Leviticus
Chapter 19
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Leviticus 19

World English Bible
Judson Burmese Bible (1840)
1The LORD spoke to Moses, saying,
1တဖန် မောရှေ အား ထာဝရဘုရား က၊
2“Speak to all the congregation of the children of Israel, and tell them, ‘You shall be holy; for I, the LORD your God, am holy.
2သင်သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို ရမည်မှာ ၊ သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်း သောကြောင့် ၊ သင်တို့လည်း သန့်ရှင်း ခြင်းရှိ ကြလော့။
3“‘Each one of you shall respect his mother and his father. You shall keep my Sabbaths. I am the LORD your God.
3လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
4“‘Don’t turn to idols, nor make molten gods for yourselves. I am the LORD your God.
4ရုပ်တု ဆင်းတုကိုလည်း မ ချဉ်း မကပ်ရ။ ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
5“‘When you offer a sacrifice of peace offerings to the LORD, you shall offer it so that you may be accepted.
5မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
6It shall be eaten the same day you offer it, and on the next day. If anything remains until the third day, it shall be burned with fire.
6ပူဇော် သောနေ့ နှင့် နက်ဖြန် နေ့၌ စား ရမည်။ သန်ဘက် နေ့ တိုင်အောင် ကျန် ကြွင်းလျှင် မီး ရှို့ ရမည်။
7If it is eaten at all on the third day, it is an abomination. It will not be accepted;
7သန်ဘက် နေ့ ၌ အနည်းငယ်ကိုမျှစား လျှင် ရွံရှာ ဘွယ်ဖြစ်၏။ စိတ် တော်နှင့်မ တွေ့။
8but everyone who eats it shall bear his iniquity, because he has profaned the holy thing of the LORD, and that soul shall be cut off from his people.
8စား သောသူသည် ထာဝရဘုရား ၏ သန့်ရှင်း သောအရာကို ရှုတ်ချ သောကြောင့် မိမိ အပြစ် ကိုခံရ မည်။ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
9“‘When you reap the harvest of your land, you shall not wholly reap the corners of your field, neither shall you gather the gleanings of your harvest.
9ကိုယ် မြေ ၌ဖြစ်သော စပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန် အစင်မ ရိတ် ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်မသိမ်းရ။
10You shall not glean your vineyard, neither shall you gather the fallen grapes of your vineyard. You shall leave them for the poor and for the foreigner. I am the LORD your God.
10ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
11“‘You shall not steal. “‘You shall not lie. “‘You shall not deceive one another.
11သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
12“‘You shall not swear by my name falsely, and profane the name of your God. I am the LORD.
12ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
13“‘You shall not oppress your neighbor, nor rob him. “‘The wages of a hired servant shall not remain with you all night until the morning.
13ကိုယ် နှင့်စပ်ဆိုင်သောသူ ၏ဥစ္စာကို မ တရားသဖြင့် မ သိမ်းရ။ အနိုင် အထက်ပြု၍ မ ယူရ။ သူငှါး ခံ ထိုက်သော အခ ကို တညဉ့်လုံးနံနက် တိုင်အောင် မ ထား ရ။
14“‘You shall not curse the deaf, nor put a stumbling block before the blind; but you shall fear your God. I am the LORD.
14နားပင်း သောသူကို မ ကျိန်ဆဲ ရ။ မျက်စိ မမြင်သောသူရှေ့ မှာ ထိမိ ၍ လဲစရာကို မ ထား ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
15“‘You shall do no injustice in judgment. You shall not be partial to the poor, nor show favoritism to the great; but you shall judge your neighbor in righteousness.
15တရား တွေ့သည်အမှုမှာ မ တရားသဖြင့် မ စီရင် ရ။ ဆင်းရဲ သောသူဘက် ၌ မ ငဲ့ကွက် ၊ ကြီး သောသူ၏ မျက်နှာ ကို မ ထောက် ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရား သဖြင့် စီရင် ရမည်။
16“‘You shall not go around as a slanderer among your people. “‘You shall not endanger the life of your neighbor. I am the LORD.
16သူ့အသရေ ပျက်သော သိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ် အမျိုးသား ချင်းတို့တွင် မ လှည့်လည် ရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
17“‘You shall not hate your brother in your heart. You shall surely rebuke your neighbor, and not bear sin because of him.
17သင် ၏ ညီအစ်ကို ကို စိတ်အခုအခံမရှိရ။ ကိုယ် နှင့် စပ်ဆိုင်သောသူ ၌ရှိသောအပြစ် ကို တတ်တိုင်း မရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမ ရမည်။
18“‘You shall not take vengeance, nor bear any grudge against the children of your people; but you shall love your neighbor as yourself. I am the LORD.
18သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
19“‘You shall keep my statutes. “‘You shall not cross-breed different kinds of animals. “‘You shall not sow your field with two kinds of seed; “‘Don’t wear a garment made of two kinds of material.
19ငါ ၏ ပညတ် တရားကို သင်တို့သည် စောင့် ရကြမည်။ အမျိုး ခြားသော တိရစ္ဆာန် အထီးအမတို့ကို မ ရှက် မတင်စေရ။ ခြားနား သော မျိုးစေ့ကို ရောနှော၍ လယ် ၌ မ ကြဲ ရ။ ဝါ နှင့်သိုးမွေးရော၍ ရက်သောအဝတ် ကို မ ဝတ် ရ။
20“‘If a man lies carnally with a woman who is a slave girl, pledged to be married to another man, and not ransomed or given her freedom; they shall be punished. They shall not be put to death, because she was not free.
20ထိမ်းမြား ဆောင်နှင်းလျက်၊ မ ရွေး မ လွှတ် သေးသော ကျွန် မိန်းမ နှင့် သင့် နေသောသူသည် ရိုက်နှက် ခြင်းကိုခံရ မည်။ ထိုမိန်းမသည် သူ့ကျွန်ဖြစ်သောကြောင့်သေ ပြစ်နှင့် လွတ် ရမည်။
21He shall bring his trespass offering to the LORD, to the door of the Tent of Meeting, even a ram for a trespass offering.
21ယောက်ျားသည်လည်း၊ ဒုစရိုက် ဖြေရာယဇ်ဘို့ သိုး ထီးတကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရမည်။
22The priest shall make atonement for him with the ram of the trespass offering before the LORD for his sin which he has committed; and the sin which he has committed shall be forgiven him.
22ထိုယောက်ျားပြု မိသော အပြစ် ကို ဖြေခြင်းငှါ၊ ဒုစရိုက် ဖြေရာယဇ် သိုး ကို၊ ယဇ် ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ မှာ ပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ် လွတ်ခြင်းသို့ ရောက်လိမ့်မည်။
23“‘When you come into the land, and have planted all kinds of trees for food, then you shall count their fruit as forbidden. For three years it shall be forbidden to you. It shall not be eaten.
23သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
24But in the fourth year all its fruit shall be holy, for giving praise to the LORD.
24စတုတ္ထ နှစ် တွင် သီးသောအသီး ရှိသမျှ သည် သန့်ရှင်း ၍ ၊ ထာဝရ ဘုရား၏ ကျေးဇူး တော်ကို ချီးမွမ်းဘို့ရာဖြစ် ရမည်။
25In the fifth year you shall eat its fruit, that it may yield its increase to you. I am the LORD your God.
25ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
26“‘You shall not eat any meat with the blood still in it. You shall not use enchantments, nor practice sorcery.
26အသွေး ပါသောအသေကောင်ကို မ စား ရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလဗေဒင်ကို မကြည့်ရ။
27“‘You shall not cut the hair on the sides of your head or clip off the edge of your beard.
27ဦးခေါင်း အနား ပတ်လည်၌ ဆံပင်ကိုဝန်း၍ မ ရိတ် ရ။ ပါးမုန်း ကိုလည်း မ ရိတ် ရ။
28“‘You shall not make any cuttings in your flesh for the dead, nor tattoo any marks on you. I am the LORD.
28သေ သောသူအတွက် ကိုယ် အသား ကို မ ခုတ် မရှရ။ သံပူ မ ထိုး ရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
29“‘Don’t profane your daughter, to make her a prostitute; lest the land fall to prostitution, and the land become full of wickedness.
29ကိုယ် သမီး ကို ပြည်တန်ဆာ ဖြစ်စေခြင်းငှါ မ ရှုတ် မချရ။ သို့ပြုလျှင် တပြည်လုံး သည် မ တရားသောမေထုန် သို့လိုက်၍ အဓမ္မ အမှုနှင့် ပြည့် လိမ့်မည်။
30“‘You shall keep my Sabbaths, and reverence my sanctuary; I am the LORD.
30ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
31“‘Don’t turn to those who are mediums, nor to the wizards. Don’t seek them out, to be defiled by them. I am the LORD your God.
31ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
32“‘You shall rise up before the gray head and honor the face of the elderly; and you shall fear your God. I am the LORD.
32ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
33“‘If a stranger lives as a foreigner with you in your land, you shall not do him wrong.
33သင် ၏ ပြည် ၌ တည်း နေသောဧည့်သည် ကို မ ညှဉ်းဆဲ ရ။
34The stranger who lives as a foreigner with you shall be to you as the native-born among you, and you shall love him as yourself; for you lived as foreigners in the land of Egypt. I am the LORD your God.
34သင် နှင့်အတူ နေ သောဧည့်သည် ကို ကိုယ် အမျိုးသား ချင်းကဲ့သို့ မှတ် ရမည်။ ကိုယ် နှင့် အမျှ ချစ် ရမည်။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
35“‘You shall do no unrighteousness in judgment, in measures of length, of weight, or of quantity.
35တိုင်းထွာ သောအမှု၊ ချိန်တွယ် သောအမှု၊ ခြင်တွက် သောအမှု၌ မ တရားစွာ မ ပြု ရ။
36You shall have just balances, just weights, a just ephah, and a just hin. I am the LORD your God, who brought you out of the land of Egypt.
36မှန် သောချိန်ခွင် ၊ မှန် သောအလေး ၊ မှန် သောဧဖာ ၊ မှန် သောဟိန် တို့ကို သုံး ရမည်။ ငါသည်သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
37“‘You shall observe all my statutes and all my ordinances, and do them. I am the LORD.’”
37သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက် အလုံးစုံ တို့ကို စောင့်ရှောက် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.