2 Corinthians 8
World English BibleTranslation
World English Bible
Judson Burmese Bible (1840)
1Moreover, brothers, we make known to you the grace of God which has been given in the assemblies of Macedonia,
1ညီအစ်ကို တို့၊ ဘုရားသခင် သည် မာကေဒေါနိ ပြည်၌ ရှိ သော အသင်းတော် များတို့အားပြု တော်မူသော ကျေးဇူး တော်အကြောင်းကို ငါတို့သည်သင် တို့အား ကြားပြော ကြ၏။
2how in a severe ordeal of affliction, the abundance of their joy and their deep poverty abounded to the riches of their generosity.
2ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။
3For according to their power, I testify, yes and beyond their power, they gave of their own accord,
3အကြောင်းမူကား ၊ သူတို့သည်တတ်နိုင် သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိကြသည်ဟု ငါသည်သက်သေခံ ၏။
4begging us with much entreaty to receive this grace and the fellowship in the service to the saints.
4သူတို့အလှူဒါန ကို ငါတို့သည်ယူ၍ သူ တို့နှင့် ကူညီလျက်၊ သန့်ရှင်း သူတို့အား လုပ်ကျွေးခြင်း အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများ အားဖြင့် ငါ တို့ကို တောင်းပန် ကြ၏။
5This was not as we had expected, but first they gave their own selves to the Lord, and to us through the will of God.
5ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့် သည်အတိုင်း ထက်မကပြု၍ ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီရှေးဦးစွာ သခင်ဘုရား ၌၎င်း ၊ ငါ တို့၌၎င်း၊ မိမိ တို့ကိုမိမိတို့ လှူ ကြ၏။
6So we urged Titus, that as he had made a beginning before, so he would also complete in you this grace.
6ထိုကြောင့် တိတု သည်သင် တို့၌ အဦး ပြုနှင့်သကဲ့သို့ ထို အလှူ ကျေးဇူးကို ပြီးစီး စေမည်အကြောင်း ၊ ငါ တို့သည်သူ့ကိုတောင်းပန် ကြ၏။
7But as you abound in everything—in faith, utterance, knowledge, all earnestness, and in your love to us—see that you also abound in this grace.
7ထိုသို့နှင့်အညီ သင် တို့သည် ယုံကြည် ခြင်း၊ တရား ဟောခြင်း၊ ဉာဏ် ရှိခြင်း၊ အမျိုးမျိုး သောသတိ နှင့်ပြည့်စုံခြင်း၊ ငါ တို့ကိုချစ် ခြင်းမှစသော အလုံးစုံ တို့နှင့် ကြွယ်ဝ ပြည့်စုံသည်ဖြစ်၍ထို ကျေးဇူး နှင့်လည်း ကြွယ်ဝ ပြည်စုံခြင်းဖြစ်စေသတည်း။
8I speak not by way of commandment, but as proving through the earnestness of others the sincerity also of your love.
8ထိုသို့ဆိုသော်၊ ပညတ် အားဖြင့် ငါ ဆိုသည်မ ဟုတ်။ အခြား သောသူ တို့၏ ကြိုးစားအားထုတ်ခြင်း ကို အစွဲပြု ၍ ၊ သင် တို့၏မေတ္တာ သည် မှန် သည်မမှန်သည်ကို စုံစမ်း သောအားဖြင့်ဆိုသတည်း။
9For you know the grace of our Lord Jesus Christ, that though he was rich, yet for your sakes he became poor, that you through his poverty might become rich.
9အကြောင်းမူကား ၊ ငါ တို့သခင် ယေရှု ခရစ် သည် စည်းစိမ် ရှိ သော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့်သင် တို့သည်စည်းစိမ် ရှိစေခြင်းငှာ ၊ သင် တို့အတွက် ကြောင့် ဆင်းရဲ ခြင်းကိုခံတော်မူသော ကျေးဇူး တော်ကို သင်တို့ သိ ကြ၏။
10I give advice in this: it is expedient for you who were the first to start a year ago, not only to do, but also to be willing.
10ဤ အမှု၌ ငါသည် ကိုယ်သဘော ကိုပြ၏ ။ မနှစ် ကပင် အဦး ပြု သည်သာမက ၊ စေတနာစိတ်နှင့် ပြည့်စုံသောသင် တို့သည် ဤအမှု ကိုပြီး စေလျှင် သာ၍ကောင်း လိမ့်မည်။
11But now complete the doing also, that as there was the readiness to be willing, so there may be the completion also out of your ability.
11သို့ဖြစ်၍ ၊ အထက်ကစေတနာ ရှိသည်နှင့်အညီ ၊ ယခု တွင်သင်တို့သည် တတ်နိုင် သည်အတိုင်း ပြု ၍ ဤ အမှုကို ပြီးစီး စေကြလော့။
12For if the readiness is there, it is acceptable according to what you have, not according to what you don’t have.
12အကြောင်းမူကား ၊ စေတနာစိတ် သည် အသင့် ရှိလျှင် ၊ မ တတ်နိုင် သောအမှုကိုမ ထောက် ဘဲ၊ တတ်နိုင်သောအမှုကိုထောက် ၍ နှစ်သက်တော်မူဘွယ် ဖြစ် ၏။
13For this is not that others may be eased and you distressed,
13ဤအမှုအရာ၌ အခြား သောသူတို့သည် ချမ်းသာ ရ၍ သင် တို့သည်ဆင်းရဲ စေခြင်းငှာ ငါအကြံရှိသည် မ ဟုတ်။
14but for equality. Your abundance at this present time supplies their lack, that their abundance also may become a supply for your lack, that there may be equality.
14များများ ရသောသူ မ ပို ။ နည်းနည်း ရသော သူ မ လို ဟူသော ကျမ်း စကားနှင့်အညီ ၊
15As it is written, “He who gathered much had nothing left over, and he who gathered little had no lack.”
1515မျှ ခြင်းတရားကိုထောက်၍ ၊ ယခု ၌ သင် တို့၏ စည်းစိမ် သည် သူ တို့၏ဆင်းရဲ ကို မစသဖြင့် ၎င်း၊ နောင်၌ သူ တို့၏စည်းစိမ် သည် သင် တို့၏ဆင်းရဲ ကိုမစ သဖြင့် ၎င်း၊ အညီအမျှ ဖြစ်စေ ခြင်းငှာ ငါအကြံရှိ၏။
16But thanks be to God, who puts the same earnest care for you into the heart of Titus.
16ထိုသို့ သင် တို့၏ အကျိုးကိုပြုစု ချင် သော စေတနာစိတ် ကို ဘုရားသခင် သည် တိတု အားလည်း ပေး တော်မူသော ကျေးဇူး တော်ကြီးလှပေ၏။
17For he indeed accepted our exhortation, but being himself very earnest, he went out to you of his own accord.
17ထိုသူသည် ငါတိုက်တွန်း သောစကားကို နားထောင် သည်သာမက ၊ အလွန် စေတနာစိတ် အားကြီး၍ သင် တို့ဆီသို့ အလိုအလျောက် သွား ၏။
18We have sent together with him the brother whose praise in the Good News is known throughout all the assemblies.
18ဧဝံဂေလိ တရားကိုဟောပြော၍ အသင်းတော် အပေါင်း တို့၌ ချီးမွမ်း ခြင်းကိုခံရသောညီ ကိုလည်း တိတု နှင့်အတူ ငါတို့စေလွှတ် ကြ၏။
19Not only so, but he was also appointed by the assemblies to travel with us in this grace, which is served by us to the glory of the Lord himself, and to show our readiness.
199ထိုညီမူကား၊ သခင် ဘုရား၏ ဂုဏ် အသရေတော်ကို၎င်း ၊ ကိုယ် စေတနာစိတ် ကို၎င်း၊ ငါ တို့သည် ထင်ရှားစေ၍၊ အသင်းတော် များ၏အလှူ ကျေးဇူးကို ပြုစု သည့်အမှုမှာ ငါ တို့နှင့်အတူ သွား စေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထား သောသူ ဖြစ်သတည်း။
20We are avoiding this, that any man should blame us concerning this abundance which is administered by us.
20ငါ တို့သည် ထို များစွာ သော အလှူကျေးဇူးကို ပြုစု ရာတွင် အပြစ်တင် စရာအကြောင်း အလျှင်းမ ရှိစေခြင်းငှာသတိပြုကြ၏။
21Having regard for honorable things, not only in the sight of the Lord, but also in the sight of men.
21သခင် ရှေ့ တော်၌သာမက ၊ လူတို့ ရှေ့ ၌ တင့်တယ် လျောက်ပတ်သော အကျင့်ကိုကြံစည် ကြ၏။
22We have sent with them our brother whom we have many times proved earnest in many things, but now much more earnest, by reason of the great confidence which he has in you.
22ထိုသူ နှစ်ယောက်နှင့်အတူအခြားသောညီ ကိုလည်း စေလွှတ် ကြ၏။ ထိုညီ မူကား၊ ငါ တို့သည်အရာရာ ၌ အဖန်ဖန် စုံစမ်း ၍သိသည်အတိုင်းလုံ့လ ပြုသောသူဖြစ် ၏။ယခု ၌သင် တို့ကိုအလွန် ယုံ သောကြောင့်သာ၍ လုံ့လ ပြု၏။
23As for Titus, he is my partner and fellow worker for you. As for our brothers, they are the apostles of the assemblies, the glory of Christ.
23တိတု သည်အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင်ငါ ၏အပေါင်းအဘော် ဖြစ်၏။ သင် တို့ အမှုကိုငါနှင့်အတူဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကို တို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော် များ၏ တမန် ဖြစ်ကြ၏။ ခရစ်တော် ၏ဘုန်း အသရေလည်း ဖြစ်ကြ၏။
24Therefore show the proof of your love to them before the assemblies, and of our boasting on your behalf.
24ထိုကြောင့် ၊ သင် တို့၏ချစ် ခြင်းမေတ္တာကို၎င်း ၊ ငါ တို့သည်သင် တို့ကြောင့် ကြွားဝါ ခြင်းအကြောင်း ကို၎င်း၊ အသင်းတော် များမျက်မှောက် ၌ ထိုသူ တို့အား ထင်ရှား စွာပြ ကြလော့။
Tip: use the ← and → keys to turn chapters.