောဧဝံဂေလိ တရားအတိုင်း ၊ သေ ခြင်းမှ ထမြောက် တော်မူသည်ဟု အောက်မေ့ လော့။
9for which I suffer to the extent of being chained like a criminal. But the word of God cannot be chained!
9ထိုတရား ကြောင့် ငါသည်လူဆိုး ကဲ့သို့ ချည်နှောင် ခြင်းတိုင်အောင် ဆင်းရဲ ဒုက္ခကိုခံရ၏။ သို့သော်လည်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည်ချည်နှောင် ခြင်းနှင့် ကင်းလွတ် ၏။
10For this reason I endure all things for the sake of the elect, so that they too may obtain the salvation that is in Christ Jesus, with eternal glory.
10ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။
11This is a trustworthy saying: If we died with Him, we will also live with Him;
11သစ္စာ စကား ဟူမူကား၊ ထိုသခင်နှင့်အတူသေ လျှင် ၊ အတူ ရှင်လိမ့်မည်။
12if we endure, we will also reign with Him; if we deny Him, He will also deny us;
12သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။
13if we are faithless, He remains faithful, for He cannot deny Himself.
13ငါတို့သည်မယုံကြည် သော်လည်း ၊ ထိုသခင် သည် သစ္စာ တည် သဖြင့် ကိုယ် ကိုငြင်းပယ် တော်မ မူနိုင် ။
14Remind the believers of these things, charging them before God to avoid quarreling over words, which succeeds only in leading the listeners to ruin.
14ဤ အကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေး လော့။ အဘယ် အကျိုး ကိုမျှမပြုစု၊ ကြားနာ သောသူ တို့၏ စိတ်ကိုမှောက်လှန် လိုသောငှာ ၊ စကား ကြောင့်သာ ငြင်းခုံခြင်းကို မ ပြုမည်အကြောင်း၊ သခင် ဘုရားရှေ့ ၌ သစ္စာ ပေးလော့။
15Make every effort to present yourself approved to God, an unashamed workman who accurately handles the word of truth.
15သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာ တရား ကို မှန်ကန် စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင် ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှာကြိုးစား အားထုတ်လော့။
16But avoid irreverent, empty chatter, which will only lead to more ungodliness,
16တရားမဲ့ ဖြစ်သော အချည်းနှီး စကားကို ရှောင် လော့။ အကြောင်းမူကား ၊ ထိုစကားသည် မတရား သော အမှုတို့ကို ပွားများ စေလိမ့်မည်။
17and the talk of such men will spread like gangrene. Among them are Hymenaeus and Philetus,
17သူ တို့၏စကား သည် ခူနာ ကဲ့သို့ စား လိမ့်မည်။ ထိုသူ တို့တွင် ဟုမေနဲ နှင့် ဖိလက် ပါ သတည်း။
18who have deviated from the truth. They say that the resurrection has already occurred, and they undermine the faith of some.
18သူ တို့က သေလွန်သော သူတို့သည် ထမြောက် ကြပြီဟု ပြော လျက်၊ သမ္မာတရား လမ်းမှ လွဲ သွား၍ အချို့ သောသူတို့၏ ယုံကြည် ခြင်းကို မှောက်လှန် တတ်ကြ၏။
19Nevertheless, God’s firm foundation stands, bearing this seal: “The Lord knows those who are His,” and, “Everyone who calls on the name of the Lord must turn away from iniquity.”
19သို့သော်လည်း ၊ သခင် ဘုရားသည် မိမိ လူ တို့ကို သိကျွမ်း တော်မူ၏ဟူ၍၎င်း၊ တံဆိပ် ခတ်လျက်ရှိ သော ဘုရားသခင် ၏ တိုက်မြစ် သည် ခိုင်ခံ့ ၍တည် ၏။
20A large house contains not only vessels of gold and silver, but also of wood and clay. Some indeed are for honorable use, but others are for common use.
20ကြီးစွာ သောအိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာသာ ရှိ သည်မ ဟုတ်၊ သစ်သား တန်ဆာ၊ မြေ တန်ဆာရှိ၏။ အသရေ ရှိသောတန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏။
21So if anyone cleanses himself of what is unfit, he will be a vessel for honor: sanctified, useful to the Master, and prepared for every good work.
21သို့ဖြစ်၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိ ကို စင်ကြယ် စေသောသူမည်သည်ကား၊ အသရေ ရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင် သုံး စရာ ကောင်းသောတန်ဆာ၊ ကောင်း သော အမှု များအဘို့ အလိုငှာ ပြင်ဆင် သောတန်ဆာဖြစ်လိမ့်မည်။
22Flee from youthful passions and pursue righteousness, faith, love, and peace, together with those who call on the Lord out of a pure heart.
22လူပျို တို့၏ တပ်မက် ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် ခြင်း၊ သစ္စာ ရှိခြင်း၊ ချစ် ခြင်း၊ စင်ကြယ် သောစိတ် ရှိ၍ ၊ သခင် ဘုရားကိုပဌနာ ပြုသော သူ တို့နှင့် အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက် လော့။
23But reject foolish and ignorant speculation, for you know that it breeds quarreling.
23မိုက်မဲ ၍ ပညာ ကင်းသောပုစ္ဆာ အမေးတို့သည် ရန် ပွား စေတတ်သည်ဟု သိမှတ် ၍ပယ်ရှား လော့။
24And a servant of the Lord must not be quarrelsome, but must be kind to everyone, able to teach, and forbearing.
24သခင် ဘုရား၏ ကျွန် သည် ရန် မ တွေ့ရ ။ ခပ်သိမ်း သော သူတို့အား ဖြည်းညှင်း စွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံ နိုင်သောသူဖြစ် ရမည်။
25He must gently reprove those who oppose him, in the hope that God may grant them repentance leading to a knowledge of the truth.
25ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍
26Then they will come to their senses and escape the snare of the devil, who has taken them captive to his will.
26မာရ်နတ် ၏ အလို အတိုင်းဘမ်းမိ သောထိုသူ တို့သည် သတိရ၍ ၊ ထိုဘမ်းမိ ရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။

Tip: use the ← and → keys to turn chapters.