Prediker 2
Petrus Canisius Bible, 1939 (De Heilige Schrift)
Judson Burmese Bible (1840)
1Toen dacht ik bij mijzelf: Kom, ik wil het met de vreugde beproeven En het goede genieten; Maar zie, ook dat was ijdelheid.
1တဖန်ငါ သည် ကိုယ် စိတ်နှလုံး ထဲမှာ ပြော သည် ကား၊ လာ ပါ။ ရွှင်လန်း ခြင်းအားဖြင့် သင့် ကိုငါစုံစမ်း မည်။ သို့ဖြစ်၍ ၊ ကာမဂုဏ် ၌ ပျော်မွေ့ လော့ဟု ဆိုရာတွင်၊ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်လေ၏။
2Van het lachen zei ik: Dwaas, En van de vreugde: Wat heeft het voor nut.
2ရယ်မော ခြင်းကို သင်သည် အရူး ဖြစ်၏ဟူ၍၎င်း၊ ရွှင်လန်း ခြင်းကို အဘယ်ကြောင့် ဤသို့ ပြု သနည်း ဟူ၍၎င်း ငါဆိုရ ၏။
3Ik vatte het plan op, mijn lichaam met wijn te verkwikken, Maar tevens mijn hart te laten leiden door de wijsheid, En zo de dwaasheid te zoeken, Totdat ik zou weten, wat goed is voor de mensen, Om het heel hun leven te doen onder de zon.
3တဖန်လူ သား တို့သည် မိုဃ်း ကောင်းကင်အောက် ၌၊ တသက်လုံး ပြု သင့်သောအမှုကောင်း ကို သိ အံ့သောငှါ ၊ ပညာ တရားကို လေ့ကျက် လျက် နှင့်၊ စပျစ်ရည် အလို သို့ လိုက်၍ ၊ မိုက် သောအကျင့်ဓလေ့၌ ကျင်လည် ခြင်းငှါ ၊ ငါကြံစည် ၏။
4Grote werken bracht ik tot stand: Ik bouwde mij huizen, plantte mij wijngaarden;
4ကြီးကျယ်သောအလုပ်ကို စီရင် ၍ အိမ် တို့ကို ဆောက် ၏။ စပျစ် ဥယျဉ်တို့ကိုလည်း စိုက် ၏။
5Ik legde mij tuinen en lusthoven aan, En plantte daar allerlei vruchtbomen in.
5ဥယျာဉ် အမျိုးမျိုးကို ပြုစု ၍ ၊ ခပ်သိမ်း သော အသီး မျိုးကို သီးသောအပင် တို့ကိုလည်း စိုက် ၏။
6Ik liet mij watervijvers graven, Om er een woud van jonge bomen mee te besproeien.
6သစ်ပင် မျိုး နှင့် ပြည့်စုံသောတော ကို ရေ လောင်း စရာဘို့ ရေကန် တို့ကိုလည်း လုပ် ၏။
7Ik kocht slaven en slavinnen, En lijfeigenen behoorden mij toe. Ook bezat ik veel meer runderen en schapen, Dan allen, die vóór mij in Jerusalem waren.
7ကျွန် ယောက်ျား၊ ကျွန် မိန်းမတို့ကိုသိမ်းယူ ၍ ၊ ကျွန်သားပေါက် များလည်း ရှိ ကြ၏။ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသော သူ အပေါင်း တို့ထက် ၊ ငါ သည်တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန် ရ တတ်၏။
8Ik stapelde zilver op en goud, Schatten van koningen en wingewesten; Ik schafte zangers aan en zangeressen, En vele vrouwen, het genot der mensen.
8ရွှေ ငွေ ကို၎င်း ၊ ရှင်ဘုရင် နှင့်ဆိုင်သောဘဏ္ဍာ ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်းငါဆည်းပူး ၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း ၊ လူ သား တို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမ မောင်းမမိဿံတို့ကို၎င်းငါသိမ်းယူ ၏။
9Zo werd ik groter en rijker, dan allen vóór mij in Jerusalem, Behalve nog, dat ik mijn wijsheid behield.
9ထိုသို့ ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ၊ ငါသည် တိုးပွါး ၍ ကြီးမြင့် ခြင်းသို့ ရောက်၏။ ငါ့ ပညာ လည်း တည် လျက်ရှိ၏။
10Nooit heb ik mijn ogen geweigerd, wat zij verlangden; Ik ontzegde mijn hart geen enkele vreugd. Mijn hart kon genieten van al mijn zwoegen; Maar dat was ook àl, wat ik had van mijn werken.
10ငါ့ မျက်စိ တပ်မက် လိုချင်သောအရာ တစုံတခုကိုမျှ ငါမ ငြင်း ၊ ငါ့ စိတ် ရွှင်လန်း စရာ တစုံတခု ကိုမျှမ ပယ်။ ငါ ကြိုးစား သမျှ တို့၌ ဝမ်းမြောက် လျက်ရှိ ၍ ၊ ကြိုးစား ခြင်း အကျိုး ကိုခံရ၏။
11Want toen ik al het werk van mijn handen beschouwde, En al het zwoegen, dat ik met moeite volbracht had, Zag ik, hoe het alles ijdelheid was en jagen naar wind; Men heeft er geen blijvend gewin van onder de zon.
11ထိုအခါ ငါ စီရင် ပြုပြင်သမျှ ၊ ငါ ကြိုးစား အားထုတ်သမျှတို့ ကိုငါ ကြည့်ရှု ၍ ၊ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်ကြ၏။နေ အောက် မှာကောင်း သောအကျိုးတစုံတခုမျှမ ရှိ။
12Zo ging ik de wijsheid vergelijken Met dwaasheid en onverstand. Wat zal de opvolger van den koning gaan doen Met alles, wat deze vroeger gemaakt heeft?
12တဖန် ငါ လှည့် ၍ ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတရားတို့ကို၎င်းဆင်ခြင် ၏။ ရှင်ဘုရင် နောက် မှာ ဖြစ် သောသူ သည် အဘယ် သို့ပြုနိုင်သနည်း။ ပြုဘူး သည်အတိုင်း သာ ပြု နိုင်၏။
13Wel begreep ik, dat wijsheid voordeel heeft boven dwaasheid, Zoals licht boven duisternis gaat:
13သို့ရာတွင် ၊ အလင်း သည် မှောင်မိုက် ထက် မြတ် သကဲ့သို့ ၊ ပညာ သည် မိုက်မဲ ခြင်းထက် မြတ် သည် ကို ငါ သိမြင် ၏။
14De wijze heeft ogen in zijn hoofd, De dwaas echter tast in het duister. Maar ik bevond van de andere kant, Dat hetzelfde lot hen beiden treft.
14ပညာရှိ သောသူ၏ မျက်စိ တို့သည် သူ ၏ ဦးခေါင်း ၌ ရှိ၏။ မိုက် သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည် တတ်၏။ သို့သော်လည်း ထိုသူ အပေါင်း တို့သည် တခု တည်းသောအမှု နှင့် တွေ့ကြုံတတ်သည် ကို ငါရိပ်မိ ၏။
15Daarom dacht ik bij mijzelf: Als het lot van den dwaas ook mij treft, Wat baat mij dan al mijn wijsheid? En ik zeide bij mijzelf: Ook dat is ijdel.
15သို့ဖြစ်၍ ၊ မိုက် သောသူတွေ့ကြုံ သကဲ့သို့ ၊ ငါ သည် တွေ့ကြုံ လျှင် ၊ အဘယ် ကြောင့်သူ့ထက်သာ၍ပညာရှိ သနည်းဟူ၍၎င်း၊ ဤ အမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါ အောက်မေ့ ၏။
16Want de wijze blijft evenmin in herinnering als de dwaas, Op de duur raakt in de toekomst alles vergeten; Moet immers de wijze niet sterven juist als de dwaas?
16ယခု ဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက် သောသူသည် အစဉ် မ အောက်မေ့သကဲ့သို့၊ ပညာရှိ သောသူကိုလည်း အစဉ်မ အောက်မေ့ တတ်။ ပညာရှိ သောသူသည် မိုက် သောသူ သေသကဲ့သို့ သေ တတ်ပါသည်တကား။
17Daarom kreeg ik een afkeer van het leven; Ja, al wat er verricht wordt onder de zon, begon mij te walgen; Want het is allemaal ijdel en jagen naar wind.
17ထိုကြောင့် ၊ အသက်ရှင် ခြင်းကို ငါငြီးငွေ့ ၏။ နေ အောက် မှာ ပြု သော အမှု သည် ငါ ၌ ခက်ခဲ ၏။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှု ဖြစ်ကြ ၏။
18Zo kreeg ik een afkeer van al het werk, Dat ik met moeite tot stand bracht onder de zon. Ik moet het toch achterlaten aan hem, die mij opvolgt;
18ထိုမှတပါး ၊ ငါ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံ တို့ကို ငါငြီးငွေ့ ရသောအကြောင်း ဟူမူကား၊ ထို အမှုကိုငါ့ နောက် မှဖြစ် လတံ့သောသူ အဘို့ ငါချန်ထား ရမည်။
19Wie weet, of het een wijze zal zijn of een dwaas! Toch zal hij heer en meester zijn van alles, Wat ik met moeite en wijsheid tot stand bracht onder de zon. Ook dat is ijdelheid.
19ထိုသူသည် ပညာရှိ မည်လော ၊ မိုက် မည်လောဟု အဘယ်သူ ပြော နိုင်သနည်း။ ထိုသူ သည် ငါကြိုးစား အားထုတ်သမျှ၊ နေ အောက် မှာငါ့ပညာ ကို ထင်ရှားပြလေ သမျှ သော အမှု တို့ကို အစိုးရ လိမ့်မည်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ် ၏။
20Ja, ik gaf mijn hart aan vertwijfeling over Om al de moeite, die ik mij getroostte onder de zon.
20ထိုကြောင့် နေ အောက် မှာ ငါကြိုးစား အားထုတ်သမျှ တို့၌ မြော်လင့် စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါ ကြံစည် ၏။
21Want wie met wijsheid, verstand en beleid heeft gewerkt, Moet het achterlaten aan hem, die er geen moeite voor deed. Ook dat is ijdelheid en een grote ramp.
21အကြောင်း မူကား၊ ပညာရှိ လျက် သိပ္ပံ အတတ် နှင့် ပြည့်စုံလျက် ၊ အမှု အောင်လျက် ကြိုးစား အားထုတ်သော သူ ဖြစ် သော်လည်း ၊ မ ကြိုးစား ၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့် ထားရမည်။ ထို အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ဆိုး သောအမှုဖြစ်၏။
22Wat heeft dan de mens van zijn zwoegen en jagen, Waarmee hij zich afslooft onder de zon?
22လူ သည်နေ အောက် မှာ ကြိုးစား အားထုတ်သော အမှု အလွန်စိတ် စွဲလမ်း သောအမှု၊ အလုံးစုံ တို့၌ အဘယ် အကျိုးရှိ သနည်း။
23Want al zijn dagen zijn smart, En louter kwelling is al wat hij doet; Zelfs ‘s nachts komt zijn hart niet tot rust. Ook dat is ijdelheid.
23သူ ၏နေ့ရက် အပေါင်း တို့သည် ဝမ်းနည်း ခြင်း၊ သူ ၏အလုပ် အကိုင်လည်း ငြိုငြင် ခြင်းဖြစ်၏။ ညဉ့် အခါ၌ ပင် သူ ၏စိတ် နှလုံးမ ငြိမ် ရ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
24Niets is er dus beter voor den mens dan eten en drinken, En zelf genieten van zijn werk. Want ik heb begrepen, dat dit uit Gods hand komt:
24စား သောက် ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ စိတ် နှလုံးပျော်မွေ့ ခြင်းငှါ၎င်း၊ လူ ၌ ကောင်း သောအခွင့် မ ရှိ။ ဘုရား သခင်၏ကျေးဇူးတော် ကြောင့် သာ ၊ ထိုသို့ သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏။
25Wie toch kan eten, wie kan genieten buiten Hem om?
25ဘုရား သခင်၏ အခွင့် မရှိဘဲ အဘယ်သူ စား ရ သနည်း။ အဘယ်သူ ခံစား ရသနည်း။
26Want aan den mens, die Hem welgevallig is, Schenkt Hij wijsheid, kennis en vreugde; Maar den zondaar laat Hij moeizaam vergaren en ophopen, Om het te geven aan hem, die aan Gods oog behaagt. Ook dat is ijdelheid en jagen naar wind!
26ရှေ့ တော်၌ ကောင်း သောသူ အား ဉာဏ် ပညာ၊ သိပ္ပံ အတတ်နှင့် ဝမ်းမြောက် ခြင်းအခွင့်ကိုပေး တော်မူ၏။ အပြစ် ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသောအခွင့်ကို၎င်း၊ ဘုရား သခင်၏ရှေ့ တော်၌ ကောင်း သောသူအား ပေး စရာဘို့ ၊ ဆည်ဖူး သိုထား ရသောအခွင့် ကို၎င်း ပေး တော်မူ၏။ ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကိုကျက်စား သော အမှုဖြစ်၏။
Tip: use the ← and → keys to turn chapters.