ရှင်လုကာ 3
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (Thai)
1ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊
1ในปีที่สิบห้าแห่งรัชกาลของทิเบริอัสซีซาร์ ขณะที่ปอนทิอัสปีลาตเป็นผู้ว่าการยูเดีย เฮโรดเป็นเจ้าแคว้นกาลิลี ฟีลิปพี่น้องของเฮโรดเป็นเจ้าแคว้นอิทูเรียและตราโคนิติส และลิซาเนียสเป็นเจ้าแคว้นอาบีเลเน
2အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
2ในสมัยที่อันนาสและคายาฟาสเป็นมหาปุโรหิต พระวจนะของพระเจ้ามาถึงยอห์น บุตรของเศคาริยาห์ ในถิ่นทุรกันดาร
3ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။
3เขาจึงไปทั่วบริเวณรอบแม่น้ำจอร์แดน ประกาศเรื่องการรับบัพติศมาแห่งการกลับใจเพื่อรับการยกโทษบาป
4လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။
4ตามที่เขียนไว้ในหนังสือถ้อยคำของอิสยาห์ผู้เผยพระวจนะว่า “มีเสียงของผู้หนึ่งร้องในถิ่นทุรกันดารว่า ‘จงเตรียมทางขององค์พระผู้เป็นเจ้า จงทำทางของพระองค์ให้ตรง
5ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။
5หุบเขาทุกแห่งจะถูกถมให้เต็ม ภูเขาและเนินเขาทุกแห่งจะต่ำลง ทางคดเคี้ยวจะกลายเป็นทางตรง และทางขรุขระจะกลายเป็นทางราบเรียบ
6လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။
6มนุษย์ทุกคนจะเห็นความรอดของพระเจ้า’”
7ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။
7ยอห์นจึงกล่าวกับฝูงชนที่ออกมาเพื่อรับบัพติศมาจากเขาว่า “พวกลูกงูพิษ! ใครเตือนพวกคุณให้หนีจากความโกรธที่กำลังจะมา?
8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။
8เพราะฉะนั้น จงเกิดผลที่สมกับการกลับใจ และอย่าเริ่มพูดกันเองว่า ‘อับราฮัมเป็นบิดาของพวกเรา’ เพราะข้าพเจ้าบอกพวกคุณว่า พระเจ้าสามารถทำให้ลูกหลานของอับราฮัมเกิดขึ้นจากก้อนหินเหล่านี้ได้!
9သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။
9บัดนี้ ขวานก็วางอยู่ที่โคนต้นไม้แล้ว ต้นไม้ทุกต้นที่ไม่เกิดผลดีจะถูกโค่นลงและโยนเข้ากองไฟ”
10လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊
10ฝูงชนถามเขาว่า “ถ้าอย่างนั้น พวกเราต้องทำอะไร?”
11ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။
11เขาตอบพวกเขาว่า “คนที่มีเสื้อสองตัว จงแบ่งให้คนที่ไม่มี และคนที่มีอาหารก็จงทำเช่นเดียวกัน”
12အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၍ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊
12พวกคนเก็บภาษีก็มาเพื่อรับบัพติศมาด้วย และถามเขาว่า “อาจารย์ พวกเราต้องทำอะไร?”
13သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ မ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။
13เขาตอบว่า “อย่าเรียกเก็บเกินกว่าจำนวนที่กำหนดให้พวกคุณ”
14စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။
14พวกทหารก็ถามเขาเช่นกันว่า “แล้วพวกเราล่ะ? พวกเราต้องทำอะไร?” เขาตอบพวกเขาว่า “อย่าใช้กำลังรีดเอาสิ่งใดจากใคร อย่ากล่าวหาใครโดยมิชอบ และจงพอใจกับค่าจ้างของพวกคุณ”
15လူ အများ တို့သည် မြော်လင့် ၍ ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊
15ขณะที่ประชาชนกำลังเฝ้ารอ และทุกคนต่างครุ่นคิดในใจเกี่ยวกับยอห์นว่าเขาอาจเป็นพระคริสต์หรือไม่
16ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
16ยอห์นตอบพวกเขาทุกคนว่า “ข้าพเจ้าให้พวกคุณรับบัพติศมาด้วยน้ำ แต่ผู้ที่มีอำนาจยิ่งกว่าข้าพเจ้ากำลังมา ข้าพเจ้าไม่คู่ควรแม้แต่จะแก้สายรัดรองเท้าแตะของเขา เขาจะให้พวกคุณรับบัพติศมาในพระวิญญาณบริสุทธิ์และไฟ
17လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။
17พลั่วฝัดข้าวอยู่ในมือของเขา เขาจะชำระลานนวดข้าวของตนให้หมดจด และรวบรวมข้าวสาลีไว้ในยุ้งฉาง แต่จะเผาแกลบด้วยไฟที่ไม่มีวันดับ”
18အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။
18ยอห์นยังกล่าวตักเตือนอีกหลายอย่าง และประกาศข่าวดีแก่ประชาชน
19ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ၏ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊
19แต่เฮโรดเจ้าแคว้น ถูกยอห์นตำหนิเรื่องเฮโรเดียส ภรรยาของพี่น้องคนหนึ่งของเฮโรด และเรื่องชั่วร้ายทั้งหมดที่เฮโรดได้ทำ
20ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။
20เฮโรดยังเพิ่มความชั่วอีกอย่างหนึ่งเข้าไป คือจับยอห์นขังคุก
21လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊
21เมื่อประชาชนทั้งหมดได้รับบัพติศมา พระเยซูก็ได้รับบัพติศมาด้วย และขณะที่พระองค์กำลังอธิษฐาน ท้องฟ้าก็เปิดออก
22သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
22และพระวิญญาณบริสุทธิ์ลงมาเหนือพระองค์ในรูปร่างที่มองเห็นได้เหมือนนกพิราบ แล้วมีเสียงจากฟ้าว่า “เจ้าเป็นบุตรของเราที่เรารัก เราพอใจในตัวเจ้าอย่างยิ่ง”
23ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ ၊
23ส่วนพระเยซูเอง เมื่อเริ่มสั่งสอน พระองค์มีอายุประมาณสามสิบปี พระองค์เป็นบุตร (ตามที่คนเข้าใจ) ของโยเซฟ บุตรของเฮลี
24ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ် ၊
24บุตรของมัทธัท บุตรของเลวี บุตรของเมลคี บุตรของยันไน บุตรของโยเซฟ
25ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ ၊
25บุตรของมัทธาธิอัส บุตรของอาโมส บุตรของนาฮูม บุตรของเอสลี บุตรของนักกัย
26ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န ၊
26บุตรของมาอัท บุตรของมัทธาธิอัส บุตรของเซเมอิน บุตรของโยเซฟ บุตรของยูดาห์
27ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊
27บุตรของโยอานัน บุตรของเรสา บุตรของเศรุบบาเบล บุตรของเชอัลทิเอล บุตรของเนรี
28အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ ၊
28บุตรของเมลคี บุตรของอัดดี บุตรของโคสัม บุตรของเอลโมดัม บุตรของเออร์
29ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ ၊
29บุตรของโยเซ บุตรของเอลีเอเซอร์ บุตรของโยริม บุตรของมัทธัท บุตรของเลวี
30လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ ၊
30บุตรของสิเมโอน บุตรของยูดาห์ บุตรของโยเซฟ บุตรของโยนัน บุตรของเอลียาคิม
31မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ် ၊
31บุตรของเมเลอา บุตรของเมนัน บุตรของมัทธาธา บุตรของนาธัน บุตรของดาวิด
32ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန် ၊
32บุตรของเจสซี บุตรของโอเบด บุตรของโบอาส บุตรของซัลโมน บุตรของนาโชน
33နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ ၊
33บุตรของอัมมีนาดับ บุตรของอารัม บุตรของเฮสโรน บุตรของเปเรศ บุตรของยูดาห์
34ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊
34บุตรของยาโคบ บุตรของอิสอัค บุตรของอับราฮัม บุตรของเทราห์ บุตรของนาโฮร์
35နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ ၊
35บุตรของเสรุก บุตรของเรอู บุตรของเปเลก บุตรของเอเบอร์ บุตรของเชลาห์
36ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊
36บุตรของเคนัน บุตรของอารปัคชาด บุตรของเชม บุตรของโนอาห์ บุตรของลาเมค
37လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊
37บุตรของเมธูเสลาห์ บุตรของเอโนค บุตรของยาเรด บุตรของมาหะลาเลล บุตรของเคนัน
38ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။
38บุตรของเอโนช บุตรของเสท บุตรของอาดัม บุตรของพระเจ้า
Tip: use the ← and → keys to turn chapters.