တောလည် 22
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Chinese Union Version, punctuated (Traditional)
1တဖန် ဣသရေလ အမျိုးသား တို့သည် ခရီးသွား ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ တဲ ဆောက်ကြ၏။
1以色列 人起行,在 摩押 平原、 約旦河 東,對着 耶利哥 安營。
2အာမောရိ အမျိုးသားတို့၌ ပြု ကြသော အမှုအလုံးစုံ ကို၊ ဇိဖေါ် သား ဗာလက် မင်းသိမြင် လျှင် ၊
2以色列 人向 亞摩利 人所行的一切事, 西撥 的兒子 巴勒 都看見了。
3ဣသရေလ အမျိုးသား တို့သည် များပြား သောကြောင့် ၊ မောဘ ပြည်သားတို့သည် အလွန် ကြောက်ရွံ့ ကြ၍ ၊
3摩押 人因 以色列 民甚多,就大大懼怕,心內憂急,
4နွား သည် မြက်ပင် ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်း သည် ငါ တို့ပတ်လည် ၌ ရှိသမျှ ကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန် ပြည်သားအသက်ကြီး သူတို့အား ဆို ကြ၏။ ထို အခါ ဇိဖေါ် သား ဗာလက် သည်၊ မောဘ ရှင်ဘုရင် ဖြစ်သည်နှင့်၊
4對 米甸 的長老說:「現在這眾人要把我們四圍所有的一概餂盡,就如牛餂盡田間的草一般。」那時 西撥 的兒子 巴勒 作 摩押 王。
5အမ္မုန်ပြည်၌ စီးသောမြစ် ၏အနား မှာရှိသော ပေသော် မြို့နေ ဗောရ သား ဗာလမ် ကို ခေါ်ပင့် ခြင်းငှါ ၊ သံတမန် တို့ကို စေလွှတ် ၍၊ အဲဂုတ္တု ပြည်မှ ရောက်လာ သော လူ တမျိုးသည် မြေ မျက်နှာ ကို ဖုံးလွှမ်း လျက် ငါ့ အနား ၌ နေရာ ချကြပြီ။
5他差遣使者往大河邊的 毗奪 去,到 比珥 的兒子 巴蘭 本鄉那裏,召 巴蘭 來,說:「有一宗民從 埃及 出來,遮滿地面,與我對居。
6သို့ဖြစ်၍ ၊ ကြွလာ ပါ။ ဤ လူမျိုး သည် ငါ့ ထက် အားကြီး သောကြောင့် သူတို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင် သူ တို့ကို ငါတိုက် ၍ ငါ့ပြည် မှ နှင်ထုတ် နိုင် ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီး ပေးသောသူ သည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း ၊ ကိုယ်တော်ကျိန်ဆဲ သောသူ သည် ကျိန်ဆဲ အပ်သောသူဖြစ်သည်ကို၎င်းငါသိ သည်ဟု မှာလိုက်လေ၏။
6這民比我強盛,現在求你來為我咒詛他們,或者我能得勝,攻打他們,趕出此地。因為我知道,你為誰祝福,誰就得福;你咒詛誰,誰就受咒詛。」
7မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
7摩押 的長老和 米甸 的長老手裏拿着卦金,到了 巴蘭 那裏,將 巴勒 的話都告訴了他。
8ဗာလမ်က၊ ယနေ့ည မှာ ဤ အရပ်၌နေ ကြပါဦး။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ငါပြန် ပြောမည်ဟု ဆို လျှင် ၊ မောဘ အရာရှိ တို့သည် ဗာလမ် ထံမှာ နေ ကြ၏။
8巴蘭 說:「你們今夜在這裏住宿,我必照耶和華所曉諭我的回報你們。」 摩押 的使臣就在 巴蘭 那裏住下了。
9ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသောဤ လူ တို့သည် အဘယ်သူ နည်းဟုမေး တော်မူလျှင်၊
9上帝臨到 巴蘭 那裏,說:「在你這裏的人都是誰?」
10ဗာလမ် က၊ မောဘ ရှင်ဘုရင် ဇိဖေါ် သား ဗာလက် သည် အကျွန်ုပ် ဆီသို့ လူကို စေလွှတ် ၍၊
10巴蘭 回答說:「是 摩押 王 西撥 的兒子 巴勒 打發人到我這裏來, 說 :
11အဲဂုတ္တု ပြည်မှ ရောက်လာ သောလူ အများ သည်၊ မြေ မျက်နှာ ကို ဖုံးလွှမ်း လျက်နေကြပြီ။ သို့ဖြစ်၍ကြွလာ ပါ။ ဤလူမျိုးကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင်၊ သူ တို့ကို ငါတိုက် ၍ နှင်ထုတ် နိုင် ကောင်းနှင်ထုတ်နိုင်လိမ့်မည် ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင် အား လျှောက်ဆို ၏။
11『從 埃及 出來的民遮滿地面,你來為我咒詛他們,或者我能與他們爭戰,把他們趕出去。』」
12ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
12上帝對 巴蘭 說:「你不可同他們去,也不可咒詛那民,因為那民是蒙福的。」
13နံနက် ရောက်မှ၊ ဗာလမ် သည် ထ ၍ သင်တို့သည် ကိုယ် ပြည် သို့ ပြန်သွား ကြပါလော့။ သင် တို့နှင့်အတူ ငါလိုက်ရသောအခွင့် ကို ထာဝရဘုရား ပေးတော်မ မူဟု ဗာလက် မင်းစေလွှတ်သော အရာရှိ တို့အား ပြန်ပြော လေ၏။
13巴蘭 早晨起來,對 巴勒 的使臣說:「你們回本地去吧,因為耶和華不容我和你們同去。」
14ထိုအခါ မောဘ ပြည်အရာရှိ တို့သည် ဗာလက် မင်းထံသို့ ပြန် သွား၍ ၊ ဗာလမ် သည် ကျွန်တော် တို့နှင့်အတူ မ လိုက် လိုပါဟု လျှောက် ကြ၏။
14摩押 的使臣就起來,回 巴勒 那裏去,說:「 巴蘭 不肯和我們同來。」
15တဖန် ဗာလက် မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ ၍ အရာအားဖြင့် ဘုန်းကြီး သော မှူးမတ် တို့ကို စေလွှတ် ပြန် သည်အတိုင်း၊
15巴勒 又差遣使臣,比先前的又多又尊貴。
16သူတို့သည် ဗာလမ် ထံသို့ ရောက်လာ ၍ ဇိဖေါ် သား ဗာလက် မင်းက၊ ကိုယ်တော်သည် ငါ့ ထံသို့ မလာ မည် အကြောင်းအဘယ်အဆီးအတား မျှ မရှိပါစေနှင့်။
16他們到了 巴蘭 那裏,對他說:「 西撥 的兒子 巴勒 這樣說:『求你不容甚麼事攔阻你不到我這裏來,
17ငါသည် ကိုယ်တော် ကို အလွန် ချီးမြှောက် မည်။ ကိုယ်တော်တောင်း သမျှ ကို ပေး မည်။ သို့ဖြစ်၍ ကြွလာ ပါ။ ဤ လူမျိုး ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု မိန့် တော်မူကြောင်းကို ပြန်ပြော ကြ၏။
17因為我必使你得極大的尊榮。你向我要甚麼,我就給你甚麼;只求你來為我咒詛這民。』」
18ဗာလမ် ကလည်း၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို လွန်ကျူး ၍ အမှုအကြီး အငယ် တစုံတခုကိုမျှ ငါမ ပြု နိုင်။
18巴蘭 回答 巴勒 的臣僕說:「 巴勒 就是將他滿屋的金銀給我,我行大事小事也不得越過耶和華-我上帝的命。
19သို့ရာတွင် ထာဝရဘုရား သည် အဘယ်သို့ ထပ်၍ မိန့် တော်မူမည်ကို ငါသိ မည်အကြောင်း၊ ယနေ့ည မှာ ဤ အရပ်၌ နေ ကြပါဦးဟု ဗာလက် မင်းကျွန် တို့အား ပြန်ပြော ၏။
19現在我請你們今夜在這裏住宿,等我得知耶和華還要對我說甚麼。」
20ည အချိန်၌ ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍၊ ထိုလူ တို့သည် သင့် ကိုခေါ် ခြင်းငှါ လာ လျှင် ၊ သူ တို့ နှင့်အတူ ထ ၍ လိုက် လော့။ သို့ရာတွင် ငါမှာထား သမျှ အတိုင်းသာ ပြု ရမည်ဟု မိန့် တော်မူ၏။
20當夜,上帝臨到 巴蘭 那裏,說:「這些人若來召你,你就起來同他們去,你只要遵行我對你所說的話。」
21နံနက် ရောက်မှ ဗာလမ် ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မောဘ အရာရှိ တို့နှင့်အတူ လိုက် လေ၏။
21巴蘭 早晨起來,備上驢,和 摩押 的使臣一同去了。
22ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် သူ့ ကို ဆီးတား ခြင်းငှါလမ်း ၌ ရပ် နေ၏။ ထိုအခါ ဗာလမ် သည် မြည်း ကို စီး ၍ ငယ်သား နှစ် ယောက်နှင့် သွား စဉ်တွင်၊
22上帝因他去就發了怒;耶和華的使者站在路上敵擋他。他騎着驢,有兩個僕人跟隨他。
23ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကို မိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို မြည်း သည် မြင် လျှင် ၊ လမ်းလွှဲ ၍ လယ် သို့ ဝင် လေ၏။ ဗာလမ် လည်း မြည်း ကို လမ်း သို့ ပြန် စေခြင်းငှါ ရိုက် လေ၏။
23驢看見耶和華的使者站在路上,手裏有拔出來的刀,就從路上跨進田間, 巴蘭 便打驢,要叫牠回轉上路。
24ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ စပျစ် ဥယျာဉ်စောင်ရန်း နှစ်ဘက်စပ်ကြား လမ်း ၌ တဖန် ရပ် နေ၏။
24耶和華的使者就站在葡萄園的窄路上;這邊有牆,那邊也有牆。
25ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မြည်း သည် မြင် ပြန်သောအခါ ၊ စောင်ရန်း တဘက် ၌ တိုး ၍ ဗာလမ် ၏ခြေ ကို ဖိ လေ၏။ ဗာလမ်လည်း တဖန် ရိုက် ပြန်လေ၏။
25驢看見耶和華的使者,就貼靠牆,將 巴蘭 的腳擠傷了; 巴蘭 又打驢。
26ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မ လွှဲ နိုင်အောင်ကျဉ်းမြောင်း သော အရပ် ၌ ရပ် နေ၏။
26耶和華的使者又往前去,站在狹窄之處,左右都沒有轉折的地方。
27မြည်း သည်လည်း ထာဝရဘုရား ၏ကောင်းကင်တမန် ကို မြင် ပြန်သောအခါ ၊ ဗာလမ် အောက် ၌ ဝပ် လျက် နေ၏။ ဗာလမ် သည် အမျက် ထွက် ၍ တောင်ဝေး နှင့် မြည်း ကိုရိုက် လေ၏။
27驢看見耶和華的使者,就臥在 巴蘭 底下, 巴蘭 發怒,用杖打驢。
28ထိုအခါ ထာဝရဘုရား သည် မြည်း ၏နှုတ် ကို ဖွင့် တော်မူ၍ ၊ မြည်းက သင်သည် ငါ့ ကို သုံး ကြိမ် တိုင်အောင် ရိုက် ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟု ဗာလမ် အား မေး လျှင်၊
28耶和華叫驢開口,對 巴蘭 說:「我向你行了甚麼,你竟打我這三次呢?」
29ဗာလမ် က၊ သင်သည် ငါ့ ကို ကျီစား ပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထား ရှိ လျှင် သင့် ကို ယခု သတ် မည်ဟု မြည်း အား ဆို ၏။
29巴蘭 對驢說:「因為你戲弄我,我恨不能手中有刀,把你殺了。」
30မြည်း ကလည်း ၊ ငါ သည် ယနေ့ တိုင်အောင် သင် ၏အစီး ကို အစဉ် ခံရသောသင် ၏ မြည်း ဖြစ်သည်မ ဟုတ် လော။ သင် ၌ တခါမျှ ဤသို့ ငါပြု ဘူး သလော ဟုဗာလမ် အား မေး လျှင် ၊ မ ပြုဘူးဟု ပြန်ပြော ၏။
30驢對 巴蘭 說:「我不是你從小時直到今日所騎的驢嗎?我素常向你這樣行過嗎?」 巴蘭 說:「沒有。」
31ထိုအခါ ထာဝရဘုရား သည် ဗာလမ် မျက်စိ ကို ဖွင့် တော်မူ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကိုမိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို ဗာလမ်သည် မြင် သဖြင့် ဦးချ ၍ ပြပ်ဝပ် လေ၏။
31當時,耶和華使 巴蘭 的眼目明亮,他就看見耶和華的使者站在路上,手裏有拔出來的刀, 巴蘭 便低頭俯伏在地。
32ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
32耶和華的使者對他說:「你為何這三次打你的驢呢?我出來敵擋你,因你所行的,在我面前偏僻。
33မြည်း သည် ငါ့ ကို မြင် ၍ သုံး ကြိမ် ရှောင် ခဲ့ပြီ။ ထိုသို့ မရှောင် လျှင်၊ အကယ်စင်စစ် သင့် ကိုငါသတ် ၍ မြည်း ကို အသက် ချမ်းသာပေးလေပြီဟု ဆို ၏။
33驢看見我就三次從我面前偏過去;驢若沒有偏過去,我早把你殺了,留牠存活。」
34ဗာလမ် ကလည်း ၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ ကိုယ်တော် သည် လမ်း ၌ ကန့်လန့် နေ တော်မူသည်ကို အကျွန်ုပ် မ သိ ပါ။ ယခု မှာ အလို တော်မရှိလျှင် အကျွန်ုပ်ပြန် သွားပါမည် ဟု ထာဝရဘုရား ၏ ကောင်းကင် တမန်အား ဆို လျှင်၊
34巴蘭 對耶和華的使者說:「我有罪了。我不知道你站在路上阻擋我;你若不喜歡我去,我就轉回。」
35ထာဝရဘုရား ၏ကောင်းကင် တမန်က၊ သူ တို့နှင့်အတူ လိုက် လော့။ သို့ရာတွင် ငါမှာထား သော စကား ကိုသာ ဟောပြော ရမည်ဟု ဗာလမ် အား မိန့် တော်မူ သည်အတိုင်း ၊ သူသည် ဗာလက် မင်း၏ ကျွန် တို့နှင့်အတူ လိုက် သွားလေ၏။
35耶和華的使者對 巴蘭 說:「你同這些人去吧!你只要說我對你說的話。」於是 巴蘭 同着 巴勒 的使臣去了。
36ဗာလမ် ရောက် သောသိတင်းကို ဗာလက် မင်း ကြား လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ၊ မောဘ ပြည် စွန်း အာနုန် ချောင်းနား မှာရှိသော မြို့တမြို့သို့ ထွက်သွား ၏။
36巴勒 聽見 巴蘭 來了,就往 摩押 京 城去迎接他;這城是在邊界上,在 亞嫩河 旁。
37ဗာလက် မင်းကလည်း၊ ကိုယ်တော် ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ်စေလွှတ် သည်မ ဟုတ် လော ။ အဘယ်ကြောင့် နှေး ပါသနည်း။ ကိုယ်တော် ကို ငါချီးမြှောက် နိုင် သည်မ ဟုတ်လော ဟု ဗာလမ် အား ဆို လျှင် ၊
37巴勒 對 巴蘭 說:「我不是急急地打發人到你那裏去召你嗎?你為何不到我這裏來呢?我豈不能使你得尊榮嗎?」
38ဗာလမ် က၊ မင်းကြီး ထံသို့ ငါလာ ပါပြီ။ သို့ရာတွင်ငါသည် စကားတခွန်း ကိုမျှ ပြော ပိုင် သလော။ ငါ့ နှုတ် ၌ ဘုရားသခင် ထား တော်မူသော စကား ကိုသာ ငါပြော ပါ မည်ဟု ပြန်ပြော ပြီးမှ၊
38巴蘭 說:「我已經到你這裏來了!現在我豈能擅自說甚麼呢?上帝將甚麼話傳給我,我就說甚麼。」
39ဗာလက် မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက် ကြ၏။
39巴蘭 和 巴勒 同行,來到 基列‧胡瑣 。
40ဗာလက် မင်းသည်လည်း ၊ သိုး နွား တို့ကို ပူဇော် ၍ ဗာလမ် နှင့် အရာရှိ တို့အား ပေး လိုက်လေ၏။
40巴勒 宰了牛羊,送給 巴蘭 和陪伴的使臣。
41နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။
41到了早晨, 巴勒 領 巴蘭 到 巴力 的高處; 巴蘭 從那裏觀看 以色列 營 的邊界。
Tip: use the ← and → keys to turn chapters.