ดาเนียล 8
Freedom Bible (Thai)Translation
Freedom Bible (Thai)
Judson Burmese Bible (1840)
1ในปีที่สามของรัชกาลกษัตริย์เบลชัสซาร์ ข้าพเจ้า ดาเนียล เห็นนิมิตอีกครั้ง หลังจากที่เคยเห็นครั้งแรก
1ဗေလရှာဇာ မင်းကြီး နန်းစံ သုံး နှစ် တွင် ၊ ငါ ဒံယေလ သည် ယခင် ဗျာဒိတ်တော်ကို မြင် ပြီးသည်နောက် ၊ တဖန် ဗျာဒိတ် ရူပါရုံကို မြင် ရသောအကြောင်းအရာဟူမူကား၊
2เมื่อตอนที่เห็นนิมิตนั้น ข้าพเจ้าอยู่ในป้อมเมืองสุสา ในมณฑลเอลาม ในนิมิต ข้าพเจ้าเห็นว่าตนอยู่ริมแม่น้ำอูลัย
2ဧလံ ပြည် ၊ ရှုရှန် မြို့ တော်၌ ဥလဲ မြစ် နား မှာ ငါ ရှိ စဉ်၊ ရူပါရုံ ထင်ရှား ၍ ၊
3เมื่อข้าพเจ้าเงยหน้ามอง ก็เห็นแกะตัวผู้ยืนอยู่หน้าแม่น้ำ มีเขาสองเขา ทั้งสองเขาสูง แต่เขาหนึ่งสูงกว่าอีกเขาหนึ่ง และเขาที่สูงกว่างอกขึ้นทีหลัง
3ငါမျှော် ကြည့်သော၊ ရှည်လျား သော ချို နှစ်ချောင်းရှိသောသိုး တကောင် သည် မြစ် တဘက် ၌ ရပ် နေ ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ရှည်၏။ သာ၍ရှည်သောချိုသည် နောက် ပေါက် သတည်း။
4ข้าพเจ้าเห็นแกะตัวผู้ขวิดไปทางตะวันตก ทางเหนือ และทางใต้ ไม่มีสัตว์ใดต้านทานมันได้ และไม่มีใครช่วยให้พ้นจากอำนาจของมัน มันทำตามใจและยกตนให้ยิ่งใหญ่
4ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။
5ขณะข้าพเจ้ากำลังพิจารณา แพะตัวผู้ตัวหนึ่งมาจากทิศตะวันตก เคลื่อนผ่านทั่วพื้นโลกโดยไม่แตะพื้น แพะตัวนี้มีเขาเด่นเขาหนึ่งอยู่ระหว่างตา
5ထိုအမှုကို ငါ ဆင်ခြင် လျက်နေသောအခါ ၊ မျက်စိ နှစ်လုံးကြား ၌ ထူးဆန်း သော ချို တချောင်းရှိသောဆိတ် တကောင်သည် အနောက် မျက်နှာ က လာ ၍၊ မြေ ကို မ နင်း ဘဲ မြေကြီး တပြင်လုံး ကို ကျော်လေ၏။
6มันเข้าหาแกะตัวผู้สองเขาที่ข้าพเจ้าเห็นยืนอยู่หน้าแม่น้ำ แล้ววิ่งเข้าใส่อย่างดุเดือดด้วยกำลังเต็มที่
6ချို နှစ်ချောင်းနှင့်မြစ် တဘက် ၌ ထင်ရှားသော သိုး ရှိရာ သို့ ပြင်း စွာသော အဟုန် နှင့်ပြေး ၍ ၊
7ข้าพเจ้าเห็นมันเข้าใกล้แกะตัวผู้ มันโกรธจัด พุ่งชนแกะจนเขาทั้งสองหัก แกะไม่มีแรงต้านทาน มันกระแทกแกะลงกับพื้นและเหยียบย่ำ ไม่มีใครช่วยแกะให้พ้นจากอำนาจของมันได้
7အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
8แพะตัวผู้ยกตนให้ยิ่งใหญ่อย่างยิ่ง แต่เมื่อมีกำลังมาก เขาใหญ่นั้นกลับหัก และมีเขาเด่นสี่เขางอกขึ้นแทน หันไปทางลมทั้งสี่ทิศของท้องฟ้า
8သို့ဖြစ်၍ ၊ ထိုဆိတ် သည် အလွန် ကြီးမား ခြင်းသို့ ရောက်လေ၏။ ခွန်အား ကြီးသောအခါ ချို ကြီး ကျိုးပဲ့ ၏။ ထိုချိုအရာ၌ ထူးဆန်း သော ချိုလေး ချောင်းပေါက် ၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာသို့ မျက်နှာပြုကြ၏။
9จากหนึ่งในนั้น มีเขาเล็กเขาหนึ่งงอกออกมา เติบโตใหญ่ยิ่งขึ้นไปทางใต้ ทางตะวันออก และทางแผ่นดินอันรุ่งโรจน์
9ထိုချိုလေးချောင်းတွင် တချောင်း ထဲက အခြား သောချိုတက် တချောင်းပေါက် ပြန်၍ တောင် မျက်နှာသို့ ၎င်း ၊ အရှေ့ မျက်နှာသို့ ၎င်း ၊ သာယာ သော ပြည်သို့ ၎င်း မျက်နှာပြု၍၊ အလွန် ကြီးမားခြင်းသို့ ရောက်လေ၏။
10มันเติบโตสูงขึ้นถึงกองทัพในท้องฟ้า เหวี่ยงบางส่วนของกองทัพและดวงดาวลงกับพื้น แล้วเหยียบย่ำ
10ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၍ ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ ၍ နင်း လေ၏။
11มันยกตนขึ้นถึงเจ้านายแห่งกองทัพ พรากเครื่องเผาบูชาที่ถวายเป็นประจำไปจากผู้นั้น และที่ตั้งสถานศักดิ์สิทธิ์ของผู้นั้นถูกทำลายลง
11ထိုမျှမက၊ ဗိုလ်ခြေ သခင် တိုင်အောင် ထောင်လွှား ခြင်းကို ပြုလျက် ၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်း ရာဌာနတော်ကို ရှုတ်ချ လေ၏။
12เพราะการฝ่าฝืน กองทัพกับเครื่องเผาบูชาที่ถวายเป็นประจำจึงตกอยู่ในอำนาจของมัน มันเหวี่ยงความจริงลงกับพื้น ทำตามใจและเจริญรุ่งเรือง
12အပြစ် များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေ ကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရား ကို မြေ သို့ နှိမ့်ချ ၏။ ထိုသို့ ပြု ၍ အောင်မြင် ခြင်းသို့ ရောက်လေ၏။
13ข้าพเจ้าได้ยินผู้ศักดิ์สิทธิ์องค์หนึ่งพูด แล้วผู้ศักดิ์สิทธิ์อีกองค์ถามผู้นั้นว่า “นิมิตเรื่องเครื่องเผาบูชาที่ถวายเป็นประจำ และการฝ่าฝืนที่ทำให้ร้างเปล่า จนทั้งสถานศักดิ์สิทธิ์และกองทัพถูกเหยียบย่ำ จะดำเนินไปนานเท่าไร?”
13ထိုအခါ သန့်ရှင်း သူတပါး ၏ စကားပြော သံကို ငါကြား ၏။ သန့်ရှင်း သူတပါး က၊ ယခင်ပြော သောသူကို ဟစ်၍၊ သန့်ရှင်း ရာဌာနနှင့် ဗိုလ်ခြေ ကိုနင်း ခြင်း အလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း ၊ ဖျက်ဆီး တတ်သော လွန်ကျူး ခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ် ရူပါရုံသည်အဘယ် မျှ ကာလပတ်လုံး တည်လိမ့်မည် နည်းဟုမေးမြန်း လျှင် ၊
14ผู้นั้นบอกข้าพเจ้าว่า “จนถึงสองพันสามร้อยยามเย็นและยามเช้า แล้วสถานศักดิ์สิทธิ์จะได้รับการชำระให้สะอาด”
14ယခင်ပြောသောသူက ရက်ပေါင်းနှစ် ထောင်သုံး ရာ တိုင်တိုင် တည် လိမ့်မည်။ ထိုနောက်၊ သန့်ရှင်း ရာဌာနကို တဖန် ဆေးကြော သုတ်သင်ကြ လိမ့်မည်ဟုပြန်၍ ပြောဆို ၏။
15เมื่อข้าพเจ้า ดาเนียล เห็นนิมิตแล้ว ก็พยายามเข้าใจความหมาย ทันใดนั้น มีผู้หนึ่งรูปร่างเหมือนมนุษย์ยืนอยู่ต่อหน้าข้าพเจ้า
15ငါ ဒံယေလ သည် ထိုရူပါရုံ ကို မြင် ၍ အနက် ကို ရှာဖွေ သောအခါ ၊ လူ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ ရှေ့ တွင် ရပ် နေ၏။
16ข้าพเจ้าได้ยินเสียงมนุษย์จากระหว่างฝั่งแม่น้ำอูลัย เรียกว่า “กาเบรียล จงให้คนนี้เข้าใจนิมิต”
16အခြားသော သူက၊ အိုဂါဗြေလ ၊ ထို သူသည် ယခု မြင်သော ဗျာဒိတ် ရူပါရုံကို နားလည် စေခြင်းငှါအနက်ကို ပြန်ပြောလော့ဟု၊ ဥလဲ မြစ်နားကြား မှာ လူ အသံ နှင့်ဟစ် ၍ ပြောဆို သည်ကို ငါကြား ၏။
17เขาเข้ามาใกล้ที่ข้าพเจ้ายืน เมื่อเขาเข้ามา ข้าพเจ้ากลัวจนหมอบหน้าลง แต่เขาบอกว่า “มนุษย์เอ๋ย จงเข้าใจว่า นิมิตนี้เกี่ยวกับวาระสุดท้าย”
17ထိုသူသည် ငါ ရပ် နေရာအပါး သို့လာ လျှင် ၊ ငါသည် ကြောက်ရွံ့ ၍ ပြပ်ဝပ် လျက်နေ၏။ ထိုသူက၊ အချင်းလူ သား ၊ နားလည် လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလ နှင့်ဆိုင်သည်ဟု ငါ့ အား ပြောဆို ၏။
18ขณะเขาพูดกับข้าพเจ้า ข้าพเจ้าหลับสนิท หน้าคว่ำลงกับพื้น แต่เขาแตะตัวและพยุงข้าพเจ้าให้ยืนขึ้น
18ထိုသို့ ဆို သောအခါ ငါသည် မြေ ပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည်ငါ့ ကို လက်နှင့် တို့ ၍ ယခင်နေရာ ၌ မတ်တတ် နေစေပြီးလျှင် ၊
19เขาบอกว่า “ฟังเถิด ข้าพเจ้าจะให้ท่านรู้ว่าจะเกิดอะไรขึ้นในช่วงท้ายของความโกรธ เพราะนิมิตนี้เกี่ยวกับวาระสุดท้ายที่กำหนดไว้
19ဒေါသ အမျက်တော်အဆုံး ၌ ဖြစ် လတံ့သော အရာ ကိုငါ ကြား ပြောဦးမည်။ ချိန်းချက် သောအချိန်၌ လက်စသတ် လိမ့်မည်။
20แกะตัวผู้สองเขาที่ท่านเห็น คือกษัตริย์แห่งมีเดียและเปอร์เซีย
20ချို နှစ်ချောင်းနှင့် ပေါ် လာသော သိုး သည် မေဒိ ရှင်ဘုရင် ၊ ပေရသိ ရှင်ဘုရင်ဖြစ်၏။
21แพะตัวผู้ขนหยาบ คือกษัตริย์แห่งกรีซ เขาใหญ่ระหว่างตาคือกษัตริย์องค์แรก
21အမွေးကြမ်း သော ဆိတ် သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိ နှစ်လုံးကြား ၌ရှိသော ချို ကြီး သည် ပဌမ မင်း ဖြစ်၏။
22ส่วนเขาที่หักและมีสี่เขางอกขึ้นแทนนั้น หมายถึงอาณาจักรสี่แห่งที่จะเกิดขึ้นจากชนชาตินี้ แต่จะไม่มีกำลังเท่าเขา
22ထိုချိုကျိုးပဲ့ ၍ ၊ သူ့ အရာ ၌ ချိုလေး ချောင်းပေါက် သည်မှာ၊ အရင်နိုင်ငံ တွင် နိုင်ငံ လေး ပါး တည်ထောင် လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုး နှင့် မ ပြည့်စုံကြ။
23“ในช่วงท้ายของการปกครองของพวกเขา เมื่อผู้ฝ่าฝืนทำชั่วจนถึงที่สุด จะมีกษัตริย์องค์หนึ่งเกิดขึ้น มีสีหน้าดุดันและเข้าใจปริศนา
23ထိုနိုင်ငံ တို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သောသူတို့ ၏ အပြစ်ပြည့်စုံ သောအခါ ၊ ရဲရင့် သော မျက်နှာ ရှိ၍ ပရိယာယ် တို့ကို နားလည် သော မင်းကြီး တပါး ပေါ် လာလိမ့်မည်။
24เขาจะมีอำนาจมาก แต่ไม่ได้อาศัยอำนาจของตนเอง เขาจะทำลายอย่างน่าสะพรึงกลัว ทำสิ่งใดก็สำเร็จ เขาจะทำลายผู้มีกำลังและประชาชนผู้เป็นของพระเจ้า
24ထိုမင်းကြီးသည် ကိုယ် တန်ခိုး မ ရှိဘဲလျက် တန်ခိုး ကြီး လိမ့်မည်။ အထူးသဖြင့်ဖျက်ဆီး ၍ တိုးပွားအောင်မြင် လိမ့်မည်။ စွမ်းအား ကြီးသော လူစု၊ သန့်ရှင်း သော လူစု ကို ပင် ဖျက်ဆီး လိမ့်မည်။
25เขาจะใช้กลอุบายทำให้การหลอกลวงได้ผล ยกตนในใจให้ยิ่งใหญ่ และทำลายคนจำนวนมากขณะที่พวกเขาอยู่กันอย่างปลอดภัย เขาจะลุกขึ้นต่อต้านเจ้านายเหนือเจ้านายทั้งหลาย แต่จะถูกทำลายโดยไม่ใช่มือมนุษย์
25သူသည်လိမ္မာ စွာပြုသဖြင့်၊ မုသာ လည်း အောင်မြင် လိမ့်မည်။ စိတ်ထောင်လွှား ခြင်းနှင့်တကွမိဿဟာယဖွဲ့သောအားဖြင့် လူများ တို့ကို ဖျက်ဆီး ၍ ၊ သခင် တို့၏သခင် ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း ၊ လူလက် ဖြင့် ဒဏ်မ ခတ်ဘဲ ကျိုးပဲ့ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
26“นิมิตเรื่องเย็นและเช้าที่บอกไว้นั้นเป็นความจริง แต่จงปิดผนึกนิมิตไว้ เพราะเป็นเรื่องที่จะเกิดในอีกนานข้างหน้า”
26ညဦး နှင့် နံနက် ကို ဘော်ပြသော ဗျာဒိတ် ရူပါရုံ စကားမှန် သည် ဖြစ်၍ ၊ ထိုစကားကို တံဆိပ်ခတ် ထား လော့။ တာရှည် သော ကာလ တိုင်တိုင်တည် လိမ့်မည်ဟု ဆို၏။
27ข้าพเจ้า ดาเนียล หมดสติและป่วยอยู่หลายวัน แล้วจึงลุกขึ้นทำงานของกษัตริย์ต่อ ข้าพเจ้าฉงนกับนิมิตนั้น แต่ไม่มีใครเข้าใจ
27ထိုအခါ ငါ ဒံယေလ သည် မော ၍ နာ လျက် နေ၏။ တဖန် အနာမှထမြောက် ၍ ဘုရင် ၏အမှု တော်ကို ဆောင်ရွက် ၏။ မြင်ပြီးသော ဗျာဒိတ် ရူပါရုံကို ငါအံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှမ ရိပ်မိ ကြ။
Tip: use the ← and → keys to turn chapters.