ဖိလိမုန် 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Coptic New Testament
1ယေရှု ခရစ် နှင့်စပ်ဆိုင်သောအားဖြင့်အကျဉ်း ခံရသော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ငါ တို့ ချစ် သော လုပ်ဘော်ဆောင်ဘက် ချင်းဖိလေမုန်
1ⲡⲁⲩⲗⲟⲥ ⲡⲉⲧⲥⲟⲛϩ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅ ⲛⲉⲙ ⲧⲓⲙⲟⲑⲉⲟⲥ ⲡⲓⲥⲟⲛ ⳿ⲛⲫⲩⲗⲓⲙⲱⲛ ⲡⲉⲛⲙⲉⲛⲣⲓⲧ ⲟⲩⲟϩ ⲡⲉⲛ⳿ϣⲫⲏⲣ ⳿ⲛⲣⲉϥⲉⲣϩⲱⲃ.
2ငါတို့ချစ်သော နှမ အပ္ပိ ၊ ငါ တို့စစ်သူရဲ ချင်း အာခိပ္ပု မှစ၍ သင် ၏ အိမ် ၌ ရှိသော အသင်းတော် ကို ကြားလိုက်ပါ၏။
2ⲛⲉⲙ ⲁⲡⲫⲓⲁ ϯⲥⲱⲛⲓ ⲛⲉⲙ ⲁⲣⲭⲓⲡⲡⲟⲥ ⲡⲉⲛ⳿ϣⲫⲏⲣ ⳿ⲙⲙⲁⲧⲟⲓ ⲛⲉⲙ ϯⲉⲕ⳿ⲕⲗⲏⲥⲓⲁ ⳿ⲛⲧⲉ ⲡⲟⲩⲏⲓ.
3ငါတို့သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်ကကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
3⳿ⲡ⳿ϩⲙⲟⲧ ⲛⲱⲧⲉⲛ ⲛⲉⲙ ⳿ⲧϩⲓⲣⲏⲛⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲫϯ ⲡⲉⲛⲓⲱⲧ ⲛⲉⲙ ⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅.
4သင် သည်သခင် ယေရှု ခရစ်ကို ယုံကြည် ၍ သန့်ရှင်း သူအပေါင်း တို့ကို ချစ် သည်ဟု ငါသည်ကြား လျှင်
4ϯϣⲉⲡ⳿ϩⲙⲟⲧ ⳿ⲛⲧⲉⲛ ⲡⲁⲛⲟⲩϯ ⳿ⲛⲥⲏⲟⲩ ⲛⲓⲃⲉⲛ ⲉⲓ⳿⳿ⲓⲣⲓ ⳿ⲙⲡⲉⲕⲙⲉⲩⲓ ϧⲉⲛ ⲛⲁⲡⲣⲟⲥⲉⲩⲭⲏ.
5ငါ ၏ဘုရားသခင့် ကျေးဇူး တော်ကို အစဉ် ချီးမွမ်း၍၊ သင့် အဘို့ အလိုငှာ ဆုတောင်း ပဌနာပြုလျက်နေ၏။
5ⲁⲓⲥⲱⲧⲉⲙ ⲉⲑⲃⲉ ⲧⲉⲕⲁⲅⲁⲡⲏ ⲛⲉⲙ ⲡⲉⲕⲛⲁϩϯ ⲫⲁⲓ ⲉⲧⲉ⳿ⲛⲧⲁⲕ ⳿ⲙⲙⲁⲩ ϧⲉⲛ Ⲡ⳪ Ⲓⲏ̅ⲥ̅ ⲛⲉⲙ ⲛⲓⲁⲅⲓⲟⲥ ⲧⲏⲣⲟⲩ.
6ဆုတောင်းသောအချက်ဟူမူကား၊ သင် သည် ယုံကြည် ခြင်းကို ဆက်ဆံ သော အရှိန် ကြီး၍၊ သူတစ်ပါးတို့ သည် ယေရှုခရစ် အဘို့ အလိုငှာ ငါ တို့၌ ကောင်း သောအရာ ရှိသမျှ တို့ကို ဝန်ခံ မည်အကြောင်း ဆုတောင်း ပဌနာပြု၏။
6ϩⲟⲡⲱⲥ ϯⲙⲉⲧ⳿ϣⲫⲏⲣ ⳿ⲛⲧⲉ ⲡⲉⲕⲛⲁϩϯ ⳿ⲛⲧⲉⲥϣⲱⲡⲓ ⲉⲥⲉⲣϩⲱⲃ ϧⲉⲛ ⳿ⲡⲥⲟⲩⲉⲛ ⲁⲅⲁⲑⲟⲛ ⲛⲓⲃⲉⲛ ⲫⲁⲓ ⲉⲧϧⲉⲛ ⲑⲏⲛⲟⲩ ⲉⲠⲭ̅ⲥ̅.
7အချင်းငါ့ညီ ၊ သင် သည် သန့်ရှင်း သူတို့၏ စိတ် နှလုံးကို သက်သာ စေသောကြောင့် ၊ သင် ၏မေတ္တာ ကို ထောက်၍ငါတို့သည် အလွန် ဝမ်းမြောက် ချမ်းသာ ခြင်းရှိ ၏။
7ⲁⲓϭⲓ ⲅⲁⲣ ⳿ⲛⲟⲩⲛⲓϣϯ ⳿ⲛⲣⲁϣⲓ ⲛⲉⲙ ⲟⲩⲛⲟⲙϯ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲧⲉⲕⲁⲅⲁⲡⲏ ϫⲉ ⲛⲓⲙⲉⲧϣⲁⲛ⳿ⲑⲙⲁϧⲧ ⳿ⲛⲧⲉ ⲛⲓⲁⲅⲓⲟⲥ ⲁⲩ⳿ⲙⲧⲟⲛ ⳿ⲉⲃⲟⲗ ϩⲓⲧⲟⲧⲕ ⲡⲓⲥⲟⲛ.
8ထိုကြောင့် ၊ သင် သည်ပြုသင့်သောအမှုအရာကို ပညတ် ထားခြင်းငှာ၊ ငါသည် ခရစ်တော် အားဖြင့် အလွန် ရဲရင့် စရာ အခွင့် ရှိ သော်လည်း
8ⲉⲑⲃⲉⲫⲁⲓ ⲟⲩⲟⲛ ⳿ⲛⲧⲏⲓ ⳿ⲙⲙⲁⲩ ⳿ⲛⲟⲩⲛⲓϣϯ ⳿ⲙⲡⲁⲣⲣⲏⲥⲓⲁ ϧⲉⲛ Ⲡ⳪ ⳿ⲉⲟⲩⲁϩⲥⲁϩⲛⲓ ⲛⲁⲕ ⳿ⲛⲛⲏⲉⲧ⳿ⲥϣⲉ.
9အသက်ကြီး သော ပေါလု တည်းဟူသောယေရှု ခရစ် ကြောင့် အကျဉ်း ခံရသောသူ ဖြစ် လျက်ပင်၊ မေတ္တာ အားဖြင့် သာ သင့်ကို တောင်းပန် ပါ၏။
9ⲉⲑⲃⲉ ⳿ⲧⲁⲅⲁⲡⲏ ⲙⲁⲗⲗⲟⲛ ϯϯϩⲟ ⳿ⲉⲣⲟⲕ ⲟⲩⲁⲓ ⳿ⲙⲡⲁⲓⲣⲏϯ ϩⲱ ⲡⲁⲩⲗⲟⲥ ⲡⲓϧⲉⲗⲗⲟⲓ ϯ ⲛⲟⲩ ⲇⲉ ⲟⲛ ⲡⲉⲧⲥⲟⲛϩ ⳿ⲛⲧⲉ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅.
10ချည်နှောင် ခြင်းကိုခံစဉ် တွင် ငါဖြစ်ဘွား စေသော သား တည်းဟူသော
10ϯϯϩⲟ ⲉⲣⲟⲕ ⲉⲑⲃⲉ ⲡⲁϣⲏⲣⲓ ⲫⲁⲓ ⲉⲧⲁⲓ⳿ϫⲫⲟϥ ϧⲉⲛ ⲛⲁ⳿ⲥⲛⲁⲩϩ ⲟⲛⲏⲥⲓⲙⲟⲥ.
11သင် သည် အထက် ကအသုံး မရသောသူ ၊ ယခု တွင် ငါ နှင့် သင် သည် အသုံးရ သောသူ ဩနေသိမ် အဘို့ ငါ တောင်းပန် ပါ၏။
11ⲫⲁⲓ ⲉⲧⲉⲛⲁϥⲟⲓ ⳿ⲛⲁⲧϣⲁⲩ ⲛⲁⲕ ⳿ⲛⲟⲩⲥⲏ ⲟⲩ ϯⲛⲟⲩ ⲇⲉ ⳿ϥⲟⲓ ⳿ⲛϣⲁⲩ ⲛⲏⲓ ⲛⲉⲙⲁⲕ ⲫⲁⲓ ⲉⲧⲁⲓⲟⲩⲟⲣⲡϥ ϩⲁⲣⲟⲕ.
12ထိုသူ ကိုသင့် ထံသို့ငါပြန် စေသည်ဖြစ်၍၊ သူ့ ကို ငါ့ ရင် သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
12⳿ⲛⲑⲟⲕ ⲇⲉ ϣⲟⲡϥ ⳿ⲉⲣⲟⲕ ⲉⲧⲉ ⲫⲁⲓ ⲡⲉ ⲛⲁⲙⲉⲧϣⲁⲛ⳿ⲑⲙⲁϧⲧ.
13ဧဝံဂေလိ တရားကြောင့် ချည်နှောင် ခြင်းကို ငါခံစဉ် တွင် ၊ သူသည် သင် ၏ ကိုယ်စားငါ့ ကို ပြုစုစေမည် အကြောင်း ၊ သူ့ကို ငါ ထား ချင် သော်လည်း
13ⲫⲁⲓ ⲉⲧⲉⲛⲁⲓⲟⲩⲱϣ ⳿ⲁⲛⲟⲕ ⳿ⲉ⳿ⲁⲙⲟⲛⲓ ⳿ⲙⲙⲟϥ ϧⲁⲧⲟⲧ ϩⲓⲛⲁ ⳿ⲛⲧⲉϥϣⲉⲙϣⲓ ⳿ⲙⲙⲟⲓ ⳿ⲛⲧⲉⲕϣⲉⲃⲓⲱ ϧⲉⲛ ⲛⲓ⳿ⲥⲛⲁⲩϩ ⳿ⲛⲧⲉ ⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ.
14သင် သည်ငါ၌ ကျေးဇူး ပြုရာတွင် အနိုင်ပြု ရသကဲ့သို့ မ ဟုတ်၊ အလိုအလျောက်ပြုစေချင် သော စိတ် ရှိ သည်ဖြစ်၍၊ သင် ၏ အခွင့် မ ရှိလျှင် အလျှင်းမ ပြု လို ။
14ⲁϭⲛⲉ ⲧⲉⲕ⳿ⲅⲛⲱⲙⲏ ⲇⲉ ⳿ⲙⲡⲓⲟⲩⲱϣ ⳿ⲉⲉⲣ ⳿ϩⲗⲓ ϩⲓⲛⲁ ⳿ⲛⲧⲉ⳿ϣⲧⲉⲙ ⲡⲉⲕⲡⲉⲑⲛⲁⲛⲉϥ ϣⲱⲡⲓ ⲕⲁⲧⲁ ⲟⲩⲁⲛⲁⲅⲕⲏ ⲁⲗⲗⲁ ϧⲉⲛ ⲟⲩⲣⲱⲟⲩⲧϥ ⳿ⲛϩⲏⲧ.
15ထိုမှတစ်ပါး၊ သင်သည်သူ့ ကို အစဉ် ရ စေခြင်းငှာ ၊ သူသည်သင်နှင့်ခဏ ကွာ သွားသည်ဟု ဆိုစရာရှိ၏။
15ⲧⲁⲭⲁ ⲅⲁⲣ ⲉⲑⲃⲉⲫⲁⲓ ⲁϥⲫⲱⲣϫ ⳿ⲙⲙⲟⲕ ⳿ⲡⲣⲟⲥ ⲟⲩⲟⲩⲛⲟⲩ ϩⲓⲛⲁ ⳿ⲛⲧⲉⲕϭⲓⲧϥ ⳿ⲛⲉⲛⲉϩ.
16ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ ရမည်ဟု မဆိုလို၊ ငါ ၌ အထူးသဖြင့် ချစ် ညီ သော၊ သင် ၌ကား၊ ဇာတိ အားဖြင့် ၎င်း ၊ သခင် ဘုရားအားဖြင့် ၎င်း၊ သာ၍ ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
16⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩⲃⲱⲕ ⲁⲛ ϫⲉ ⲁⲗⲗⲁ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩⲥⲟⲛ ⳿ⲙⲙⲉⲛⲣⲓⲧ ⲉϥⲟⲩⲟⲧ ⳿ⲉⲟⲩⲃⲱⲕ ⲙⲁⲗⲓⲥⲧⲁ ⲛⲏⲓ ⲁⲩⲏⲣ ϫⲉ ⲙⲁⲗⲗⲟⲛ ⲛⲁⲕ ⲛⲉⲙ ϧⲉⲛ ⳿ⲧⲥⲁⲣⲝ ⲛⲉⲙ ϧⲉⲛ Ⲡ⳪.
17သို့ဖြစ်၍ သင်သည်ငါ့ ကို အပေါင်းအဘော် ကဲ့သို့မှတ် လျှင် ၊ သူ့ ကိုငါ ကဲ့သို့ ပင်လက်ခံ လော့။
17ⲓⲥϫⲉ ⲟⲩⲛ ϯ ⳿ⲛⲧⲟⲧⲕ ⳿ⲙ⳿ⲫⲣⲏϯ ⳿ⲛⲟⲩ⳿ϣⲫⲏ ⲣ ϣⲟⲡϥ ⳿ⲉⲣⲟⲕ ⳿ⲙⲡⲁⲓⲣⲏϯ.
18သူသည်သင် ၌ပြစ်မှား ခြင်း၊ ကြွေးတင် ခြင်း တစ်စုံတစ်ခု ရှိလျှင် ၊ ငါ့ အတွက်အတာ မှတ် လော့။
18ⲓⲥϫⲉ ⲇⲉ ⲁϥϭⲓⲧⲕ ⳿ⲛϫⲟⲛⲥ ⳿ⲛ⳿ϩⲗⲓ ⲓⲉ ⲁⲛ ⲟⲩⲟⲛ ⳿ⲉⲣⲟϥ ⲫⲁⲓ ⲟⲡϥ ⳿ⲉⲣⲟⲓ.
19ဆပ်ပေး မည်ဟု ငါ ပေါလု သည် ကိုယ် လက် နှင့် ရေး ထား၏။ သို့ရာတွင်သင် ၏ကိုယ် တည်းဟူသောကြွေး ကိုပင် ငါ့ အားဆပ်ပေးရသောအကြောင်း ရှိသည်ဟု ငါမ ဆို ။
19⳿ⲁⲛⲟⲕ ⲡⲁⲩⲗⲟⲥ ⲁⲓ⳿ⲥϧⲁⲓ ϧⲉⲛ ⲧⲁϫⲓϫ ⳿ⲁⲛⲟⲕ ⲉⲑⲛⲁⲧⲱⲃ ϩⲓⲛⲁ ⳿ⲛⲧⲁ⳿ϣⲧⲉⲙϫⲟⲥ ⲛⲁⲕ ϫⲉ ⳿ⲕⲉⲣⲟⲕ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲟⲕ ⳿ⲉⲧⲏⲓⲕ ⲛⲏⲓ.
20အချင်းငါ့ ညီ ၊ သခင် ဘုရား၌ ငါ့ကို ကျေးဇူး ပြုပါလော့။ ခရစ်တော် ၌ ငါ့ စိတ်နှလုံးကို သက်သာ စေပါလော့။
20ⲁϩⲁ ⲡⲁⲥⲟⲛ ⳿ⲁⲛⲟⲕ ⲉⲓ⳿ⲉ⳿ⲙⲧⲟⲛ ⳿ⲙⲙⲟⲓ ⳿ⲛϧⲏⲧⲕ ϧⲉⲛ Ⲡ⳪ ⲙⲁ⳿ⲙⲧⲟⲛ ⳿ⲛⲛⲁⲙⲉⲧϣⲁⲛ⳿ⲑⲙⲁϧⲧ ϧⲉⲛ Ⲡⲭ̅ⲥ̅.
21သင် သည်နားထောင် မည်ဟု ယုံမှား ခြင်းမရှိသည် သာမက၊ ငါပြော သည်ထက် သာ၍ပြု မည်ဟု အမှန်သိ လျက် ငါရေး လိုက်ပါ၏။
21ⲉⲣⲉ ⲡⲁϩⲏⲧ ⲑⲏⲧ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲉⲛ ⲧⲉⲕⲙⲉⲧⲣⲉϥⲥⲱⲧⲉⲙ ⲁⲓ⳿ⲥϧⲁⲓ ⲛⲁⲕ ⲉⲓ⳿ⲉⲙⲓ ϫⲉ ⳿ⲭⲛⲁⲉⲣϩⲟⲩ⳿ⲟ ⳿ⲉⲛⲏ ⳿ⲉϯϫⲱ ⳿ⲙⲙⲱⲟⲩ.
22ထိုမှတစ်ပါး၊ ငါ တည်းခို စရာအရပ်ကိုလည်း ပြင် လော့။ အကြောင်းမူကား ၊ သင် တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင် တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေး တော်မူမည်ဟု မြော်လင့် ခြင်းရှိ၏။
22ⲁⲙⲁ ⲇⲉ ⲥⲟⲃϯ ⲛⲏⲓ ⳿ⲛⲟⲩⲉⲝⲉⲛⲓⲁ ϯ ⲉⲣϩⲉⲗⲡⲓⲥ ⲅⲁⲣ ϫⲉ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲛⲉⲧⲉⲛ⳿ⲡⲣⲟⲥⲉⲩⲭⲏ ⲥⲉⲛⲁⲧⲏⲓⲧ ⲛⲱⲧⲉⲛ ⳿ⲛ⳿ϩⲙⲟⲧ.
23ယေရှု ခရစ် ကြောင့် ငါ နှင့်အတူ အကျဉ်းခံရသော ဧပဖြ မှစ၍
23⳿ϥϣⲓⲛⲓ ⳿ⲉⲣⲟⲕ ⳿ⲛϫⲉ ⲁⲡⲁⲫⲣⲁⲥ ⲡⲁ⳿ϣⲫⲏⲣ ⳿ⲛⲉⲭⲙⲁⲗⲱⲧⲟⲥ ϧⲉⲛ Ⲡⲭ̅ⲥ̅ Ⲓⲏ̅ⲥ̅.
24ငါ ၏ လုပ်ဘော်ဆောင်ဘက် မာကု ၊ အာရိတ္တာခု ၊ ဒေမ ၊ လုကာ တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
24ⲙⲁⲣⲕⲟⲥ ⲁⲣⲓⲥⲧⲁⲣⲭⲟⲥ ⲇⲏⲙⲁⲥ ⲗⲟⲩⲕⲁⲥ ⲛⲁ⳿ϣⲫⲉⲣ ⳿ⲛⲣⲉϥⲉⲣϩⲱⲃ.
25ငါတို့ သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၏ စိတ် ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။
25⳿ⲡ⳿ϩⲙⲟⲧ ⳿ⲙⲡⲉⲛ⳪ Ⲓⲏ̅ⲥ̅ Ⲡⲭ̅ⲥ̅ ⲛⲉⲙ ⲡⲉⲧⲉⲛⲡ͞ⲛⲁ̅ ⳿ⲡⲣⲟⲥ ⲫⲓⲗⲏⲙⲱⲛ ⲁⲩ⳿ⲥϧⲏⲧⲥ ϧⲉⲛ ⲣⲱⲙⲏ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⲟⲛⲏⲥⲓⲙⲟⲥ ⲡⲁⲩⲗⲟⲥ ⲧⲟⲩ ⲁⲅⲓⲟⲩ ⲁⲡⲟⲥⲧⲟⲗⲟⲩ ⲉⲛⲓⲣⲏⲛⲏ ⲧⲱ ⲕⲩⲣⲓⲱ ⲉⲡⲓⲥⲧⲟⲗⲏ ⲓ̅ⲇ̅
Tip: use the ← and → keys to turn chapters.