ဇာခရိ 5
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Greek Old Testament), second edition
1တဖန် ငါမျှော် ကြည့်၍ ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ၏။
1ΚΑΙ ἐπέστρεψα, καὶ ᾖρα τοὺς ὀφθαλμούς μου καὶ εἶδον καὶ ἰδοὺ δρέπανον πετόμενον.
2ကောင်းကင်တမန်ကလည်း၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ပါ၏။ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် တဆယ် ရှိပါသည်ဟု လျှောက် ၏။
2καὶ εἶπε πρός με· τί σὺ βλέπεις; καὶ εἶπα ἐγώ· ὁρῶ δρέπανον πετόμενον μήκους πήχεων εἴκοσι καὶ πλάτους πήχεων δέκα.
3ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။
3καὶ εἶπε πρός με· αὕτη ἡ ἀρὰ ἡ ἐκπορευομένη ἐπὶ πρόσωπον πάσης τῆς γῆς, διότι πᾶς ὁ κλέπτης ἐκ τούτου ἕως θανάτου ἐκδικηθήσεται, καὶ πᾶς ὁ ἐπίορκος ἐκ τούτου ἐκδικηθήσεται·
4ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် ၍ မ မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် ၍ နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။
4καὶ ἐξοίσω αὐτό, λέγει Κύριος παντοκράτωρ, καὶ εἰσελεύσεται εἰς τὸν οἶκον τοῦ κλέπτου καὶ εἰς τὸν οἶκον τοῦ ὀμνύοντος τῷ ὀνόματί μου ἐπὶ ψεύδει καὶ καταλύσει ἐν μέσῳ τοῦ οἴκου αὐτοῦ καὶ συντελέσει αὐτὸν καὶ τὰ ξύλα αὐτοῦ καὶ τοὺς λίθους αὐτοῦ.
5တဖန် ငါ နှင့် ပြောဆို သော ကောင်းကင် တမန် သည် ထွက် ၍ ၊ ယခု ထွက် လာသောအရာ ကို မျှော်ကြည့် လော့ဟု ငါ့ အား ဆို လျှင် ၊
5Καὶ ἐξῆλθεν ὁ ἄγγελος ὁ λαλῶν ἐν ἐμοὶ καὶ εἶπε πρός με· ἀνάβλεψον τοῖς ὀφθαλμοῖς σου καὶ ἰδὲ τί τὸ ἐκπορευόμενον τοῦτο.
6ထို အရာကား အဘယ် အရာနည်းဟု ငါမေး သော် ၊ ထို အရာသည် ထွက်သွား သော ဧဖာ ဖြစ်သည်ဟူ၍၎င်း ၊ ထိုအရာသည် တပြည်လုံး ၌ သူ တို့၏အကြံ အစည်ဖြစ် သည်ဟူ၍၎င်း ဆို ၏။
6καὶ εἶπα· τί ἐστι; καὶ εἶπε· τοῦτο τὸ μέτρον τὸ ἐκπορευόμενον. καὶ εἶπεν· αὕτη ἡ ἀδικία αὐτῶν ἐν πάσῃ τῇ γῇ.
7ခဲ အခွက် တဆယ်ကိုလည်း အထက်သို့ ချီမြှောက် ၍ မိန်းမ တယောက် သည် ဧဖာ ထဲ ၌ ထိုင် သည်ကို ငါမြင် ၏။
7καὶ ἰδοὺ τάλαντον μολίβου ἐξαιρόμενον, καὶ ἰδοὺ γυνὴ μία ἐκάθητο ἐν μέσῳ τοῦ μέτρου.
8ကောင်းကင်တမန်ကလည်း၊ ထို မိန်းမသည် ဒုစရိုက် အပြစ်ဖြစ်၏ဟုဆို လျက် ၊ သူ့ ကို ဧဖာ ထဲ ကို ချ ထား ၍ ဧဖာ အဝ ပေါ် မှာ ခဲပြား ကို တင် လေ၏။
8καὶ εἶπεν· αὕτη ἐστὶν ἡ ἀνομία· καὶ ἔρριψεν αὐτὴν εἰς μέσον τοῦ μέτρου καὶ ἔρριψε τὸν λίθον τοῦ μολίβου εἰς τὸ στόμα αὐτῆς.
9တဖန် ငါ မျှော်ကြည့် ၍ ၊ တောငန်း ၏အတောင် ကဲ့သို့ ၊ အတောင်ရှိသောမိန်းမ နှစ် ယောက်တို့သည်၊ အတောင် တို့၌ ဝိညာဉ် ပါ လျက် ထွက် လာ၍ ၊ ထိုဧဖာ ကို မြေကြီး နှင့် မိုဃ်း ကောင်းကင်စပ်ကြား သို့ ချီသွား ကြ၏။
9καὶ ᾖρα τοὺς ὀφθαλμούς μου καὶ εἶδον καὶ ἰδοὺ δύο γυναῖκες ἐκπορευόμεναι, καὶ πνεῦμα ἐν ταῖς πτέρυξιν αὐτῶν, καὶ αὗται εἶχον πτέρυγας ὡς πτέρυγας ἔποπος· καὶ ἀνέλαβον τὸ μέτρον ἀναμέσον τῆς γῆς καὶ ἀναμέσον τοῦ οὐρανοῦ.
10ထိုဧဖာ ကို အဘယ် သို့ချီသွား ကြသနည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
10καὶ εἶπα πρὸς τὸν ἄγγελον τὸν λαλοῦντα ἐν ἐμοί· ποῦ αὗται ἀποφέρουσι τὸ μέτρον;
11ရှိနာ ပြည် ၌ ဧဖာ အဘို့ အိမ် ဆောက် ခြင်းငှါ ချီသွားကြ၏။ ထို ပြည် ၌ သူ၏ခုံပေါ်မှာ တင် ထား၍ နေရာ ချကြလိမ့်မည်ဟု ဆို ၏။
11καὶ εἶπε πρός με· οἰκοδομῆσαι αὐτῷ οἰκίαν ἐν γῇ Βαβυλῶνος καὶ ἑτοιμάσαι, καὶ θήσουσιν αὐτὸ ἐκεῖ ἐπὶ τὴν ἑτοιμασίαν αὐτοῦ.
Tip: use the ← and → keys to turn chapters.