Leviticus
Chapter 23
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Leviticus 23

World English Bible
Judson Burmese Bible (1840)
1The LORD spoke to Moses, saying,
1တဖန် မောရှေ အား ထာဝရဘုရား က၊
2“Speak to the children of Israel, and tell them, ‘The set feasts of the LORD, which you shall proclaim to be holy convocations, even these are my set feasts.
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
3“‘Six days shall work be done, but on the seventh day is a Sabbath of solemn rest, a holy convocation; you shall do no kind of work. It is a Sabbath to the LORD in all your dwellings.
3ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် ငြိမ်ဝပ် စွာနေရသော ဥပုသ် နေ့၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို နေ့၌ သင်တို့သည် အလုပ် မ လုပ် ရကြ။ သင် တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။
4“‘These are the set feasts of the LORD, even holy convocations, which you shall proclaim in their appointed season.
4အချိန် တန်မှ သင်တို့ကြော်ငြာ ရသော ဓမ္မစည်းဝေး ခြင်းတည်းဟူသောထာဝရဘုရား ၏ ပွဲတော် များ ဟူမူကား ၊
5In the first month, on the fourteenth day of the month in the evening, is the LORD’s Passover.
5ပဌမ လ ဆယ် လေး ရက်နေ့ ညဦး ယံ၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
6On the fifteenth day of the same month is the feast of unleavened bread to the LORD. Seven days you shall eat unleavened bread.
6၎င်း လ ဆယ် ငါး ရက် နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့် ကို စား ရကြမည်။
7In the first day you shall have a holy convocation. You shall do no regular work.
7ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ရမည်။ လောကီအလုပ် ကို မ လုပ် ရ။
8But you shall offer an offering made by fire to the LORD seven days. In the seventh day is a holy convocation. You shall do no regular work.’”
8ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပူဇော်သက္ကာကို ပြု ရမည်။ သတ္တမ နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ် ကို မ လုပ် ရဟု မိန့် တော်၏။
9The LORD spoke to Moses, saying,
9တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
10“Speak to the children of Israel, and tell them, ‘When you have come into the land which I give to you, and shall reap its harvest, then you shall bring the sheaf of the first fruits of your harvest to the priest.
10သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် ၍ စပါးကိုရိတ် သောအခါ ၊ အဦး ရိတ် သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
11He shall wave the sheaf before the LORD, to be accepted for you. On the next day after the Sabbath the priest shall wave it.
11သင် တို့သည် စိတ် တော်နှင့် တွေ့ခြင်းငှါ ယဇ် ပုရောဟိတ်သည် ဥပုသ် နေ့လွန်မှ၊ နက်ဖြန် နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရမည်။
12On the day when you wave the sheaf, you shall offer a male lamb without defect a year old for a burnt offering to the LORD.
12ကောက်လှိုင်း ကို ချီလွှဲ သောနေ့ ၌ အခါ မလည်အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီး ရှို့ရာယဇ်ပြု၍ ပူဇော် ရမည်။
13The meal offering with it shall be two tenths of an ephah of fine flour mixed with oil, an offering made by fire to the LORD for a pleasant aroma; and the drink offering with it shall be of wine, the fourth part of a hin.
13ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ ကား၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောဆီ နှင့် ရော သော မုန့်ညက် နှစ် ဩမဲဖြစ်ရမည်။ သွန်း လောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည် သုံးလောဃ ဖြစ်ရမည်။
14You must not eat bread, or roasted grain, or fresh grain, until this same day, until you have brought the offering of your God. This is a statute forever throughout your generations in all your dwellings.
14သင် တို့၏ ဘုရား သခင်ထံတော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောနေ့မ ရောက်မှီ၌၊ မုန့် ၊ ဆန် လှော်၊ စိမ်း သောအသီးအနှံကို မ စား ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသော ပညတ် တော်ဖြစ်သတည်း။
15“‘You shall count from the next day after the Sabbath, from the day that you brought the sheaf of the wave offering: seven Sabbaths shall be completed.
15ချီလွှဲ ရာ ပူဇော်သက္ကာကောက်လှိုင်း ကို ဆောင် ခဲ့သောနေ့ ၊ ဥပုသ် နေ့အလွန် နက်ဖြန် နေ့က စ၍သီတင်းခုနစ် သီတင်းစေ့ အောင် ရေတွက် ရမည်။
16The next day after the seventh Sabbath you shall count fifty days; and you shall offer a new meal offering to the LORD.
16သတ္တမ ဥပုသ် နေ့အလွန် နက်ဖြန် နေ့အထိ အရက် ငါး ဆယ်တိုင်တိုင်ရေတွက် ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ် ကို ဆက် ရကြမည်။
17You shall bring out of your habitations two loaves of bread for a wave offering made of two tenths of an ephah of fine flour. They shall be baked with yeast, for first fruits to the LORD.
17ထာဝရဘုရား အဘို့ အဦး သီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲ ရာမုန့် နှစ် လုံးကို သင် တို့အိမ် မှ ထုတ် ဆောင်ခဲ့၍၊
18You shall present with the bread seven lambs without defect a year old, one young bull, and two rams. They shall be a burnt offering to the LORD, with their meal offering and their drink offerings, even an offering made by fire, of a sweet aroma to the LORD.
18ထိုမုန့် နှင့်တကွ အခါ မလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်၊ နွား သငယ် အထီးတကောင်၊ ဆိတ် နှစ် ကောင်ကို ဆက် ၍၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော်ရမည်။
19You shall offer one male goat for a sin offering, and two male lambs a year old for a sacrifice of peace offerings.
19အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင် ကို၎င်း၊ မိဿဟာယ ယဇ်ဘို့ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို၎င်း ပူဇော် ၍
20The priest shall wave them with the bread of the first fruits for a wave offering before the LORD, with the two lambs. They shall be holy to the LORD for the priest.
20ယဇ် ပုရောဟိတ်သည် အဦး သီးသော အသီးမုန့် နှင့်တကွ ချီလွှဲ သဖြင့် ၊ သိုး သငယ်နှစ် ကောင်ပါ လျက်၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား ရှေ့ မှာ သန့်ရှင်း သော အရာဖြစ် သတည်း။
21You shall make proclamation on the same day that there shall be a holy convocation to you. You shall do no regular work. This is a statute forever in all your dwellings throughout your generations.
21ထို နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို စီရင် ရကြမည်။ လောကီအလုပ် ကို မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
22“‘When you reap the harvest of your land, you must not wholly reap into the corners of your field. You must not gather the gleanings of your harvest. You must leave them for the poor and for the foreigner. I am the LORD your God.’”
22ကိုယ် မြေ ၌ ဖြစ်သောစပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန်အစင်မ ရိတ် ရ။ သိမ်း ရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မ ကောက် မသိမ်းရ။ ထိုအရာကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တု အဘို့ ချန် ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
23The LORD spoke to Moses, saying,
23တဖန် မောရှေ အား ထာဝရဘုရား က၊
24“Speak to the children of Israel, saying, ‘In the seventh month, on the first day of the month, there shall be a solemn rest for you, a memorial of blowing of trumpets, a holy convocation.
24သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သတ္တမ လ ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ် ပွဲ၊ ဓမ္မစည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့်ရကြမည်။
25You shall do no regular work. You shall offer an offering made by fire to the LORD.’”
25လောကီအလုပ် ကို မ လုပ် ရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက် ရမည်ဟု မိန့် တော်မူ၏။
26The LORD spoke to Moses, saying,
26တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
27“However on the tenth day of this seventh month is the day of atonement. It shall be a holy convocation to you. You shall afflict yourselves and you shall offer an offering made by fire to the LORD.
27သတ္တမ လ ၊ ဒသမ နေ့သည်လည်း အပြစ် ဖြေရာနေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံ စွာကျင့် ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။
28You shall do no kind of work in that same day, for it is a day of atonement, to make atonement for you before the LORD your God.
28ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
29For whoever it is who shall not deny himself in that same day shall be cut off from his people.
29ထို နေ့ ၌ ခြိုးခြံ စွာ မ ကျင့်သောသူ မည်သည် ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရမည်။
30Whoever does any kind of work in that same day, I will destroy that person from among his people.
30ထို နေ့ ၌ အလုပ် တစုံ တခုကို လုပ် သော သူ မည်သည်ကို၊ သူ ၏အမျိုး မှ ငါပယ်ရှား ဖျက်ဆီးမည်။
31You shall do no kind of work: it is a statute forever throughout your generations in all your dwellings.
31အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
32It shall be a Sabbath of solemn rest for you, and you shall deny yourselves. In the ninth day of the month at evening, from evening to evening, you shall keep your Sabbath.”
32ထို နေ့သည် ငြိမ်ဝပ် စွာ နေရသောနေ့၊ ခြိုးခြံ စွာကျင့်ရသောနေ့ဖြစ်၏။ နဝမ နေ့ ညဦး မှစ၍ နက်ဖြန်ညဦး တိုင်အောင် ဥပုသ် စောင့် ရမည်ဟု မိန့် တော်မူ၏။
33The LORD spoke to Moses, saying,
33တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
34“Speak to the children of Israel, and say, ‘On the fifteenth day of this seventh month is the feast of booths for seven days to the LORD.
34သင်တို့သည် သတ္တမ လ ၊ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ သကေနေ ပွဲ ကိုခံရကြမည်။
35On the first day shall be a holy convocation. You shall do no regular work.
35ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ အလုပ် ကို မ လုပ် ရ။
36Seven days you shall offer an offering made by fire to the LORD. On the eighth day shall be a holy convocation to you. You shall offer an offering made by fire to the LORD. It is a solemn assembly; you shall do no regular work.
36ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။
37“‘These are the appointed feasts of the LORD which you shall proclaim to be holy convocations, to offer an offering made by fire to the LORD, a burnt offering, a meal offering, a sacrifice, and drink offerings, each on its own day—
37ဤရွေ့ကား ၊ ထာဝရဘုရား ၏ဥပုသ် နေ့၊ ထာဝရဘုရား အား ဆက်ကပ် ရသော အလှူဒါန၊ သစ္စာဂတိ နှင့်ဆိုင်သောပူဇော်သက္ကာ ၊ အလိုလို ပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ထာဝရဘုရားအား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ် ပူဇော်ခြင်း၊ သွန်းလောင်း ရာပူဇော်သက္ကာကိုပြုစေခြင်းငှါစီရင်ရသောဓမ္မ စည်းဝေးခြင်း၊ ထာဝရဘုရား ၏ပွဲ တော်များဖြစ်သတည်း။
38in addition to the Sabbaths of the LORD, and in addition to your gifts, and in addition to all your vows, and in addition to all your free will offerings, which you give to the LORD.
no verse 38 in this text
39“‘So on the fifteenth day of the seventh month, when you have gathered in the fruits of the land, you shall keep the feast of the LORD seven days. On the first day shall be a solemn rest, and on the eighth day shall be a solemn rest.
39ထိုမှတပါး၊ သင် တို့သည် မြေ အသီး အနှံကို သိမ်းယူ သောနောက် ၊ သတ္တမ လ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား ပွဲ ခံကြရမည်။ ပဌမ နေ့ နှင့် အဋ္ဌမ နေ့ ၌ ဥပုသ် စောင့်ရကြမည်။
40You shall take on the first day the fruit of majestic trees, branches of palm trees, and boughs of thick trees, and willows of the brook; and you shall rejoice before the LORD your God seven days.
40ပဌမ နေ့ ၌ ကောင်းမွန် သော သစ်သီး ၊ စွန်ပလွံ ခက် ၊ မိုဃ်းမခ ပင် အစရှိသော အရွက်များ သော အပင် ၏ အကိုင်း အခက်တို့ကိုယူ ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ရက် ပတ်လုံးရွှင်လန်း ခြင်းကို ပြုရကြမည်။
41You shall keep it as a feast to the LORD seven days in the year. It is a statute forever throughout your generations. You shall keep it in the seventh month.
41ထိုပွဲတော် ကို တနှစ် တနှစ်လျှင် ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ခံရ ကြမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမ လ ၌ ခံရ ကြမည်။
42You shall dwell in temporary shelters for seven days. All who are native-born in Israel shall dwell in temporary shelters,
42ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောအခါ၊
43that your generations may know that I made the children of Israel to dwell in temporary shelters when I brought them out of the land of Egypt. I am the LORD your God.’”
43သစ်ခက်တဲ ၌ နေ စေကြောင်းကို သင် တို့အမျိုး အစဉ်အဆက်တို့သည် သိမှတ် မည်အကြောင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် သစ်ခက်တဲ ၌ ခုနှစ် ရက် ပတ်လုံးနေ ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
44So Moses declared to the children of Israel the appointed feasts of the LORD.
44မောရှေ သည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော် များကို ဣသရေလ အမျိုးသား တို့အား ပြန်ကြား လေ၏။

Tip: use the ← and → keys to turn chapters.