ရောမ 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Coptic New Testament
1သို့ဖြစ်လျှင် ၊ ဘုရားသခင် သည် မိမိ လူမျိုး ကို ပယ် တော်မူပြီလောဟုမေးသော်၊ ပယ် တော်မ မူဟုဆို ရ၏။ ငါ ပင် ဣသရေလ လူဖြစ် ၏။ အာဗြဟံ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။
1ϯϫⲱ ⲟⲩⲛ ⳿ⲙⲙⲟⲥ ⲙⲏ ⲁ ⲫϯ ⲭⲁ ⲡⲉϥⲗⲁⲟⲥ ⳿ⲛⲥⲱϥ ⳿ⲛⲛⲉⲥϣⲱⲡⲓ ⲕⲉⲅⲁⲣ ⳿ⲁⲛⲟⲕ ϩⲱ ⳿ⲁⲛⲟⲕ ⲟⲩ⳿ⲏⲥⲣⲁⲏⲗⲓⲧⲏⲥ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡ⳿ϫⲣⲟϫ ⳿ⲛⲁⲃⲣⲁⲁⲙ ⳿ⲧⲫⲩⲗⲏ ⳿ⲙⲃⲉⲛⲓ⳿ⲁⲙⲓⲛ.
2ဘုရားသခင် သည် အထက်က သိမှတ် တော်မူသော မိမိ လူ တို့ကို ပယ် တော်မ မူ။ ပရောဖက်ဧလိယ က ၊ အိုထာဝရဘုရား၊
2⳿ⲙⲡⲉ ⲫϯ ⲭⲁ ⲡⲉϥⲗⲁⲟⲥ ⳿ⲛⲥⲱϥ ⲫⲏⲉⲧⲁϥⲉⲣϣⲟⲣⲡ ⳿ⲛⲥⲟⲩⲱⲛϥ ϣⲁⲛ ⲧⲉⲧⲉⲛ⳿ⲉⲙⲓ ⲁⲛ ϫⲉ ⲟⲩ ⲡⲉⲧⲉ ϯ⳿ⲅⲣⲁⲫⲏ ϫⲱ ⳿ⲙⲙⲟϥ ϧⲉⲛ ⲏⲗⲓⲁⲥ ⳿ⲙ⳿ⲫⲣⲏϯ ⲉⲧⲁϥⲥⲉⲙⲓ ⳿ⲙⲫϯ ⳿ⲉ⳿ⲡⲓⲥ̅ⲗ̅.
3သူတို့သည်ကိုယ်တော် ၏ ပရောဖက် များကို သတ် ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင် များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ် တစ်ယောက်တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် ရှာ ကြပါ၏ဟု ဘုရားသခင် ရှေ့မှာ ဣသရေလ အမျိုးတစ်ဘက် ၌လျှောက်ထားသည်ဟု ကျမ်းစာ ၌ ပါသော အကြောင်းကိုသင်တို့သည် မ သိကြ သလော။
3ϫⲉ Ⲡ⳪ ⲛⲉⲕ⳿ⲡⲣⲟⲫⲏⲧⲏⲥ ⲁⲩϧⲟⲑⲃⲟⲩ ⲛⲉⲕⲙⲁ⳿ⲛⲉⲣϣⲟⲩϣⲱⲟⲩϣⲓ ⲁⲩⲟⲩⲟϫⲡⲟⲩ ⳿ⲁⲛⲟⲕ ⳿ⲙⲙⲁⲩⲁⲧ ⲁⲓⲥⲱϫⲡ ⲟⲩⲟϩ ⲥⲉⲕⲱϯ ⳿ⲛⲥⲁ ⲧⲁ ⲯⲩⲭⲏ.
4ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလ ရှေ့၌ ဒူး မ ထောက် သောလူ ခုနစ် ထောင်တို့ကို ငါ့ အဘို့ ငါကျန်ကြွင်း စေပြီ ဟုမိန့် တော်မူ၏။
4ⲁⲗⲗⲁ ⲟⲩ ⲡⲉⲧⲉ ⲡⲓ⳿ⲭⲣⲏⲙⲁⲧⲓⲥⲙⲟⲥ ϫⲱ ⳿ⲙⲙⲟⲥ ⲛⲁϥ ⲁⲓⲥⲱϫⲡ ⲛⲏⲓ ⳿ⲛⲍ̅ ⳿ⲛϣⲟ ⳿ⲛⲣⲱⲙⲓ ⲛⲁⲓ ⲉⲧⲉ ⳿ⲙⲡⲟⲩⲕⲉⲗϫ ⲕⲉⲗⲓ ⳿ⲛϯⲃⲁⲁⲗ.
5ထိုနည်းတူ ၊ ယခု ကာလ တွင် ပင် ကျေးဇူး တော်အတိုင်း ရွေးကောက် တော်မူသော အကြွင်း အကျန်ရှိ သေး၏။
5ⲡⲁⲓⲣⲏϯ ⲟⲛ ϧⲉⲛ ⲡⲁⲓⲥⲏⲟⲩ ⳿ⲛⲧⲉ ϯ ⲛⲟⲩ ⲟⲩⲗⲩⲙⲙⲁ ⲕⲁⲧⲁ ⲟⲩⲙⲉⲧⲥⲱⲧⲡ ⳿ⲛⲟⲩ⳿ϩⲙⲟⲧ ⲁϥϣⲱⲡⲓ.
6ကျေးဇူး တော်အားဖြင့်ရှိလျှင် ၊ ကိုယ်ကျင့်သောအကျင့် အားဖြင့် မ ရှိ၊ ရှိလျှင်ကျေးဇူး သည် ကျေးဇူး မ ဟုတ် ။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။
6ⲓⲥϫⲉ ⲇⲉ ϧⲉⲛ ⲟⲩ⳿ϩⲙⲟⲧ ⲓⲉ ⳿ⲉⲃⲟⲗ ϧⲉⲛ ϩⲁⲛ⳿ϩⲃⲏⲟⲩ⳿ⲓ ⲁⲛ ⲡⲉ ⳿ⲙⲙⲟⲛ ⲡⲓ⳿ϩⲙⲟⲧ ⳿ϥⲛⲁⲉⲣ⳿ϩⲙⲟⲧ ⲁⲛ ϫⲉ.
7သို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ဣသရေလ လူတို့သည် ရှာ သောအရာ ကို မ တွေ့မရ ကြ။ ရွေးကောက် တော်မူသော သူ တို့သာ တွေ့ရ ကြ၏။ ကြွင်း သောသူ တို့ကို မှောင်မိုက် ဖုံးလွှမ်း၏။
7ⲟⲩ ϫⲉ ⲫⲏ ⲡⲉⲧⲉ ⳿ⲡⲓⲥ̅ⲗ̅ ⲕⲱϯ ⳿ⲛⲥⲱϥ ⲫⲁⲓ ⳿ⲙⲡⲉϥϣⲁϣⲛⲓ ⳿ⲉⲣⲟϥ ϯⲙⲉⲧⲥⲱⲧⲡ ⲇⲉ ⲁⲥϯⲙⲁϯ ⳿ⲡⲥⲉⲡⲓ ⲇⲉ ⲁⲩⲑⲱⲙ ⳿ⲛϩⲏⲧ.
8ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ဘုရားသခင် သည် အိပ် ချင်သောသဘော ကို၎င်း၊ မ မြင် နိုင်သော မျက်စိ ကို၎င်း၊ မ ကြား နိုင်သော နား ကို၎င်း ၊ ထိုသူ တို့အား ပေး တော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင် ပြည့်စုံသတည်း။
8ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ⲁ ⲫϯ ϯ ⲛⲱⲟⲩ ⳿ⲛⲟⲩⲡ͞ⲛⲁ̅ ⳿ⲛⲧⲱⲙⲧ ⲛⲉⲙ ϩⲁⲛⲃⲁⲗ ⳿ⲉ⳿ϣⲧⲉⲙⲛⲁⲩ ⳿ⲙⲃⲟⲗ ⲛⲉⲙ ϩⲁⲛⲙⲁϣϫ ⳿ⲉ⳿ϣⲧⲉⲙⲥⲱⲧⲉⲙ ϣⲁ ⳿ⲉϧⲟⲩⲛ ⳿ⲉⲫⲟⲟⲩ ⳿ⲛ⳿ⲉϩⲟⲟⲩ.
9ဒါဝိဒ် ၏စကားဟူမူကား၊ သူ တို့စားပွဲ သည် သူ တို့၌ ကျော့ကွင်း သော်၎င်း၊ ဂျမ်း သော်၎င်း၊ ထောင်ချောက် သော်၎င်း၊ ခံထိုက် သော အပြစ်သော်၎င်း ဖြစ်ပါစေ။
9ⲟⲩⲟϩ ⲇⲁⲩⲓⲇ ϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲙⲁⲣⲉ ⲧⲟⲩ⳿ⲧⲣⲁⲡⲉⲍⲁ ϣⲱⲡⲓ ⲛⲱⲟⲩ ⳿ⲛⲟⲩⲫⲁϣ ⲛⲉⲙ ⲟⲩϫⲟⲣϫⲥ ⲛⲉⲙ ⲟⲩ⳿ⲥⲕⲁⲛⲇⲁⲗⲟⲛ ⲛⲉⲙ ⲟⲩϯ ϣⲉⲃⲓⲱ ⲛⲱⲟⲩ.
10သူ တို့သည်မ မြင် နိုင်အောင်မျက်စိ ကွယ် ပါစေ။ သူ တို့ကျော သည်လည်း အစဉ် ကုန်း ပါစေဟု လာ သတည်း။
10ⲛⲟⲩⲃⲁⲗ ⲙⲁⲣⲟⲩⲉⲣ⳿ⲭⲣⲉⲙⲧⲥ ⳿ⲉ⳿ϣⲧⲉⲙⲛⲁⲩ ⳿ⲙⲃⲟⲗ ⲧⲟⲩϭⲓⲥⲓ ⲙⲁⲣⲉⲥⲕⲱⲗϫ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ.
11သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ ၍ နေရသည်တိုင်အောင်ထိမိ ကြပြီလောဟုမေး သော်၊ လဲ၍မ နေ ရကြ။ သူ တို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှာ ၊ သူ တို့၏လဲ ခြင်းအားဖြင့် ကယ်တင် တော်မူခြင်း ကျေးဇူးသည်တစ်ပါး အမျိုးသားတို့၌ သက်ရောက်လေ၏။
11ϯϫⲱ ⲟⲩⲛ ⳿ⲙⲙⲟⲥ ⲙⲏ ⲁⲩ⳿ⲥⲗⲁϯ ϩⲓⲛⲁ ⳿ⲛⲥⲉϩⲉⲓ ⳿ⲛⲛⲉⲥϣⲱⲡⲓ ⲁⲗⲗⲁ ⳿ⲛ⳿ϧⲣⲏⲓ ϧⲉⲛ ⲡⲟⲩⲡⲁⲣⲁⲡⲧⲱⲙⲁ ⲁ ⳿ⲡⲟⲩϫⲁⲓ ϣⲱⲡⲓ ⳿ⲛⲛⲓⲉⲑⲛⲟⲥ ϫⲉ ⳿ⲛⲥⲉϯⲭⲟϩ ⲛⲱⲟⲩ.
12သူ တို့၏လဲ ခြင်းအရာသည် လောကီသား တို့၏ စီးပွား ကို၎င်း ၊ သူ တို့၏ရှုံး ခြင်းအရာသည်တစ်ပါး အမျိုးသားတို့၏ စီးပွား ကို၎င်း ပြုစုလျှင် ၊ သူ တို့၏ ပြည့်စုံ ခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
12ⲓⲥϫⲉ ⲡⲟⲩⲡⲁⲣⲁⲡⲧⲱⲙⲁ ⲁϥⲉⲣ ⲟⲩⲙⲉⲧⲣⲁⲙⲁ⳿ⲟ ⳿ⲙⲡⲓⲕⲟⲥⲙⲟⲥ ⲟⲩⲟϩ ⲡⲟⲩϭⲣⲟϩ ⲁϥⲉⲣ ⲙⲉⲧⲣⲁⲙⲁ⳿ⲟ ⳿ⲛⲛⲓⲉⲑⲛⲟⲥ ⲓⲉ ⲁⲩⲏⲣ ⲡⲉ ⲡⲟⲩϫⲱⲕ.
13ထိုသို့ဆိုသော်၊
13ϯϫⲱ ⲇⲉ ⳿ⲙⲙⲟⲥ ⲛⲱⲧⲉⲛ ϧⲁ ⲛⲓⲉⲑⲛⲟⲥ ⳿ⲉⲫⲟⲥⲟⲛ ⲙⲉⲛ ⲟⲩⲛ ⳿ⲁⲛⲟⲕ ϯⲟⲓ ⳿ⲛ⳿ⲁⲡⲟⲥⲧⲟⲗⲟⲥ ⳿ⲛⲧⲉ ⲛⲓⲉⲑⲛⲟⲥ ϯϯⲱⲟⲩ ⳿ⲛⲧⲁⲇⲓ⳿ⲁⲕⲟⲛⲓⲁ.
14ငါ သည်တစ်ပါး အမျိုးသားတို့နှင့်ဆိုင်သော တမန်တော် ဖြစ် သည်နှင့်အညီ၊ ထို တမန်တော်အရာကို ချီးမွမ်း လျက်၊ ငါ့ အမျိုးသားချင်းတို့၏ စိတ်ကို တစ်ခုခု အားဖြင့်နှိုးဆော် ၍၊ အချို့ တို့ကို ကယ်တင် ခြင်းငှာ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အားဆို ရသတည်း။
14ϫⲉ ϩⲓⲛⲁ ⳿ⲛⲧⲁϯⲭⲟϩ ⳿ⲛⲧⲁⲥⲁⲣⲝ ⲟⲩⲟϩ ⳿ⲛⲧⲁⲛⲟϩⲉⲙ ⳿ⲛϩⲁⲛⲟⲩⲟⲛ ⳿ⲉⲃⲟⲗ ⳿ⲛϧⲏⲧⲟⲩ.
15ထိုသူ တို့ကို ပယ် တော်မူခြင်းအရာသည် လောကီသား တို့၏ မိသ္သဟာယဖွဲ့ ခြင်းအကြောင်း ဖြစ်လျှင် ၊ သူတို့ကို သိမ်းဆည်း တော်မူခြင်းအရာသည် သေ ခြင်းမှ ထမြောက်ရှင်ပြန် ခြင်းကဲ့သို့ဖြစ်လိမ့်မည်မဟုတ် လော။
15ⲓⲥϫⲉ ⲅⲁⲣ ⲁ ⲡⲟⲩϩⲓⲟⲩ⳿ⲓ ⳿ⲉⲃⲟⲗ ⲁϥⲉⲣ ⲟⲩϩⲱⲧⲡ ⳿ⲙⲡⲓⲕⲟⲥⲙⲟⲥ ⲓⲉ ⲁϣ ⲡⲉ ⲡⲟⲩ⳿ⲓⲛⲓ ⳿ⲉϧⲟⲩⲛ ⳿ⲉⲃⲏⲗ ⳿ⲉ⳿ⲡⲱⲛϧ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲉⲑⲙⲱⲟⲩⲧ.
16အဦး နယ်သော မုန့်စိမ်းသည်သန့်ရှင်း လျှင် ၊ တပုံ လုံးသန့်ရှင်းလိမ့်မည်။ အမြစ် သန့်ရှင်း လျှင် ၊ အခက်အလက် များလည်း သန့်ရှင်းကြလိမ့်မည်။
16ⲓⲥϫⲉ ⲇⲉ ϯⲁⲡⲁⲣⲭⲏ ⲟⲩⲁⲃ ⲓⲉ ⳿ϥⲟⲩⲁⲃ ⲟⲛ ⳿ⲛϫⲉ ⲡⲓⲕⲉⲟⲩⲱϣⲉⲙ ⲟⲩⲟϩ ⲓⲥϫⲉ ϯ ⲛⲟⲩⲛⲓ ⲟⲩⲁⲃ ⲓⲉ ⳿ⲥⲟⲩⲁⲃ ⲟⲛ ⳿ⲛϫⲉ ⲛⲓⲕⲉϫⲁⲗ.
17အချို့ သောအခက် တို့ကို ချိုးဖဲ့ ပြီးမှ ၊ ရိုင်း သော သံလွင်ပင်တည်းဟူသောသင်ကို အထက်ငုတ်၌ ဆက် ၍ စိုက်သဖြင့်၊ အခက်များနှင့်အတူသံလွင် ပင်အမြစ် ကို၎င်း၊ အဆသြဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက် တို့ကို ကဲ့ရဲ့ဝါကြွား ခြင်းမ ရှိနှင့်။
17ⲓⲥϫⲉ ⲇⲉ ⲁ ϩⲁⲛⲟⲩⲟⲛ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓϫⲁⲗ ⲁⲩⲕⲱⲣϫ ⳿ⲛⲑⲟⲕ ⲇⲉ ⳿ⲛⲑⲟⲕ ⲟⲩ⳿ⲉⲃⲟⲗ ϧⲉⲛ ϯⲃⲱ ⳿ⲛϫⲱⲓⲧ ⳿ⲛϣⲁϣⲓ ⲁⲩⲉⲣⲕⲓⲛ⳿ⲇⲣⲓⲍⲓⲛ ⳿ⲙⲙⲟⲕ ⳿ⲛ⳿ϧⲣⲏⲓ ⳿ⲛϧⲏⲧⲟⲩ ⲟⲩⲟϩ ⲁⲕⲉⲣ⳿ϣⲫⲏⲣ ⳿ⲙⲡⲓⲕⲉⲛⲓ ⳿ⲛⲧⲉ ⳿ⲑⲛⲟⲩⲛⲓ ⳿ⲛϯⲃⲱ ⳿ⲛϫⲱⲓⲧ.
18ဝါကြွား လျှင် မူကား ၊ သင် သည်အမြစ် ကို မ ဆောင် ၊ အမြစ် သည် သင့် ကိုဆောင်၏။
18⳿ⲙⲡⲉⲣϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲕ ⳿ⲉϫⲉⲛ ⲛⲓϫⲁⲗ ⲓⲥϫⲉ ⲇⲉ ⳿ⲛⲑⲟⲕ ⳿ⲕϣⲟⲩϣⲟⲩ ⳿ⲙⲙⲟⲕ ⳿ⲛⲑⲟⲕ ⲁⲛ ⲉⲧϥⲁⲓ ϧⲁ ϯⲛⲟⲩⲛⲓ ⲁⲗⲗⲁ ϯⲛⲟⲩⲛⲓ ⲉⲧⲧⲱⲟⲩⲛ ϧⲁⲣⲟⲕ.
19ငါ့ ကိုဆက် ၍စိုက်ခြင်းငှာ ထိုအခက် တို့ကို ချိုးဖဲ့ ပြီဟု သင်ဆို ပြန်လျှင် ၊ မှန်စေတော့။
19⳿ⲭⲛⲁϫⲟⲥ ⲟⲩⲛ ϫⲉ ϩⲁⲛⲟⲩⲟⲛ ⲕⲱⲣϫ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲓϫⲁⲗ ϩⲓⲛⲁ ⳿ⲁⲛⲟⲕ ⳿ⲛⲧⲟⲩⲉⲣⲕⲩⲛ⳿ⲇⲣⲓⲍⲓⲛ ⳿ⲙⲙⲟⲓ.
20မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။
20ⲕⲁⲗⲱⲥ ⲁⲩⲕⲱⲣϫ ϧⲉⲛ ⲧⲟⲩⲙⲉⲧⲁⲑⲛⲁϩϯ ⳿ⲛⲑⲟⲕ ⲇⲉ ⳿ⲕⲟϩⲓ ⳿ⲉⲣⲁⲧⲕ ϧⲉⲛ ⳿ⲫⲛⲁϩϯ ⳿ⲙⲡⲉⲣϭⲓⲥⲓ ⳿ⲛϩⲏⲧ ⲁⲗⲗⲁ ⲁⲣⲓϩⲟϯ.
21အကြောင်းမူကား ၊ ဘုရားသခင် သည် ပကတိ အခက် များကို နှမြော တော်မ မူလျှင် ၊ သင် တို့ကို နှမြော တော်မူမည်လော။
21ⲓⲥϫⲉ ⲅⲁⲣ ⳿ⲙⲡⲉ ⲫϯ ϯⲁⲥⲟ ⳿ⲉϫⲉⲛ ⲛⲓⲕⲁⲧⲁⲫⲩⲥⲓⲥ ⳿ⲛϫⲁⲗ ⲟⲩⲇⲉ ⳿ⲛⲑⲟⲕ ϩⲱⲕ ⳿ⲛⲛⲉϥϯⲁⲥⲟ ⳿ⲉⲣⲟⲕ.
22သို့ဖြစ်၍ ၊ လဲ သောသူ တို့၌ ပြင်းစွာ စီရင် တော်မူခြင်းကို၎င်း၊ ကျေးဇူး တော်၌သင်သည် တည်နေ လျှင် ၊ သင် ၌ ပြု တော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့ လော့။ ကျေးဇူး တော်၌ မတည်မနေလျှင်၊ သင် သည်လည်း ခုတ်ပစ် ခြင်းကိုခံရမည်။
22⳿ⲁⲛⲁⲩ ⲟⲩⲛ ⳿ⲉϯⲙⲉⲧⲭ̅ⲥ̅ ⲛⲉⲙ ϯⲙⲉⲧⲣⲉϥϣⲱⲧ ⳿ⲉⲃⲟⲗ ⳿ⲛⲧⲉ ⲫϯ ⳿ⲉϫⲉⲛ ⲛⲏ ⲙⲉⲛ ⲉⲧⲁⲩϩⲉⲓ ⲟⲩϣⲱⲧ ⳿ⲉⲃⲟⲗ ⳿ⲉ⳿ϩⲣⲏⲓ ⲇⲉ ⳿ⲉϫⲱⲕ ⲟⲩⲙⲉⲧⲭ͞ⲣⲥ̅ ⳿ⲛⲧⲉ ⲫϯ ⳿ⲉϣⲱⲡ ⲇⲉ ⲁⲕϣⲁⲛⲟϩⲓ ϧⲉⲛ ϯⲙⲉⲧⲭ͞ⲣⲥ̅ ⳿ⲙⲙⲟⲛ ⳿ⲛⲑⲟⲕ ϩⲱⲕ ⲥⲉⲛⲁⲕⲟⲣϫⲕ.
23သူတို့သည်မယုံကြည် သောစိတ်ပျောက်လျှင် ၊ အပင်၌တဖန် ဆက် ၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန် ဆက် ၍ စိုက်ခြင်းငှာ ဘုရားသခင် တတ်နိုင် တော်မူ၏။
23ⲟⲩⲟϩ ⲛⲓⲕⲉⲭⲱⲟⲩⲛⲓ ⲁⲩ⳿ϣⲧⲉⲙⲟϩⲓ ϧⲉⲛ ϯⲙⲉⲧⲁⲑⲛⲁϩϯ ⲥⲉⲛⲁⲉⲣⲕⲩⲛ⳿ⲇⲣⲓⲍⲓⲛ ⳿ⲙⲙⲱⲟⲩ ⳿ⲛⲕⲉⲥⲟⲡ.
24အဘယ်သို့ နည်းဟူမူကား၊ ပကတိ ရိုင်း သော သံလွင်ပင်မှ သင့် ကိုခုတ် ယူ၍ ၊ ကောင်းသော သံလွင်ပင်၌ ပကတိ ကို မလိုက်ဘဲ ဆက် ၍စိုက် သည် မှန်လျှင်၊ ပကတိ အခက်ဖြစ်သော ထိုသူ တို့သည် မိမိ တို့ သံလွင် ပင်၌ ဆက် ၍စိုက်သောအခွင့်ကို သာ၍ ရကြမည် မဟုတ်လော။
24ⲓⲥϫⲉ ⳿ⲛⲑⲟⲕ ⲁⲩⲕⲟⲣϫⲕ ⳿ⲉⲃⲟⲗ ϩⲁ ϯ ⲕⲁⲧⲁⲫⲩⲥⲓⲥ ⳿ⲙⲃⲱ ⳿ⲛϫⲱⲓⲧ ⳿ⲛϣⲁϣⲓ ⲟⲩⲟϩ ⲁⲩⲉⲣⲕⲩⲛ⳿ⲇⲣⲓⲍⲓⲛ ⳿ⲙⲙⲟⲕ ⲡⲁⲣⲁ ⲧⲉⲕⲫⲩⲥⲓⲥ ⳿ⲉ ϯⲃⲱ ⳿ⲛϫⲱⲓⲧ ⳿ⲛⲛⲟⲩⲧⲉⲙ ⲡⲱⲥⲟ ⲙⲁⲗⲗⲟⲛ ⲛⲁⲓ ⲉⲩⲛⲁⲉⲣⲕⲩⲛ⳿ⲇⲣⲓⲍⲓⲛ ⳿ⲙⲙⲱⲟⲩ ⲕⲁⲧⲁ ⲧⲟⲩⲫⲩⲥⲓⲥ ⳿ⲉⲧⲟⲩⲃⲱ ⳿ⲛϫⲱⲓⲧ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲱⲟⲩ.
25ညီအစ်ကို တို့၊ သင်တို့သည် ဝါကြွား သောစိတ်မ ရှိ စေမည်အကြောင်း ၊ တစ်ပါး အမျိုးသားအပေါင်းတို့သည် မ ဝင် မှီတိုင်အောင်၊ ဣသရေလ လူအချို့တို့ကို မှောင်မိုက် ဖုံးလွှမ်း ခြင်းအကြောင်း တည်းဟူသောနက်နဲ သောအရာ ကို မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ။
25⳿ⲛϯⲟⲩⲉϣ ⲑⲏⲛⲟⲩ ⲇⲉ ⲁⲛ ⲛⲁ⳿ⲥⲛⲏⲟⲩ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲁⲧ⳿ⲉⲙⲓ ⳿ⲉⲡⲁⲓⲙⲩⲥⲧⲏⲣⲓⲟⲛ ϩⲓⲛⲁ ⳿ⲛⲧⲉⲧⲉⲛ⳿ϣⲧⲉⲙϣⲱⲡⲓ ⲉⲣⲉⲧⲉⲛⲟⲓ ⳿ⲛⲥⲁⲃⲉ ⲛⲱⲧⲉⲛ ⳿ⲙⲙⲁⲩⲁⲧⲉⲛ ⲑⲏⲛⲟⲩ ϫⲉ ⲟⲩⲑⲱⲙ ⳿ⲛϩⲏⲧ ⲁϥϣⲱⲡⲓ ⳿ⲙ⳿ⲡⲓⲥ̅ⲗ̅ ϧⲉⲛ ⲟⲩ⳿ⲁⲡⲟⲙⲉⲣⲟⲥ ϣⲁⲧⲉ ⳿ⲡϫⲱⲕ ⳿ⲛⲛⲓⲉⲑⲛⲟⲥ ⳿ⲓ ⳿ⲉϧⲟⲩⲛ.
26ထိုသို့ ကျမ်းစာ နှင့်အညီ ၊ ဣသရေလ လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ် သောသခင် သည် ဇိအုန် တောင်၌ ပေါ်ထွန်း ၍၊ မတရား သော အမှုကို ယာကုပ် အမျိုးသားတို့မှ လွှဲ တော်မူလတံ့၊
26ⲟⲩⲟϩ ⲡⲁⲓⲣⲏϯ ⳿ⲡⲓⲥ̅ⲗ̅ ⲧⲏⲣϥ ⲉϥ⳿ⲉⲛⲟϩⲉⲙ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ⲉϥ⳿ⲉ⳿ⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲥⲓⲱⲛ ⳿ⲛϫⲉ ⲫⲏⲉⲑⲛⲁⲛⲟϩⲉⲙ ⲉϥ⳿ⲉⲧⲁⲥⲑⲟ ⳿ⲛⲛⲓⲙⲉⲧⲁⲥⲉⲃⲏⲥ ⳿ⲉⲃⲟⲗ ϩⲁ ⲓⲁⲕⲱⲃ.
27သူ တို့အပြစ် များကို ငါပယ်ရှင်း သောအခါ ၊ သူ တို့၌ ငါ ပေးသော ပဋိညာဉ် တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
27ⲟⲩⲟϩ ⲑⲁⲓ ⲧⲉ ⲧⲁⲇⲓ⳿ⲁⲑⲏⲕⲏ ⲉⲑⲛⲁϣⲱⲡⲓ ⲛⲱⲟⲩ ϩⲟⲧⲁⲛ ⲁⲓϣⲁⲛⲱⲗⲓ ⳿ⲛⲛⲟⲩⲛⲟⲃⲓ.
28သူတို့သည် ဧဝံဂေလိ တရားအားဖြင့် မူကား သင် တို့အကြောင်း ကြောင့် ရန်သူ ဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့် မူကား ၊ ဘိုးဘေး များအကြောင်း ကြောင့် ချစ်သူ ဖြစ်ကြ၏။
28ⲕⲁⲧⲁ ⲙⲉⲛ ⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ϩⲁⲛϫⲁϫⲓ ⲛⲉ ⲉⲑⲃⲉ ⲑⲏⲛⲟⲩ ⲕⲁⲧⲁ ϯⲙⲉⲧⲥⲱⲧⲡ ⲇⲉ ϩⲁⲛⲙⲉⲛⲣⲁϯ ⲛⲉ ⲉⲑⲃⲉ ⲛⲟⲩⲓⲟϯ.
29အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ် ထားတော်မူခြင်း ကျေးဇူး သည် ဖောက်ပြန် ခြင်းသဘောမရှိ၊
29ϩⲁⲛⲁⲑⲟⲩⲱⲙ ⳿ⲛ⳿ϩⲑⲏⲟⲩ ⲅⲁⲣ ⲛⲉ ⲛⲓ⳿ϩⲙⲟⲧ ⳿ⲛⲧⲉ ⲫϯ ⲛⲉⲙ ⲡⲓⲑⲱϩⲉⲙ.
30သင် တို့သည်အထက် က၊ ဘုရားသခင် ၏ စကားတော်ကို နားမထောင် ဘဲနေသော်လည်း ၊ ယခု တွင် သူ တို့ နားမထောင် ခြင်းအမှုအားဖြင့် ၊ သနား တော်မူခြင်း ကို ခံရသကဲ့သို့ ၊
30⳿ⲙ⳿ⲫⲣⲏϯ ⲅⲁⲣ ⳿ⲛⲑⲱⲧⲉⲛ ⲉⲧⲁⲣⲉⲧⲉⲛⲉⲣⲁⲧⲥⲱⲧⲉⲙ ⳿ⲛⲥⲁ ⲫϯ ⳿ⲛⲟⲩⲥⲏⲟⲩ ϯⲛⲟⲩ ⲇⲉ ⲁⲩⲛⲁⲓ ⲛⲱⲧⲉⲛ ϧⲉⲛ ϯⲙⲉⲧⲁⲧⲥⲱⲧⲉⲙ ⳿ⲛⲧⲉ ⲛⲁⲓ.
31ထိုနည်းတူ ၊ သင် တို့ခံရသော သနား တော်မူခြင်းအားဖြင့်သူ တို့လည်း သနား တော်မူခြင်းကို ခံရမည် အကြောင်း ၊ ယခု တွင်သူ တို့သည် နားမထောင် ဘဲ နေရကြ၏။
31ⲡⲁⲓⲣⲏϯ ⲛⲁⲓ ϩⲱⲟⲩ ϯⲛⲟⲩ ⲁⲩⲉⲣⲁⲧⲥⲱⲧⲉⲙ ⳿ⲛⲥⲁ ⲡⲉⲧⲉⲛⲛⲁⲓ ϩⲓⲛⲁ ⳿ⲛⲥⲉⲛⲁ⳿ⲓ ⲛⲱⲟⲩ ϩⲱⲟⲩ ϯⲛⲟⲩ.
32ဘုရားသခင် သည် လူအပေါင်း တို့ကို သနား တော်မူခြင်းအခွင့်ရှိစေခြင်းငှာ လူအပေါင်း တို့ကို နားမထောင် ခြင်းအဖြစ် ချုပ် ထားတော်မူ၏။
32ⲁ ⲫϯ ⲅⲁⲣ ⲙⲁ⳿ϣⲑⲁⲙ ⳿ⲉ⳿ϩⲣⲉⲛ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⳿ⲉϧⲟⲩⲛ ϧⲁ ⲟⲩⲙⲉⲧⲁⲧⲥⲱⲧⲉⲙ ϩⲓⲛⲁ ⳿ⲛⲧⲉϥⲛⲁⲓ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ.
33ဘုရားသခင် ၏ပညာ နှင့် ဉာဏ် တော်သည် အလွန်ကျယ်ဝန်း နက်နဲ စွတကား။ စီရင် တော်မူချက်တို့ကို အဘယ်သူ မျှစစ် ၍ မကုန်နိုင်။ ကြွတော်မူရာလမ်း တို့ကို လိုက် ၍ရှာသော်လည်းမတွေ့မမှီနိုင်။
33ⲱ ⳿ⲡϣⲱⲕ ⳿ⲛϯⲙⲉⲧⲣⲁⲙⲁ⳿ⲟ ⲛⲉⲙ ϯ ⲥⲟⲫⲓ⳿ⲁ ⲛⲉⲙ ⲡⲓ⳿ⲉⲙⲓ ⳿ⲛⲧⲉ ⲫϯ ϩⲱⲥ ϩⲁⲛⲁⲧϧⲉⲧϧⲱⲧⲟⲩ ⲛⲉ ⲛⲉϥϩⲁⲡ ⲟⲩⲟϩ ϩⲁⲛⲁⲧ ϭⲓⲧⲁⲧⲥⲓ ⳿ⲛⲥⲱⲟⲩ ⲛⲉ ⲛⲉϥⲙⲱⲓⲧ.
34ထာဝရ ဘုရား၏စိတ် တော်ကို အဘယ်သူ သိ သနည်း။ ထာဝရ ဘုရားနှင့်အဘယ်သူ သည် တိုင်ပင် ဘက်ပြု သနည်း။
34ⲛⲓⲙ ⲅⲁⲣ ⲡⲉⲧⲁϥ⳿ⲉⲙⲓ ⳿ⲉ⳿ⲡϩⲏⲧ ⳿ⲙⲠ⳪ ⲓⲉ ⲛⲓⲙ ⲁϥⲉⲣ⳿ϣⲫⲏⲣ ⳿ⲛⲥⲟϭⲛⲓ ⲛⲉⲙⲁϥ.
35ကျေးဇူးဆပ် တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား၌ အဘယ်သူ သည် ကျေးဇူး ပြုဘူးသနည်း။
35ⲓⲉ ⲛⲓⲙ ⲁϥⲉⲣϣⲟⲣⲡ ⳿ⲛϯ ⲛⲁϥ ⲟⲩⲟϩ ⳿ⲛⲧⲉϥϯ ⲛⲁϥ ⳿ⲛⲧⲟⲩϣⲉⲃⲓⲱ.
36ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်
36ϫⲉ ϩⲁⲛ⳿ⲉⲃⲟⲗ ⳿ⲙⲙⲟϥ ⲛⲉ ⲟⲩⲟϩ ϩⲁⲛ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧϥ ⲛⲉ ⲟⲩⲟϩ ϩⲁⲛ⳿ⲉϧⲟⲩⲛ ⳿ⲉⲣⲟϥ ⲧⲏⲣⲟⲩ ⲛⲉ ⲫⲱϥ ⲡⲉ ⲡⲓⲱⲟⲩ ϣⲁ ⲉⲛⲉϩ ⲁⲙⲏⲛ
Tip: use the ← and → keys to turn chapters.