ရှင်လုကာ 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ထို အခါ လူအချို့ တို့သည်လာ ၍ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊
1ちょうどその時、ピラトがガリラヤ人たちの血を彼らのいけにえに混ぜたことを、イエスに知らせた人々がいた。
2ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။
2イエスは答えた。 「そのガリラヤ人たちはこのような目に遭ったから、ほかのすべてのガリラヤ人より罪深かったと思うのか。
3သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
3そうではない。あなたがたに言う。悔い改めなければ、あなたがたも皆、同じように滅びる。
4ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။
4また、シロアムの塔が倒れて死んだ十八人は、エルサレムに住むほかのすべての人より罪深かったと思うのか。
5သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။
5そうではない。あなたがたに言う。悔い改めなければ、あなたがたも皆、同じように滅びる。」
6တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
6イエスはこのたとえを語った。 「ある人が、ぶどう園にいちじくの木を植えていた。実を捜しに来たが、一つも見つからなかった。
7ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။
7そこで園の番人に言った。『見よ、三年間、この木に実を捜しに来たが、一つも見つからない。切り倒しなさい。なぜ土地を無駄にしておくのか。』
8အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ ၍ နောက်ချေး ကို ဖို့ ပါမည်။
8番人は答えた。『ご主人様、今年もこのままにしてください。周りを掘って肥料をやります。
9အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။
9実を結べばよし、結ばなければ、その後で切り倒してください。』」
10တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
10イエスは安息日に、ある会堂で教えていた。
11တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း မ ဆန့် နိုင် ။
11見よ、十八年間、病の霊に取りつかれている女がいた。腰が曲がり、まったく伸ばすことができなかった。
12ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊
12イエスは彼女を見ると呼び寄せて言った。 「女よ、あなたは病から解放された。」
13သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
13そして手を置くと、彼女はただちにまっすぐになり、神に栄光を帰した。
14ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
14会堂の長は、イエスが安息日に癒やしたことに腹を立て、群衆に言った。「働くべき日は六日ある。その日に来て癒やしてもらいなさい。安息日にはいけない。」
15သခင် ဘုရားကလည်း ၊ လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ ၌ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ၍ ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။
15主は彼に答えた。 「偽善者たちよ。あなたがたは皆、安息日にも牛やろばを小屋から解き、水を飲ませに連れて行くではないか。
16တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မ လွှတ် ရ သလော ဟု မိန့် တော်မူ၏။
16それなら、サタンに十八年も縛られていたアブラハムの娘であるこの女が、安息日に束縛から解放されるべきではないか。」
17ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
17イエスがこう言うと、反対する者たちは皆恥じ入り、群衆は皆、イエスが行った栄光あるすべてのわざを喜んだ。
18တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။
18イエスは言った。 「神の王国は何に似ているか。何にたとえよう。
19လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
19一粒のからし種のようなものである。ある人がそれを取って自分の庭にまくと、育って大きな木になり、空の鳥がその枝に巣を作った。」
20တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
20また言った。 「神の王国を何にたとえよう。
21မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။
21パン種のようなものである。女がそれを取って三サタ の小麦粉に混ぜると、全体が膨らんだ。」
22ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။
22イエスは町や村を通って教えながら、エルサレムへの旅を続けた。
23လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင် ၊
23ある人が尋ねた。「主よ、救われる人は少ないのですか。」 イエスは人々に言った。
24ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
24「狭い戸口から入るよう力を尽くしなさい。あなたがたに言うが、多くの人が入ろうとしても、入れなくなるからである。
25အိမ်ရှင် သည် တစ်ခါထ ၍ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် ၍ တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။
25家の主人が立ち上がって戸を閉めた後、あなたがたは外に立って戸をたたき、『主よ、主よ、開けてください』と言い始める。しかし主人は、『おまえたちがどこの者か知らない』と答える。
26ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း ၊
26するとあなたがたは、『私たちはあなたの前で食べたり飲んだりし、あなたは私たちの大通りで教えてくださいました』と言い始める。
27သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
27しかし主人は言う。『おまえたちがどこの者か知らない。不正を行う者たちよ、皆、私から離れよ。』
28ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
28アブラハム、イサク、ヤコブとすべての預言者が神の王国にいるのに、自分たちは外へ投げ出されているのを見る時、そこで泣きわめき、歯ぎしりする。
29ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။
29人々が東西南北から来て、神の王国で食卓につく。
30နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
30見よ、後の者で先になる者がおり、先の者で後になる者がいる。」
31ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
31その日に、何人かのパリサイ人が来て言った。「ここを出て、立ち去りなさい。ヘロデがあなたを殺そうとしています。」
32ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
32イエスは彼らに言った。 「行って、あの狐に伝えなさい。『見よ、私は今日と明日、悪霊を追い出し、病を治し、三日目に使命を終える。
33သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။
33それでも今日、明日、その次の日と旅を続けなければならない。預言者がエルサレムの外で死ぬことはあり得ないからである。』
34အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
34「エルサレム、エルサレム。預言者たちを殺し、遣わされた人々を石で打つ者よ。めんどりがひなを翼の下に集めるように、私は何度あなたの子らを集めようとしたことか。それなのに、あなたがたは応じなかった。
35သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။
35見よ、あなたがたの家は荒れ果てたまま残される。あなたがたに言う。『主の名によって来る方は祝福されている』と言う時まで、あなたがたは私を見ることがない。」
Tip: use the ← and → keys to turn chapters.