ရောမ 10
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Coptic New Testament
1ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။
1ⲛⲁ⳿ⲥⲛⲏⲟⲩ ⳿ⲡϯⲙⲁϯ ⳿ⲛⲧⲉ ⲡⲁϩⲏⲧ ⲛⲉⲙ ⲡⲁⲧⲱⲃϩ ⳿ⲉϯⲣⲁ ⳿ⲙⲙⲟϥ ϩⲁ ⲫϯ ⳿ⲉ⳿ϩⲣⲏⲓ ⳿ⲉϫⲱⲟⲩ ⲉⲩⲛⲟϩⲉⲙ.
2ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။
2ϯⲉⲣⲙⲉⲑⲣⲉ ⲅⲁⲣ ⲛⲱⲟⲩ ϫⲉ ⲟⲩⲭⲟϩ ⳿ⲛⲧⲉ ⲫϯ ⲉⲧϣⲟⲡ ⳿ⲛϧⲏⲧⲟⲩ ⲁⲗⲗⲁ ⲕⲁⲧⲁ ⲟⲩ⳿ⲉⲙⲓ ⲁⲛ.
3ထိုသူတို့သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ သိဘဲ၊ ကိုယ် ဖြောင့်မတ် ခြင်းကို တည် စေခြင်းငှာရှာကြံ သောကြောင့် ၊ ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို ဝန်မ ခံကြ
3ⲉⲩⲟⲃϣ ⲅⲁⲣ ⳿ⲉϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⲫϯ ⲟⲩⲟϩ ⲉⲩⲕⲱϯ ⳿ⲛⲥⲁ ⲥⲉⲙⲛⲉ ⲑⲱⲟⲩ ⳿ⲙⲙⲓⲛ ⳿ⲙⲙⲱⲟⲩ ⳿ⲙⲡⲟⲩϭⲛⲉϫⲱⲟⲩ ⳿ⲉϯⲙⲉⲑⲙⲏⲓ ⳿ⲛⲧⲉ ⲫϯ.
4ယုံကြည် သောသူ အပေါင်း တို့သည် ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ၊ ပညတ် တရားသည် ခရစ်တော် အားဖြင့် စုံလင် ခြင်းရှိ၏။
4⳿ⲡϫⲱⲕ ⲅⲁⲣ ⳿ⲙⲡⲓⲛⲟⲙⲟⲥ Ⲡⲭ̅ⲥ̅ ⲡⲉ ⲉⲩⲙⲉⲑⲙⲏ ⲓ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲑⲛⲁϩϯ.
5မောရှေ ကလည်း ၊ ထိုအကျင့်ကို ကျင့် သောသူ သည် ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ် ခြင်းတရားကို ရည်မှတ်၍ ရေး ထားသတည်း။
5ⲙⲱ⳿ⲩⲥⲏⲥ ⲅⲁⲣ ⲁϥ⳿ⲥϧⲁⲓ ϫⲉ ϯⲙⲉⲑⲙⲏⲓ ϯ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲫⲛⲟⲙⲟⲥ ⳿ⲫⲣⲱⲙⲓ ⲉⲑⲛⲁⲁⲓⲥ ⲉϥ⳿ⲉⲱⲛϧ ⳿ⲛϧⲏⲧⲥ.
6ယုံကြည် ခြင်းနှင့် စပ်ဆိုင် သော ဖြောင့်မတ် ခြင်းတရားဆို သည်ကား၊
6ϯⲙⲉⲑⲙⲏⲓ ⲇⲉ ϯ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲫⲛⲁϩϯ ⳿ϥϫⲱ ⳿ⲙⲙⲟⲥ ⳿ⲙⲡⲁⲓⲣⲏϯ ⳿ⲙⲡⲉⲣϫⲟⲥ ϧⲉⲛ ⲡⲉⲕϩⲏ ⲧ ϫⲉ ⲛⲓⲙ ⲉⲩⲛⲁ⳿ϣϣⲉ ⳿ⲉ⳿ⲡϣⲱⲓ ⳿ⲉ⳿ⲧⲫⲉ ⲉⲧⲉ ⲫⲁⲓ ⲡⲉ ϫⲉ ⳿ⲛⲧⲉϥ⳿ⲓⲛⲓ ⳿ⲙⲠⲭ̅ⲥ̅ ⳿ⲉⲡⲉⲥⲏⲧ.
7ကောင်းကင် သို့ အဘယ်သူ တက် လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ် ထဲမှာ မ အောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှာကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက်စေခြင်းငှာနက်နဲ ရာထဲသို့ အဘယ်သူ ဆင်း လိမ့်မည်နည်းဟု ဆိုလိုသတည်း။
7ⲓⲉ ⲛⲓⲙ ⲉⲑⲛⲁ⳿ϣϣⲉ ⳿ⲉⲡⲉⲥⲏⲧ ⳿ⲉ⳿ⲫⲛⲟⲩⲛ ⲉⲧⲉ ⲫⲁⲓ ⲡⲉ ϫⲉ ⳿ⲛⲧⲉϥ⳿ⲓⲛⲓ ⳿ⲙⲠⲭ̅ⲥ̅ ⳿ⲉ⳿ⲡϣⲱⲓ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏⲉⲑⲙⲱⲟⲩⲧ.
8တဖန်ဆို သည်ကား၊ တရား တော်သည် သင် နှင့် နီး ၏။ သင် ၏ နှုတ် ၌ ၎င်း ၊ သင် ၏နှလုံး ၌ ၎င်း ရှိ သည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟော သောယုံကြည် ခြင်းတရား ကို ဆိုလို သတည်း။
8ⲁⲗⲗⲁ ⲟⲩ ⲡⲉⲧⲉ ϯ⳿ⲅⲣⲁⲫⲏ ϫⲱ ⳿ⲙⲙⲟϥ ⳿ϥϧⲉⲛⲧ ⳿ⲉⲣⲟⲕ ⳿ⲛϫⲉ ⲡⲓⲥⲁϫⲓ ⳿ϥⲭⲏ ϧⲉⲛ ⲣⲱⲕ ⲟⲩⲟϩ ⳿ϥⲭⲏ ϧⲉⲛ ⲡⲉⲕϩⲏⲧ ⲉⲧⲉ ⲫⲁⲓ ⲡⲉ ⳿ⲡⲥⲁϫⲓ ⳿ⲛⲧⲉ ⳿ⲫⲛⲁϩϯ ⲉⲧⲉⲛϩⲓⲱⲓϣ ⳿ⲙⲙⲟϥ.
9အဘယ်သို့နည်းဟူမူကား၊ သင် သည် သခင် ယေရှု ကိုနှုတ် ဖြင့် ဝန်ခံ ၍ ၊ ဘုရားသခင် သည် သူ့ ကို သေ ခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ် နှလုံးထဲ၌ ယုံကြည် လျှင် ၊ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
9ϫⲉ ⲉϣⲱⲡ ⲁⲕϣⲁⲛⲟⲩⲱⲛϩ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲣⲱⲕ ϫⲉ Ⲡ⳪ ⲡⲉ Ⲓⲏ̅ⲥ̅ ⲟⲩⲟϩ ⳿ⲛⲧⲉⲕⲛⲁϩϯ ϧⲉⲛ ⲡⲉⲕϩⲏⲧ ϫⲉ ⲁ ⲫϯ ⲧⲟⲩⲛⲟⲥϥ ⳿ⲉⲃⲟⲗ ϧⲉⲛ ⲛⲏⲉⲑⲙⲱⲟⲩⲧ ⲉⲕ⳿ⲉⲛⲟϩⲉⲙ.
10ဖြောင့်မတ်ရာသို့ ရောက် ခြင်းငှာ စိတ် နှလုံးဖြင့် ယုံကြည် ရ၏။
10ϧⲉⲛ ⲡⲓϩⲏⲧ ⲅⲁⲣ ⲥⲉⲛⲁϩϯ ⳿ⲉⲣⲟϥ ⲉⲩⲙⲉⲑⲙⲏⲓ ϧⲉⲛ ⲣⲱⲟⲩ ⲇⲉ ⲥⲉⲟⲩⲱⲛϩ ⳿ⲙⲙⲟϥ ⳿ⲉⲃⲟⲗ ⲉⲩⲛⲟϩⲉⲙ.
11ကယ်တင် ခြင်းသို့ ရောက်ခြင်းငှာနှုတ် ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာ လာ သည်ကား ၊ ထိုကျောက် ကို အမှီပြု သော သူ မည်သည်ကား ၊ ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။
11⳿ⲥϫⲱ ⲅⲁⲣ ⳿ⲙⲙⲟⲥ ⳿ⲛϫⲉ ϯ⳿ⲅⲣⲁⲫⲏ ϫⲉ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲑⲛⲁϩϯ ⳿ⲉⲣⲟϥ ⳿ⲛⲛⲉϥϭⲓϣⲓⲡⲓ.
12ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။
12⳿ⲙⲙⲟⲛ ⲫⲱⲣϫ ⲅⲁⲣ ϣⲟⲡ ⳿ⲙⲡⲓⲓⲟⲩⲇⲁⲓ ⲛⲉⲙ ⲡⲓⲟⲩⲉⲓⲛⲓⲛ ⲡⲁⲓ⳪ ⲅⲁⲣ ⲡⲉ ⳿ⲛⲧⲉ ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉϥⲟⲓ ⳿ⲛⲣⲁⲙⲁ⳿ⲟ ⳿ⲛⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲧⲱϣ ⳿ⲉ⳿ϩⲣⲏⲓ ⲟⲩⲃⲏϥ.
13အကြောင်းမူကား ၊ ထာဝရ ဘုရားကို ပဌနာ ပြုသော သူရှိသမျှ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ရကြလတံ့။
13ⲟⲩⲟⲛ ⲛⲓⲃⲉⲛ ⲉⲑⲛⲁⲧⲱⲃϩ ⳿ⲙ⳿ⲫⲣⲁⲛ ⳿ⲙⲠ⳪ ⲉϥ⳿ⲉⲛⲟϩⲉⲙ.
14သို့ရာတွင် ၊ မ ယုံကြည် လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမ ကြား လျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြော သောသူမ ရှိလျှင် အဘယ်သို့ ကြား နိုင်မည်နည်း။
14ⲡⲱⲥ ⲟⲩⲛ ⲥⲉⲛⲁⲧⲱⲃϩ ⳿ⲙⲫⲏⲉⲧⲉ ⳿ⲙⲡⲟⲩⲛⲁϩϯ ⳿ⲉⲣⲟϥ ⲡⲱⲥ ⲇⲉ ⲥⲉⲛⲁⲛⲁϩϯ ⳿ⲙⲫⲏⲉⲧⲉ ⳿ⲙⲡⲟⲩⲥⲟⲑⲙⲉϥ ⲡⲱⲥ ⲇⲉ ⲥⲉⲛⲁⲥⲱⲧⲉⲙ ⲁⲧϭⲛⲉ ⲫⲏⲉⲧϩⲓⲱⲓϣ.
15လူကို မ စေလွှတ် လျှင် အဘယ်သို့ ဟောပြော နိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက် စရာသိတင်းကို ကြားပြောသော သူ ၏ခြေ တို့သည် အလွန်တင့်တယ် စွတကားဟု လာသတည်း။
15ⲡⲱⲥ ⲇⲉ ⲥⲉⲛⲁϩⲓⲱⲓϣ ⲁⲩ⳿ϣⲧⲉⲙⲟⲩⲟⲣⲡⲟⲩ ⲕⲁⲧⲁ⳿ⲫⲣⲏϯ ⲉⲧ⳿ⲥϧⲏⲟⲩⲧ ϫⲉ ϩⲱⲥ ⲉⲛⲉⲥⲉ ⲛⲉⲛϭⲁⲗⲁⲩϫ ⳿ⲛⲛⲏⲉⲧϩⲓϣⲉⲛⲛⲟⲩϥⲓ ⳿ⲛⲛⲓⲡⲉⲑⲛⲁⲛⲉⲩ.
16သို့သော်လည်း ၊ လူအပေါင်း တို့သည် ဝမ်းမြောက် စရာသိတင်းကို နားထောင် ကြသည်မ ဟုတ်။ ပရောဖက် ဟေရှာယ စကား ဟူမူကား ၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါ သနည်းဟုဆို၏။
16ⲁⲗⲗⲁ ⳿ⲙⲡⲟⲩⲥⲱⲧⲉⲙ ⲧⲏⲣⲟⲩ ⳿ⲛⲥⲁ ⲡⲓⲉⲩⲁⲅⲅⲉⲗⲓⲟⲛ ⲏⲥⲁ⳿ⲏⲁⲥ ⲅⲁⲣ ⳿ϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ Ⲡ⳪ ⲛⲓⲙ ⲡⲉⲧⲁϥⲛⲁϩϯ ⳿ⲉⲧⲉⲛ⳿ⲥⲙⲏ ⲟⲩⲟϩ ⳿ⲡϣⲱⲃϣ ⳿ⲙⲠ⳪ ⲉⲧⲁϥϭⲱⲣⲡ ⳿ⲉⲛⲓⲙ.
17သို့ဖြစ်၍ ၊ ယုံကြည် ခြင်းသည် ကြားနာ ခြင်းအားဖြင့် ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ၊ ဘုရားသခင် ၏ စကား တော်အားဖြင့် ဖြစ်၏။
17ϩⲁⲣⲁ ⳿ⲫⲛⲁϩϯ ⳿ⲉⲃⲟⲗ ϧⲉⲛ ⳿ⲡⲥⲱⲧⲉⲙ ⲡⲉ ⳿ⲡⲥⲱⲧⲉⲙ ⲇⲉ ⳿ⲉⲃⲟⲗ ϩⲓⲧⲉⲛ ⳿ⲡⲥⲁϫⲓ ⳿ⲙⲠⲭ̅ⲥ̅ ⲡⲉ.
18သို့ရာတွင် လူအပေါင်းတို့သည် မ ကြား ရကြပြီလော။ အမှန် ကြားရကြပြီ။ သူ တို့၏အသံ သည်မြေ တပြင်လုံး ၌ နှံ့ပြား ၍၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက်လေပြီဟုငါဆို ၏။
18ⲁⲗⲗⲁ ϯϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲙⲏ ⳿ⲙⲡⲟⲩⲥⲱⲧⲉⲙ ⲙⲉⲛ ⲟⲩⲛ ⲅⲉ ⲁ ⲡⲟⲩ⳿ϧⲣⲱⲟⲩ ϣⲉ ⲛⲁϥ ⳿ⲉⲃⲟⲗ ϩⲓϫⲉⲛ ⳿ⲡⲕⲁϩⲓ ⲧⲏⲣϥ ⲟⲩⲟϩ ⲛⲟⲩⲥⲁϫⲓ ⲁⲩⲫⲟϩ ϣⲁ ⲁⲩⲣⲏϫⲥ ⳿ⲛϯⲟⲓⲕⲟⲩⲙⲉⲛⲏ.
19တဖန်ငါ ဆိုသည်ကား ၊ ဣသရေလ လူတို့သည် ဤအမှုကို မ သိ ကြသလော။ မောရှေ က၊ မ ရေရသောလူမျိုး အားဖြင့် သင် တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှာ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှာ၎င်း၊ ငါ ပြုမည်ဟု ရှေ့ဦးစွာ ဆို ၏။
19ⲁⲗⲗⲁ ϯϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲙⲏ ⳿ⲙⲡⲉ ⳿ⲡⲓⲥ̅ⲗ̅ ⳿ⲙⲡⲉϥ⳿ⲉⲙⲓ ⳿ⲛϣⲟⲣⲡ ⲙⲱ⳿ⲩⲥⲏⲥ ϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⳿ⲁⲛⲟⲕ ⲉⲓ⳿ⲉϯⲭⲟϩ ⲛⲱⲧⲉⲛ ⳿ⲉϫⲉⲛ ⲡⲉⲧⲉ ⳿ⲛⲟⲩⲉⲑⲛⲟⲥ ⲁⲛ ⲡⲉ ⳿ⲉϫⲉⲛ ⲟⲩⲉⲑⲛⲟⲥ ⳿ⲛⲁⲧⲕⲁϯ ⲉⲓ⳿ⲉ⳿ⲑⲣⲉⲧⲉⲛϫⲱⲛⲧ.
20ဟေရှာယ သည် သာ၍ရဲရင့် စွာဆို သည်ကား ၊ ငါ့ ကိုမ ရှာ သော သူ တို့သည် ငါ့ကိုတွေ့ ရကြ၏။ ငါ ၏ အကြောင်းကို မေးမြန်း သောသူ တို့၌ ငါထင်ရှား သည်ဟု ဆို၏။
20ⲏⲥⲁ⳿ⲏⲁⲥ ⲇⲉ ⲁϥⲉⲣⲧⲟⲗⲙⲁⲛ ⲟⲩⲟϩ ⲉϥϫⲱ ⳿ⲙⲙⲟⲥ ϫⲉ ⲁⲩϫⲉⲙⲧ ⳿ⲛⲛⲏⲉⲧⲉ⳿ⲛⲥⲉⲕⲱϯ ⳿ⲛⲥⲱⲓ ⲁⲛ ⲁⲓⲟⲩⲟⲛϩⲧ ⳿ⲉⲛⲏ ⳿ⲉⲧⲉ⳿ⲛⲥⲉϣⲓⲛⲓ ⳿ⲙⲙⲟⲓ ⲁⲛ.
21ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန်မိန့် တော်မူသည်ကား ၊ နားမထောင် ငြင်းဆန် တတ်သော လူမျိုး သို့ တနေ့လုံး ငါ သည် လက် ဝါးကို ဖြန့် ရပြီဟု ဆိုသတည်း။
21⳿ϥϫⲱ ⲇⲉ ⳿ⲙⲙⲟⲥ ⲉⲑⲃⲉ ⳿ⲡⲓⲥ̅ⲗ̅ ϫⲉ ⲁⲓⲫⲱⲣϣ ⳿ⲛⲛⲁϫⲓϫ ⳿ⲉⲃⲟⲗ ⳿ⲙⲡⲓ⳿ⲉϩⲟⲟⲩ ⲧⲏⲣϥ ⲟⲩⲃⲉ ⲟⲩⲗⲁⲟⲥ ⳿ⲛⲁⲧⲥⲱⲧⲉⲙ ⲟⲩⲟϩ ⳿ϥⲉⲣⲁⲛⲧⲓⲗⲉⲅⲓⲛ
Tip: use the ← and → keys to turn chapters.