Judas
Chapter 1

Judas

Petrus Canisius Bible, 1…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Petrus Canisius Bible, 1939 (De Heilige Schrift)
Judson Burmese Bible (1840)
1Judas, dienaar van Jesus Christus, en broeder van Jakobus: aan de uitverkorenen, door God den Vader bemind en voor Jesus Christus behouden:
1ယေရှု ခရစ် ၏ ကျွန် ဖြစ်သောယာကုပ် ညီ ငါယုဒ သည် ခမည်းတော် ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှု ခရစ် ခေါ် ထားစောင့်မ တော်မူသောသူတို့ကို ကြားလိုက်ပါ၏။
2Barmhartigheid, vrede en liefde zij in volle mate uw deel!
2သင် တို့၌ကရုဏာ ရှိပါစေသော။ ငြိမ်သက် ခြင်းနှင့် ချစ် ခြင်းများပြား ပါစေသော။
3Geliefden, daar ik u vol ijver over ons gemeenschappelijk heil wilde schrijven, heb ik mij verplicht gezien, u door een schrijven aan te sporen, om te strijden voor het geloof, dat eens en voor al aan de heiligen is overgeleverd.
3ချစ်သူ တို့၊ အညီအမျှဆက်ဆံသော ကယ်တင် ခြင်းအကြောင်း အရာကို သင် တို့ထံသို့ရေး ၍ ပေးလိုက် ခြင်းငှာငါ သည်အလွန် ကြိုးစား သည်တွင်၊ သန့်ရှင်း သူတို့၌ အထက် ကအပ်ပေး ခဲ့ပြီးသော ယုံကြည် ခြင်းတရား ဘက်မှာ သင် တို့သည် ကြိုးစား ၍တိုက်လှန်စေခြင်းငှာနှိုးဆော် သွေးဆောင်၍ ရေး လိုက်ရသောအကြောင်း ရှိ ၏။
4Want er zijn enige lieden binnengeslopen, die reeds lang te voren opgeschreven staan voor dit doemvonnis: goddelozen, die de genade van onzen God in liederlijkheid verkeren, en Jesus Christus verloochenen, onzen enigen Meester en Heer.
4အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့ဘုရားသခင် ၏ ကျေးဇူး တော်ကို ကိလေသာ ၏ ညစ်ညူး ခြင်းအလိုငှာမှောက်လှန် လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါ တို့သခင် ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ အပြစ် ခံစေခြင်းငှာ ရှေး ကစီရင် မှတ်သားနှင့်သောအဓမ္မလူ အချို့ တို့သည် ပရိယာယ် နှင့် အမှတ်တမဲ့ဝင်ကြပြီ။
5En nu gij eenmaal dit alles weet, wil ik u ook in herinnering brengen, hoe de Heer het Volk uit het land van Egypte verloste, maar later de ongelovigen in het verderf heeft gestort;
5ထို့ကြောင့်သင် တို့သည်သိ နှင့်သော်လည်း ငါသည် သတိပေး ၍ ပြောချင် သော အကြောင်း အရာ ဟူမူကား ၊ ထာဝရ ဘုရားသည် ဣသရေလ လူ တို့ကို အဲဂုတ္တု ပြည် မှ ကယ်လွှတ် တော်မူပြီးလျှင်၊ မ ယုံကြည် သော သူ တို့ကိုတဖန် ဖျက်ဆီး တော်မူ၏။
6hoe Hij de engelen, die hun Heerschappij niet bewaarden, maar hun eigen woonsteden verlieten, met eeuwige boeien in de duisternis vasthoudt voor het gericht van de grote Dag;
6ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။
7hoe Sódoma en Gomorra met de omliggende steden, die ontucht bedreven evenals zij, en tegennatuurlijke vleselijke lusten hebben nagejaagd, tot een voorbeeld gesteld zijn van de straf door het eeuwige vuur.
7ထိုနည်းတူ ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍ ပတ်ဝန်းကျင် ၌ ရှိသောမြို့ တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရား သော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည် သောကြောင့်၊ ထာဝရ မီး နှင့်ကျွမ်းလောင် ခြင်း ဒဏ်ကိုခံရ ၍ ပုံ သက်သေထင်ရှား လျက်ရှိကြ၏။
8Zo bezoedelen ook deze dromers hun vlees; ze verachten de Heerschappij, en beschimpen de Heerlijkheden.
8ယခု ယောင်ယမ်း သောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ ကိုယ် ကိုညစ်ညူး စေ၍၊ အာဏာစက် ကိုပယ် လျက် ၊ ဘုန်း တန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ တတ်ကြ၏။
9Welnu, zelfs de Aartsengel Mikaël durfde geen smadend oordeel vellen, toen hij met den duivel over het lichaam van Moses twistte, maar hij zeide: “De Heer bestraffe u!”
9ကောင်းကင် တမန် မင်းမိက္ခေလ မူကား ၊ မောရှေ ၏ ကိုယ် ကို အကြောင်း ပြု၍ မာရ်နတ် နှင့် ငြင်းခုံ သောအခါ ၊ ကဲ့ရဲ့ စွာသော ပြစ်တင် ခြင်းကိုမ ပြု ဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့် ကိုဆုံးမ တော်မူစေသတည်းဟူ၍သာ ပြောဆို ၏။
10Deze lieden echter beschimpen wat ze niet kennen; en wat ze kennen op natuurlijke wijze als redeloos vee, daarmee gaan ze te gronde.
10ထိုသူ တို့မူကား ၊ မိမိတို့နား မ လည်သောအရာ များကို ကဲ့ရဲ့ တတ်ကြ၏။ တိရစ္ဆာန် ကဲ့သို့ ပကတိ အတိုင်းမိမိတို့နားလည် သော အရာ များဖြင့် မိမိတို့ကိုပုပ်ပျက် စေတတ်ကြ၏။
11Wee over hen! Want ze slaan de weg van Kaïn in; om loon werpen ze zich op Bálaäms bedrog; ze komen om in de opstand van Kore.
11သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကာဣန နောက် သို့လိုက်ကြ၏။ အခ ကိုရခြင်းငှာဗာလမ် မှားယွင်း သကဲ့သို့အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ ၏ငြင်းခုံ ခြင်းအပြစ်နှင့် ဖျက်ဆီး ခြင်းသို့ရောက် ကြ၏။
12Ze zijn de schandvlekken op uw liefdemalen, schaamteloze brassers, die zichzelf weiden; wolken zonder water, voortgestuwd door de wind; bomen zonder vrucht in de herfst, morsdood en ontworteld;
12မေတ္တာ ပွဲလုပ် ၍ သင် တို့နှင့်အတူစား သောက်သောအခါ အားမနာ ဘဲ၊ မိမိ တို့ကိုဝ စွာကျွေး၍ ပွဲ၌ အစွန်းအကွက် ဖြစ်ကြ၏။ ရေ မရှိ၊ လေ တိုက်၍လွင့် သော မိုဃ်းတိမ် ကဲ့သို့၎င်း၊ ညှိုးနွမ်း ၍ အသီး မတင်၊ နှစ် ကြိမ် သေ ၍ နှုတ် ပစ်သော သစ်ပင် ကဲ့သို့၎င်း၊
13woeste golven der zee, die hun eigen schande opspatten; dwaalsterren, wie diepste duisternis voor eeuwig wacht.
13မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။
14Tegen hen heeft Henok, de zevende van Adam af, aldus geprofeteerd: “Zie de Heer komt met zijn tienduizenden heiligen,
14အာဒံ မှ ဆင်းသက်၍ ခုနှစ် ဆက်မြောက်သောသူ ဧနောက် က၊ ထာဝရ ဘုရားသည် ခပ်သိမ်း သော သူ တို့ကို တရား စီရင်တော်မူ၍ ၊ မတရား သောသူတို့သည် မတရား သဖြင့် ပြုသောအဓမ္မအမှု ရှိသမျှ တို့၏ အပြစ်ကို၎င်း၊ မတရား သောလူဆိုး တို့သည် ဘုရားသခင် ကို ပြစ်မှား ၍ ပြော သောကြမ်းတမ်း သော စကား ရှိသမျှ တို့၏ အပြစ် ကိုဖော်ပြ ခြင်းငှာ၊
15om gericht te houden over allen, en om alle goddelozen te straffen voor al hun goddeloze werken, die ze verrichten, en voor al de vermetele woorden, die de goddeloze zondaars tegen Hem spreken.”
15အတိုင်းမသိများစွာသော မိမိ သန့်ရှင်း သူတို့နှင့်တကွ ကြွလာ တော်မူလိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြော လေ၏။
16Dat zijn de morrende klagers, die leven naar hun eigen lusten; hun mond bralt hoogmoed, ze vleien anderen uit winstbejag.
16ထိုသူ တို့သည် မြည်တမ်း ၏ အပြစ်တင် တတ်သောသူ၊ ကိုယ် တပ်မက် ခြင်းအတိုင်း ကျင့် တတ်သောသူ၊ ထောင်လွှား သော စကား ကိုပြော တတ်သောသူ ၊ ကိုယ် အကျိုးစီးပွားကြောင့် သူ့မျက်နှာ ကို ထောက်ထား ခန့်ညားတတ်သော သူဖြစ် ကြ၏။
17Gij echter, geliefden, weest de woorden indachtig, die door de apostelen van onzen Heer Jesus Christus zijn voorspeld;
17ချစ်သူ တို့၊ နောက်ဆုံး သောကာလ ၌ ၊ မိမိ တို့မတရား သော တပ်မက် ခြင်းအတိုင်း ကျင့် နေ၍၊ ပြက်ယယ်ပြု တတ်သော သူတို့သည် ပေါ် ကြလိမ့်မည်ဟု
18want ze hebben u gezegd: “Op het einde der tijden zullen er spotters opstaan, die leven naar hun eigen goddeloze lusten.”
18ငါ တို့သခင် ယေရှု ခရစ် ၏ တမန်တော် တို့သည် ဟောပြော နှင့်သော စကား များကိုအောက်မေ့ ကြလော့။
19En dit zijn zij, die scheuring verwekken, profanen, die den Geest niet bezitten.
19ထို သူတို့သည်သင်းခွဲ သောသူ ၊ ဝိညာဉ် တော်နှင့် ကင်း သော ဇာတိ ပကတိလူဖြစ် ကြ၏။
20Gij echter, geliefden, bouwt voort op uw allerheiligst geloof, bidt in den heiligen Geest,
20ချစ်သူ တို့၊ သင် တို့သည် မိမိ တို့အလွန် သန့်ရှင်းသော ယုံကြည် ခြင်းအပေါ်မှာမိမိ တို့ကို တည်ဆောက် လျက်၊ သန့်ရှင်း သောဝိညာဉ် တော်အားဖြင့် ဆုတောင်း ပဌနာပြုလျက်၊
21bewaart uzelf in Gods liefde, en rekent op de barmhartigheid van onzen Heer Jesus Christus ten eeuwigen leven.
21ဘုရားသခင် ကို ချစ် ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ် စောင့်ရှောက် ၍ ထာဝရ အသက် အလိုငှာ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ ကရုဏာ တော်ကို မြော်လင့် ၍ နေကြလော့။
22Hebt medelijden met hen die twijfelen; redt ze en rukt ze uit het vuur.
22ပိုင်းခြား ၍သိတတ်သော ဥာဏ်ရှိ၍ အချို့ တို့ကို သနား ကြလော့။
23Maar hebt medelijden met hen in vreze, en haat zelfs het kleed, dat door het vlees is bezoedeld.
23ကိုယ် ကာယနှင့် ညစ်ညူး စွန်းကွက်သော အဝတ် ကိုပင် စက်ဆုပ် ရွံရှာ၍ ကြောက်ရွံ့ ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီး ထဲမှ ဆယ် နှုတ်ကယ်တင် ကြလော့။
24Aan Hem, die machtig is, u voor struikelen te behoeden, en vlekkeloos in jubelende vreugde u voor zijn Glorie te plaatsen;
24ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင် တို့ကို စောင့်ရှောက် ခြင်းငှာ၎င်း၊ အပြစ် မရှိဘဲဝမ်းမြောက် ခြင်းနှင့် ပြည့်စုံလျက်ရှိသောသင်တို့ကို ဘုန်း အသရေတော်ရှေ့ ၌ ဆက်သ ခြင်းငှာ၎င်း တတ်နိုင် တော်မူသော သူ တည်းဟူသော။
25—aan den enigen God, onzen Redder door Jesus Christus onzen Heer, aan Hem zij de glorie en grootheid, de kracht en de macht vóór alle eeuwigheid, en nu en in alle eeuwigheid. Amen!
25ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင်

Tip: use the ← and → keys to turn chapters.