โยชูวา 2
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1โยชูวาบุตรของนูนแอบส่งชายสองคนออกจากชิททิมไปเป็นผู้สอดแนม โดยสั่งว่า “จงไปสำรวจแผ่นดินนั้น รวมทั้งเมืองเยรีโค” พวกเขาจึงไป เข้าบ้านของหญิงโสเภณีคนหนึ่งชื่อราหับ และพักค้างคืนที่นั่น
1နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။
2มีคนแจ้งกษัตริย์แห่งเยรีโคว่า “คืนนี้มีชายชาวอิสราเอลเข้ามาที่นี่เพื่อสอดแนมแผ่นดิน”
2ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊
3กษัตริย์แห่งเยรีโคจึงส่งคนไปบอกราหับว่า “จงนำชายที่มาหาเจ้าและเข้ามาในบ้านของเจ้าออกมา เพราะพวกเขามาสอดแนมทั่วทั้งแผ่นดิน”
3ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။
4แต่หญิงนั้นพาชายทั้งสองไปซ่อนไว้ แล้วพูดว่า “จริงอยู่ ชายเหล่านั้นมาหาข้าพเจ้า แต่ข้าพเจ้าไม่รู้ว่าพวกเขามาจากไหน
4ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။
5เมื่อใกล้เวลาปิดประตูเมืองและมืดแล้ว ชายเหล่านั้นก็ออกไป ข้าพเจ้าไม่รู้ว่าพวกเขาไปทางไหน จงรีบไล่ตามไป พวกท่านอาจตามทันพวกเขา”
5မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ ၊ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။
6ที่จริงนางได้พาพวกเขาขึ้นไปบนหลังคา และซ่อนไว้ใต้ก้านป่านที่นางเรียงไว้บนหลังคา
6သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ ၊ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။
7คนเหล่านั้นไล่ตามพวกเขาไปตามทางจนถึงท่าลุยข้ามแม่น้ำจอร์แดน ทันทีที่คนไล่ตามออกไป คนในเมืองก็ปิดประตูเมือง
7မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။
8ก่อนที่ชายทั้งสองจะนอน ราหับขึ้นไปหาพวกเขาบนหลังคา
8သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊
9นางพูดกับพวกเขาว่า “ข้าพเจ้ารู้ว่าพระยาห์เวห์ประทานแผ่นดินนี้แก่พวกท่านแล้ว ความหวาดกลัวพวกท่านเข้าครอบงำพวกเรา และชาวแผ่นดินนี้ทุกคนก็ขวัญฝ่อเพราะพวกท่าน
9ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း ၊ သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။
10เพราะพวกเราได้ยินว่า เมื่อพวกท่านออกจากอียิปต์ พระยาห์เวห์ทรงทำให้น้ำในทะเลแดงแห้งไปต่อหน้าพวกท่านอย่างไร และพวกท่านทำอะไรกับกษัตริย์ชาวอาโมไรต์สององค์ คือสิโหนกับโอก ซึ่งอยู่ทางฟากตะวันออกของแม่น้ำจอร์แดนและถูกพวกท่านทำลายล้างจนหมดสิ้น
10သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11เมื่อพวกเราได้ยินเรื่องนี้ พวกเราก็ขวัญฝ่อ ไม่มีใครเหลือกำลังใจอีกเพราะพวกท่าน เพราะพระยาห์เวห์พระเจ้าของพวกท่านทรงเป็นพระเจ้าทั้งในสวรรค์เบื้องบนและบนแผ่นดินโลกเบื้องล่าง
11ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။
12บัดนี้ ขอให้พวกท่านสาบานต่อข้าพเจ้าโดยพระยาห์เวห์ว่า ในเมื่อข้าพเจ้าปฏิบัติต่อพวกท่านด้วยความเมตตา พวกท่านก็จะปฏิบัติต่อครอบครัวของบิดาข้าพเจ้าด้วยความเมตตาเช่นกัน และโปรดให้เครื่องหมายยืนยันที่เชื่อถือได้แก่ข้าพเจ้า
12သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု ၍၊
13ว่าพวกท่านจะช่วยให้บิดา มารดา พี่น้องชายหญิงของข้าพเจ้า ตลอดจนทุกสิ่งที่พวกเขามีรอดพ้น และจะช่วยชีวิตพวกเราให้พ้นจากความตาย”
13ကျွန်မ မိဘ ၊ ညီအစ်မ ၊ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊
14ชายทั้งสองตอบนางว่า “พวกเราขอเอาชีวิตของเราเป็นหลักประกันว่าพวกท่านจะรอด ถ้าท่านไม่แพร่งพรายเรื่องของเรา เมื่อพระยาห์เวห์ประทานแผ่นดินนี้แก่เรา เราจะปฏิบัติต่อท่านด้วยความเมตตาและซื่อสัตย์”
14ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။
15แล้วนางใช้เชือกหย่อนพวกเขาลงทางหน้าต่าง เพราะบ้านของนางอยู่ติดกำแพงเมือง และนางอาศัยอยู่บนกำแพงนั้น
15ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ၊ ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊
16นางบอกพวกเขาว่า “จงไปที่ภูเขา มิฉะนั้นคนที่ไล่ตามอาจพบพวกท่าน จงซ่อนตัวอยู่ที่นั่นสามวันจนกว่าพวกเขาจะกลับมา แล้วจึงค่อยออกเดินทางต่อไป”
16သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး ၍ သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်၊
17ชายทั้งสองพูดกับนางว่า “พวกเราจะไม่ต้องรับผิดตามคำสาบานที่ท่านขอให้พวกเราสาบาน
17ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ၊ ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။
18เมื่อพวกเราเข้ามาในแผ่นดินนี้ ให้ท่านผูกเชือกด้ายสีแดงเข้มเส้นนี้ไว้ที่หน้าต่างซึ่งท่านใช้หย่อนพวกเราลงไป และให้พาบิดา มารดา พี่น้องชาย และทุกคนในครอบครัวของบิดาท่านเข้ามาอยู่รวมกันในบ้าน
18ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ၊ ယခု လျှော့ချ သော ပြတင်းပေါက် ၌ ဤ ကြိုး နီကို ချည် ထား၍ ၊ သင့် မိဘ ၊ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ၌ ခေါ် ထားရမည်။
19ใครก็ตามที่ออกจากประตูบ้านของท่านไปอยู่บนถนน คนนั้นต้องรับผิดชอบต่อความตายของตนเอง พวกเราจะไม่มีความผิด แต่ถ้ามีใครทำร้ายคนที่อยู่กับท่านในบ้าน พวกเราจะรับผิดชอบต่อความตายของคนนั้น
19ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။
20แต่ถ้าท่านแพร่งพรายเรื่องของเรา พวกเราจะไม่ต้องรับผิดตามคำสาบานที่ท่านขอให้พวกเราสาบาน”
20ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊
21นางตอบว่า “ให้เป็นไปตามที่พวกท่านพูดเถิด” แล้วนางก็ส่งพวกเขาไป และพวกเขาก็จากไป จากนั้นนางผูกเชือกสีแดงเข้มไว้ที่หน้าต่าง
21မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ၌ ချည် ထားလေ၏။
22ชายทั้งสองไปถึงภูเขาและพักอยู่ที่นั่นสามวันจนคนที่ไล่ตามกลับมา คนเหล่านั้นค้นหาพวกเขาตลอดเส้นทางแต่ไม่พบ
22ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား ၍ လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ ၍ မ တွေ့ကြ။
23แล้วชายทั้งสองก็กลับลงมาจากภูเขา ข้ามแม่น้ำ และมาหาโยชูวาบุตรของนูน พวกเขาเล่าทุกสิ่งที่เกิดขึ้นให้โยชูวาฟัง
23ထို လူ နှစ် ယောက်တို့သည် လှည့် ၍ တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် ၊ နုန် ၏သား ယောရှု ထံ သို့ ရောက် ၍ ၊ မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊
24พวกเขาพูดกับโยชูวาว่า “พระยาห์เวห์ทรงมอบแผ่นดินทั้งหมดไว้ในมือของเราอย่างแน่นอน ยิ่งกว่านั้น ชาวแผ่นดินทุกคนก็ขวัญฝ่อเพราะพวกเรา”
24အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။
Tip: use the ← and → keys to turn chapters.