Jeremias 13
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1O SENHOR me disse: “Vá e compre para você um cinto de linho, coloque-o na cintura e não o coloque na água.”
1တဖန် ထာဝရဘုရား က၊ သင်သည် ချည် ခါးပန်း ကို သွား ၍ ယူ ပြီးလျှင် ခါး ၌ စည်း လော့။ ရေ နှင့် မ လျှော် ရ ဟု ငါ့ အား မိန့် တော်မူသောစကားတော်အတိုင်း ၊
2Então comprei um cinto, de acordo com a palavra do SENHOR, e o coloquei na cintura.
2ငါသည် ခါးပန်း ကိုယူ ၍ ခါး ၌ စည်း လေ၏။
3A palavra do SENHOR veio a mim pela segunda vez, dizendo:
3ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် လျှင် ၊
4“Pegue o cinto que você comprou, que está na sua cintura, levante-se, vá ao Eufrates e esconda-o ali numa fenda da rocha.”
4သင် သည် ခါး ၌စည်းသော ခါးပန်း ကို ယူ ပြီး လျှင်၊ ဥဖရတ် မြစ်သို့ ထ သွား ၍ ၊ ကျောက် တွင်း ၌ ဝှက် ထားလော့ဟု၊
5Então eu fui e o escondi junto ao Eufrates, como o SENHOR me ordenou.
5မိန့် တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ် မြစ်နား မှာ ဝှက် ထား၏။
6Depois de muitos dias, o SENHOR me disse: “Levante-se, vá ao Eufrates e pegue de lá o cinto que eu lhe ordenei que escondesse ali.”
6ထို နောက်၊ ကာလ အင်တန်ကြာ ပြီးမှ ၊ ထာဝရဘုရား က၊ သင်သည် ထ ၍ ဥဖရတ် မြစ်သို့ သွား လော့။ ထို မြစ်နား မှာ ငါ့အမိန့် တော်နှင့် ဝှက် ထားခဲ့ပြီးသော ခါးပန်း ကိုထုတ် လော့ဟု မိန့် တော်မူ၏။
7Então fui ao Eufrates, cavei e peguei o cinto do lugar onde o havia escondido; e eis que o cinto estava arruinado. Não servia para nada.
7ငါသည်လည်း ဥဖရတ် မြစ်နား သို့ သွား ပြီးလျှင် ၊ ဝှက် ထားရာအရပ် ၌ တူး ၍ ခါးပန်း ကို ထုတ် သောအခါ၊ ခါးပန်း သည် ဆွေးမြေ့ ၍ အသုံး မ ရဖြစ်၏။
8Então a palavra do SENHOR veio a mim, dizendo:
8ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
9“Assim diz o SENHOR: 'Desta maneira arruinarei o orgulho de Judá e o grande orgulho de Jerusalém.
9ထိုနည်းတူ ၊ ယုဒ ပြည်၏ ထောင်လွှား ခြင်းကို ငါရှုတ်ချ မည်။ ယေရုရှလင် မြို့၏ ထောင်လွှား ခြင်းကို အလွန် ရှုတ်ချမည်။
10Este povo mau, que se recusa a ouvir as minhas palavras, que anda na teimosia do seu coração, e que foi atrás de outros deuses para servi-los e adorá-los, será como este cinto, que não serve para nada.
10ငါ့ စကား ကို နား မထောင်၊ မိမိ စိတ် နှလုံးခိုင်မာ သော သဘောအတိုင်း ကျင့် ၍၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ခြင်းငှါ လိုက်သွား သော ဤ လူ ဆိုး မျိုးသည်၊ အသုံး မ ရသော ဤ ခါးပန်း ကဲ့သို့ ဖြစ် လိမ့်မည်။
11Pois, assim como o cinto se apega à cintura de um homem, assim eu fiz com que toda a casa de Israel e toda a casa de Judá se apegassem a mim', diz o SENHOR; 'para que fossem para mim um povo, um nome, um louvor e uma glória; mas eles não quiseram ouvir.'
11ခါးပန်း သည် လူ ၏ခါး ၌ မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
12“Portanto, você lhes falará esta palavra: 'Assim diz o SENHOR, o Deus de Israel: “Todo jarro deve ser cheio de vinho.”' Eles dirão a você: 'Acaso não sabemos muito bem que todo jarro deve ser cheio de vinho?'
12တဖန် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ သားရေ ဘူးရှိသမျှ တို့သည် စပျစ်ရည် နှင့် ပြည့် ကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ၊ သင် သည် သူ တို့အား ပြော လော့။ သူတို့ကလည်း၊ သားရေ ဘူး ရှိသမျှ တို့ သည် စပျစ်ရည် နှင့်ပြည့် ကြလိမ့်မည်အကြောင်း ကို၊ ငါတို့မ သိ သလောဟု ပြန်ပြော ကြလျှင်၊
13Então diga-lhes: 'Assim diz o SENHOR: “Eis que encherei de embriaguez todos os habitantes desta terra, até mesmo os reis que se assentam no trono de Davi, os sacerdotes, os profetas e todos os habitantes de Jerusalém.
13သင်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဒါဝိဒ် မင်းကြီး ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် သော ရှင်ဘုရင်မှစ၍ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သား ရှိသမျှ တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့ကို ယစ်မူး ခြင်းနှင့် ငါပြည့် စေမည်။
14Eu os despedaçarei uns contra os outros, até mesmo os pais e os filhos juntos”, diz o SENHOR: “Não terei pena, nem pouparei, nem terei compaixão, a ponto de deixar de destruí-los.”'”
14ညီအစ်ကိုချင်း၊ သား အဘ ချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာ မ ရှိ၊ မ နှမြော ၊ မ ကယ်မ ဘဲ၊ ထိုသူ တို့ကို ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15Ouçam e prestem atenção. Não sejam orgulhosos, pois o SENHOR falou.
15သင်တို့သည် နားထောင် နာယူ ကြလော့။ ထောင်လွှား သောစိတ် မ ရှိကြနှင့်။ ထာဝရဘုရား အမိန့် တော် ရှိ၏။
16Deem glória ao SENHOR, seu Deus, antes que ele traga as trevas, e antes que os seus pés tropecem nos montes escuros, e, enquanto vocês procuram a luz, ele a transforme na sombra da morte, e a converta em densa escuridão.
16မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
17Mas, se vocês não ouvirem isso, a minha alma chorará em segredo por causa do orgulho de vocês. O meu olho chorará amargamente, e derramará lágrimas, porque o rebanho do SENHOR foi levado cativo.
17သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
18Diga ao rei e à rainha-mãe: “Humilhem-se. Sentem-se, pois as suas coroas caíram, sim, a coroa da sua glória.”
18ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင် ကြလော့။ သင် တို့၌ ဘုန်းကြီး သော သရဖူ သည် သင် တို့၏ ခေါင်း ပေါ်မှ ဆင်း ရလိမ့်မည်ဟု၊ ရှင်ဘုရင် နှင့် မိဖုရား တို့အား ပြော လော့။
19As cidades do Sul estão fechadas, e não há ninguém para abri-las. Judá é levado cativo: todos eles. Eles são totalmente levados cativos.
19တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။
20Levante os olhos, e veja aqueles que vêm do norte. Onde está o rebanho que lhe foi dado, o seu lindo rebanho?
20မြောက် မျက်နှာက လာ သောသူတို့ ကို မျှော် ၍ ကြည့် လော့။ သင့် အား ငါပေး သော သိုးစု ၊ လှ သောသိုးစု သည် အဘယ် မှာရှိသနည်း။
21O que você dirá quando ele colocar como chefes sobre você aqueles que você mesma ensinou a serem seus amigos? Acaso as dores não tomarão conta de você, como as de uma mulher em trabalho de parto?
21သင် သည် ဆုံးမ တော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြော လိမ့်မည်နည်း။ သူ တို့သည် သင့် ကို အစိုး တရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံ ပေးပြီး။ သားဘွား သော မိန်းမ ခံရသောဝေဒနာ ကို သင် ခံရ လိမ့်မည်မ ဟုတ်လော။
22Se você disser no seu coração: “Por que estas coisas vieram sobre mim?” É por causa da grandeza da sua iniquidade que as suas saias foram descobertas, e os seus calcanhares sofrem violência.
22သင်ကလည်း၊ အဘယ် အကြောင်းကြောင့် ဤ အမှုရောက် သနည်းဟုစိတ် ထဲ၌ အောက်မေ့ လျှင် ၊ သင် ၏အပြစ် များ သောကြောင့် ၊ သင့် အဝတ် ကို ချွတ် ရ၏။ ခြေနင်း ကိုလည်းမ စီးရ။
23Pode o etíope mudar a sua pele, ou o leopardo as suas manchas? Então vocês também poderiam fazer o bem, vocês que estão acostumados a fazer o mal.
23အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24“Portanto, eu os espalharei como o restolho que é levado pelo vento do deserto.
24ထိုကြောင့် ၊ ဖွဲ ကို လေ ပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူ တို့ကို ငါလွင့် စေမည်။
25Esta é a sua sorte, a porção medida a você por mim”, diz o SENHOR, “porque você se esqueceu de mim, e confiou na falsidade.”
25သင်သည်ငါ့ ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့် အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာ ကား ဤ သို့တည်း။
26Portanto, eu também levantarei as suas saias sobre o seu rosto, e a sua vergonha aparecerá.
26ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။
27Eu vi as suas abominações, até mesmo os seus adultérios e os seus relinchos, a lascívia da sua prostituição, sobre as colinas no campo. Ai de você, Jerusalém! Você não será purificada. Até quando ainda será assim?”
27သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၌ ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.