Gênesis 22
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1Depois destas coisas, Deus provou Abraão, e lhe disse: “Abraão!” Ele disse: “Eis-me aqui.”
1ထိုနောက်မှ ဘုရားသခင် သည်၊ အာဗြဟံ ကို စုံစမ်း ခြင်းငှါ၊ အာဗြဟံ ဟု ခေါ် တော်မူ၍ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
2Ele disse: “Tome agora seu filho, seu único filho, Isaque, a quem você ama, e vá para a terra de Moriá. Ofereça-o ali como holocausto sobre um dos montes que eu lhe disser.”
2သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
3Abraão levantou-se de madrugada, selou seu jumento, e levou consigo dois de seus moços, e Isaque, seu filho. Ele rachou a lenha para o holocausto, levantou-se e foi para o lugar do qual Deus lhe tinha falado.
3အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
4No terceiro dia, Abraão levantou os olhos e viu o lugar de longe.
4သုံး ရက်မြောက် သောနေ့၌ မြော် ကြည့်၍၊ ထိုအရပ် ကို အဝေး က မြင် လျှင်၊
5Abraão disse aos seus moços: “Fiquem aqui com o jumento. O rapaz e eu iremos até lá. Nós adoraremos e voltaremos para vocês.”
5ငယ်သား နှစ်ယောက်တို့အား ၊ သင် တို့သည် ဤ အရပ်၌မြည်း နှင့်အတူ နေ ရစ်ကြလော့။ ငါ သည် သားနှင့်အတူထိုအရပ် သို့သွား ၍ ၊ ကိုးကွယ် ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ ၊ သင် တို့ဆီသို့ ပြန် လာဦးမည်ဟု ဆို လေ၏။
6Abraão pegou a lenha do holocausto e a colocou sobre Isaque, seu filho. Ele pegou em sua mão o fogo e a faca. E os dois foram juntos.
6ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
7Isaque falou a Abraão, seu pai, e disse: “Meu pai?” Ele disse: “Eis-me aqui, meu filho.” Ele disse: “Aqui estão o fogo e a lenha, mas onde está o cordeiro para o holocausto?”
7သွားကြစဉ်တွင်၊ ဣဇာက် သည် အဘ အာဗြဟံ ကို အဘ ဟုခေါ် လျှင် ၊ ငါ့ သား ၊ ငါ ရှိ ၏ဟု ထူး လေ၏။ ဣဇာက်ကလည်း မီး ပါ၏၊ ထင်း လည်းပါ၏။ ယဇ် ရှို့စရာဘို့ သိုးသငယ် သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင်၊
8Abraão disse: “Deus proverá para si o cordeiro para o holocausto, meu filho.” Assim, os dois foram juntos.
8အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
9Eles chegaram ao lugar do qual Deus lhe tinha falado. Abraão construiu ali o altar, arrumou a lenha, amarrou Isaque, seu filho, e o colocou sobre o altar, em cima da lenha.
9ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
10Abraão estendeu a mão e pegou a faca para matar seu filho.
10မိမိ လက် ကို ဆန့် ၍ သား ကိုသတ် ခြင်းငှါ ၊ ထား ကို ကိုင် ယူလေ၏။
11O anjo do SENHOR o chamou do céu, e disse: “Abraão, Abraão!” Ele disse: “Eis-me aqui.”
11ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
12Ele disse: “Não estenda a mão sobre o rapaz nem lhe faça nada. Pois agora sei que você teme a Deus, visto que não me negou seu filho, seu único filho.”
12ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
13Abraão levantou os olhos, olhou, e viu que atrás dele havia um carneiro preso pelos chifres em um arbusto. Abraão foi, pegou o carneiro e o ofereceu como holocausto em lugar de seu filho.
13ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
14Abraão chamou o nome daquele lugar de “O SENHOR Proverá”. Como se diz até o dia de hoje: “No monte do SENHOR se proverá.”
14ထို အရပ် ကို ယေဟောဝါ ယိရဟု အာဗြဟံ သမုတ် လေ၏။ ထိုသို့ နှင့်အညီတောင် ပေါ် မှာ ထာဝရဘုရား ပြင်ဆင် တော်မူမည်ဟု ယနေ့ တိုင်အောင်ဆို လေ့ ရှိသတည်း။
15O anjo do SENHOR chamou a Abraão pela segunda vez do céu,
15တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
16e disse: “'Jurei por mim mesmo', diz o SENHOR, 'porquanto você fez isso, e não me negou seu filho, seu único filho,
16သင်သည် ဤ အမှု ကိုပြု ၍ ၊ သင် ၏သား သင်၌ တ ယောက်တည်းသောသားကို၊ ငါ့အား မ ငြင်း သောကြောင့်၊
17que eu o abençoarei grandemente, e multiplicarei grandemente a sua descendência como as estrelas dos céus, e como a areia que está na praia do mar. A sua descendência possuirá a porta dos seus inimigos.
17ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
18Todas as nações da terra serão abençoadas por meio da sua descendência, porque você obedeceu à minha voz.'”
18သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
19Então Abraão voltou aos seus moços, e eles se levantaram e foram juntos para Berseba. E Abraão habitou em Berseba.
19ထိုအခါ အာဗြဟံ သည် ငယ်သား တို့ ရှိရာသို့ ပြန် ၏။ သူတို့သည် ထ ပြီးလျှင် ဗေရာရဗတ အရပ်သို့ လိုက်သွား ကြ၏။ ထို အရပ်၌ အာဗြဟံ နေ လေ၏။
20Depois destas coisas, foi dito a Abraão: “Eis que Milca também deu filhos ao seu irmão Naor:
20ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
21Uz, o seu primogênito, Buz, o seu irmão, Quemuel, pai de Arã,
21သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
22Quésede, Hazo, Pildas, Jidlafe e Betuel.”
22ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊
23Betuel gerou a Rebeca. Estes oito Milca deu à luz a Naor, irmão de Abraão.
23သားရှစ် ယောက်တို့ကို၊ အာဗြဟံ အစ်ကို နာခေါ် ၏ မယားမိလခါ ဘွား မြင်လေ၏။ ဗေသွေလ ကား ၊ ရေဗက္က အဘ တည်း။
24A sua concubina, cujo nome era Reumá, também deu à luz a Teba, Gaã, Taás e Maaca.
24ရုမာ အမည် ရှိသောနာခေါ် ၏ မယား ငယ်သည်လည်း တေဘ ဂါဟံ ၊ သဟာရှ မာခါ တို့ကို ဘွား မြင်လေ၏။
Tip: use the ← and → keys to turn chapters.