ရောမ 4
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
1ထိုသို့ဖြစ်လျှင် ၊ ငါ တို့အဘ အာဗြဟံ သည် ဇာတိ ပကတိအားဖြင့် အဘယ် အကျိုး ကိုရသနည်း။
1τι ουν ερουμεν αβρααμ τον πατερα ημων ευρηκεναι κατα σαρκα
2အာဗြဟံ သည် အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ရောက်သည်မှန်လျှင် ဝါကြွား စရာအကြောင်းရှိ ၏။ ဘုရားသခင့် ရှေ့ တော်၌ ထိုသို့မ ဟုတ်။
2ει γαρ αβρααμ εξ εργων εδικαιωθη εχει καυχημα αλλ ου προσ τον θεον
3ကျမ်းစာ ၌ အဘယ်သို့ လာသနည်း။ အာဗြဟံ သည်ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
3τι γαρ η γραφη λεγει επιστευσεν δε αβρααμ τω θεω και ελογισθη αυτω εισ δικαιοσυνην
4အကျင့် ရှိသောသူ မည်သည်ကား ၊ ကျေးဇူး အားဖြင့် အကျိုး ကို ခံရ သည်မ ဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။
4τω δε εργαζομενω ο μισθοσ ου λογιζεται κατα χαριν αλλα κατα οφειλημα
5အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။
5τω δε μη εργαζομενω πιστευοντι δε επι τον δικαιουντα τον ασεβη λογιζεται η πιστισ αυτου εισ δικαιοσυνην
6ထိုအတူ၊ ဘုရားသခင် သည် အကျင့် ကို မ ထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသော သူ ၏မင်္ဂလာ ကိုဒါဝိဒ် သည် ရည်မှတ်၍ ဆို သည်ကား ၊
6καθαπερ και δαυιδ λεγει τον μακαρισμον του ανθρωπου ω ο θεοσ λογιζεται δικαιοσυνην χωρισ εργων
7အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက် အပြစ် ကို ဖုံးအုပ် ခြင်းသို့ရောက်သော သူ တို့သည် မင်္ဂလာ ရှိကြ၏။
7μακαριοι ων αφεθησαν αι ανομιαι και ων επεκαλυφθησαν αι αμαρτιαι
8ထာဝရ ဘုရားအပြစ် တင် တော်မူခြင်းနှင့် လွတ် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆိုသတည်း။
8μακαριοσ ανηρ ω ου μη λογισηται κυριοσ αμαρτιαν
9အရေဖျားလှီး ခြင်းကိုခံသောသူ တို့သာလျှင်ထို မင်္ဂလာ ကိုရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကိုမခံသောလူ တို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေး သနည်းဟူမူကား ၊ ယုံကြည် ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် သည်ဟု ဆိုကြ၏။
9ο μακαρισμοσ ουν ουτοσ επι την περιτομην η και επι την ακροβυστιαν λεγομεν γαρ οτι ελογισθη τω αβρααμ η πιστισ εισ δικαιοσυνην
10ထိုသို့ဆိုသော် အဘယ်သို့ မှတ် သနည်း။ အရေဖျားလှီး ခြင်းကို ခံပြီးမှမှတ် သလော။ မ ခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မ ဟုတ်။ မ ခံမှီမှတ်သတည်း။
10πωσ ουν ελογισθη εν περιτομη οντι η εν ακροβυστια ουκ εν περιτομη αλλ εν ακροβυστια
11အရေဖျားလှီး ခြင်းကို မခံဘဲယုံကြည် သော သူ တို့သည် ဖြောင့်မတ် ခြင်းရှိသည်ဟု မှတ် စရာ အကြောင်းရှိစေခြင်းငှာ ၊
11και σημειον ελαβεν περιτομησ σφραγιδα τησ δικαιοσυνησ τησ πιστεωσ τησ εν τη ακροβυστια εισ το ειναι αυτον πατερα παντων των πιστευοντων δι ακροβυστιασ εισ το λογισθηναι και αυτοισ την δικαιοσυνην
12ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
12και πατερα περιτομησ τοισ ουκ εκ περιτομησ μονον αλλα και τοισ στοιχουσιν τοισ ιχνεσιν τησ πιστεωσ τησ εν τη ακροβυστια του πατροσ ημων αβρααμ
13ထိုမှတစ်ပါး၊ ဤ လောက ကို အမွေ ခံ စေမည်ဟု ဂတိ တော်ကို အာဗြဟံ မှစသောသူ ၏ အမျိုးအနွယ် တို့ သည် ပညတ် တရားအားဖြင့် ရကြသည်မ ဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်းအားဖြင့် ရကြ၏။
13ου γαρ δια νομου η επαγγελια τω αβρααμ η τω σπερματι αυτου το κληρονομον αυτον ειναι του κοσμου αλλα δια δικαιοσυνησ πιστεωσ
14အကြောင်းမူကား ၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံ ဖြစ်သည်မှန်လျှင် ၊ ယုံကြည် ခြင်းတရားကိုပယ် ပြီ။ ဂတိ တော်လည်း အချည်းနှီး ဖြစ်၏။
14ει γαρ οι εκ νομου κληρονομοι κεκενωται η πιστισ και κατηργηται η επαγγελια
15ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။
15ο γαρ νομοσ οργην κατεργαζεται ου γαρ ουκ εστιν νομοσ ουδε παραβασισ
16ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။
16δια τουτο εκ πιστεωσ ινα κατα χαριν εισ το ειναι βεβαιαν την επαγγελιαν παντι τω σπερματι ου τω εκ του νομου μονον αλλα και τω εκ πιστεωσ αβρααμ οσ εστιν πατηρ παντων ημων
17ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
17καθωσ γεγραπται οτι πατερα πολλων εθνων τεθεικα σε κατεναντι ου επιστευσεν θεου του ζωοποιουντοσ τουσ νεκρουσ και καλουντοσ τα μη οντα ωσ οντα
18သင် ၏အမျိုးအနွယ် သည် ထိုသို့ ဖြစ် လိမ့်မည်ဟူသော ဗျာဒိတ် တော်အတိုင်း ၊ မိမိ သည် လူမျိုး အများ တို့၏ အဘ ဖြစ် မည်ဟု မြော်လင့် စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့် လေ၏။
18οσ παρ ελπιδα επ ελπιδι επιστευσεν εισ το γενεσθαι αυτον πατερα πολλων εθνων κατα το ειρημενον ουτωσ εσται το σπερμα σου
19ယုံကြည် အားကြီး သည်ဖြစ်၍မိမိအသက်သည် အနှစ်တရာ လောက် ရှိ သဖြင့်၊ မိမိ ကိုယ် သည်အသေ ကဲ့သို့ရှိ ကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်း သည် သေ ကြောင်းကို၎င်း မ အောက်မေ့ ၊
19και μη ασθενησασ τη πιστει ου κατενοησεν το εαυτου σωμα ηδη νενεκρωμενον εκατονταετησ που υπαρχων και την νεκρωσιν τησ μητρασ σαρρασ
20ယုံမှား သောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိ တော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင် ကို ချီးမွမ်း ၍၊
20εισ δε την επαγγελιαν του θεου ου διεκριθη τη απιστια αλλ ενεδυναμωθη τη πιστει δουσ δοξαν τω θεω
21ဂတိထားတော်မူသောသူသည် ဂတိ တော်အတိုင်း တတ်နိုင် တော်မူသည်ကို စိတ်စွဲလမ်း လေ၏။
21και πληροφορηθεισ οτι ο επηγγελται δυνατοσ εστιν και ποιησαι
22ထိုကြောင့် ၊ သူ ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
22διο και ελογισθη αυτω εισ δικαιοσυνην
23ထိုသို့မှတ် တော်မူသည်ဟု အာဗြဟံ အကျိုး အလိုငှာ သာ ကျမ်းစာ၌ ရေး ထားသည်မ ဟုတ်။
23ουκ εγραφη δε δι αυτον μονον οτι ελογισθη αυτω
24ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။
24αλλα και δι ημασ οισ μελλει λογιζεσθαι τοισ πιστευουσιν επι τον εγειραντα ιησουν τον κυριον ημων εκ νεκρων
25ထို သခင်ယေရှုသည် ငါ တို့အပြစ် ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါ တို့သည်ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ထမြောက် တော်မူ၏။
25οσ παρεδοθη δια τα παραπτωματα ημων και ηγερθη δια την δικαιωσιν ημων
Tip: use the ← and → keys to turn chapters.