ဆာလံ 148
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Korean Bible, 1910 (한국어 성경)
1ကောင်းကင် ဘုံ၌ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ဘဝဂ် ပေါ် မှာ ချီးမွမ်း ကြလော့။
1할렐루야 ! 하늘에서 여호와를 찬양하며 높은 데서 찬양할지어다 !
2ကောင်းကင် တမန်အပေါင်း တို့၊ ထာဝရ ဘုရား ကို ချီးမွမ်း ကြလော့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း တို့ ချီးမွမ်း ကြလော့။
2그의 모든 사자여 찬양하며 모든 군대여 찬양할지어다 !
3နေ လ တို့၊ ထာဝရ ဘုရားကိုချီးမွမ်း ကြလော့။ ထွန်းလင်း သော ကြယ် အပေါင်း တို့၊ ချီးမွမ်း ကြလော့။
3해와 달아 찬양하며 광명한 별들아 찬양할지어다 !
4ကောင်းကင် အထပ်ထပ်နှင့် ကောင်းကင် ပေါ် မှာ ရေ များတို့၊ ချီးမွမ်း ကြလော့။
4하늘의 하늘도 찬양하며 하늘 위에 있는 물들도 찬양할지어다 !
5ထို အရာတို့ကိုအမိန့် တော်ရှိ၍ ၊ ဖန်ဆင်း တော်မူသောကြောင့် ၊ ထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြစေ။
5그것들이 여호와의 이름을 찬양할 것은 저가 명하시매 지음을 받았음이로다
6ထို အရာတို့ကို ကာလ အစဉ်အဆက် အမြဲတည် စေတော်မူ၍ ၊ မ ပျက် ရသောဓမ္မတာ ကို စီရင် တော်မူ၏။
6저가 또 그것들을 영영히 세우시고 폐치 못할 명을 정하셨도다
7မြေကြီး ၌ ရှိသောအရာ၊ ငါး ကြီးများ၊ နက်နဲ ရာ အရပ် များ၊
7너희 용들과 바다여 땅에서 여호와를 찬양하라 !
8မီး နှင့် မိုဃ်းသီး ၊ မိုဃ်းပွင့် နှင့် အခိုး အငွေ့၊ အမိန့် တော်ကို နားထောင် သော လေပြင်း မုန်တိုင်း၊
8불과 우박과 눈과 안개와 그 말씀을 좇는 광풍이며
9တောင် ကြီးတောင် ငယ်ရှိသမျှ ၊ အသီး ကိုသီးသောအပင် ၊ အာရဇ် ပင် ရှိသမျှ၊
9산들과 모든 작은 산과 과목과 모든 백향목이며
10သားရဲ နှင့် သားယဉ် အပေါင်း ၊ တွား တတ်သော တိရိစ္ဆာန်နှင့် ပျံ တတ်သော ငှက် အစရှိသော၊
10짐승과 모든 가축과 기는 것과 나는 새며
11လောကီ ရှင် ဘုရင်များနှင့် ပြည်သူ ပြည်သားအပေါင်း ၊ မင်း များနှင့် လောကီ တရားသူကြီး အပေါင်း၊
11세상의 왕들과 모든 백성과 방백과 땅의 모든 사사며
12လူပျို နှင့် အပျို များ၊ လူအို နှင့် လူ ကလေးများတို့၊ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။
12청년 남자와 처녀와 노인과 아이들아
13နာမတော်တပါးတည်း သာလျှင် မြတ်၍၊ ဘုန်း တော်သည်မြေကြီး နှင့် ကောင်းကင် အပေါ် ထက်၌ ရှိသောကြောင့်၊ ထာဝရ ဘုရား၏ နာမတော် ကို ချီးမွမ်း ကြစေ။
13다 여호와의 이름을 찬양할지어다 그 이름이 홀로 높으시며 그 영광이 천지에 뛰어나심이로다
14မိမိ လူစု တို့၏ဦးချို ကို ချီးမြှင့် တော်မူသဖြင့် ၊ အနီး တော်၌ရှိသောလူစု ၊ ဣသရေလ အမျိုးသားတည်းဟူသော မိမိ သန့်ရှင်း သူအပေါင်း တို့၏ ချီးမွမ်း ရာဖြစ် တော်မူ၏။ ဟာလေလုယ။
14저가 그 백성의 뿔을 높이셨으니 저는 모든 성도 곧 저를 친근히 하는 이스라엘 자손의 찬양거리로다 할렐루야 !
Tip: use the ← and → keys to turn chapters.