2 Corinthians
Chapter 13

2 Corinthians

World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

2 Corinthians 13

World English Bible
Judson Burmese Bible (1840)
1This is the third time I am coming to you. “At the mouth of two or three witnesses shall every word be established.”
1ဤ တတိယ အကြိမ်တွင် သင် တို့ဆီသို့ ငါလာ မည်ဖြစ်၍၊ သက်သေခံ နှစ် ဦးသုံး ဦးအားဖြင့် စကား ရှိသမျှ တို့သည် တည် ရလိမ့်မည်။
2I have warned previously, and I warn again, as when I was present the second time, so now, being absent, I write to those who have sinned before now and to all the rest that if I come again, I will not spare,
2တဖန် ငါရောက်လာ လျှင် သင်တို့ကိုမ သနား ရဟု ပြစ်မှားသော သူမှစ၍ ကြွင်း သောသူ အပေါင်း တို့အား အထက် က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမ ရှိသော်လည်း ၊ တဖန်ရှိ ဘိသကဲ့သို့ ငါပြော နှင့်၏။
3seeing that you seek a proof of Christ who speaks in me who is not weak, but is powerful in you.
3သင် တို့တွင် အားနည်း တော်မ မူ၊ အားကြီး တော်မူသော ခရစ်တော် သည် ငါ ၌ ဗျာဒိတ် ပြတော်မူခြင်းသက်သေ ကို သင်တို့သည် ရှာ သောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။
4For he was crucified through weakness, yet he lives through the power of God. For we also are weak in him, but we will live with him through the power of God toward you.
4အကြောင်းမူကား ၊ ထိုခရစ်တော်သည် အားနည်း ခြင်းနှင့် လက်ဝါးကပ်တိုင် မှာ အသေခံသော်လည်း၊ ဘုရားသခင် ၏တန်ခိုး တော်နှင့် အသက် ရှင်တော်မူ၏။ ငါ တို့သည်လည်း ခရစ်တော် ၏နည်းတူ အားနည်း သော်လည်း၊ သင် တို့တွင် ပြသော ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် ခရစ်တော် နှင့်အတူ အသက် ရှင်ခြင်း ရှိကြလိမ့်မည်။
5Examine your own selves, whether you are in the faith. Test your own selves. Or don’t you know about your own selves, that Jesus Christ is in you?—unless indeed you are disqualified.
5သင်တို့သည်ယုံကြည် ခြင်း၌ တည် သလော၊ မတည်လောဟု ကိုယ်ကိုကိုယ် စစ်ကြော ကြလော့။ ကိုယ်ကိုကိုယ် စုံစမ်း ကြလော့။ အစစ် မခံနိုင်သော သူမမှန် လျှင် ၊ ယေရှု ခရစ် သည် သင် တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မ သိ ကြလော။
6But I hope that you will know that we aren’t disqualified.
6ငါ တို့သည် အစစ် ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိ ကြလိမ့်မည်ဟု ငါထင်မှတ် မြော်လင့်ခြင်းရှိ၏။
7Now I pray to God that you do no evil; not that we may appear approved, but that you may do that which is honorable, though we may seem to have failed.
7ငါ တို့သည် အစစ် ခံနိုင်ကြောင်း ကို ထင်ရှား စေခြင်းငှာငါအလိုရှိသည်မ ဟုတ်။ အစစ် မခံနိုင်သော သူကဲ့သို့ ထင် သော်လည်း၊ သင် တို့သည် ကောင်းမွန် စွာ ကျင့် စေခြင်းငှာ ၊ မကောင်း သောအကျင့်တစ်စုံတစ်ခု ကိုမျှ မ ကျင့် မည်အကြောင်း၊ ငါသည် ဘုရားသခင် ကို ဆုတောင်း ပဌနာပြု၏။
8For we can do nothing against the truth, but for the truth.
8ငါတို့သည်သမ္မာတရား ကို ဆီးတား ခြင်းငှာ အလျှင်း မ တတ်နိုင် ကြ။
9For we rejoice when we are weak and you are strong. We also pray for this: your becoming perfect.
9သမ္မာတရား ဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါ တို့သည်အားနည်း ၍ သင် တို့သည်အားကြီး သောအခါ ၊ ငါတို့သည် ဝမ်းမြောက် ခြင်းရှိ ကြ၏။ သင် တို့သည် စုံလင် မည်အကြောင်းကိုသာ အလိုရှိကြ၏။
10For this cause I write these things while absent, that I may not deal sharply when present, according to the authority which the Lord gave me for building up and not for tearing down.
10ထိုကြောင့် ပယ်ရှင်း ဖျက်ဆီးခြင်းအလိုငှာ မ ဟုတ်၊ တည်ဆောက် ခြင်းအလိုငှာ သခင် ဘုရားသည် ငါ ၌ အပ်ပေး တော်မူသောတန်ခိုး ရှိသည်အတိုင်း ငါသည် ရောက်လာ သောအခါ ပြင်းစွာ သောဒဏ်ကို မ ပေး လို၍၊ ယခုသင်တို့နှင့် ကွာဝေး သေးသည်ကာလ ဤသို့ ငါရေး လိုက်၏။
11Finally, brothers, rejoice! Be perfected. Be comforted. Be of the same mind. Live in peace, and the God of love and peace will be with you.
11ကြွင်း သေးသောစကားဟူမူကား၊ ညီအစ်ကို တို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင် ခြင်း၊ သက်သာ ဝမ်းမြောက် ခြင်းရှိကြလော့။ စိတ် တညီတညွတ် တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့် နေကြလော့။ သို့ဖြစ်၍ မေတ္တာ ကို၎င်း ၊ အသင့်အတင့် နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင် သည် သင် တို့နှင့်အတူ ရှိ တော်မူလတံ့။
12Greet one another with a holy kiss.
12အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်း သော နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။
13All the saints greet you.
13သန့်ရှင်း သူအပေါင်း တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
14The grace of the Lord Jesus Christ, God’s love, and the fellowship of the Holy Spirit be with you all. Amen.
14သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်၎င်း ၊ ဘုရားသခင် ၏ မေတ္တာ တော်၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်၏ မိဿဟာယ တော်၎င်း၊ သင် တို့အပေါင်း ၌ ရှိစေသတည်း။ အာမင်။

Tip: use the ← and → keys to turn chapters.